February 01, 2008

မဲဆောက်(သို့မဟုတ်) ထိုင်းနိုင်ငံရောက်ရွာသားမျက်စေ့

Pyae Sone | 11:14 AM | | |

ဘ၀လှိုင်းတံပိုးတွေကြားထဲကမြို့
အလိမ်အခေါက်များတဲ့မြို့
မျှော်လင့်ချက်တွေ အရိုက်ချိုးခံခဲ့ရတဲ့မြို့
ဘ၀တခုလုံး စုံးစုံးမြုပ်ခဲ့ရတဲ့မြို့
နောင်တတွေ တသီကြီးနဲ့မြို့
ဘ၀အမောတွေထဲကမြို့
.... .... ..... ..... .... ။

ရှင်သန်လာခဲ့
အိပ်မက်တွေနဲ့အတူ
ကမ္ဘာကြီးကကြိုလင့်စောင့်နေ
တောက်ပတဲ့ နေ့သစ်တွေဆီ
သံသရာ အငြိုးတွေကြောင့်လား
လမ်းတ၀က်မှာ ပျောက်ရှသွားခဲ့
တောမောင်းရဲ့ ဆိုက်အကြည့်မှာ
“ ဆ၀ါဒီ ခပ်” မှာအားနည်းသွားခဲ့ကြ..။

လျှပ်စစ်မီး
ပြည်တွင်းစစ်မီး
သောကအပူမီး
မြေကမမျို လူလူအချင်းချင်းသာမျို
အသွေးအသားကို ပြန်ရောင်းတဲ့အထိ..။
ဘ၀တစ်ခုလုံး စုတ်ပြတ်သပ်သွားအောင်
မိုက်မဲတယ်လို့ဘဲ ပြောပြော
ပတ်ဝန်ကျင် တံတွေးခွက်ထက်
မိသားစုအရေး ပိုမည်မထင်။

မြန်မာ စကားတွေ အသံတွေ
ဈေးထဲမှာ
စက်ရုံတွေမှာ
ဟော်တယ်ကုတင်တွေမှာ
ဇိမ်ခန်းတွေမှာ
ဘီယာဘားတွေမှာ
စိုက်ခင်းတွေမှာ
ဆောက်လုပ်ရေး ဆိုဒ်တွေမှာ....။

ဝဋ်ကြွေးကြောင့်လား
ရှောင်မရတဲ့ သံသရာကြောင့်လား
ကယ်သူမဲ့ ဘ၀တွေ
“ ကျောင်းမနေဘူးသေးပါဘူး
သားကျောင်းစာအုပ်ဖိုးမတတ်နိုင်လို့
သားက သူတောင်းစားအစစ်မဟုတ်ပါဘူး
.... ...... ..... ..... ”
အနာဂတ်မဲ့ ရှင်သန်နေကြတဲ့
အလင်းမဲ့နေ့တွေနဲ့အတူ
ပန်းလေးတွေမဝေခင်မှာကြွေခဲ့ ....
အော် .... ဆုတောင်းမှားခဲ့ကြလို့လား....။

11 comments:

နှင်းလေး said...

အပြင်ကဘ၀တွေကို မျက်လုံးထဲမြင်ရောင်မိတယ်

Saung Yune La (aka) Way said...

ညီလေးရေကဗျာလေးကောင်းတယ်.မျှဝေခံစားသွားတယ်နော်....
ဘ၀လှိုင်းတံပိုးတွေကြားထဲကမြို့
အလိမ်အခေါက်များတဲ့မြို့
မျှော်လင့်ချက်တွေ အရိုက်ချိုးခံခဲ့ရတဲ့မြို့
ဘ၀တခုလုံး စုံးစုံးမြုပ်ခဲ့ရတဲ့မြို့
နောင်တတွေ တသီကြီးနဲ့မြို့
ဘ၀အမောတွေထဲကမြို့

မွန် said...

ကျောင်းမနေသေးပါဘူးဆိုတဲ့ ကလေးလေးရဲ့ အသံလေးကို ရင်ထဲနင့်အောင် ကြားယောင်သွားတယ်အကိ အကို့ကလောင်က ပန်းချီစုတ်တွတစချောင်းလိုပဲ ပုံဖော်နိုင်လိက်တာ

chaos said...

ဒီကဗျာလေးဖတ်ပြီး
ရင်ထဲကိုဆို့သွားတယ်
အစ်ကို့ကဗျာကရေးထာတာကောင်းသလို
ကလေးတွေရဲ့ဘ၀က တကယ့်ကိုခက်ခဲကြမ်းတမ်းလိုက်တာ
ဒီလိုဘ၀မျိုးတွေကနေ အမြန်ဆုံး.......တကယ့်ကို..........အမြန်ဆုံးလွတ်မြောက်ပြီး
အစစအရာရာ အဆင်ပြေဖို့တစ်နေ့ကို မျှော်လင့်ရင်း......နဲ့ပဲကျွန်မတို့လက်ရှိဘ၀တွေကုန်ဆုံးတော့မလားပဲနော်

မေပျို said...

ကဗျာလေး ဖတ်သွားပါတယ်။ ဒီလိုဘ၀မျိုးက လူတွေအားလုံး မြန်မြန်လွတ်မြောက်ပါစေလို့ ဆုတောင်းပါတယ်နော်။

ရတနာစိုး said...

အစ်ကိုရေ.... ကဗျာလေးက တကယ်ကို ကြေကွဲစရာ ကောင်းလှပါတယ်။ ရတနာတို့တွေ ကောင်းကောင်းနေ ကောင်းကောင်းစားနေရတဲ့ အချိန်မှာ သူတို့လေးတွေ ဒုက္ခရောက်နေကြတာကို တွေးမိတော့ ပိုပြီး စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီလို အနာဂတ်မဲ့နေတဲ့ ပန်သူမဲ့ အလင်းမဲ့နေရတဲ့ ပန်းလေးတွေ လန်းဆန်းဖို့ ကြယ်တွေ ပြိုင်တူလင်းနေဖို့ လိုအပ်နေပါပြီ။ကြယ်တစ်ပွင့် ဖြစ်အောင် ကြိုးစားနေရင်း

လေးစားလျက်
ရတနာစိုး

မောင်မျိုး said...

ကဗျာအရမ်းကောင်းတယ်ဗျ ကျနော်လဲ ကိုယ်တိုင်တွေ့ မြင်နေရတော့ ပိုခံစားလို့ ရတယ်....အသုံးမကျတဲ့ သူတွေကြောင့် လူအများစု ဒုက္ခရောက်နေရတာတွေ့ ရတိုင်း စိတ်မချမ်းသာဘူးးဗျာ ......
အထင်မြင်သေးတဲ့အကြည့်ဒဏ်တွေလဲ ခံရတာ နာနေပြီးး...ပို့ စ်အတွက်ကျေးဇူးးပါဗျာ

Pinkgold said...

မိုက်တယ် ပြည့်စုံရေ
ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး
ရင်ထဲမှာ နာကျင်တယ်
အဲလို ဘ၀မျိုးမှာ နေနေကြတဲ့ ကလေးတွေ
ဘယ်တော့များ လွတ်မြောက်ကြမှာလဲ
ကောင်းတယ် ပြည့်စုံ
နင်ပုံဖော်ပြီး လူတွေကို ပေးသိတာဟာ
ကောင်းတဲ့ အလုပ် တစ်ခုပါ

ကောင်းကင်ကို said...

ကဗျာလေး ကောင်းတယ်ဗျို့ ။

မိုးစဲနေ said...
This comment has been removed by the author.
မိုးစဲနေ said...

ညီလေးရေ
ညီလေးက ကဗျာဆရာလို့ မပြောပေမဲ့
ဒီကဗျာလေး ဖတ်ရတာနဲ့တင်
နေသားကျနေတဲ့အမောတွေ အမောတကောလက်ပမ်း
ကျနေတဲ့ အမောတွေ ထိုင်းနယ်မြန်မာနယ်စပ်က
ငါတို့ မတန်တဆရောင်းခဲ့ရတဲ့ ဘ၀တွေကိုပြေးမြင်
တယ်..ကွာ..
ညီလေးကဗျာတွေ စောင့်ဖတ်နေပါမယ်
ခင်တဲ့
မိုးစဲနေ

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub