February 27, 2008

မဲဆောက်မှာ မိုးတွေရွာတုန်းက

Unknown | 7:52 AM | |

သက်ဆင်ရဲ့
အိမ်ပြန်ခရီးကိုကြိုဆိုခြင်းလား
ဖောက်ပြန်တဲ့ ရာသီဥတုကြောင့်လား
မုန်တိုင်းဝင်လို့လား
သင်္ကြန်အကြိုလား
တဒင်္ဂအေးချမ်းသွားတယ်
ရိုးတံကျဲကျဲနဲ့
ရွက်ကြွေကင်းစင်
ဟင်းလင်းပြင်ဖြစ်နေတဲ့
ပတ်ဝန်းကျင်ကတော့
နိုးထလာမယ့်နွေဦးနဲ့အတူ
ပုရစ်ဖူးသစ်တွေ
ဖူးပွင့်လို့ဝေဆာလာတော့မယ်။

အော်သံရိုင်းရိုင်း မုန်တိုင်းတွေ
တချိန်တည်းမှာ ဆင့်ပွားဆင့်ပွား
အချိန်အခါမဟုတ် ရွာသွန်း
ရွှေခေတ်ရောက်ပြီဆိုတဲ့
မြန်မာပြည်ကတော့
မီးခိုးမှိုင်းတွေနဲ့
နွေဦးကို ကြိုဆို
ပြောင်းလဲနေတဲ့ ရေစီးကြောင်းထဲ
လိုက်ပါနိုင်ခြင်းမရှိ
နစ်သထက်နစ်။

တစ်ဖက်က
ကုလားထိုင်ပေါ်မှာ
တစ်ဖက်ကတော့
အဓမ္မဆုံးဖြတ်ချက်တွေကြောင့်
ငတ်ပြတ်မှုတွေနဲ့
မြေပြင်ပေါ်ရပ်လို့
ကွန်စတီကျူးရှင်း
မှန်နေလား မှားနေလားမသိ
ပြည်သူတွေကတော့
တဂြီဂြီ မြည်နေတဲ့ အစာအိမ်
ချွတ်ယွင်းနေတဲ့ ကျန်းမာရေး
ရောဂါဗရပွနဲ့ ဆေးမရှိဘူး။

ခံစားနေရတာချင်း အတူတူ
ကောင်းကင်ကြီးကတော့
လွတ်လွတ်လပ်လပ် ရွာသွန်းနေလေရဲ့။

ပြည့်စုံ

2 comments:

Anonymous said...

ဘယ်လိုပြောရမလဲ.. စိတ်မကောင်းဖြစ်သွားတယ်.. လူတွေစားရမဲ့သောက်ရမဲ့ဘ၀ကို..

Pinkgold said...

ခံစားနေရတာချင်း အတူတူ
ကောင်းကင်ကြီးကတော့
လွတ်လွတ်လပ်လပ် ရွာသွန်းနေလေရဲ့။

မီးတွေကလည်း လွတ်လွတ် လပ်လပ် လောင်ကျွမ်း နေလေရဲ့

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub