February 24, 2008

နွေဦးအိပ်မက်

Unknown | 10:59 PM | |


ဝဿန်ကတော့ စုံးစုံးမြုပ်သွားပြီ
မြောက်ပြန်လေ သွေးတဲ့
မြူနှင်းမှုန်ပြပြ တစ တစနဲ့
ဝေနေရာက ပိပြားလာတယ်..
လတ်ဆတ်တဲ့ နွေဦးကတော့
စိမ်းလန်းခြင်းတွေယူဆောင်မလာခဲ့ပါ..။


တွန်သံချိုတဲ့ ရွှေသြကတော့
ရိုးတံပြိုင်းပြိုင်း ပင်အိုယံထက်
နွေအကြိုတေးကို
လွမ်းချင်းတွေနဲ့ သီကျူး
ဝေးနေလည်း မျှော်လင့်ရင်း
အကျည်းတန်စွာနဲ့
အထီးကျန်ရာသီကို ကြိုနေလေရဲ့...။

ကောသလမင်းရဲ့ နိမိတ်ပုံ
အိပ်မက်တွေကြောင့်လား....
သေခါနီး လူပြောခံရအောင် လုပ်နေတဲ့
အဖြစ်အပျက်တွေကြောင့်လား...
ပါးစပ်ပေါက်ကြီးထဲက ထွက်တဲ့
အသံမျိုးစုံကြောင့်လား...
ကာရန်မညီတဲ့ စွန်းထင်းမှုတွေနဲ့
အလွမ်းတွေ တစစီကြွေမွ
ကြယ်ရောင်နဲ့ဝေး
လရောင်နဲ့ ဝေး .... ..... ဝေးသွား
မှောင်ရီဝိုးတ၀ါးမှာ
နွေဦးအတွက် အိပ်မက်တွေရက်ရှည်ခဲ့ပေါ့....။


ပြည့်စုံ

5 comments:

စိုးထက် - Soe Htet ! said...

အင်းဗျ ... ပူလာတော့ မီးတွေလဲ လောင် နဲ့ :)

Yan said...

လွမ်းချင်းတွေနဲ့ သီကျူး
ဝေးနေလည်း မျှော်လင့်ရင်း
အကျည်းတန်စွာနဲ့
အထီးကျန်ရာသီကို ကြိုနေလေရဲ့...။

အဲဒါလေးဖတ်မိတော့ ကိုယ့်ကိုများ စောင်းချိတ်ရေးထားသလားလို့တောင် ထင်သွားမိတယ်... ဟတ်ဟတ်... ပြောင်မြောက်ပါပေတယ်ဗျာ.

Pinkgold said...

နွေရာသီမှာ ချစ်ခဲ့လို့ နွေရာသီမှာကွဲ
နွေရာသီမှာ ချစ်ခဲ့လို့ ဒီမှာ အသဲကွဲ
နွေရာသီမှာ ပူလောင်လွန်းလို့ ရေလိုနေပါတယ်

ဟီးးးးးးး သီချင်းလာဆိုတာ

lwansay said...

ကဗျာလေး ကောင်းတယ်ဗျ။ နွေဦးအိမ်မက်တွေ မက်နေပီလားဗျ။:P

Anonymous said...

ကိုပြည့်စုံရဲ့ ကိယ်တိင်ရေးကဗျာလေးတွေ ဖတ်ချင်နေတာ ကြာပြီလေ။ ဟိုတလောက ဖတ်ရတဲ့ကဗျာကလည်း တစ်ဆင့်ဖော်ပြားဆိုတော့...။ ခုနောက်ပိုင်းဖတ်ရတဲ့ ကဗျာလေးတွေ ကောင်းပါတယ်။ ရင်ထဲက ခံစားချက် စစ်မှန်တဲ့ စကားလုံးတိုင်းဟာ အဖိုးတန်စွာ ရှိနေမှာပါ။ တကယ်လာလည်တဲ့အခါမှ ထွက်ပြေးမနေနဲ့နော် :) ။

အေးချမ်းသူ

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub