ကျနော်အခုတလော ဘာစာမှရေးဖြစ်မှာမဟုတ်သလို ဘယ်မှလည်း အလည်မရောက်ဖြစ်တဲ့အတွက် အလည်လာကြသော ညီအစ်ကိုမောင်နှမများအားလုံးကို တောင်းပန်ပါတယ်...အလည်လာကြတဲ့အတွက်လည်း အထူးကျေးဇူးတင်ရှိပါတယ်...။ ဘလော့ဘ်ကိုတော့ ရပ်နားမှာမဟုတ်ပါဘူး ဆက်လက်ရေးသားသွားမှာပါ ကိုယ်ရေးကိုယ်တာကိစ္စလေးတွေကြောင့်ရယ် အင်တာနက် လိုင်းပြန်တက်မဆင်ရသေးတာကြောင့်ရယ် အကြောင်းကြောင်းကြောင့် ခဏခွဲနေရအုံးမှာပါ.... ဘလော့ဘ်ဂါညီအစ်ကိုမောင်နှမအားလုံးကို အစဉ်အမြဲသတိရလျှက်ပြည့်စုံ (ဝေါသ...
October 31, 2009
October 18, 2009
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ (၄၇) နှစ်မြောက် မွေးနေ့ အမှတ်တရ
“ကျတော်တို့က ဒီမိုကရေစီဖြစ်ပေါ်ပြောင်းလဲမှုကိုဘဲ တောင့်တတယ်။ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်တဲ့ ငြိမ်းချမ်းသောနည်းကိုပဲ ကျတော်တို့ ရွေးချယ်မှာ ဖြစ်တယ်။”ဖခင် ဦးသက်ညွန့် (ပန်းချီဆရာကြီး)နှင့် မိခင် ဒေါ်လှကြည်တို့မှ ၁၉၆၂ ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့တွင်ရန်ကုန်မြို့တွင်မွေးဖွားခဲ့ပြီး မွေးချင်း(၅)ယောက်အနက် တတိယယောက်မြောက်သားဖြစ်သည်။ သင်္ကန်းကျွန်းမြို့နယ် အထက်တန်းကျောင်းတွင်တက်ရောက်ခဲ့ပြီး ၁၉၈၈ ခုနှစ်ကာလတွင် ရန်ကုန်တက္ကသိုလ်(ပင်မ)တွင်...
October 16, 2009
P for Pyae Sone နှင့် ပ For ပြည့်စုံ
Unknown | 1:02 AM |
Tag ပို့စ်
ညီငယ် အ အဆိပ်ခွက်ရဲ့ ပ For ပြည့်စုံ နှင့် အမ ဆုမွန်ရဲ့ Pyae Sone & ပြည့်စုံ တဂ် နှစ်ခုကို သုံးမျိုး ရေးသားလိုက်ပါတယ်။ညီငယ် အဆိပ်ခွက်က တဂ်တဲ့ ပ For ကိုပြည့်စုံ 1.What is your name : ပြည့်စုံ 2. A four Letter Word : ပြည့်စုံချင်တယ်။3. A boy's Name : ပြည့်စုံ4. A girl's Name : ပုလဲဝင်း5. An occupation : ပန်းတိမ်6. A color : ပန်းနုရောင်7. Something you'll wear : ပင်နီတိုက်ပုံ8. A food : ပဲကုလားဟင်း9. Something found in the bathroom...
October 09, 2009
♫ ♪ တခါတလေမှာ ဒီသီချင်းလေးတွေကို ညည်းတတ်တယ်
Unknown | 12:33 AM |
Tag ပို့စ်
|
သီချင်း
တခါတလေမဟုတ် အခုတလော ခဏခဏဆိုသလိုတိုက်ဆိုင်နေတဲ့ သီချင်းလေးတွေညည်းဖြစ်နေတာ သံစဉ်တွေကတော့ ထပ်ထပ်နေတယ် လွမ်းကွဲကြေသံစဉ်တွေပေါ့…။ ကားထဲရောက်တော့ စီဒီဖွင့်ပြီး ညည်းဆိုရင်း နားထောင်လိုက်နဲ့ အလုပ်ထဲရောက်တော့ အမ်ပီသရီးလေးနဲ့ လွမ်းဆွတ်လိုက် အိမ်ပြန်ရောက်တော့ ကွန်ပျူတာဖွင့်ပြီး ခံစားလိုက်နဲ့ ခံစားမှုတွေ တိုးတိုးလာသလိုပဲ…။Big bag- ကြုံရင်ပြောပေးပါ ဒီသီချင်းလေးဟာတိုက်ဆိုင်မှုဆိုရင်လည်းမမှားပါဘူး… ကျနော် ဒီကိုရောက်တာလည်း တစ်နှစ်ပြည့်ပြီ ကျနော်တို့ရဲ့...
September 27, 2009
September 23, 2009
ကျနော့်ကို အမြင်ကတ်ကြသောအကြောင်းအရင်း
Unknown | 6:01 AM |
Tag ပို့စ်
ညီမငယ်ဝက်ဝံလေးရယ် ညီငယ် အဆိပ်ခွက်ရယ်က ကျနော့်ကို ရေးပေးဖို့ တက်ဂ်ထားတာကြာပါပြီ ကျနော်လည်း အခုတလော မအားဖြစ်တာနဲ့ လေနေတာနဲ့ အလုပ်အချိန်ကလည်း ပြောင်းလိုက်တော့ ဘယ်မှမရောက် ဘာမှ မရေးဖြစ်ဘူးဖြစ်နေတာ အခုတော့ စဉ်းစားမိသလောက် နောက်ကြောင်းပြန်လိုက်ပါတယ်… တကယ်တော့ လူတစ်ယောက်အဖို့ သူ့အကြောင်းသူပြန်ပြောရတဲ့ ကိစ္စဟာ အလွယ်ကူဆုံးနဲ့ အခက်ဆုံးပါပဲ။ စဉ်းစားမိသလောက် ပြောရမယ်ဆိုရင် ကျနော်တို့မှာ မိသားစုငါးယောက်ရှိပါတယ် ဖေဖေက ၀န်ထမ်းတစ်ဦးပါ မေမေကတော့...
September 06, 2009
ဝက်ဝံလေးရဲ့ တက်ဂ်
Unknown | 2:34 AM |
Tag ပို့စ်
ဝက်ဝံလေးက မိမိအကြိုက်နှစ်သက်ဆုံး သွားလည်နေကျ ဘလော့ ၅ ခု နှင့် ဘာကြောင့် ထိုဘလော့များအား ကြိုက်နှစ်သက်ရသလဲဆိုပြီး တက်ဂ်ထားတယ်..။ ကျနော်လည်း အခုတလော သူပြောသလိုပဲ ခံစားမှုတွေနဲ့ ထူပူနေတာနဲ့ အသစ်တွေတောင်မတင်ဖြစ်ဘူးဖြစ်နေတာ… သူတက်ဂ်လိုက်တော့မှ အဲဒါတွေပါ ဘယ်ပျောက်သွားလည်းမသိဘူး ခေါင်းကြိမ်းသွားတယ်… ချစ်သူနဲ့ကွေကွင်းနေပါတယ်ဆိုမှ အခုဘယ်သူတွေ စိတ်ဆိုးမလဲဆိုတာကို တွေးပြီးခေါင်းကြိမ်းနေတာ…။ သွားလည်နေကျဘလော့ဘ်တွေကတော့ လင့်ခ်ထားတဲ့အတိုင်း အားလုံးကို...
August 31, 2009
ဗလာကောင်းကင်
Unknown | 9:02 AM |
လတ်တလော ခံစားမှု
|
အတွေး အရေး
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ အစကဒါတွေနားမလည်ခဲ့ဘူး ဒါလေးများဘာမိတွန်သောက်ပျောက်ပေါ့ထင်ခဲ့မိတယ်…။ တကယ်တော့ လူတစ်ဦးတစ်ယောက်တိုင်းမှာ အမှတ်ရစရာအတွေ့ကြုံလေးတွေဖြစ်ဖူး ရှိဘူးကြမှာပါ။ကျနော်တို့ပျော်ရွှင်ခဲ့တယ်၊ ကျနော်တို့ဝမ်းနည်းခဲ့တယ်၊ ကျနော်တို့ ရူးသွပ်ခဲု့ကြတယ်၊ ကျနော်တို့ စွဲလမ်းခဲ့ကြတယ်၊ နောက်ဆုံးတော့လည်းကျနော်တို့လမ်းခွဲခဲ့ကြတယ်…။ တစ်စုံတယောက်က တစ်စုံတရာကို စောင့်ရသလိုမျိုး တစ်စုံတရာက တစ်စုံတယောက်ကို ထားခဲ့သလိုမျိုးနဲ့...
August 29, 2009
စိတ်ဖိစီးမှုနည်းပါးအောင် ထိန်းသိမ်းခြင်း အပိုင်း(၂)
Unknown | 10:32 PM |
ဆောင်းပါး
လူမှုဆက်ဆံရေးလောကတွင် ကျွမ်းကျင်အဆင်ပြေသူတစ်ဦးဖြစ်လိုက သူတစ်ပါး၏သဘောကို သိရှိနားလည်တတ်ရန်လိုသကဲ့သို့ မိမိ၏ စိတ်ဓါတ်၊ မိမိ၏အမူအကျင့်များကိုလည်း ဝေဖန်သုံးသပ်ပြုပြင်တတ်ဖို့လိုပေသည်။သင်သည် အခြားသူများ၏ အထင်အမြင်ကို ဂရုစိုက်လွန်းနေသည်လား၊ သင့်အလုပ်နှင့်ပတ်သက်၍ မကျေနပ်နိုင် စိတ်တိုင်းမကျနိုင် ပြင်၍ဆင်၍မပြီးနိုင် ဖြစ်နေခြင်းသည် သင့်မှာစိတ်ကျအားငယ်မှုတစ်ခုခုငုပ်လျှိုးတည်ရှိနေ၍လား၊ သူတစ်ပါးဝေဖန် ပြောဆိုမှုကို သင်ကြောက်နေသည်ဆိုပါစို့။ ကြောက်ရခြင်းအကြောင်းရင်းသည်...
August 24, 2009
စိတ်ဖိစီးမှုနည်းပါးအောင် ထိန်းသိမ်းခြင်း အပိုင်း(၁)
Unknown | 6:54 PM |
ဆောင်းပါး
ကျနော်လည်း ဖိစီးမှုတွေများနေတာနဲ့ ဘာမှပုံဖော်လို့မရဘူးဖြစ်နေတယ်... တခုပြီးတခု တခုပြီးတခု အလွဲတွေချည်းဖြစ်ဖြစ်နေတယ်... လိုချင်တာတွေ လိုအပ်တာတွေ ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေကလည်း ဘယ်အချိန်မှ ဆန္ဒနဲ့ ဘ၀ တထပ်တည်းကျမလည်းမသိပါဘူး...။ အဲဒီလိုနဲ့ကျနော်လည်း ဘာကြောင့်လည်းဆိုပြီး လေ့လာနေမိတယ်…. နှစ်ဆယ်ရာစု လူမှုဘ၀တွေက စိတ်ဖိစီးမှုများလွန်းသော ဘ၀ဟု ဆိုကြတယ်။ ရှေးခေတ်ကထက် အဆမတန်တိုးတက်ပြောင်းလဲလာပြီး အရာရာ အလွန်မြန်ဆန်လာသောကာလဖြစ်တဲ့အလျောက် ယခုခေတ်လူများမှာ...
August 17, 2009
လက်တလော
Unknown | 9:50 PM |
လတ်တလော ခံစားမှု
ကျနော့်ရဲ့ဘလော့ဘ်လေးကို အလည်လာကြသူများအားလုံးကို အထူးကျေးဇူးတင်ပါတယ် ကျနော်လည်း ပို့စ်အသစ်တင်မယ်ဆိုပြီး မတင်ဖြစ်တာ ကြာသွားတယ် ကျနော်လည်း ကိုယ့်စိတ်ကို စုစည်းလို့မရဖြစ်နေတယ် အခုတလော အာရုံတွေများနေတယ်လေ… ဘယ်လိုသံသရာတွေ ကွေးကောက်ခဲ့လို့လည်းမသိပါဘူး ခံစားမှုတွေ၊ ကြေကွဲမှုတွေ အစုံပါပဲ …။ ပို့စ်အသစ်တင်မှာပါ မပြီးဆုံးသေးတဲ့ ခရီးတွေအတွက် ဆက်လက်ချီတက်ရင်းပေါ့ အဆိုအမိန့်တခုလိုပေါ့ ဘ၀ဆိုတာ မြစ်တစင်းလိုပဲ ဘယ်တော့မှ ရပ်တန့်မသွားဘူး အမြဲတမ်း...
August 04, 2009
ရှစ်လေးလုံး စိတ်ဓါတ်မြှင့်တင်ကြ

ဤဓါတ်ပုံအား ကိုနစ်နေမန်းဘလော့မှ ကူးယူသည်။မြန်မာနိုင်ငံပြည်သူတို့သည် အသက်၊သွေး၊ ချွေးများစွာစတေးကာ နယ်ချဲ့နှင့် ဖက်ဆစ်စနစ်တို့ကို တိုက်ပွဲဝင်၍လွတ်လပ်ရေးကိုရယူခဲ့သည်။ တိုင်းတပါးကျွန်ဘ၀မှ လွတ်မြောက်ပြီးလွတ်လပ်ရေး၏ အနှစ်သာရကို ခံစားခွင့်မရမီ စစ်အုပ်စုက နိုင်ငံ၏အချုပ်အခြာအာဏာကို သိမ်းယူခဲ့သည်။ မြန်မာလူထုသည် စစ်အာဏာရှင်တို့အား တိုင်းရင်းသား လက်နတ်ကိုင်တော်လှန်ရေးများ၊...
July 17, 2009
၆၂ နှစ်မြောက် အာဇာနည်နေ့
Unknown | 9:25 PM |
ဝမ်းနည်းမှတ်တမ်း

ဤဓါတ်ပုံအား ကိုနစ်နေမန်းဘလော့မှ ကူးယူသည်။“ အမျိုးသား သူရဲကောင်းတစ်ယောက်ဟာ ဒီတိုင်းပြည်မှာ သိပ်တာရှည်မခံဘူး၊ ရန်သူများတယ် အများဆုံး သုံးနှစ်ပဲခံမယ်၊ ကျနော့်အတွက်တော့ ….. နောက် (၁၈)လထက်မပိုဘူးလို့ ယူဆတယ်…. ”ဗိုလ်ချုပ်အောင်ဆန်း(မောရစ်ကောလစ်၏ Last And First in Burma စာအုပ်၊ စာမျက်နှာ ၂၆၉၊၂၇၀)မှကျဆုံးခဲ့ရသော အာဇာနည်များဗိုလ်ချုပ်အောင်ဆန်း (ခ)...
July 16, 2009
ကျေးဇူးတင်လွှာ
Unknown | 8:51 PM |
ကျေးဇူးတင် မှတ်တမ်း
ကျနော်အရမ်းချစ်ရတဲ့ ကျနော့်ချစ်သူလေးရဲ့မွေးနေ့မှာ တခြားသူတွေရဲ့မွေးနေ့တွေလို ဘာအစီစဉ်မှမရှိ… သုံးဆောင်ဖို့ ဘာစားစရာမှမပါဘဲ မွေးနေ့ဆုတောင်း ဆုမွန်ကောင်းများ ပေးခဲ့ကြသော သူငယ်ချင်း ညီအစ်ကို ညီအမမောင်နှမများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ မွေးနေ့ရှင်ကလည်းပြောပေးပါတဲ့ သူ့ရဲ့ မွေးနေ့မှာ မွေးနေ့ဆုတောင်း ဆုမွန်ကောင်းများပေးခဲ့ကြသော အစ်ကို၊ အမ၊ ညီမ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း နောက်ပြီး မွေးနေ့ဆုတောင်းလေးတွေ ဖတ်ပြီးအတိုင်းမသိ...
July 10, 2009
အချိန်အခါရဲ့ တန်ဖိုး
Unknown | 3:39 PM |
ကဗျာ
|
မွေးနေ့အမှတ်တရ

မိုးတွေကသည်းလေတွေက ထန်ချမ်းအေးလှတဲ့ဂျုလိုင်ရဲ့ မိုးစက်တွေနဲ့အတူရာဟု အချိန်ပိုင်းမှာလူ့လောကထဲ ရောက်ရှိလာခဲ့ပေါ့…။သတိရတယ်အပူအပင်ကင်းတဲ့ ဘ၀ရဲ့အစကိုသတိရတယ်တဇွတ်ထိုးလုပ်တတ်လို့ အမေ့ရဲ့ ဆိုဆုံးမမှုတွေကိုသတိရတယ်သူငယ်ချင်းလို တိုင်ပင်လို့ရတဲ့ အဖေ့ကိုသတိရတယ်သစ်အိုပင်နဲ့ အိမ်အိုလေးကိုသတိရတယ်စိတ်တူကိုယ်တူ သူငယ်ချင်းတွေကိုသတိရတယ်ငါ့နာမည်ခေါ်တိုင်း လိုက်ရှာနေတဲ့...
July 07, 2009
လမ်းကျဉ်း
ကိုယ့်ကိုကိုယ် နေရာချနေရတာနဲ့အချိန်တွေ ကုန်ခဲ့ပေါ့….သောကမကင်းတဲ့မျက်နှာတွေက ငပေလို အသေလိုဘ၀ ဘ၀တွေ ရှုသွင်းဘ၀ ဘ၀တွေ ပြန်ထုတ်အဲဒါကလည်း နေ့စဉ်အလုပ်အများကြီးမဖြစ်ချင်တဲ့ကောင်ကအများဖြစ်ချင်တာတွေလုပ် ငါ့စိတ်တွေ ငါ့ကိုပြန်ပြန်ညစ်နေလေရဲ့မနက်ဖြန်တွေရဲ့ မနက်ဖြန်တွေမှာဖိနပ်မခိုင်လို့တော့မဖြစ်ဘူးလျှောက်နေတဲ့လမ်းက နည်းနည်းတော့ကြမ်းတယ်…။နေနေ(နို့ဖိုးစခန...
July 05, 2009
စစ်အာဏာရှင်နှင့် ဆဲဗင်းဂျူလိုင်
Unknown | 11:25 PM |
ဆောင်းပါး

ဇူလိုင် (၈)ရက်နံနက်လင်းအားကြီးအချိန်တွင် စစ်တပ်က ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည် သမဂ္ဂအဆောက်အဦးမြန်မာ့သမိုင်းမှာ ကျောင်းသား သမဂ္ဂတွေရဲ့ တိုက်ပွဲတွေဟာ ပညာရေးရည်မှန်းချက်၊ မျိုးသားရေးလွတ်မြောက်ရေး ဒီမိုကရေစီရည်မှန်းချက် စဖြင့်အမျိုးမျိုးရှိခဲ့ပါသည်။ ၁၉၂၀ သပိတ်၊ ၁၉၃၅-၃၆ သပိတ်၊ ၁၉၃၈ ခုနှစ်တွင်အမျိုးသားလွတ်မြောက်ရေးကိုတောင်းဆိုတဲ့ ပြည်လုံးကျွတ်...
June 23, 2009
အစာပြေ
Unknown | 9:46 PM |
ဆောင်းပါး
“ ညီမလေးရေ ကိုကြီးခွေးကလေးကို ရေချိုးပေးမလို့ ကင်မရီဆပ်ပြာအသစ်တစ်ခဲယူလာ ပေးစမ်းဟေ့ ”“ညီမလေး မအားသေးဘူး ကိုကြီး ကြက်ကောင်လုံးကြော် ကြော်နေတယ်။ ညနေစာအတွက်ရော လေးကောင်တောင် ကြော်နေရတယ်၊”“အေး သားတို့သမီးတို့ အဲဒီလို အလုပ်ရှုပ်နေကြရင် ဖေဖေမစောင့်နိုင်တော့ဘူး။ ပရာဒိုတစ်စီးဝယ်မလို့ ချိန်းထားတဲ့လူနဲ့လွဲသွားလိမ့်မယ်၊ အမေကြီးရေ ကိုယ် လစ်မစ်တက် ယူသွားမယ်။ မင်းတို့မာ့စ်တူးနဲ့သွားကြ”“ဖေကြီး သားငယ်ဖို့ ဘတ်တာကိတ် ၀ယ်လာနော်”“ဟင့်အင်း မီးငယ် ဘတ်တာကိတ်မကြိုက်ဘူး...
June 14, 2009
ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်
Unknown | 12:28 PM |
မွေးနေ့အမှတ်တရ

Brief Bio DASSK Brief Bio DASSK Publish at Scribd or explore others: Non-fiction world ebook အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ ဘလော့ဘ်မှ ကူးယူဖော်ပြသ...
အဖေများနေ့
Unknown | 4:32 AM |
ဝမ်းနည်းမှတ်တမ်း

အဖေ မရှိတော့ပေမယ့် အဖေက သားရင်ထဲ အမြဲရှင်သန်နေပါတယ်…အဖေသားတို့ကို အပြီးအပိုင်ခွဲခွာသွားတာ ဒီနေ့ဆို ၂ လနဲ့ ၉ ရက်ရှိပြီနော်… တချို့တွေကပြောကြတယ်. အဖေဆိုတာ သမီးတွေကို ပိုချစ်တယ်ပြောကြတယ်… ဒါပေမယ့် အဖေက သားကိုပိုချစ်တယ်နော်… အဖေ … နောင်ဘ၀ဆိုတာ ရှိခဲ့ရင် ပြန်ဆုံပါရစေအဖေ… သားလေ လူတွေအကြောင်းကို သိသင့်သလောက်သိနေပြီ… အဖေ့ကိုပြောပြချင်တယ်ဗျာ….။ အဖေ…...
May 29, 2009
တိုင်းရင်းသား မိဘပြည်သူများသို့ ပန်ကြားချက်
Unknown | 1:26 AM |
Statement
Statement of The Best Manure Publish at Scribd or explore others: Fiction marketing love ...
May 28, 2009
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြပွဲ
Unknown | 12:16 AM |
သတင်း
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ UNHCR ရုံးရှေ့တွင် Joint Action Commettee မှ ဦးဆောင်၍ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေးတောင်းဆို ဆန္ဒပြပွဲတခုကို ကျင်းပခဲ့သည်။စက်တင်ဘာ ရွှေဝါရောင် သံဃာတော်များ ၊ JAC တွင် ပါဝင်သော အဖွဲ့အစည်းများ ၊ စက်တင်ဘာ ရွှေဝါရောင် လူငယ် အင်အားစုများ၊ တသီးပုဂ္ဂလများ စုစုပေါင်း လူအင်အား ၁၅၀ ခန့်က TK လေး အထည်ချုပ်စက်ရုံ့ရှေ့တွင် စတင် စုစည်းကြပြီး နောက် UN ရုံးရှေ့သို့ ပိုစတာများကိုင်ဆောင်ကာ၊ ကြွေးကြော်သံများ အော်ဟစ်၍...
May 25, 2009
နော့ကယ်လိုလိုင်းနားပြည်နယ်မှ သင်္ကြန်ပွဲ
Unknown | 9:16 PM |
သတင်း
၂၄၊၅၊၂၀၀၉(တနင်္ဂနွေနေ့)တွင် နော့ကယ်ရိုလိုင်းနားပြည်နယ် Chapel Hill မြို့ကလေးမှာကျင်းပတဲ့မြန်မာ့ရိုးရာသင်္ကြန်ပွဲလေးပါ။ Chapel Hill တစ်မြို့လုံးမှာရှိတဲ့မြန်မာမိသားစု အသိုင်းဝိုင်းရဲ့မျှော်လင့်တကြီးစောင့်ဆိုင်းနေတဲ့ နေ့လေးတစ်ရက်ပေါ့။ တစ်နှစ်မှာမှတကြိမ်ပြုလုပ်ခွင့်ရတဲ့ မြန်မာ့ချစ်စရာရေသဘင်နှစ်သစ်ကူးလေးမှာမြန်မာတိုင်းရင်းသားအစုံအလင် လာရောက်ပျော်ပါးပြီးမြန်မာ့ရိုးရာအမွေနှစ် ဆက်လက်ထိန်းသိမ်းတဲ့ပွဲလေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်။ အဓိကရည်ရွယ်ချက်ကတော့ကမ္ဘာမှာမြန်မာဟာမြန်မာပါပဲဘယ်နေရာ...
May 19, 2009
နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ်
Unknown | 12:28 AM |
ကောက်နှုတ်ချက်

နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ်တချို့က နိုင်ငံရေးဆိုတာ နိုင်ငံရေးပါတီတွေလုပ်တဲ့အလုပ်လို့ထင်တယ်။ မဟုတ်ပါဘူး တခါတုန်းက ဖေဖေက ပြောဘူးပါတယ် နိုင်ငံရေးဟာ ကိုယ်နဲ့မဆိုင်ဘူုးထင်ပေမယ့် နိုင်ငံရေးဟာ ကိုယ့်ဆီရောက်လာလိမ့်မယ်၊ ဒါရှောင်လို့မရဘူး၊ ဒါဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံတွင်းမှာ ဖြစ်နေတဲ့ ကိစ္စမှန်သမျှဟာ နိုင်ငံရေးဘဲ။ ရှောင်လို့မရဘူးနော်။ စီးပွားရေးဆိုတာလည်း...
May 06, 2009
ကျေးဇူးအထူးတင်ရှိပါကြောင်း
Unknown | 3:53 PM |
ကျေးဇူးတင် မှတ်တမ်း
ပို့စ်ကွန်မန့်မှာရော စီဘောက်မှာပါ အားပေးစကားပြောကြားပြီး ထပ်တူခံစားပေးကြသောထပ်တူထပ်မျှ ကြေကွဲခံစားပေးတဲ့ ၀သန်မိုး၊ ဘ၀ဆက်တိုင်း မိသားစုနဲ့ ဝေးကွာခြင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးသော မကြီး မေတ္တာရောင်ပြန်၊ ထပ်တူခံစားပေးသော Ree Noe၊ ဘ၀တူတွေမို့ ထပ်တူစိတ်မကောင်းဖြစ်ပြီး အဆက်အသွယ် မပြတ်စေရန် အားပေးသော အမနန်းဝါ၀ါမောင်၊ အဝေးရောက်နေကြတဲ့ သားသမီးတွေအတွက် အရမ်းကြေကွဲစရာကောင်းပါတယ်ဆိုပြီး ထပ်တူထပ်မျှ ခံစားပေးသော Anonymous၊ အခုလို အဖြစ်ဆိုးတွေမှ...
May 04, 2009
အဖေကောင်းရာသုဂတိလားပါစေ...
Unknown | 10:23 PM |
ဝမ်းနည်းမှတ်တမ်း
အဖေ သားကိုမေးသွားတယ်နော်… သားဖြေသိမ့်မရဘူးအဖေရယ်… ဒီနေ့ဆို အဖေ ဆုံးတာ တစ်လပြည့်ပြီနော်…သားကိုယ်သား သိနေသလိုပဲအဖေရယ်… စိတ်တွေလေးနေတယ်… ဘာလုပ်လုပ်အဆင်မပြေဘူးဖြစ်နေတယ်… အားလုံးက အလွဲလွဲအချော်တွေချည်းပဲ… သားအိမ်ကို အရမ်းသတိရနေတယ်… ဆက်သွယ်ချင်ပေမယ့် မြန်မာပြည်ရဲ့ ဆက်သွယ်မှု ကွန်ယက်တွေကြောင့် ဘယ်လိုမှ အဆက်အသွယ်မရဘူး… နောက်ညီဝမ်းကွဲတစ်ယောက် ပြောတယ်… အခုဆက်လို့ရပြီတဲ့ အော်တိုတွေဆင်လိုက်ပြီတဲ့ သားဝမ်းသာလိုက်တာ အဲဒီသတင်းကြားတော့လေ… သားဖုန်းဆက်တော့...
April 01, 2009
ရွေ့လျားတန်းဖိုး
Unknown | 10:07 PM |
ကဗျာ
တရွေ့ရွေ့နဲ့ ထွက်ခွာသွားတဲ့နူပျိုမှုတွေကိုတဖြည်းဖြည်းချင်းကပ်လာတဲ့အိုမင်းမှုတွေက နှုတ်မဆက်အားဘူးအချိန်နောက်ကျခြင်းနဲ့ စောသွားခြင်းရဲ့ကြားမှာတိကျမှုတော့ရှိရမယ်….။လုပ်ပြီးခဲ့သမျှတွေထဲက နောင်တတွေကိုနံပါတ်တတ်တစ်ရာမှ မပြည့်သေးတာပဲ…။မတရားဈေးနဲ့ ရထားတဲ့လွတ်လပ်မှုတွေကနောင်တချိန် အဖိုးတန်ကောင်းပါရဲ့…ဥတုသုံးလီကို ကိုယ်၊ စိတ်၊ နှလုံး သုံးပါးနဲ့(÷) စားကြည့်တဲ့အခါ အရသာမရှိတဲ့ သုညလိုအကောင်ဟာ ဘယ်သူရှိအုံးမလဲ…။အဲဒါနဲ့ပဲ…ကျနော့်အစ်ကိုပြောတဲ့ အေးစက်နေတဲ့...
March 19, 2009
အောင်မြင်မှု လမ်းကြောင်းပေါ်မှ မြန်မာလူငယ်တစ်ဦး
Unknown | 11:25 PM |
ဆောင်းပါး

အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ် ဖို့ဝက်မြို့ အာလင်တန်ဟိုက်စ် အထက်တန်းကျောင်းဟာ ထူးချွန်တဲ့အားကစားသမား မွေးထုတ်ပေးရာမှာ အစဉ်အလာရှိတဲ့ကျောင်းဖြစ်တယ်။ အခုလည်းပဲ ကျနော်တို့မြန်မာနိုင်ငံမှ ဒုက္ခသည်အဖြစ် ရောက်ရှိလာတဲ့ မြန်မာလူငယ်တစ်ဦးကို ဘောလုံးအားကစားသမား ကောင်းအဖြစ်မွေးထုတ်ပေးခဲ့ပြန်ပါတယ်။သူ့နာမည်က မင်းကိုအောင်ဖြစ်ပါတယ်။ သူဟာ မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းမှ...
March 05, 2009
ရိုင်ဖယ်သေနတ်နှင့် ဆရာဝန်
Unknown | 10:20 PM |
ဆောင်းပါး

(၁)မြေ၀သုန်သည် ဂုဏ်ပြုအပ်သည့် ဧည့်သည်တယောက်အား ဆီးကြို၍ ထွေးပွေ့ထားခဲ့သည်မှာ ကြာပြီ။ သူကျ ဆုံးခဲ့သည့် ၁၉၆၇ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့မှ။ နှစ်ပေါင်း (၄၀) ရှိလေပြီ။ သူကား ဆရာဝန်တဦး။ သို့သော် သူကား မောင်းပြန်ရိုင်ဖယ် သေနတ်ကိုသာ ကိုင်၏။“လူတယောက်ချင်း ခံစားရတဲ့ ရောဂါတွေကို ကုရတာထက် လူ့အဖွဲ့အစည်းအလိုက် ခံစားရတဲ့ ဝေဒနာတွေကို ကုသပေးရတာ ပိုအကျိုးရှိပါတယ်”...
February 15, 2009
February 14, 2009
Valentine's Day နှင့် ကွေကွင်းနေရသော ချစ်သူတွေ
Unknown | 1:56 AM |
ဆောင်းပါး

Valentine's Day အတွက်အမှတ်တရအနေနဲ့ ယခင်ဖတ်ပြီးသော သူငယ်ချင်းများလည်း ပြန်လည်ခံစားစေနိုင်ရန် မဖတ်ရသေးသော သူငယ်ချင်းများလည်း ခံစားနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်.....အချစ်၏ ဒုက္ခသည် အခြားအားလုံးသောပျော်ရွှင်မှုများထက်၊ ပို၍ချိုသာပေသည်။(ဂျွန်ခရိုင်းဒင်း)ဗယ်လင်တိုင်းစ်ဒေး (Valentine's Day) ခေါ်ချစ်သူများနေ့အကြောင်း ပါးစပ်ရာဇ၀င်အမျိုးမျိုး...
Subscribe to:
Posts (Atom)