January 12, 2008

နာကြည်းမှုများရဲ့ပုစ္ဆာ

Unknown | 2:24 AM | |
(၁)

ရောင်နီလာနံနက်ခင်းမှာ
ပြတင်းတံခါးလေးကို ဖွင့်ကြည့်တော့
သာယာလှိုက်မောဖွယ်ကောင်းလောက်အောင်ကို
ဆွတ်ပြန့်ကြည်နူးစရာ ရှုမျှော်ခင်းလေးတွေပါ
ဒီလို နေရာ
ဒီလို ဒေသမျိုးမှာ
ဖိနှိပ်မှုတွေ
ချိုးဖောက်မှုတွေ
အဓမ္မတွေ
ပြည်တွင်းစစ်တွေ
ရှိလိမ့်မယ်လို့ ဘယ်သူတွေထင်မှာလဲ...။


(၂)

ငါစဉ်းစားတယ်
ဆန်းသစ်တဲ့နေ့ရက်တွေအကြောင်း
ငါသိချင်မိတယ်
ပန်းသစ်တွေ ဝေေ၀နေတဲ့ မနက်ခင်းတွေအကြောင်း
ငါတွေးကြည့်တယ်
“ဒုက္ခသည်တယောက်က
သူ့အမိနိုင်ငံတော် မြေပုံကို
စူးစိုက်ငေးကြည့်နေသလိုမျိုး ” (ကိုထက်မိုး- လူထုအမေ)
သေချာတာကတော့
လူတွေမျက်နှာပေါ်က
ကမ္ဘာကြီးကိုငါမယုံတော့ဘူး... သေချာပါတယ်...။

ဒီလိုနဲ့ပဲ
ငါ့လက်ထဲက ငါ့ဘ၀လေးကို
ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး
အမှန်တရားကိုလွမ်းလွမ်းနေတတ်ပြီ။

(၃)

လောကဓံနဲ့မိတ်ဆွေဖြစ်နေတဲ့အချိန်
ဖိတ်တ၀က် စင်တ၀က်နေ့ရက်တွေထဲမှာ
ကိုယ့်အတ္တကိုယ်ချစ်ရင်းနဲ့
ငါချစ်တဲ့သူတွေ
ငါမုန်းတဲ့သူတွေနဲ့ ကွေကွင်းခဲ့ရတဲ့အထိပေါ့...။

ငါမခံနိုင်ဘူး ဒီလိုဘ၀မျိုးတွေထဲမှာ
နာကျင်စွာနဲ့ငါအော်ဟစ်မိတယ် သိခွင့်ရှိမလား
ကံတရားရဲ့ လှည့်ကွက်လား
လောကကြီးရယ် ငါတို့တွေအတွက်တရားရဲ့လားလို့။

Continue reading ...

January 09, 2008

အသက်မဲ့စိမ်းလန်းခြင်း

Unknown | 10:28 PM | |
ကိုယ်ကောင်းမှုပြုတဲ့အခါတော့
တလောကလုံးသိစေချင်ကြတယ်။
ကိုယ်ကမကောင်းတာပြုလုပ်တဲ့အခါကြတော့
တလောကလုံး မသိစေချင်ကြဘူး။

ရင်ခုန်လိုက်တိုင်း
အသက်ရှုလိုက်တိုင်း
နာကျည်းမှုတွေမေ့ပျောက်မရတော့ဘူး။

ညစ်ထေးမှုတွေသာ တနေ့တခြား
တိုးတိုးလာတယ် တဘ၀လုံးလုံးလိုပါပဲ။
အဖူးရယ် အညွှန့်ရယ်လို့ ဝေဆာလန်းဆန်းခွင့်မရှိ
အိမ်မက်မက်တာတောင် မဖြောင့်တန်းခဲ့။

ဒီကမ္ဘာကြီးပေါ်မှာ
ကျနော်တို့ဘယ်လောက်ကြာကြာနေရမှာလဲ
ဒီလို တဖက်သတ်သာ စိမ်းလန်းခွင့်ရှိတဲ့
ဒီတောအုပ်ထဲမှာ ကျနော်တို့ဘာလို့ဆက်အသက်ရှင်တော့မှာလဲ။

ဘ၀တွေကို
ကော်ဖီမစ်တခွက်လို
စိတ်ရှိလက်ရှိ အမွှေနှောက်ခံနေရမှာလား။
ဘယ်လောက် စစ်ခင်းရအုံးမှာလည်း
ဘယ်လောက် ဖြေရှင်းရအုံးမှာလည်း
အမှန်တရားတွေ့ဖို့အတွက်
လူသားရပိုင်ခွင့်တွေအတွက်...။
သေချာပါတယ်
ဒါဏ်အရာ အပြင်းဆုံးလူသားတွေအတွက်
နှလုံးသားတွေ သစ်ငုတ်တိုဖြစ်နေပါစေ
မြေကြီးထဲမှာ အမြစ်ရှိနေသရွေ့
မျှော်လင့်ချက် ရွက်သစ်တွေက စိမ်းစိုရှင်သန်ဆဲပါ။

ပြည့်စုံ

Continue reading ...

January 05, 2008

နိုင်ငံရေးဆိုတာ

Unknown | 8:55 AM | |
“ ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး ၊ နိုင်ငံရေးဆိုတာ ဘာလဲတဲ့ ”
မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။
ဖခင်က...“ အေး သားသားသဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊ ဖေဖေက ပိုက်ဆံရှာပြီး အိမ်ယူလာတယ်၊ ဖေဖေ့ကို အရှင်းရှင်လို့ ခေါ်နိုင်တယ်။ သားမေမေက ဒီပိုက်ဆံတွေကို စနစ်တကျ စီမီခန့်ခွဲပြီးသုံးစွဲတယ်။ ဒါ့ကြောင့် သားမေမေကို အစိုးရလို့ခေါ်နိုင်တယ်။ ဖေဖေတို့က သားကိုပြုစုစောင့်ရှောက်တယ်၊ ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်၊ သားရဲ့ ညီလေးကိုကြတော့ အနာဂတ်လို့ခေါ်ရမယ်၊ ရှင်းရဲ့လားသား ဒါဟာ နိုင်ငံရေးပဲ ”

အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံအချိန်တွင် မောင်ဖြူစင်လေးသည်
ကလေးငိုသံကြားသဖြင့် သွားကြည့်ရာ သူ၏ညီလေးမှာ အနှီးထဲတွင် အညစ်အကြေးများ(ချီး) ပေကျံနေသည်ကို တွေ့ရသည်။ အဲဒါနဲ့ သူဟာ သူ့အဖေ နဲ့ အမေအိမ်ခန်းသို့တခါးဖွင့်ဝင်ကြည့်ရာ မိခင်တစ်ယောက်တည်း အိပ်မောကျနေသည်ကို တွေ့လိုက်ရတယ်။ ဒါနဲ့ မောင်ဖြူစင်လေးဟာ မိခင်ကိုလှုပ်နိုးသော်လည်း မနိုးသဖြင့် အိမ်ဖော်မလေးရဲ့ အခန်းကိုဝင်ကြည့်ရာ အိမ်ဖော်နှင့်အတူ ဖက်လျက်အိပ်နေသော ဖခင်ကိုတွေ့လိုက်ရတယ်။ ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ ဒေါသထွက်ပြီး အိပ်ခန်းသို့ ပြန်သွားလေသည်။



နောက်တစ်နေ့ နံနက်ကျောင်းသို့ရောက်သည့်အခါမှာ ....
“ ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ် ”
“ မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ကလေးလေးကွယ်၊ တစ်တန်းလုံးသိအောင် ရှင်းပြပါကွယ်”
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော် သူငယ်ချင်းစာသင်သားတွေကိုပြောပြလိုက်တာက...။
အလုပ်သမားလူတန်းစားဟာ အရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊ အစိုးရကတော့ အိပ်နေ တာပဲ၊ ပြည်သူကို လုံးဝ ပစ်ထားတယ်၊ အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ ”



Continue reading ...

January 04, 2008

လွတ်လပ်ရေးသစ္စာအဓိဌာန် (၉)ချက်

Unknown | 4:11 AM |
အောင်စေသတည်း။ မြန်မာသက္ကရာဇ်- ၁၃၀၉ ခုနှစ်- ပြာသိုလဆုတ်-၉ ရက်-(အင်္ဂလိပ်သက္ကရာဇ်- ၁၉၄၈ ခုနှစ်- ဇန်န၀ါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သော မင်္ဂလာအခါ၌။ ဤငါတို့ မြန်မာပြည်သည် လုံးဝ လွတ်လပ်သော အချုပ်အချာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ရောက်သတည်း။

၁။ ငါတို့သည်- ဤနေ့ ဤအချိန်မှစ၍ ငါတို့အား-လွတ်လပ်သောလမ်းသို့ ပို့ဆောင်ခဲ့သော-
ငါတို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တသဝေမတိမ်း ချီတက်မည်။

၂။ ငါတို့သည်- ဤနေ့ ဤအချိန်မှစ၍။ ငါတို့၏ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို- မသွေမဖည်- စောင့်ထိန်းမည်။

၃။ ငါတို့သည်- ဤနေ့ ဤအချိန်မှစ၍။ လွတ်လပ်သော နိုင်ငံသားတို့၏ မွန်မြတ်သော အခွင့် အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သောနိုင်ငံသားတို့၏ တာဝန်ဝတ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်ပါမည်။

၎။ ငါတို့သည်- ဤနေ့ဤအချိန်မှစ၍။ ငါတို့ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ လုံလ ဥဿာတဖြင့် ရရှိပြီးဖြစ်သော အမျိုးသားညီညွတ်ရေးကို။ ကျောက်စိုင် ကျောက်ခိုင်ကဲ့သို့ ခိုင်မြဲအောင် ထိန်းသိမ်းမည်။

၅။ ငါတို့သည်- ဤနေ့ဤအချိန်မှစ၍။ ငါတို့နိုင်ငံတော်သားတူသရွေ့ကို- ကြီးငယ်နီးဝေးမခြား- တသွေးတသားတည်းပြု၍။ နည်းများနိမ့်မြင့် မရှိစေရ- ညီတူ ညီမျှပြုမည်။

၆။ ငါတို့သည်- ဤနေ့ဤအချိန်မှစ၍။ သူတပါးကိုလည်း မတရားမပြု။ ငါတို့အား မတရားပြုမူ ခြင်းကိုလည်း မခံ- အသက်နှင့်လဲ၍ ကာကွယ်မည်။

၇။ ငါတို့သည်- ဤနေ့ဤအချိန်မှစ၍။ ငါတို့နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာလိုက်နာကျင့် သုံးမည်။

၈။ ငါတို့သည်- ဤနေ့ဤအချိန်မှစ၍။ ငါတို့နိုင်ငံနှင့် ငါတို့ လွတ်လပ်ရေးကို အသက်နှင့်လဲ၍- ကာကွယ်စောင့် ရှောက်မည်။

၉။ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ကမ္ဘာအရှည်တည်မြဲရေးတာဝန်သည်- ငါတို့နှင့်တကွ- ငါတို့ သားမြေး နောင်လာအဆက်ဆက်တို့အပေါ်၌ တည်စေမည်။

ဤ ငါတို့ သစ္စာအဓိဌာန်မှန်သည့်အတိုင်း- ငါတို့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာအရှည် တည်စေသတည်း။

(ဦးအောင်စောဦးပြုစုသော လွတ်လပ်ရေးရွှေရတုစာအုပ်မှ ကူးယူဖော်ပြသည်)
Continue reading ...

January 02, 2008

ဘန်ကောက်တွင်ဖျော်ဖြေမည့် သီးလေးသီးနှင့်ဆေးရောင်စုံအငြိမ့်ပွဲ

Unknown | 10:45 AM | |

၂၀၀၈ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့၊ ညနေ(၅)နာရီမှ ည (၈)နာရီအထိ ဖြစ်ပါသည်။ ကျင်းပမည့်နေရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Student Christian Center 238/1, Phyathai Road Rachathewi, Bankok (Rachathewi မိုးပျံရထားဘူတာရုံအနီး) မှာကျင်းပမှာဖြစ်ပါသည်။

ရွှေ့ပြောင်းမြန်မာကလေးငယ်တို့၏ ပညာရေးရန်ပုံငွေ ဖျော်ဖြေတင်ဆက်ပွဲဖြစ်ပါသည်။သီးလေးသီး အငြိမ့်အဖွဲ့တွင် လူရွှင်တော် စိန်သီး၊ ပန်းသီး၊ ဇီးသီး၊ ကြယ်သီးနှင့် ဂေါ်ဇီလာ၊ မင်းသမီး ချောစုမျိုး နှင့် မြင့်သန္တာစိုး (စပယ်ငုံ)တို့ ပါဝင်ကပြဖျော်ဖြေပါမည်။ ပြည်သူ့အတွက် အနုပညာရှင်အစစ်ဖြစ်သော သီးလေးသီးနှင့်ဆေးရောင်စုံအငြိမ့်အဖွဲ့ကို ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

ဝင်ကြေး တစ်ဦးလျှင်(၂၅၀)ဘတ်ဖြင်ြ့ပီး လက်မှတ်များကိုအောက်ပါ အရောင်းကိုယ်စားလှယ်များ တွင် ၀ယ်ယူနိုင်ပါသည်။
ကိုအောင်အောင်- ဖုန်းနံပါတ် 083 8295 767
ကိုခိုင်ကြီး - ဖုန်းနံပါတ် 087 7007 023
ကိုဇော်ဇော် - ဖုန်းနံပါတ် 087 3416 978
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub