February 06, 2008

အစိုးရဆိုတာ.....

Unknown | 7:33 AM |
အဆိုးဆုံး အစိုးရဆိုတာ....
ပြည်သူလူထု ရွံရှာ မုန်းတီးတဲ့အစိုးရ၊

ဒီထက်နဲနဲကောင်းတာက
ပြည်သူလူထုက ကြောက်တဲ့အစိုးရ၊


ဒီထက်ပိုပြီးကောင်းတာကတော့
ပြည်သူလူထုက ချီးမွှမ်းတဲ့ အစိုးရ၊

အကောင်းဆုံးကတော့
ပြည်သူလူထုက ရှိမှန်းတောင်မသိတဲ့ အစိုးရတဲ့၊

ကျမတို့ အိမ်တအိမ်မှာဆိုရင်
အမေလိုပေါ့။
အမေရှိမှန်းတောင်သတိမထားမိဘူး။

စားချိန်တန်စားရတယ်
ဝတ်ချိန်တန်ဝတ်ရတယ်
အားလုံးအဆင်သင့်ဘဲ
အဲ့သလို ဖြစ်နေရမယ်....
နားလည်ထားရမယ်.....။

ဒေါ်အောင်ဆန်းစုကြည်
အဖွဲ့ချုပ်ရုံး-မြင်းခြံ (၃.၁၁.၈၈)

2 comments:

~P~ said...

အမှန်ကန်ဆုံးစာသားတွေပါဘဲ :)

လင်းလက်ကြယ်စင် said...

ဒေါ်အောင်ဆန်းစုကြည်စကားလေးကို ပြန်တင်ပေးတဲ့အတွက် ကျေးဇူးပါပဲအကိုရေ။ တကယ်ကို မှတ်သားထိုက်ပြီး အဲဒီအတိုင်းဖြစ်အောင် လုပ်ဆောင်ရမယ့် အဖိုးတန် စကားပါပဲ :)

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub