December 09, 2007

“ တုံဏိဘာဝေ နိုင်ငံမှာ ”

Unknown | 2:12 AM | |
" In the Quiet Land "

ဒီ တုံဏိဘာဝေနိုင်ငံမှာ
ဒင်းတို့ ရောင်းဝယ်ဖောက်ကားနိုင်တဲ့ လျှို့ဝှက်ချက်တွေကို
တစုံတယောက်ကနားထောင်နေတယ်ဆိုတာ ဘယ်သူမှပြောမပြနိုင်ဘူး ။
သတင်းပေးတွေကို ဒီနိုင်ငံရဲ့သွေးတွေနဲ့ ပေးချေ ၊
အာဏာရှင်တွေရဲ့ အားနည်းချက်ကိုတောင် ဘယ်သူမှ မပြောရဲကြဘူး။

ဒီ တုံဏိဘာဝေ မြန်မာနိုင်ငံမှာ
ဘယ်သူမှ မရယ်မောဝံ့ကြသလို ကျယ်ကျယ်ပြန့်ပြန့်လည်း မတွေးဝံ့ကြဘူး။
ဒီတုံဏိဘာဝေ မြန်မာနိုင်ငံမှာ
ရယ်မောမှုတွေကို လူအုပ်ကြီးရဲ့ ဆိတ်ငြိမ်မှုထဲမှာတွေ့မြင်နိုင်ကြပါရဲ့ ။

ဒီ တုံဏိဘာဝေနိုင်ငံမှာ
သူတို့ခေါ်ဆောင်သွားမယ့် စစ်သားတွေလာနေတာတောင်
ဘယ်သူတစ်ဦးတစ်ယောက်ကမျှ ပြောမပြနိုင်ပေဘူး။
တရုတ်တွေက လမ်းကိုလိုချင်တယ်၊ ပြင်သစ်တွေကတော့ လောင်စာဆီကိုလိုချင်တယ်၊
ထိုင်းတွေကတော့ သစ်ကိုယူတယ်၊ နအဖတွေကတော့ အမြတ်အစွန်းတွေကို ယူတယ်လေ ......

ဒီ တုံဏိဘာဝေနိုင်ငံမှာလေ .....
ဟောဒီ့ တုံဏိဘာဝေနိုင်ငံမှာလေ......
လူသတ်သမားကြောင့် တေမိဇာတ်ခင်းနေရတာ၊
စိုးရိမ်မှုတွေဖုံးလွှမ်းနေတာကို မကြားသိနိုင်ပေဘူး။

ဒါပေမယ့် ဘယ်လိုပဲ အင်အားသုံးသုံး လွတ်လပ်မှုအသံကိုတော့
လူညာတွေ လိမ်လို့မရသလို ဘယ်အသံမျိုးနဲ့မှလည်း မဖုံးလွှမ်းနိုင်ပေဘူး။

ဒေါ်အောင်ဆန်းစုကြည် စပ်ဆို၍
ကိုဖေသက်နီ မြန်မာဘာသာသို့ ပြန်ဆိုသည်။

2 comments:

မေပျို said...

ကဗျာကိုရေးတဲ့ အန်တီရော၊ ဘာသာပြန်ပေးတဲ့ ကိုဖေသက်နီရော အရမ်းကောင်းတယ်နော်။ ပို့စ်တင်ပေးတဲ့ အကို့ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။

ရန်ကင်း said...

ကဗျာလေးတင်ပေးတဲ့ကိုပြည့်စုံလေးကိုကျေးဇူးတင်ပါတယ်။

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub