March 03, 2008

နွေဦးရဲ့ လေထု

Unknown | 1:22 AM |
ဆောင်းနှောင်းလို့ နွေဦးရောက်တော့မည်၊ ထုံးစံအတိုင်း သစ်ရွက်အဟောင်းတွေကြွေဦးမည်။
နွေဦးမှာ ဗိုလ်ချုပ်အောင်ဆန်းသည် တော်လှန်ရေးကိုစခဲ့သည်။ ရန်သူကိုတိုက်ခိုက်ရန်အတွက် တပ်မတော်ကို ဦးဆောင်၍ စစ်မြေပြင်ကိုထွက်ခဲ့သည်။ နောက်မတ်လ(၂၇)ရက်နေ့မှာ ဖက်ဆစ်တွေကို စတင်တော်လှန်ခဲ့သည်။ ထို့အတူပီပြင်တဲ့နွေလေကလည်း ပီပြင်တဲ့အရပ်ဆီမှရောက်လာဦးမည်ဖြစ်သည်။ ပီပြင်တဲ့နွေဦးကိုရှုရှိုက်ပြီးထွက်ပေါ်လာသည့်အသံဖြင့် နွေဦးကိုပုံဖော်ရမည်ဖြစ် သည်။ ကျနော်တို့တိုင်းပြည်ရဲ့ လေထုဝန်းကျင်ကရော... ဘယ်လိုလည်း... လေဖိအားနည်းရပ်ဝန်းတစ်ခုလား၊ ရိုင်းစိုင်းလွန်းတဲ့မုန်တိုင်းအဖြစ်သို့ရောက်ရှိပြီး မိမိကိုယ်ရော ပတ်ဝန်းကျင်ကိုပါ ဖျက်ဆီးပြစ်ဦးမည်လား...။ ဒီလိုနဲ့ ပတ်ဝန်းကျင်လေထုကို စူးစမ်းမိခဲ့တယ်။

မေလမှာကျင်းပမဲ့ စစ်တပ်ရဲ့ ကောက်ကျစ်ပွဲကြီးအကြောင်းကိုကြားလိုက်ရတယ်..။ စစ်တပ်က ကောက်ကျစ်စဉ်းလှဲလာတာ ကြာပါပြီ လူတိုင်းသိပြီးသားပါ။ သေချာတာကတော့ တရားမျှတတဲ့ ဆန္ဒခံယူပွဲဖြစ်စေရမည်လို့ ပြောဆိုခြင်းမရှိသေးပါဘူး။ ထို့ကြောင့်ကျနော်တို့ ပြည်သူတွေဟာ စစ်တပ်ကရေးဆွဲမည့် မတရားတဲ့အခြေခံဥပဒေကိုအတည်ပြုမည့် ဆန္ခခံယူပွဲကြီးကိုရပ်တန်းကရပ်စေရန် ကန့်ကွက်ကြရမယ်၊ အသည်းကြားမှ မဲတပြားဖြင့်တမျိုး၊ လမ်းပေါ်ထွက်၍တဖုံ စသည်ဖြင့်နည်းမျိုးစုံနဲ့ကို ဆန့်ကျင်ကြရမှာဖြစ်ပါတယ်။ ကျနော်တို့ပြည်သူတွေဟာ အခုအချိန်မှမတိုက်ထုတ်နိုင်ရင် စစ်တပ်ရဲ့ မတရားတဲ့ အခြေခံဥပဒေကြီးဟာ နောင် မျိုးဆက်တွေ အစဉ်အဆက် သမိုင်းကြောင်းတွေပျောက်ကုန်လိမ့်မယ်။ နင်ပြားတွေဖြစ်နေအုံးမှာပါ။ ၎င်းဆန္ဒခံယူပွဲသည် ပြည်သူလူထုအား ကျွန်ဇာတ်ခင်းမည့် အဓမ္မဆန္ဒသဘောထားကောက်ခံပွဲသာဖြစ်သည်။ ထို့ကြောင့် ခွင့်သာခိုက်မှမလိုက်ချင်လျှင်ဆို သလို နောက်မှ အခွင့်သာမှ ပြန်တိုက်ယူမယ်ဆိုရင် အချိန်တွေအလဟသတ်ဆုံးရှုံးကုန်ပါမယ်.. ပေးဆပ်ခဲ့ရ ရင်းနှီးခဲ့ရတဲ့နှစ်တွေကလည်း မနည်းပါဘူး။ယခုဆိုလျှင် နှစ်ပေါင်း(၆၃)နှစ်ပြည့်တော့မယ် အကြမ်းဖက်ခံ ဖိနှိပ်ခံနေကြရတာ။ နောက်မှ အခွင့်သာမှဆိုလျှင်တော့ နှစ်ပေါင်းတော်တော်များရင်းနှီးပြီးမှ အရှိန်ယူပြီးမှ ပြင်ဆင်ဖို့ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။သေချာတာက ကျနော်တို့ပြည်သူတွေသည် နာကြည်းမှုတွေနဲ့လုပ်နေတာမဟုတ် လက်စားချေနေတာမဟုတ် ညှိနှိုင်းဖြေရှင်းမှုကို မည်သည့်အခါမျှ ပြုလုပ်လေ့ မရှိဘဲ ဖိနှိပ်ရက်စက်မှုများ၊ အနည်းဆုံး ရိုက်နှက် ဖမ်းဆီးခြင်းဖြင့် ဖြစ်စေ၊ အဆိုးရွားဆုံး ပစ်ခတ် သတ်ဖြတ်ခြင်းဖြင့် ဖြစ်စေ ရက်ရက်စက်စက် နှိပ်ကွပ်ပစ်လေ့ရှိတဲ့ ဒီအစိုးရရဲ့မတရားမှုတွေကို ရပ်တန်းကရပ်စေရန်ဖြစ်သည်။အကြောင်း တိုက်ဆိုင်လို့ ဆရာနေမင်းနီရဲ့ ကဗျာလေးကိုဖော်ပြလိုက်ပါတယ်...။

တည်ဆောက်ရေး

အုတ်တချပ် ဆင့်ဆင့်
သဲတပွင့် ဖြည့်ဖြည့်
ပြည့်စုံမှုဆိုတာ
ခင်ဗျား မပါဘဲ မရဘူး...။

အုတ်တချပ် ကွဲကွဲ
သဲတပွင့် လျော့လျော့
အသဲပျော့တဲ့အထဲမှာ
ခင်ဗျားပါလို့ မဖြစ်ဘူး....။

ကျနော်တို့ရဲ့ ၀န်းကျင်လေထုက ရိုင်းစိုင်းလွန်းသည့်မုန်တိုင်းကြီးများ၊ အငြိုးကြီးလွန်းသည့် မိုးသီးမိုးပေါက်များကြားကနေ ကမ်းလွန်တနေရာမှ လှမ်းအော်ခေါ်နေသည့် လေထုဝန်းကျင်၊ ထို့ကြောင့် ကျနော်တို့ရဲ့ ကံကြမ္မာအမှောင်များနှင့် ၀န်းကျင်လေထုတွေကို ပီပြင်စေရန် ကျနော်တို့တွေ အသံမျိုးစုံဖြင့်နွေဦးမှာပုံဖော်ကြပါစို့။


ရုတ်သိမ်းခြင်းမရှိသေးသော စစ်အစိုးရအနေနှင် ၅/၉၆ကြေညာချက် ဖတ်ရှုလိုပါက ဤနေရာမှ ရယူပါ။

နအဖ၏ ဖွဲ့စည်းပုံမူကြမ်းကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် အတည်ပြုရေးဥပဒေမူကြမ်း ဖတ်ရှုလိုပါက ဤနေရာမှ ရယူပါ။

ပြည့်စုံ

3 comments:

ယုန်ကလေး said...

ကိုပြည်စုံရေ...
တကယ်တော့ နအဖက ပြည်သူလူထုဆနခံယူပွဲကို လုပ်တယ်ဆိုတာ သူတိုဘက်က ပြင်ဆင်မူပြီးမှ လုပ်တာပါ ဒါတွေကိုလည်း လူထုက သိတယ် ထောက်လည်းမထောက်ခံဘူးလေနော် တကယ်တော့ ဒါတွေဟာ လူထုကို စိန်ခေါ်လိုမဟုတ်လား သူတိုဘက်က နိုင်နိုင်ဆုံးဆုံး ပြည်သူလူထုဘက်ကလည်း ကြိုတင်ရမယ်လေနော်.. အဆင်သင့်ဖြစ်ပြီးလား ၂၀၁၀ ဆိုရင် ယုန်လေးတိုအိမ်ပြန်ပြီးနော် ဘိုင်းဘိုင်း

~P~ said...

အကိုရေ..စာလေးကဖက်လိုကောင်းတယ်.. !

2010 မှာအိမ်ပြန်မဲ. ယုန်လေးလဲအားလုံးအဆင်ပြေပါစေနော်. .. !

ဆောင်းယွန်းလ said...

ဟုတ်တယ်.တို့တတွေအားလုံးနွေဦးမှာအသံမျိုးစုံနဲ့တိုက်
ပွဲဝင်ကြရမယ်...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub