August 07, 2008

အာဇာနည်များမှ အာဇာနည်များသို့ သ၀ဏ်လွှာ

Unknown | 2:04 AM |


ကြီးမြတ်သော အာဇာနည်သူရဲကောင်းအပေါင်းတို့
သင်တို့ကျဆုံးခဲ့သည်ဖြစ်သော ဤနေရာသို့
ငါတို့သည် ကြောက်ဒူးတုန်၍ ရောက်လာခြင်းမဟုတ်
ကြေကွဲဝမ်းနည်း မျက်ရည်ဝဲရန်
ရောက်လာခြင်းမဟုတ်။

ကျဆုံးသွားခဲ့ပြီဖြစ်သော
သူရဲကောင်းများနှင့် အညတရ ရဲဘော်များ၏
အာဇာနည်ဗိမ္ဗာန်တော်ကြီးတွင် ငါတို့၏
မျက်ရည်များကို ထိန်းသိမ်းချုပ်တည်းကြပါမည်။

သူတို့၏ ကြွင်းကျန်နေရစ်သော
ရုပ်အလောင်းများကို ကြည့်၍
ငါတို့သည်
ငိုကြွေးနေကြမည်မဟုတ်။

အဖနိုင်ငံတော်နှင့် ပြည်သူများအပေါ်တွင်
အဆုံးအစမရှိ ချစ်မြတ်နိုးခဲ့ကြသော
သူတို့၏ ဂုဏ်ရောင်ပြောင်သော
စွန့်လွှတ်ခြင်းများကိုယ်သာ ငါတို့ ဂုဏ်ပြုချီးကျူး နေကြမည်ဖြစ်သည်။

ငါတို့၏ တိုင်းပြည်နှင့် လူမျိုးအပေါ်
ချစ်မြတ်နိုးသော စိတ်ဓါတ်သည် မည်သည့်အခါမှ
ဖောက်ပြန်တော့မည်မဟုတ်။

မည်သည့်အခါမျှ မျှော်လင့်ချက်
ကုန်ဆုံးနိုင်တော့မည်မဟုတ်။

မည်သည့်အခါမှ မှေးမှိန်ပျောက်ကွယ်
သွားလိမ့်မည်လည်း မဟုတ်တော့ပါ။

အာဇာနည်များ၏ ဗိမ္ဗာန်တော်ကြီးများသည်
ငါတို့ခေတ်တွင်အလှပဆုံး ကိုးကွယ်ဆည်းကပ်စရာ
ယုံကြည်အားထားစရာ အဆောက်အဦးကြီးများ
ဖြစ်လာကြပြီးဖြစ်သည်။

ကျေးဇူးကြီးမားလှသော အဖနိုင်ငံတော်၏
ရင်ခွင်ထဲတွင် အညတရ ရဲဘော်တစ်ဦး
ကျဆုံးသွားတိုင်း သေခြင်းတရားသည်
နိဂုံးချုပ်ခဲ့ပါပြီ။

သေခြင်းတရားနှင့်အတူ ရှင်သန်ခြင်းလည်း
စတင်ခဲ့ပါပြီ။

ထောင်နံရံများလည်း ပြိုလဲပွင့်ထွက်ခဲ့ပါပြီ။

လွတ်လပ်ခြင်းကလေးငယ်သည်လည်း
မွေးဖွားသန့်စင်ခဲ့ပြီတည်း။

သြော်… ကြီးမြတ်တော်မူသော် သူရဲကောင်းတို့
တသက်တွင် တခါသာရတောင့်ရခဲ သေခြင်းတရားကို
ကြီးမြတ်သော အဖနိုင်ငံတော်အတွက်
လူ့အခွင့်အရေးအတွက်
လွတ်လပ်မှုအတွက်
သင်တို့သည် လဲလှယ်ခဲ့ပြီဖြစ်သည်။

သင်တို့၏ မသေနိုင်သော ၀ိဥာဉ်များသည်
ငါတို့၏ နှလုံးသားထဲတွင် လည်းကောင်း
ထာဝရရှင်သန်နေလိမ့်မည်ဖြစ်ကြောင်း
ခိုင်မာသော သစ္စာတရားဖြင့် ကတိပြုရင်း
အလေးပြုလိုက်ပါသည်။

အမည်မသိစာဆို

`၈´လေးလုံးအရေးတော်ပုံကြီးအတွင်းတွင် ရေးစပ်ခဲ့သော ကဗျာဖြစ်ပါသည်။ ကဗျာဆရာ၏ အမည်အား မဖော်ပြနိုင်သည့်အတွက် တောင်းပန်ပါတယ်။

ပြည့်စုံ
Continue reading ...

သြဂုတ်လ အနီရောင် လှုပ်ရှားမှု

Unknown | 2:00 AM |
Read this document on Scribd: 8888
Continue reading ...

July 16, 2008

၆၁ နှစ်မြောက် အာဇာနည်နေ့

Unknown | 5:25 AM |

၁၉၄၇ ဇူလိုင် လ ၁၉ ရက် စနေနေ့
အတွင်းဝန်ရုံး၊ ရန်ကုန်မြို့။

မိုးလင်းကတည်းက ကောင်းကင်သည် အုံ့မှိုင်း ညိုမှိုင်းလျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမျှကြည်လင်စွာမမြင်ရ။ မိုးကိုကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ကြီးလို ၀ိုးဝိုးဝါးဝါးဖြစ်နေသည်။ မိုးသည်လည်း ကင်းကင်းလွတ်လွတ်စဲသည်ဟူ၍ မရှိဘဲ တဖွဲဖွဲနေလိုက်၊ တဖြိုင်ဖြိုင်ရွာချလိုက်နှင့် နောက်စွေ၍ နေလေသည်။

အင်္ဂလိပ်ဗိသုကာ ဆရာများ၏ လက်ရာအုတ်ရိုးနီနီများဖြင့် ထုထည်ကြီးမားလှသည့် အတွင်းဝန်ရုံးအဆောက်အဦးကြီးသည် မိုးရေများအောက်၌ ခန့်ထည်၍ နေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ယခင်နေ့များမှာကဲ့သို့ (BDA) စစ်ယူနီဖောင်းနှင့်မဟုတ်ထူးထူးခြားခြား ပန်းနုရောင်ခေါင်းပေါင်း၊ သနပ်ခါးရောင်ပိုးပျော့ရင်ဖုံးအင်္ကျီနှင့် ရွှေဖလားရောင်ဘန်ကောက်လုံချည် ၀တ်ဆင်ထား၏။
အစည်းအဝေးကျင်းပမည့်နေရာသည် အတွင်းဝန်များရုံးအလယ်ထပ် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းတွင်ဖြစ်သည်။ ဗိုလ်ချုပ်၏အခန်းမှာ အလွန်ကျယ်၍ မျက်နှာစာတွင် လူဝင်တံခါးကြီးသုံးပေါက်အဖြစ်က၎င်း၊ လက်ျာဘက်ဘေးတွင် ဗိုလ်ချုပ်၏ ကိုယ်ရေးအရာရှိ အတွင်းဝန် ဗိုလ်ထွန်းလှ၏တံခါးသို့ ကူးသော တံခါးအဖြစ်၎င်း၊ လက်ဝဲဘေးဘက်တွင် ၀န်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်၏တံခါးသို့ကူးသော တံခါးကြီးသည်လည်းကောင်း ရှိပြီးလျှင် အခန်း၏ကျောဘက်တွင် ပြူတင်းပေါက်သုံးခုရှိ၏ အခန်းတွင်းအရှေ့မြောက်ဒေါင့်တွင် ဗိုလ်ချုပ်၏ အလုပ်စားပွဲရှိ၍ အခန်း၏ တောင်ဘက်နံရံတွင် ၀န်ကြီးများအစည်းအဝေးစားပွဲသည် စားပွဲရှည်သုံးခုကို ဒေါင့်ချိုး(ဂ)ငယ်ပုံ သုံးဖက်ပိတ် ဟဖွင့်ဆက်၍ ထား၏။ ထိပ်စားပွဲသည် ၁၀ပေခန့်ကျယ်၍ ၃ပေခန့် ရှည်၍ ၃ ပေခန့် ကျယ်၏ ထိုထိပ်စားပွဲ၏ အစွန်းတစ်ဘက်တစ်ချက်တွင်ယှဉ်၍ ဒေါင်လိုက်ဆက်ထားသော စားပွဲများမှာ ၁၈ ပေခန့် ရှည်၍ ၃ပေခန့်ကျယ်၏။ ထိပ်စားပွဲ၏ အလယ်တွင် ဗိုလ်ချုပ်ထိုင်၏ ဗိုလ်ချုပ်၏လက်ဝဲဘက်တွင် ၀န်ကြီးများအဖွဲ့အတွင်းဝန် ဦးရွှေဘော်ထိုင်၏ လင်္ကျာဘက်နံဘေးရှိစားပွဲတွင် သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇာတ်၊ ဦးဘ၀င်း၊ မန်းဘခိုင်တို့ တစ်ယောက်ပြီးတစ်ယောက်ယှဉ်၍ ထိုင်ကြ၏။ ထိပ်စားပွဲ၏ လက်ဝဲဘက်နံဘေးတွင်၏ စားပွဲရှည်တွင် ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော် ဘွယ်ဦးမြ၊ မိုင်းပွန်စော်ဘွားကြီးတို့ တစ်ယောက်ပြီးတစ်ယောက်ယှဉ်၍ ထိုင်ကြ၏။ ၀န်ကြီး စောစံဖိုးသင်နှင့် ချင်းအမျိုးသားဝန်ကြီး ၀မ်ကိုဟော ၀န်ကြီး(၂)ယောက်သည် ခရီးလွန်၍ အစည်းအဝေးသို့မတက်ရောက်နိုင်ကြပါ။ ပြည်ထဲရေး ၀န်ကြီး ဦးကျော်ငြိမ်းသည်လည်း ဥရောပသို့ရောက်နေ၍ အစည်းအဝေးသို့တွင်မရှိ။
၁၀း၃၇ နာရီ…..
အတွင်းဝန်ဦးအုန်းမောင်သည် ၀န်ကြီးများကိုယ်စား၊ ၎င်း၏ ဌာနအခြေအနေများအား သခင်မြ၏ဘေးမှ မတ်တက်ရပ်၍ အစီရင်ခံနေသည်။ ဗိုလ်ချုပ်သည် သူ၏ အရှေ့မျက်စောင်းထိုးတွင်ထိုင်၍နေ၏။ အစည်းအဝေးအတွင်းသို့ ဗြိတိသျှအမှတ်(၁၂) တပ်မတော်ယူနီဖောင်းနှင့် လက်နက်ကိုင်လူ လေးယောက်ဝင်၍လာသည် အတွင်းဝန်ဦးအုန်းမောင်က မသိ သူ၏နောက်ကျောဘက်မှဖြစ်၍ မတွေ့ရ။ အစည်းအဝေးအတွင်းသို့ ဆက်လက်၍ အစီရင်ခံတင်ပြ၍နေသည်။ ၀င်လာသူလေးယောက်သည် (ဂ)ပုံ စားပွဲ၏ အ၀သို့သွား၏။ ဗိုလ်ချုပ်အောင်ဆန်းနှင့် မျက်နှာချင်းဆိုင်၊ တည့်တည့်အနေအထား… သေနတ် များနှင့် ထိုး၍ချိန်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုင်ရာမှ ထ၍ တား၏။ အသံများက လုံးထွေး၍သွားတော့သည်။ မောင်စိုးက `ပစ်´ `ပစ်´ ဟုအမိန့်ပေး၏။ တော်မီဂန်းဖြင့်ရန်ကြီးအောင်သည်ပစ်၏။ `ယမ်း´ ပေါက်ကွဲသံများက ဆူညံ၍နေသည်။ စိန်ကြီး၏သေနတ်ပြောင်းဝရှေ့မှ မီးပွင့်များက ခုန်ပေါက်၍ ထွက်နေသည်။ သက်နှင်း၏ ဘယ်ဖက်လက်ဖြင့်ပွေ့ကိုင်ထားသော စတင်းဂန်းသေနတ်ငယ်သည် ပေါက်ကွဲမှုကြောင့် ရမ်းခါ၍နေသည်။ သူ၏ညာဘက်လက်ညိုးမှမူ `တွေကာ´ကွင်းအတွင်းရှိမောင်းခလုပ်ငယ်အားကွေး၍ ထားသည်။ မရပ်တော့…။ ဗိုလ်ချုပ်အောင်ဆန်းသည် မတ်မတ်ရပ်နေရာမှ အနောက်သို့ လန်ကျ၍သွားသည်။ သူထိုင်သည့် ကုလားထိုင်နောက်မှီမှ ကဒေါင်းရုပ်သည် ကျည်သင့်၍ပဲ့ထွက်သွားသည်။ တစ်ချက်….. နှစ်ချက်… မရေတွက်နိုင်တော့….။ ဗိုလ်ချုပ်အောင်ဆန်းကုလားထိုင်နှင့်အတူ ကြမ်းပြင်ပေါ်သို့လဲကျ၍ သွားသည်။ သွေးများကား တာကျိုးသည့်အလား….။ ဗိုလ်ချုပ်၏ ခန္ခာကိုယ်မှ သွန်းကျ၍နေသည်။ ရန်ကြီးအောင်သည် ၀ပ်နေသည့် သူများအား မုဆိုးဒူးထောက်ထိုင်ပြီးပစ်ပြန်၏။တော်မီဂန်းသေနတ်သံများက ဆူညံ၍နေတော့သည်။ ယမ်းငွေ့များက မွှန်ထူ၍နေခဲ့ပြီ။သွေးနံ့နှင့် ယမ်းနံ့ခွဲခြား၍မရတော့…။ ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော်ကိုထွေးသည်သေနတ်သံများကြားရာဆီသို့ပြေး၍လာသည်။ ၀န်ကြီးများအစည်းအဝေးပြုလုပ်နေသည့်အခန်း၏အပြင်ဘက်တွင်ဗြိတိသျှအမှတ်(၁၂)တံဆိပ်တပ်ထားသည့် စစ်ယူနီဖောင်းဝတ် သေနတ်ကိုင်လေးယောက်နှင့်တွေ့၏။ အံ့အားသင့်နေသော ရဲဘော်ကိုထွေးအား ရန်ကြီးအောင်မှတော်မီဂန်းနှင့် ပစ်၏။ အတွင်းဝန်ရုံးကား ယမ်းနှင့်သွေးလွှမ်း၍သွားတော့သည်….။
မိုးကတော့ မစဲတော့….။ တဖွဲဖွဲနှင့်စွေ၍ကောင်းဆဲပင်…..

အာဇာနည်တွေသေသွားကြပြီ်...
ဗိုလ်ချုပ်သေသွားသည်လို့ပြောကြတယ်….
ဗိုလ်ချုပ်ရဲ့ စကားတွေ… ဗိုလ်ချုပ်ရဲ့ ၀ါဒတွေ တည်ထွန်းနေသမျှ ဗိုလ်ချုပ် တကယ်မသေနိုင်သေးပါ…. ဗိုလ်ချုပ်ကိုချစ်သူတွေ ရိုသေသူတွေ အများကြီးရှိပါတယ်….
ထို့ကြောင့် ကျနော်တို့တွေ… ဗိုလ်ချုပ်ရဲ့ ၀ါဒတွေ၊ လမ်းစဉ်တွေကို ဆက်လက်အသက်သွင်းကြပါစို့….

`အာဏာရှင်ဝါဒ၊ လူမျိုးအချင်းမုန်းတီးရေးဝါဒ၊ စစ်တပ်ကသာ လွှမ်းမိုးရမည်ဆိုတဲ့ ဖက်ဆစ်အာဏာရှင်ဝါဒ၊ မင်းစိတ်ပေါက်နေတဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးမျိုးရှိနေလျှင် အများပြည်သူတို့ဆန္ဒနှင့် လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှား ပေါ်ထွက်လာနိုင်တယ်။ ဒီဝါဒမျိုးပေါ်လာရင် ပြည်သူလူထုဟာ လွတ်လပ်ရေး ဆိုတာမရနိုင်တော့ဘူး။ ဒါကြောင့် ကျနော်တို့အားလုံး ဒီမိုကရေစီဝါဒကို ခေတ်စားလာအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုးရအောင် လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင်ကြိုးစားကြရမယ်။´

ပြည့်စုံ

Continue reading ...

မြေသြဇာအဖွဲ့၏ ဂတိသစ္စာပြုချက်

Unknown | 5:00 AM |


(၆၁) နှစ်မြောက် အာဇာနည်ခေါင်းဆောင်ကြီးများအား တိုင်တည် ကတိသစ္စာပြုချက်

ရက်စွဲ။ ။ ၁၆၊ ၇၊ ၂၀၀၈။

ကျွန်ုပ်တို့ မြေသြဇာအဖွဲ့သားများသည် လူထုတရပ်လုံးအတွက် လိုအပ်လာမည့်အချိန်တွင် ကိုယ်ကျိုးစွန့်မည့်အဖွဲ့ဖြစ်သည်။ မှန်တာကိုပြောဆိုရဲသူများဖြစ်သည်။ မှန်တာကိုမပြောဆိုရဲတောင် မှားမှန်းသိတာ၊ မမှန်တာလုပ်နေတာကိုတော့ လုံးဝမထောက်ခံ မတိုက် တွန်းပါ။
ကျွန်ုပ်တို့မြေသြဇာအဖွဲ့သားများသည် နိုင်ငံရေးအသိပညာ၊ နိုင်ငံရေးရေချိန်များနုနယ်နေသေးပါသဖြင့် ပြည်တွင်းပြည်ပနောင်တော် များဆီမှ များစွာသင်ယူလေ့ကျင့်မှုကို လိုအပ်နေပါအုံးမည်။ အတိုက်အခံအင်အားစုခေါင်းဆောင်များ ပြည်တွင်းပြည်ပနိုင်ငံရေး အင်အားစုများအနေဖြင့် ကျွန်ုပ်တို့အားလုံးရဲ့ အတိတ်တွေ၊ အမြင်မတူတာတွေ အားလုံးကို ဘေးဖယ်ပြီး အလွန်ကြီးမားကျယ်ပြန့်တဲ့ လူထုတပ်ပေါင်းစုကြီးတရပ်ဖြစ်ပေါ်လာအောင် ၀ိုင်းဝန်းပူးပေါင်းလုပ်ကိုင်ကြဖို့ လိုအပ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကပြောကြားခဲ့သလို `အာဏာရှင်ဝါဒ၊ လူမျိုးအချင်းမုန်းတီးရေးဝါဒ၊ စစ်တပ်ကသာ လွှမ်းမိုးရမည်ဆိုတဲ့ ဖက်ဆစ်အာဏာရှင်ဝါဒ၊ မင်းစိတ်ပေါက်နေတဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးမျိုးရှိနေလျှင် အများပြည်သူတို့ဆန္ဒနှင့် လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှား ပေါ်ထွက်လာနိုင်တယ်။ ဒီဝါဒမျိုးပေါ်လာရင် ပြည်သူလူထုဟာ လွတ်လပ်ရေး ဆိုတာမရနိုင်တော့ဘူး။ ဒါကြောင့် ကျနော်တို့အားလုံး ဒီမိုကရေစီဝါဒကို ခေတ်စားလာအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုးရအောင် လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင်ကြိုးစားကြရမယ်။´ ဒါကြောင့် ……
စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးမှစ၍ အောက်ခြေ တပ်မှူးတပ်သားအားလုံးကို ကျွန်ုပ်တို့အဖွဲ့မှ သတိပေးပြောကြားလိုက်ပါတယ်။ ခင်ဗျားတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ပြန်သုံးသပ်ကြည့်ပါ ကျေးလက်တောရွာဒေသတွေ၊ ထောင်၊ အချုပ်ခန်းတွေမှာ သတ်ခဲ့ဖြတ်ခဲ့ အနိုင်ကျင့်ခဲ့တာတွေ ရန်ကုန်မြို့အပါအ၀င် မြို့တကာ လမ်းတကာတွေပေါ်မှာ လှုပ်ရှားမှုဖြစ်တိုင်းသွေးချောင်းစီးသတ်ဖြတ်ခဲ့တာတွေ စစ်အာဏာရှင်ဆန့်ကျင်သူ မည်သူ့ကိုမဆို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးနှိပ်စက် နှစ်ရှည်ထောင်ဒါဏ်ချမှတ်ခဲ့တာတွေ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင်လည်း ဘုရားသားတော် သံဃာတော်တွေအပါအ၀င် ကျောင်းသားလူထုတွေကို ရိုက်နှက် သတ်ဖြတ် ဖမ်းဆီးနှိပ်စက် ရမ်းကားမှုတွေပြုလုပ်လို့ ကျနော်တို့လူထုနှင့် ခင်ဗျားတို့ လက်တဆုတ်စာ စစ်အာဏာရှင်တွေဖြစ်နေတဲ့ ပြဿနာအရပ်ရပ်ဟာ ပြေလည်သွားပါသလား။
လက်တဆုပ်စာစစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်များဖြစ်နေသော ကြံ့ဖွံ့၊ စွမ်းအားရှင် ရဲဘော်များအနေဖြင့်လည်း ကျွန်ုပ်တို့ ပြည်သူလူထုနှင့် ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။ စစ်အာဏာရှင် ထားရာနေ စေရာသွား ခိုင်းတာလုပ်ဆိုသည့်အလုပ်များ ဆက်လက်လုပ် ကိုင်ပါက လူထုတရပ်လုံးအတွက် စတေးခံဖို့ ပြင်ဆင်ထားကြပါ။
ရဲရဲတင်းတင်း အာမခံပြီး ပြောနိုင်သည်ကတော့ ကျွန်ုပ်တို့အဖွဲ့သည် မည်သည့် အဖွဲ့အစည်း မည်သူတဦးတယောက်အပေါ်မှာမှ မသန့်ရှင်းမစင်ကြယ်သော စိတ်ထားများနှင့် ပက်သတ်ဆက်ဆံမှုမရှိဘဲ မြန်မာပြည်စစ်အာဏာရှင် ကျဆုံးစေဖို့အတွက် ညီတဲ့သူများနှင့် ထိစပ် ဆောင်ရွက်လှုပ်ရှားမှုများပြုလုပ်ရာတွင်လည်း သန့်ရှင်းစင်ကြယ်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း……
ယခုကျရောက်သော (၆၁) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးသွားသောခေါင်းဆောင်ကြီးများနှင့် စစ်အာဏာရှင် တော်လှန်ဆန့်ကျင်ရေးတွင် ကျဆုံးသွားသော ရဟန်း၊ရှင်၊လူ၊ ကျောင်းသား၊ပြည်သူများ၏ ၀ိဥာဉ်များကို တိုင်တယ် သစ္စာပြုပြီး စစ်အာဏာရှင် စစ်ဘားတိုက်ပြန်ရောက်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဆိုတဲ့အကြောင်း ကျွန်ုပ်တို့ အဖွဲ့မှ ကတိသစ္စာပြုပါသည်။

မည်သည့် စစ်အာဏာရှင်မှ လူထုကို တိုက်ရိုက်မအုပ်ချုပ်စေရ။

လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံး မြေသြဇာ

Continue reading ...

July 10, 2008

ဖက်ဆစ်လက်သစ်များအတွက်

Unknown | 2:50 AM |
သန်း(၅၀)ကျော်လူထုဟာ
ရွှေရောင်အနာဂတ်အတွက် မျှော်လင့်နေတာ
မောင် မောင်ခေါ်တုန်း ဗျာထူးဖို့
အေး ချမ်းစွာမျှော်လင့်နေတာ
ရွှေရောင်လွှမ်းတဲ့ တိုင်းပြည်ဖြစ်ဖို့
မန်းမှုတ်လို့ရရင် မှုတ်ချင်ပါရဲ့
မြင့်မားခဲ့တဲ့မြန်မာပြည်
ဆွေစဉ်မျိုးဆက် ဒို့တစ်သက်
ခွေးဖက်ဆစ်လက်တဆုတ်စာ တစ်စုကြောင့်
စိတ်ရင်းစေတနာ အရိုးခံနဲ့ဒို့ပြည်သူနဲ့ ဒို့နောင်တော်တွေ
ဓါတ်စာကျွေးသလို စတေးပေးခဲ့ရတာ
ခြင်းအတူတူပဲမို့...

တစ်ခွန်းထဲသောစကားပြောလိုက်မယ်
မင်းတို့စစ်အာဏာရှင်လက်တဆုတ်စာ တစု
အလှည့်ကျရင် မနွဲ့ကြနဲ့။
ဒို့ပြည်သူတွေ ဒဏ်ခတ်မယ်
သန်းရွှေအပါအ၀င် နောက်လိုက်တစ်သိုက်
သတိသာထားနေကြပေတော့။

လူထုတရပ်လုံးအတွက် စတေးခံ
အ ကောင်း ဆုံး မြေ သြ ဇာ
(BM-1)

Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub