ဤဓါတ်ပုံအား ကိုနစ်နေမန်းဘလော့မှ ကူးယူသည်။“
အမျိုးသား သူရဲကောင်းတစ်ယောက်ဟာ ဒီတိုင်းပြည်မှာ သိပ်တာရှည်မခံဘူး၊ ရန်သူများတယ် အများဆုံး သုံးနှစ်ပဲခံမယ်၊ ကျနော့်အတွက်တော့ ….. နောက် (၁၈)လထက်မပိုဘူးလို့ ယူဆတယ်…. ”
ဗိုလ်ချုပ်အောင်ဆန်း
(မောရစ်ကောလစ်၏ Last And First in Burma စာအုပ်၊ စာမျက်နှာ ၂၆၉၊၂၇၀)မှကျဆုံးခဲ့ရသော အာဇာနည်များဗိုလ်ချုပ်အောင်ဆန်း (ခ) ဗိုလ်တေဇ (၃၂) နှစ်။ မြန်မာ့အမျိုးသားရေးလှုပ်ရှားမှု၏ခေါင်းဆောင်ကြီး။ ဘုရင်ခံအမှုဆောင်ကောင်စီ၏ ဒု-ဥက္ကဌ(သို့) တကယ့်လက်တွေ့အားဖြင့်လွတ်လပ်ရေးမရမီ ၀န်ကြီးအဖွဲ့ ၏၀န်ကြီးချုပ်။၎င်းအပြင် ထိုအစိုးရအဖွဲ့၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး။ ကျည်ဆန် (၁၃) ချက်သင့်သော ဒါဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ရသည်။
ဒီးဒုတ်ဦးဘချို(၅၄) နှစ်။ စာရေးဆရာ။ သတင်းစာဆရာနှင့် ဒီးဒုတ်ဂျာနယ်၏ အယ်ဒီတာ။ပြန်ကြားရေးဝန်ကြီး။ သူ့အသက်အရွယ်နှင့် ဦးနှောက်ထဲဝင်သွားသော ကျည်ဆန် အပါအ၀င် ကျည်ဆန်(၅) ချက်ရရှိသည့်တိုင် နေ့လယ်ပိုင်းအထိ ရန်ကုန်ပြည်သူ့ဆေးကြီးတွင်အသက်ရှင်လျက် ရှိနေသေးသည်။
သခင်မြ (၄၉) နှစ်။ လူငယ်ခေါင်းဆောင်များကြားတွင် အသက်အရွယ်ကြီးရင့်သော နိုင်ငံခေါင်းဆောင်။ ဘဏ္ဍာရေးဝန်ကြီး။ အဆုတ်ကို ထွင်းဖောက်သွားသော သေနတ်ဒါဏ်ရာဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသည်။
ဦးအဗ္ဗဒူရာဇတ် (၄၉) နှစ်။ မန္တလေးမြို့ မူဆလင်ခေါင်းဆောင်။ ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး။ ဒါဏ်ရာ (၆) ချက်ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။
ဦးဘ၀င်း(၄၆) နှစ်။ ဦးအောင်ဆန်း၏ အကို။ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီး။ ကျည်ဆန်ဒါဏ်ရာ(၈) ချက်ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။
မန်းဘခိုင်(၄၃) နှစ်။ ဟင်္သာတမှ ကရင်လူမျိုးတဦးဖြစ်ပြီး ဂျပန်သိမ်းပိုက်ထားစဉ်ကပြန်လည်ခုခံတော်လှန်ရာ၌ပါဝင်ခဲ့သည်။စက်မှုလက်မှုဌာနနှင့် အလုပ်သမားဌာန၀န်ကြီး၊ ကျည်ဆန် (၁၅) ချက်ထိမှန်ခဲ့သည် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။
စပ်စံထွန်း (၄၀) နှစ်။ ရှမ်းပြည်နယ်မှ မိုင်းပွန်စော်ဘွားကြီး။ နယ်ခြားဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီး။ ဦးခေါင်းတွင် ဒါဏ်ရာ (၂)ချက်ရရှိပြီး (၂၀) ရက်နေ့ မွန်းတည့်ချိန်တွင်ရန်ကုန်မြို့။ ပြည်သူ့ဆေးကြီး၌ သေဆုံးသွားသည်။
ဦးအုန်းမောင်(၃၄) နှစ်။ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန။ ဒုတိယအတွင်းဝန် (I.C.S)၊ အစီရင်ခံစာတခုကို လာရောက်တင်သွင်းနေစဉ် လူသတ်သမားများ၏ကျည်ဆန်များ ထိမှန်သွားခြင်းခံရသည်။ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။
ကိုထွေး(၁၈) နှစ်။ ဦးရာဇတ်၏သက်တော်စောင့်၊ မန္တလေးအနီးရှိ တောင်ပြင် သိပံ္ပရပ်မှမူဆလင်လူငယ်တဦးဖြစ်သည်။ အစည်းအဝေးခန်းမတွင်းမှ သေနတ်သံများကြားရသဖြင့်အနီးရှိရုံးခန်းမှ ပြေးထွက်လာစဉ် ဆုတ်ခွာပြေးသွားနေသော လူသတ်သမားများ၏ ပစ်ခတ်ခြင်းကိုခံရပြီး ဒါဏ်ရာ(၄) ချက်ရရှိပြီး ဆေးရုံတွင် သေဆုံးသည်။
ယခင်ရေးခဲ့သော ပို့စ်အားဖတ်ရှုလိုလျှင်ပြည့်စုံ
10 ယောက်၏ မှတ်ချက်:
ကိုပြည့်စုံရေ ညီမ ကိုဇော်ဆီမှာတောင် မန့်ထားသေးတယ် ထပ်မန့်မယ် ဗျာ ငယ်ငယ်ကသင်ရတဲ့ ကဗျာလေး မှတ်မိသေးလား ညီမ မှတ်မိသေးတယ်
" ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ မျက်ရည်သွန်လို့ ဘဝင်ညှိုး ဂျူလိုင် ၁၉ ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် တို့ဖခင် ကောင်းစေချင်တဲ့ မှာစကားငါတို့ မမေ့အား " တဲ့ အရမ်းကြိုက်တာပဲ ကျန်တာတွေတော့ မေ့ကုန်ပြီလေ ဒါလေးပဲ မှတ်မိတော့တယ် သူများတွေ valentine day ကိုပဲ သတိရပေမယ့် ညီမကတော့ ဖေဖော်ဝါရီ ၁၃ ကိုအမြဲသတိရပါတယ် ဗိုလ်ချုပ်မွေးနေ့မို့လို့လေ
အကိုရေ အခုမှကြည့်မိတယ် အကို့ကို မလင့်ခ်ရသေးဘူး လင့်ခ် ပြီးသားထင်နေတာ အဟီးးးးး လင့်ခ် လိုက်ပြီနော် အဲဒါလာအော်တာ ဘိုင်နော် ပျော်ရွှင်ပါစေနော် တာ့တာ
ပြည့်စုံရေ သမိုင်းအစစ်အမှန်ကိုပြန်ဖတ်ရလို့ ကျေးဇူးတင် ဝမ်းသာမိပါတယ်....
အာဇာနည်နေ့ အမှတ်တရ ပို့စ်လေးတင်ပေးတာ ကျေးဇူးပါ သူငယ်ချင်း။ မေးဦးမလို့ ကိုပြည့်စုံ( ဝေါသားလေး)ရဲ့ ဘလော့ထဲမှာလေ “မာယာ”စတဲ့ သီချင်းတွေကို တင်သလိုမျိုး အာဇာနည်နေ့သီချင်းကို တင်ချင်တာ ဘယ်လိုလုပ်ရတာလဲ? လာပြောပါဦး။ သီချင်းက ကိုယ့်ကွန်ပျူတာထဲမှာ downloadလုပ်ပြီးသား ရှိတယ်။ ဘလော့မှာ သီချင်းတင်တာနဲ့ပတ်သက်လို့ ကျန်တာတွေ လုပ်တတ်တယ်။ အဲလိုပုံစံမျိုးတင်တာပဲ မလုပ်တတ်တာ။ လာခဲ့ပါဦးနော်၊ အချိန်ရရင်ပေါ့ :P
ဟာ.. ပို့စ် ကွန်မန့်ကနေ လမ်းချော်သွားပြီ။ ဆောရီး။ လစ်ပြီ။ :D
ကျဆုံးလေပြီးသော
အာဇာနည်သူရဲကောင်းအပေါင်းကိုဂါရဝပြုပါတယ်
ကောင်းကင်ဘုံကကြယ်ပွင့်တွေပါo
ဘယ်တော့မှမကြွေတဲ့ ကျနော်တို့နှလုံးသားထဲမှာ
အစဉ်ထာဝရထွန်းတောက်နေဦးမယ့်ကြယ်ပွင့်တွေပဲပေါ့ဗျာ
ဖတ်တိုင်းကိုအသဲနာတယ်
ဖတ်တိုင်းကိုဒေါသထွက်ရတယ်
ဖတ်တိုင်းကိုကျိန်ဆဲနေမိတယ်
ငါတို့ခေါင်းဆောင်ကိုသတ်တဲ့လူသတ်သမားတွေ
သံသရာအဆက်ဆက်မှာ လူဖြစ်ခွင့်မရှိပါစေနဲ့
အမျိုးသား သူရဲကောင်းဆိုတာမြန်မာပြည်မှာဘယ်သောခါမှတာရှည်မခံခဲ့ပါဘူးလေ
အမျိုးသွေးစုပ်ဆိုတဲ့လချီးတွေကပဲသက်ဆိုးရှည်ကြတယ်
ဗိုလ်ချုပ်နဲ့တကွ အာဇာနည်များကို လာရောက်အလေးပြုပါတယ်။ ဘယ်တော့မှ မမေ့သင့် ၊ မမေ့အပ်တဲ့ နေ့ရက်နဲ့ သူရဲကောင်းများပါ။
ခေါင်းဆောင်ကြီးတွေကို လေးစားကြည်ညိုသွားပါတယ်။
တိုင်းပြည်အတွက် အသက်စွန့်  ..ကိုယ်ကျိုးစွန့် ခဲ့ ကြသော .၊ စွန့် လွှတ် နေကြဆဲ ဖြစ်သော အာဇာနည် ကြီးများကို ဦးညွှတ် အလေးပြု ပါတယ် ...
ဖတ်လိုက်ရတိုင်း ရင်ထဲမှာ ခံစားရတယ်
ဘယ်လိုကြောင့်များ ဒီအလုပ်ကို လုပ်သွားကြတယ် စဉ်းစားလို့ကိုမရဘူး ..
ကျေးဇူးကိုပြည့်စုံရေ..။
ဖတ်ရတာစိတ်ထဲမကောင်းလိုက်တာဗျာ..။
သူတစ်ပါအကျိုးမမျှော်ကိုး
မိမိကောင်းစားရေးကိုသာရှေးရှုပြီး
ူလူမဆန်မှုရဲ့လိုက်တဲ့လုပ်ရပ်ကြောင့်
အခုလိုဖြစ်သွားတာပေါ့ ကိုပြည့်စုံရေ..။
ခင်မင်စွာဖြင့်.....။
Post a Comment