December 06, 2007

ထိုင်း-မြန်မာနယ်စပ်ရှိဒုက္ခသည်များကိုရိက္ခာဖြတ်ခြင်းနှင့် လျော့ချခြင်း

Unknown | 2:37 AM |



သွားသတိရမိတယ် ကဗျာဆရာကိုထက်မိုးရဲ့ ဒုက္ခသည်ကဗျာကို … ၎င်းကဗျာတချို့မှကောက်နှုတ်တင်ပြရရင်တော့ ...

“ဒုက္ခသည် ”….တဲ့…
“ ……ကြံစုတ်ချင်” သူတွေအတွက်
“…. ဆန်တောင်းချင်” သူတွေအတွက်
သက်ရှိထောက်ခံစာ
နာသာခံခက် ။

“ ဒုက္ခသည်” …တဲ့
ပေးတာယူ၊ ကျွေးတာစား၊ ထားရာနေ
နေ၀င်- နေထွက်၊ မနေ့ကနည်းတူနေ့ရက်
ချွေးမထွက်ရတဲ့ ကာလ - ပေါ်မှာ
နေမထိ၊ ထိုင်မသာ ။
…….
မြေမြုပ်မိုင်းမရှိပေမယ့် ဒီမြေပေါ်မှာကြာကြာမနင်းချင်ဘူး….။

မိမိဌာနေကနေ အကြမ်းဖက်မှုအောက်က ကြောက်လန့်တကြား ထွက်ပြေးလာရသည့်ဒုက္ခသည်တွေ၊ နိုင်ငံရေး ကြောင့်ထွက်ပြေးတိမ်းရှောင်လာရသည့်ဒုက္ခသည်များကို ကူညီပေးနေသည့်ထိုင်း-မြန်မာနယ်ခြားအဖွဲ့ (TBBC)သည် ထိုင်း-မြန်မာနယ်စပ်ရှိဒုက္ခသည်စခန်းများအား ဆန်၊ဆီ၊ဆား၊ ငြုပ်သီး၊ ငါးပိ၊ပဲ စရှိသည့် အခြေခံစားသောက်ကုန်များနှင့် အိမ်အမိုးအကာအတွက် ၀ါးနှင့်ဖက်များကို ထောက်ပံ့ပေးနေသည့်အဖွဲ့ဖြစ်သည်။ ယင်းသို့ရိက္ခာဖြတ် ပစ်ရခြင်းမှာ စခန်းအပြင်ဘက်ထွက်၍ အလုပ်လုပ်ကိုင်သူများ၊ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရပြီး ဒုက္ခသည်စခန်းအတွင်း နေထိုင်ခြင်းမရှိသူများအား (TBBC) မှဖြတ်တောက်ပြစ်မည်ဟုကြေငြာခဲ့ပြီးနောက် ဖြတ်တောက်ခြင်းဖြစ်ပါသည်။ ထိုရိက္ခာများအား စခန်းအတွင်းနေထိုင်လျှက်ရှိပြီး ရိက္ခာမရသေးသည့် ဒုက္ခသည် အသစ်များကို အစားထိုး၍ ထောက်ပံ့ဝေငှသွားခဲ့ပါသည်။ ကလေးတပြုံတမနှင့် အရမ်းဆင်းရဲကျပ်တည်းလွန်းသည့် တချို့ဒုက္ခသည်များသည် ပေးဝေသည့်ရိက္ခာမလောက်ငှ၍ ဒုက္ခသည်စခန်းအပြင်တွင်အလုပ်ထွက်လုပ်ကြရခြင်းဖြစ်ပြီး တချို့ကြတော့ စခန်းအတွင်းဒုက္ခသည်လိုမနေနိုင်၊မစားနိုင်သောကြောင့် စခန်းအပြင်ထွက်နေကြခြင်းဖြစ်သည်။

ဒုက္ခသည်တဦးချင်းစီရဲ့ ရိက္ခာအရေအတွက်ကတော့.....

ဆန် - ၁၅ ကီလို
ဂျုံ (အေးရှမစ်) ၁ ကီလို
ပဲဝါ - ၁ ကီလို
စားသုံးဆီ - ၁ လီတာ
ငါးပိ - ၀.၇၅ ကီလို
ဆား - ၄ လ တစ်ထုပ်
သကြား - ၄ လ တစ်ထုပ်
ငြုပ်သီး - ၀.၁ ကီလို
မီးသွေး - အိမ်ထောင်ဦးစီး(၂၀- ကီလို) တစ်ဦးချင်းလျှင်- ၅ ကီလို ....တို့ဖြစ်ပါသည်။

အုန်းပြန်ဒုက္ခသည်စခန်းတနေရာ

ဒီဗွီဘီသတင်းအရ ယင်းသို့လျော့ချရခြင်းမှာ အဓိကစားကုန်(ဆန်၊ဆီ၊ဆား၊ငြုပ်၊ပဲ၊)စသည့်ဈေးနှုန်းမြင့်တက်လာမှုနှင့် နိုင်ငံတကာအဖွဲ့အစည်းအလှုရှင်တွေဆီမှ မူလဘတ်ဂျက်ထဲက (၇)ရာခိုင်နှုန်းခန့်လျော့သွားခြင်းဖြစ်ကြောင်း ငွေထပ်ရှာလို့မရရင် အဓိကစားကုန်စတာတွေကို ထပ်လျော့ချရမည်ဖြစ်ကြောင်း (TBBC) ပြောခွင့်ရ မစ္စရှယ်လီထောဆန်က ပြောသွားခဲ့ပါသည်။ ယခုလိုရံပုံငွေထပ်ထပ်လျော့မယ်ဆိုရင် ဒုက္ခသည်တွေရဲ့ ကျန်းမာရေးထိခိုက်နိုင်သည့်အပြင် ဒုက္ခသည်တွေက စခန်းအပြင်ကိုထွက်ပြီး အလုပ်ရှာလုပ်ကြမယ်ဆိုရင် ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းခံရနိုင်တယ်ဟုထပ်ပြောကြားခဲ့ပါသည်။
တီဘီဘီစီ၏ ရည်ရွယ်ချက်အကြောင်းများအသေးစိတ်သိလိုလျှင်....

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub