April 02, 2008

အပြစ်မဲ့ငှက်ကလေးများဘဝ

Unknown | 11:08 PM | |

အသိုက်ဟောင်းကိုပြန်ချင်လွန်းလို့
အတောင်ပံများ ဆန့်ကာထားလည်း
အဟန့်အတား ငမိုက်သားကောင်များကြောင့်
အတောင်ပံရုပ်သိမ်း လွမ်းတေးဆိုကြ
အသိုက်ဟောင်းမှာ ဘာဖြစ်နေလည်း
လည်တဆန့်ဆန့် သတင်းနားထောင်
အချိန်တရွေ့ရွေ့ ပြောင်းသွားပေမယ့်
မပြောင်းလဲတဲ့ သတင်းကတော့ ကြားရမြဲပင်
ဒီမှာတင်ဘဲ ငမိုက်သားကောင်များအတွက်
ကြမ္မာဆိုးဝင် ဘုရားသခင်က အပြစ်ပေးတော့မယ်
မကြာခင်မှာ လေပြင်းမုန်တိုင်းတိုက်ရင်
ငါတို့အသိုက်အအုံ သွေးစွန်းတော့မလား
စိုးရိမ်ကြောင့်ကြ
သြော်….
အပြစ်မဲ့ငှက်ကလေးများ ဘ၀…..

ချယ်ရီ (နို့ဖိုး စခန်း)

6 comments:

Kaung Kin Ko said...

အပြစ်မဲ့ ငှက်ကလေးတွေ အကြောင်းခံစားသွားတယ်ဗျာ။

Anonymous said...

ကျွန်တော်လည်း အသိုက်ဟောင်းကို လွမ်းတယ်ဗျာ။

ဒီဇင်ဘာနှင်း said...

ိုအပြစ်မဲ့တဲ့ ငှက်ကလေးတွေကို ကိုယ်ချင်းစာမိပါတယ်။

မြန်မာပြည်ကိုလွမ်းတယ် said...

ငှက်ကလေးတွေကို သနားလိုက်တာ

Anonymous said...

အသိုက်ဟောင်းကို အရမ်းလွမ်းတယ် နားစွင့်နေပေမယ့် ကြားရတဲ့ သတင်းတွေကတော့ ..............................။

Yan said...

အသိုက်ဟောင်းမှာ ခေါင်းလောင်းသံတွေညံတဲ့တစ်နေ့
မကြာခင် ငါတို့ ပြန်တွေ့ရတော့မှာပါ.
ဒီတစ်ခါတော့ အပြစ်မဲ့ငှက်ငယ်လေးများအဖြစ်နဲ့မဟုတ်တော့ဘူး. မိမိအသိုက်ကို ကောင်းစွာ စောင့်ရှောက်ကာကွယ်နိုင်တဲ့
အတောင်စုံ သိမ်းစွန်ရဲများအဖြစ်နဲ့ပေါ့.
ရှောင်စမ်း ရှားစမ်း.
ငါတို့အားမာန်နဲ့ ငါတို့ရဲ့အသိုက်ငယ် အမြဲလန်းဆန်းစေမယ်...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub