April 17, 2008

သမဂ္ဂသမီး

Unknown | 11:42 PM |


ရဲဘော် ခင်မာအေး(ခ) မိဥာဏ် (ခ) မဂျိုးဖြူ (ကေတု) (ခ) ဥာဏ်ဇံ
တောင်ငူမြို့ အဖ သခင်ဘဘောင်း အမိဒေါ်သိန်းတို့မှ ၂၁-၇-၁၉၄၀ နေ့တွင်မွေးဖွားပြီး ၁၄-၁၁- ၁၉၃၈ နေ့တွင် မွေးဖွားသူ (၆၂)ကျောင်းသားခေါင်းဆောင်ကြီး ရဲဘော်လှရွှေနှင့် ၁၉၆၂ခုနှစ်တွင် လက်ထပ်ခဲ့သည်။ တက္ကသိုလ်ကျောင်းသူဘ၀တွင်ပင် ဒေါ်ခင်မာအေးသည် သမဂ္ဂ၏ တ.က.သ - ဗ.က.သ၏ အမျိုးသမီးကျောင်းသားခေါင်းဆောင်ဖြစ်ပါသည်။



ရဲဘော် ခင်မားအေး(ခ) မိဥာဏ် (ခ) မဂျိုးဖြူ (ကေတု) (ခ) ဥာဏ်ဇံ
တောင်ငူမြို့ အဖ သခင်ဘဘောင်း အမိဒေါ်သိန်းတို့မှ ၂၁-၇-၁၉၄၀ နေ့တွင်မွေးဖွားပြီး ၁၄-၁၁- ၁၉၃၈ နေ့တွင် မွေးဖွားသူ (၆၂)ကျောင်းသားခေါင်းဆောင်ကြီး ရဲဘော်လှရွှေနှင့် ၁၉၆၂ခုနှစ်တွင် လက်ထပ်ခဲ့သည်။ တက္ကသိုလ်ကျောင်းသူဘ၀တွင်ပင် ဒေါ်ခင်မာအေးသည် သမဂ္ဂ၏ တ.က.သ - ဗ.က.သ၏ အမျိုးသမီးကျောင်းသားခေါင်းဆောင်ဖြစ်ပါသည်။

ရဲဘော်လှရွှေသည် ဘိုကလေးမြို့တွင်အချမ်းသာဆုံးစာရင်းဝင် မြကလပ် ဆေးတိုက်ပိုင်ရှင် ဦးချစ်ညွှန့်၏ သားကြီးဖြစ်သည်။ ရဲဘော်မခင်မာအေးသည် တောင်ငူမြို့မှ ချမ်းသာသူမိဘများမှ ဖွားမြင်သော်လည်း ဂုဏ်ပကာသနပါသော မင်္ဂလာပွဲထက် နှစ်ဦးသဘောတူနားလည်မှုအပြည့် နိုင်ငံရေးသစ္စာဖြင့် လက်တွဲခဲ့သည်။ သမဂ္ဂ၏ ရဲဘော်များ တက္ကသိုလ်ကျောင်းသား/သူများ ဆရာဆရာမများမှ လေးစားချစ်ခင်၍ မင်္ဂလာလက်ဖွဲ့အား ကျောင်းသားသမဂ္ဂ တ.က.သ သို့ပေးပို့ခဲ့သည်။ ဆဲဗင်းဂျူလိုင် (၇.၇.၆၂) ကျောင်းသား သမဂ္ဂအဆောက်အဦးအားအာဏာရူးနေ၀င်းမှဖြိုခွဲဖျက်ဆီးအကြမ်းဖက်လူသတ်ရာတွင် မင်္ဂလာလက်ဖွဲ့ ပစ္စည်းအားလုံး သမဂ္ဂနှင့်အတူ စတေးခံခဲ့ရခြင်းဖြင့် အိမ်ထောင်သည်ဘ၀အစပြုခဲ့ပြီး ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကျောင်းသား သမဂ္ဂအဆောက်အဦး ဖြစ်မြောက်ရေး တ.က.သ- ဗ.က.သ ရဲ့မူ(၅)ချက်ဖြစ်တဲ့ အမျိုးသားရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေး ဒီမိုကရေစီပညာရေးနဲ့ အလံတွေဟာ ဒေါ်ခင်မာအေးရဲ့ အသွေးအသားထဲမှာ စီးဆင်းနေပြီး ကျောင်းသားရှင် ကျောင်းသားသမဂ္ဂရှိတယ် ကြွေးကြော်တိုက်ပွဲဝင်ပြီး သမဂ္ဂအလံကို အမြင့်ဆုံးလွင့်ထူခဲ့သည်။ ၇၄-၇၅ မှိုင်းသန့် ဇွန်ကျောင်းသားခေါင်းဆောင်ကြီးတွေ ကိုအောင်စောဦး၊ ကိုဟန်ထွန်း(ခ)စာရေးဆရာဝင်းတင့်ထွန်း၊ ကိုမိုးမြင့်၊ ကိုဗဟိန်းအောင် စတဲ့မျိုးဆက်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ဆက်အောင်နိုင်၊ ထက်မိုး၊ ခင်ထားရီ၊ နိုဗယ်အေးစတဲ့ ၈၈ မျိုးဆက်တွေကို ဦးဆောင်လမ်းပြခဲ့သည်။

ထူးခြားဖြစ်စဉ်သမိုင်းအကျဉ်း
သမဂ္ဂအမေ ဆုံးရှုံးပြီး ရက်ပိုင်းအတွင်း သမဂ္ဂသမီးဆုံးရှုံးရခြင်းကြောင့်- ဒေါ်ခင်မာအေးသည် သူ၏ဒေါ်ဒေါ်(အမေလူထုဒေါ်အမာ) အပေါ်မည်မျှလေးစားချစ်ခင်ကြောင်း ထင်ရှားပါသည်။သူမ၏ အလေးစားဆုံး နိုင်ငံရေးခေါင်းဆောင်နှင့် သူရဲကောင်းမှာ အမျိုးသားစာပေဆုပေးသည်ကိုထောင်ကျခံ၍ မယူဘဲဆန့်ကျင်ခဲ့သူ ပြည်သူလူထုစာဆို ဆရာဗန်းမော်တင်အောင်ဖြစ်ပါသည်။ သူဖြတ်သန်းခဲ့သော ခေတ်တိုင်း၊ အချိန်းတိုင်း၊ နေရာတိုင်း၊ သူမ ပခုံးပေါ်က သမိုင်းတာဝန်ကျေခဲ့ပေသည်။ သမဂ္ဂအမေ သီးချင်းနားထောင်တိုင်း နေရာတိုင်း မျက်ရည်ကျ၍ သမဂ္ဂအကြောင်းပြန်ပြောပြတတ်သူ သမဂ္ဂ၏ အသွေးအသား သမဂ္ဂ္ဂသမီးဖြစ်ပါသည်။
ဗ.က.သ ၏ ဖေါက်ပြန်ရေး ဖေါ်ကောင် သစ္စာဖောက် ဘခက်နှင့်အပေါင်းအပါးများ-(သခင်သန်းထွန်းနောက်ဆုံးနေ့စာအုပ်စာရေးသူများ) ဖော်ကောင်လုပ်ရာတွင် ဒေါ်ခင်မာအေး မှာ ကမ္ဘာကျော် “ရေကြည်အိုင်” ထောက်လှမ်းရေးစခန်းတွင် (၃)နှစ်ကြာစစ်ဆေးခံ နှိပ်စက်ခံ၊ နှိပ်စက်ခံခဲ့ရပါသည်။ ထောက်လှမ်းရေးမှူးချုပ် မျက်မှန်ကြီးဦးတင်ဦး ကိုယ်ပိုင် စစ်ဆေးခဲ့ပြီး ဒေါ်ခင်မာအေး၏ သတ္တိကို မင်းတော်တော်ခေါင်းမာတဲ့ အမျိုးသမီးဘဲဟု အသိအမှတ်ပြုခံခဲ့ရပေသည်။ ဗမာပြည်၏ ခေတ်အဆက်ဆက် နိုင်ငံရေးအကျဉ်းသားသမိုင်းတွင် မည်သည့် အမျိုးသမီးမှ စစ်ဆေးခြင်းမခံရဘူးသော စစ်ဆေးခြင်းမျိုးဖြင့် နှိပ်စက်ခံခဲ့ရသော တဦးတည်းသော အာဇာနည်အမျိုးသမီးဒေါ်ခင်မာအေး၏ မိန်းမအင်္ဂါ(ယောနိ) အားလျှပ်စစ်ဖြင့် ကျဉ်စက်တို့၍ ရက်စက်ယုတ်မာစွာ စစ်ဆေးခံခဲ့ရပါသည်။ ရေကြည်အိုင်ငရဲမှ လွတ်မြောက်ပြီး ကျဉ်စက်ဒဏ်ကြောင့် သားအိမ်ထိခိုင်သဖြင့် ကိုယ်ဝန်မမြဲဘဲ သားအိမ်ပူလွန်းသဖြင့် ကိုယ်ဝန်ထိခိုက်မှုကို ရင်ကွဲမတတ်ခံစားခဲ့ရရှာပါသည်။ သားကြီး ဆက်အောင်နိုင်(၂၉.၁၁.၆၂) သားငယ်ဆက်အောင်ခိုင် အပြင်နောက်သမီးတစ်ဦး မွေးဖွားချင်ခဲ့လေသည်။ သူငယ်ချင်းသမားတော် ဒေါက်တာ M.O ၏ ဆေးပညာပံ့ပိုးမှုဖြင့် နေ့စဉ် နို့ (၂၅)ကျပ်သားသောက်၍ တင်ပါးနှစ်ဖက်လုံးနေ့စဉ်ဆေးထိုး၍ တင်ပါး“ ပုတ်”သည်အထိ မိဘမေတ္တာကြီးမားစွာဖြင့် သမီးငယ် နေခြည်အား၁၂-၇-၇၇တွင် မွေးဖွားခဲ့သည်။ မနေခြည်မှာ ယခု အင်းစိန်ထောင်ထဲတွင် ဖမ်းဆီးခံထားရသူ ၈၈ မျိုးဆက် ကျောင်းသား ကိုအောင်နိုင်(ကိုမင်းကိုနိုင်၏ညီ)၏ ဇနီးဖြစ်သည်။
ဒေါ်ခင်မာအေးသည် ၆-၆-၉၂နေ့တွင် ကျောင်းသားခေါင်းဆောင်အချို့ကိုစုစည်း၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ယာယီ)အား ဖွဲ့စည်းပေးခဲ့ပြီး ၁၉-၆-၉၂ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် န.၀.တ ညီလာခံဆန့်ကျင်ရေးကြေညာချက်အား ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ(ဗ.က.သ)(ယာယီ)ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ(ရ.က.သ)၊ မန္တလေးခရိုင်ကျောင်းသားသမဂ္ဂ(မ.က.သ)တို့ကို ပံ့ပိုးကူညီ၍ ကြေငြာချက်(၃)ခုထုတ်ခဲ့သည်။ အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့နှင့် န၀တ ညီလာခံ ဆန့်ကျင်ရေး ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေစဉ် ဖမ်းဆီးခံရပြီး ထောင်(၃)နှစ်ကျခဲ့သည်။ ထောင်မကျခင် ၁၉၉၂ နှစ်ကုန်ပိုင်းတွင် လာရောက်သော ကုသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဂျပန်လူမျိုး ယိုဇိုယိုကိုတာနှင့် ရဟန်းရှင်လူ ကျောင်းသားအဖွဲ့များတွေ့ဆုံနိုင်ရန် စီစဉ်ပေးခဲ့သည်။ ဗကသမှ ဥက္ကဌ အိုးဝေဇော် (ခ) ကိုထက်မိုး (ABSDF) ဗဟိုကော်မတီနှင့် ဇော်ဇော်လှိုင် (ယခု USA)နှင့် ယခု ပြည်တွင်းမှ ၈၈ ကျောင်းသူတစ်ဦးတို့ ကျောင်းသမဂ္ဂကိုယ်စားပြုတွေ့ဆုံစေခဲ့သည်။
ဒေါ်ခင်မာအေး အင်းစိန်ထောင်တွင် ထောင်(၃)နှစ်ကျခံသောအခါ သူ၏ အရင်ထောင်ကျနေသော ခင်ပွန်းဦးလှရွှေ (မန္တလေးထောင်) သားကြီးဆက်အောင်နိုင်(သရက်ထောင်) တို့၏ ထောင်ဝင်စာတွေ့သူ သမီးမနေခြည်အား သူ့အားလာမတွေ့ဘဲ ဦးလှရွှေနှင့် ဆက်အောင်နိုင်ကိုသာ တွေ့ရန် အနစ်နာခံ တွေ့ခိုင်းခဲ့သည်။ မိသားစု (၃)ဦး တပြိုင်ထောင်ကျမှုဖြစ်၍ ထိုစဉ်က အကျယ်ချုပ် ကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်မှ နော်ဝေး ဒီမိုကရက်တစ် မြန်မာ့အသံမှ ဂုဏ်ပြုသီချင်းတောင်းပေးခဲ့သည်။
ဦးလှရွှေသည် ထောင်ကျနှစ်အားလုံးပေါင်း နှစ်ပေါင်း(၂၀)ကျော်ဖြစ်ပြီး ဆက်အောင်နိုင်မှာ န၀တ-နအဖ လက်ထက် ၈၈ နောက်ပိုင်း ထောင်(၄)ကြိမ်ကျသူ အများဆုံးထောင်ကျ အကြိမ်များသူဖြစ်၍ ဒေါ်ခင်မာအေးဘ၀တလျှောက်လုံး ထောင်ဝင်စာအတွက် ထောင်ပေါင်းများစွာအား နှစ်ပေါင်းများစွာရင်းနှီးပေးဆပ်ခဲ့ရသည်။
မန္တလေးထောင်ဝင်စာတွေ့ရာတွင် နေပူဒါဏ်ကြောင့်မူးလဲ၍ မန္တလေးဆေးရုံတင်ရသော်လည်း ဆေးမကုပေးဘဲ အမေလူထုဒေါ်အမာ သတင်းကြားကြားခြင်း ချက်ခြင်းလိုက်သွားရာ ဆေးမကုရဘဲ အမေ့မျက်နှာ အမေ့အပြုံးဖြင့်ရောဂါ ပျောက်ပြီးဆေးရုံမှ ဆင်းခဲ့ရသည်။
မဂျိုးဖြူ (ကေတု)အမည်ဖြင့် ကဗျာ ဆောင်းပါးများ ရေးသားပြီး ဥာဏ်ဇံအမည်ဖြင့် နိုင်ငံရေးအကျဉ်းသားများအကြောင်းစာရေးခဲ့သည်။ ကိုအောင်စောဦး၏ နာမည်ကြီးစာအုပ်တွင် စာအုပ်နောက်ပိုင်း အမျိုးသမီးထောင်အကြောင်းမှာ ဒေါ်ခင်မာအေးလက်ရာဖြစ်သည်။
၈၈ မျိုးဆက်ကျောင်းသားများဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီးအပါအ၀င် ကျောင်းသား/သူများနေ့စဉ်နီးပါး သွားရောက်တွေ့ဆုံလေးစားမှုဖြင့် နိုင်ငံရေးအတွေ့အကြုံများ တိုင်ပင်ခံရသူဖြစ်သည်။
ကျဆုံးကွယ်လွန်ချိန်အထိ နိုင်ငံရေးတာဝန်ပေါင်းများစွာ၊ နိုင်ငံရေးအကျဉ်းသားများထောင်ဝင်စာ၊ သာရေး၊ နာရေ၊ လူမှုရေးပေါင်းများစွာတို့ကို ကိုယ်ကျိုးစွန့်ဆောင်ရွက်နေသူဖြစ်ပါကြောင်း အကျဉ်းချုပ်ထောက်ပြအပ်ပါသည်။

သမိုင်းတာဝန်ကျေတဲ့
သမဂ္ဂသမီး
သမဂ္ဂသမီး - ၆၂ကျောင်းသူ
၈၈ မျိုးဆက်တို့ရဲ့အမေ
ရဲဘော် မခင်မာအေးသို့ …….

(သေးစိတ်သိလိုလျှင် wawlay@gmail.com, burmahlamg@gmail.com တွင်မေးမြန်းနိုင်ပါသည်)

4 comments:

အိုးဝေအောင် said...

http://www.oway8888.com/2008/05/sushi.html

အိုးဝေအောင် said...

ဖတ်ကြည့်ပါ။
ဇော်ဇော်လှိုင် ယူအက်စ်အေမှာ ကလိန်ကကျစ် ဘဝရောက်သွားပြီ။
ကျောင်းသားအမည်ခံလုပ်ခဲ့တာတွေ အလကား အာပလာဖြစ်ခဲ့ပြီ။
ခင်ဗျားဆောင်းပါးထဲမှာ သူ့ နာမည်ပါတာ သနတယ်ဗျာ။။။။။။။။

Anonymous said...

မထင်ရှာခဲ့တဲ့ အာဇာနည်အမျိုးသမီးတွေပါပဲဗျာ..။

Anonymous said...

wAiq michael kors
nKfz ghd
qQuk the north face outlet
1hBhy ugg boots sale uk
8hZds michael kors purse

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub