အဆိုးဆုံး အစိုးရဆိုတာ....
ပြည်သူလူထု ရွံရှာ မုန်းတီးတဲ့အစိုးရ၊
ဒီထက်နဲနဲကောင်းတာက
ပြည်သူလူထုက ကြောက်တဲ့အစိုးရ၊
ဒီထက်ပိုပြီးကောင်းတာကတော့
ပြည်သူလူထုက ချီးမွှမ်းတဲ့ အစိုးရ၊
အကောင်းဆုံးကတော့
ပြည်သူလူထုက ရှိမှန်းတောင်မသိတဲ့ အစိုးရတဲ့၊
ကျမတို့ အိမ်တအိမ်မှာဆိုရင်
အမေလိုပေါ့။
အမေရှိမှန်းတောင်သတိမထားမိဘူး။
စားချိန်တန်စားရတယ်
ဝတ်ချိန်တန်ဝတ်ရတယ်
အားလုံးအဆင်သင့်ဘဲ
အဲ့သလို ဖြစ်နေရမယ်....
နားလည်ထားရမယ်.....။
ဒေါ်အောင်ဆန်းစုကြည်
အဖွဲ့ချုပ်ရုံး-မြင်းခြံ (၃.၁၁.၈၈)
2 comments:
အမှန်ကန်ဆုံးစာသားတွေပါဘဲ :)
ဒေါ်အောင်ဆန်းစုကြည်စကားလေးကို ပြန်တင်ပေးတဲ့အတွက် ကျေးဇူးပါပဲအကိုရေ။ တကယ်ကို မှတ်သားထိုက်ပြီး အဲဒီအတိုင်းဖြစ်အောင် လုပ်ဆောင်ရမယ့် အဖိုးတန် စကားပါပဲ :)
Post a Comment