April 15, 2008

ကူးပြောင်းခြင်း အတာသင်္ကြန်

Unknown | 7:51 PM |

သင်္ကြန်.. “သင်္ကန္တ” ဟူသော ပါဠိဘာသာနှင့် “ သကြံင်္န္တ” ဟူသောသက္ကဋဘာတို့မှ ဆင်းသက်လာသော ဝေါဟာရဖြစ်ပြီး ကူးပြောင်းခြင်းဟူသော အဓိပ္ပါယ်ဖြစ်ပါသည်။ တစ်စက္ကန့်၊ တစ်မိနစ်မှ တစ်နာရီ၊ တစ်ရက်၊ တစ်လ စသည်အားဖြင့် ပြောင်းလဲရင့်သန်လာခြင်းသည် ကူးပြောင်းခြင်းပင်ဖြစ်သည်။ တစ်ဆယ့်နှစ်လပြည့်သော် တစ်နှစ်ဟောင်းချိန်ဖြစ်လျက် တစ်နှစ်သစ်ရန်တာဆူရပေမည်။ ထိုသို့ တစ်နှစ်အို၍ တစ်နှစ်ပျိုသည့် ကာလကို ကူးပြောင်းကာလ (သို့မဟုတ်) သင်္ကြန်အတာကာလ ဟုခေါ်တွင်သမုတ်ခဲ့ကြပါသည်။ တန်းခူးလသည် သက္ကရာဇ်ဦးခေါင်းပြောင်းတော့မည့်လ ဖြစ်ရာ နှစ်ဟောင်းမှ အညစ်များသည် နှစ်သစ်သို့ပါလာရန် မသင့်ပေ၊ လူတို့အနေအထားအရဆိုသော် နှစ်ဟောင်းမှ စွန်းထင်းပေကျံလာသော ဒုစရိုက်မှု၊ အပြစ်အညစ်အကြေးများသည် အနာတ်ဂတ်နှစ်ဆန်းသို့ လိုက်ပါလာမှုကို လိုလားကြမည်မဟုတ်ပါ။ ထို့ကြောင့် သင်္ကြန်၏ သဘောသရုပ်ကိုဆန်းစစ်ကြည့်လျှင် နှစ်ဟောင်းမှ မလိုလားအပ်သော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဘ၀အခြေအနေ အရပ်ရပ်ကို သံယောဇဉ်ကင်းကင်းနှင့် စွန့်ပယ်၍ နှစ်သစ်တွင် အားမာန်သစ်များကို ဖွင့်လှစ်လိုက်သော အခါသမယပင်ဖြစ်သည်ဆိုရမည်။ နှစ်ဟောင်းမှအညစ်အထေးမှန်သမျှကို သန့်စင်ကြည်လင်သော သင်္ကြန်ရေနှင့် ဆေးကြောပစ်ခြင်းဖြစ်နှစ်သစ်ကာလအတွက် ရွှင်းလန်းတက်ကြွမှု၊ ချမ်းမြေ့သာယာမှုစသော အလုပ်သုံးပါးတွင် ရှေ့နောက်ကြောင်းကျိုးညီညွတ်မှုသဘောကိုဆောင်ယူလေသည်။
ကူးပြောင်းခြင်းသဘောဆောင်သည့်အတာသင်္ကြန်ကို သင်္ကြန်ပန်းဖြစ်သည့် ပိတောက်ပန်းသည် ပြောင်းလည်းခြင်းကို ကိုယ်စားပြုသည့် သင်္ကေတပန်းဖြစ်လာသည်။ ထို့ကြောင့်ကျနော်တို့တွေသည် ၀င်းဝါသော ပိတောက်ရွှေဝါရိပ်မှာပင် တစ်ဦးနှင့်တစ်ဦး ရေပက်ဖြန်းကစားခဲ့ကြသလို ရေ၏သန့်စင်ခြင်း သဘောက နှစ်ဟောင်းမှ အမုန်းများကို ဆေးကြောရာရောက်သည်။ ရေ၏အေးမြခြင်း သဘောက နှစ်သစ်ကို မေတ္တာဖြင့် ကြိုလိုက်သည့်နိမိတ်ဖြစ်သည်။ ထို့ကြောင့် နောင်ကျနော်တို့မျိုးဆက်တွေ အနာဂတ်လူငယ်တွေအတွက် အမွေထားခဲ့ကြရမှာဖြစ်တယ် ဒါ့ကြောင့် စစ်မှန်ပြီးတရားမျှတတဲ့ ဒီမိုကရေစီနိုင်ငံအဖြစ်တည်ရှိရေး အာဏာရှင်စစ်အစိုးရကိုတော်လှန်ဖြုတ်ချရေး၊ ယခုစစ်အစိုးရ၏ဆန္ဒမဲကိုကန့်ကွက်မဲပေးရေး စသည်တို့ကို နောင်မျိုးဆက် သားစဉ်မြေးဆက် ယခုလို စစ်ကျွန်ဘ၀မရောက်ရလေအောင် အမှန်တရားတွေကိုဖော်ထုတ်သွားကြပါရန် တိုက်တွန်းလိုက်ပါသည်။

ပြည့်စုံ

2 comments:

Yan said...

အတွေးလေးက ဆန်းသစ်တယ်ဗျာ. ဒီပို့စ်လေးကို ဖတ်ရတာ သင်္ကြန်ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်လေးကိုပါ ဗဟုသုတအနေနဲ့ သိလိုက်ရတယ်. ကျေးဇူး ကိုပြည့်စုံရေ..

memee said...

ဆရာရေ ကျေးဇူးပါ
စာသားလေးတွေကအရမ်းခိုက်စေပါတယ်။
ရှင်းတယ် ဖတ်လိုက်တာနဲ့တခါထဲနားလည်စေတယ်။
ဆရာရဲ့ခွင့်ပြုချက်ကိုမစောင့်ပဲ စာသားလေးတွေကို ကျမ
ဆောင်းပါးအတွက်နဲနဲသုံးလိုက်ပါတယ်ဆရာ................
နားလည်ပေးပါရှင်...............ကျေးဇူးပါ..............................

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub