Tuesday, July 07, 2009

လမ်းကျဉ်း

ကိုယ့်ကိုကိုယ် နေရာချနေရတာနဲ့
အချိန်တွေ ကုန်ခဲ့ပေါ့….
သောကမကင်းတဲ့မျက်နှာတွေက ငပေလို အသေလို
ဘ၀ ဘ၀တွေ ရှုသွင်း
ဘ၀ ဘ၀တွေ ပြန်ထုတ်
အဲဒါကလည်း နေ့စဉ်အလုပ်
အများကြီးမဖြစ်ချင်တဲ့ကောင်က
အများဖြစ်ချင်တာတွေလုပ်
ငါ့စိတ်တွေ ငါ့ကို
ပြန်ပြန်ညစ်နေလေရဲ့
မနက်ဖြန်တွေရဲ့ မနက်ဖြန်တွေမှာ
ဖိနပ်မခိုင်လို့တော့မဖြစ်ဘူး
လျှောက်နေတဲ့လမ်းက နည်းနည်းတော့ကြမ်းတယ်…။


နေနေ(နို့ဖိုးစခန်း)

5 ယောက်၏ မှတ်ချက်:

ဖိုးဂျယ် July 7, 2009 10:45 PM  

လမ်းကျဉ်း
လမ်းကြမ်း
လမ်းရှုပ်
ကျဉ်းကြပ်မှုတွေ မြင်တွေ့လိုက်ရသလိုပဲ

chitpalone July 8, 2009 1:22 AM  

မနက်ဖြန်ရဲ့ မနက်ဖြန်တွေမှာ ဖိနပ်မခိုင်လို့ မဖြစ်ဘူး။ လျှောက်နေတဲ့လမ်းက နည်းနည်းတော့ ကြမ်းတယ်။ အဲ့စာသားကို အရမ်းကြိုက်တယ် မှန်တယ်။ ဖိနပ်ခိုင်မှဖြစ်မယ်။ အနည်းဆုံးချိတ်တော့ဆောင်ထားမှ အဟိ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

Ko Htike July 8, 2009 8:38 AM  

ငနေရေ ! မင်းဘာတွေခံစားနေရတယ်ဆိုတာ ငါတို့သူငယ်ချင်းတွေအားလုံးသိတယ် .....အသက်ကိုဖည်ူးဖည်းပဲရှူပါတော့ကွာ.. (မင်းရဲ့သူငယ်ချင်းအဟောင်းကြီးများ)

khinmarlaraung July 8, 2009 10:24 AM  

:)..အများကြီးမဖြစ်ချင်တဲ့ကောင်က အများဖြစ်ချင်တာတွေလုပ် တဲ့...လှလိုက်တဲ့
ရေးကွက်လေး။....ညီမထင်ပါတယ်...ကိုဖြစ်
ချင်တာထက် အများလိုအပ်တာကို ဦးစားပေး
နေတဲ့ အစ်ကို လမ်းကျဉ်းလေးထဲက လမ်း
ကြမ်းကြမ်းမှာလျှောက်နေရသေးပေမဲ့ လမ်းကူး
နဲ့ လမ်းဆုံးတစ်နေ့ မှာ အကောင်းဆုံးသော
ဖြောင့်ဖြောင့်ဖြူးဖြူးလမ်းကျယ်ကျယ် ကိုတွေ့ 
မှာပါ။ :)..အားတင်းထား။ :)

လင်းကြယ်ဖြူ July 8, 2009 2:51 PM  

ဘ၀ ဘ၀တွေ ရှုသွင်း
ဘ၀ ဘ၀တွေ ပြန်ထုတ်
အဲဒါကလည်း နေ့စဉ်အလုပ်.....

ဟုတ်တယ်ဗျာ..အဲ့ဒါတ္ဂေနဲ့ နေ၀င်နေထ္ဂက်ချိန်တ္ဂေ မရေနိုင်တော့ဘူးနော်....
ပျော်ပါစေခင်ဗျာ

လမ်းဆုံ ဗွီစီဒီ

Loading...

About me

My Photo
ပြည့်စုံ
ကျနော်သည် ကျွမ်းကျင်သော စာရေးဆရာ ကဗျာဆရာမဟုတ်ပါ၊ မွန်ကြပ်မှုများမှ အနည်းငယ်ပြေလျော့စေနိုင်သော... အနုပညာဖန်တီးမှု တစ်ခုသက်သက်မျှသာဖြစ်ပါသည်။ တင်ပြပုံတင်ပြနည်း ချို့တဲ့ကောင်းချို့တဲ့ကြပါလိမ့်မည် သို့သော် ကိစ္စမရှိ။ ကိစ္စရှိသည်မှာ.. အကြောင်းအရာပိုင်းဖြစ်သည်။
View my complete profile

Blog Archive

Copyright © 2009 ပြည့်စုံ Powered by Ourblogtemplates

Back to TOP