February 18, 2010

ပရဟိတ စိတ်

Unknown | 1:13 AM |
ရေရှည်စိတ်ချမ်းသာပျော်ရွှင်မှုအတွက် မိမိရည်မှန်းချက်ထမြောက်အောင်မြင်ရေးကို အလေးပေးဆောင်ရွက်ရမည်ဆိုသော်လည်း အတ္တအကျိုးစီးပွားကိုချည်း အမြဲဦးစားပေးမနေမိအောင်ကား သတိပြုရန်လိုပါသည်။
မြန်မာ့ရိုးရာတွင် အများကျိုးဆောင် ကိုယ့်ကျိုးအောင်ဟူသောစကားတစ်ခွန်းရှိသည်။ အတ္တအကျိုးနှင့် ပရအကျိုးဆက်စပ်ပတ်သက်နေသည်ဆိုသောသဘော။ သည်သဘောကိုပင် တရုတ်ပညာရှိကြီးကွန်ဖြူးရှပ်စ်က " အများကောင်းကျိုး သယ်ပိုးမည့်သူ့၌ မိမိအကျိုးပါ သေချာပြီးဖြစ်သည်" ဟူ၍ဆိုခဲ့သည်။

ကောင်းသောအလုပ် လုပ်သူသည် ထိုလုပ်ရပ်က ပေးသည့် ဆုလာဘ်ကို ခံစားရမြဲဖြစ်သည်။ ဘယ်သူတွေကို သူကူညီနိုင်မလဲ၊ ဘာတွေ သင်ကူညီနိုင်မည်လဲ၊ ပတ်ဝန်းကျင်မှာကြည့်မှာ။ သင့်မြို့သင့်ရွာ၊ ပြီးတော့ သင့်မိသားစု၊ သင့်ဆွေမျိုး၊ သင့်မိတ်ဆွေ၊ သင့်လုပ်ဖော်ကိုင်ဖက်၊ အကြောင်းအားလျော်စွာတွေ့ကြုံသိကျွမ်း မျက်မှန်းတမ်းမိသူများ၊ သူတို့အကျိုးအတွက် သင်ဘာတွေ ဘယ်လောက် သယ်ပိုးပေးနိုင်သနည်း။ သင်ဆောင်ရွက်သည့်အတိုင်းအတာနှင့် တူညီသော အကျိုးကို သင်ခံစားရမည်ဖြစ်သည်။
ဥပမာ သူတစ်ပါးထံမှ လေးစားချစ်ခင်မူကို လိုသည်ဆိုပါစို့။ ဦးစွာပထမ မိမိက လေးစားကြောင်းပြရလိမ့်မည်။
ကိုယ်လေးစားလျှင် သူလေးစားလာလိမ့်မည်။ မယုံမရှိနှင့်။ တစ်လလောက် စမ်းကြည့်ပါ။ လမ်းမှာ၊ အိမ်မှာ၊ ရုံးမှာ၊ တစ်ဦးချင်းတွေ့ရသူ အသီးသီးကို တကယ်အရေးပါသော ပုဂ္ဂိုလ်များသဖွယ် သဘောထားပြီး ဆက်ဆံကြည့်ပါ။
လူဆိုသည်က အရေးပါချင်သူချည်းဖြစ်သည်။ အရေးတယူပြုခံချင်သူချည်းဖြစ်သည်။ ပြီး လူအများအပြားပင်မိမိကို တခြားလူတွေ အရေးတယူပြုသလောက် မပြုဟု ထင်မှတ်ခံစားနေတတ်ကြသည်။ သူတို့ကို သင်က အရေးတယူပြုလိုက်သည့်အခါ သူတို့အလိုဆန္ဒတွေ ပြည့်ဝကြသည်။ သင်နှင့် တွေ့သဖြင့်သူတို့စိတ်ချမ်းသာကြသည်။ သည်အတွက်သင့်အား ကျေးဇူးတင်သည်။ ခင်မင်သည်၊ လေးစားသည်။ သင့်မှာ အကြောင်းကြီးငယ်ရှိလျှင်စေတနာဗရပွနှင့် သင့်အား ကူညီကြမည်။
တဖန် တစ်ဖက်သားကို လေးစားစွာဆက်ဆံနိုင်ရန်အတွက် ထိုသူ၏ အရေးကိစ္စများ၊ ၎င်း၏ အယူအဆနှင့် ခံစားချက်များအပေါ် စိတ်ဝင်စားမှုရှိရန်လို၏ စင်စစ် ထိုစိတ်ဝင်စားမှုမှလည်း ကြီးမားသော အကျိုးကျေးဇူးရနိုင်သေး၏။ လောကလူသားတိုင်းမှာပင် သူများနှင့်မတူသော အတွေ့အကြုံနှင့် အတွေးအမြင်များရှိတတ်ကြသည်ဖြစ်ရာ လူအများကို စိတ်ဝင်စားသူသည် လောကအကြောင်း လူ့အကြောင်းကို သူတကာထက် နှံ့စပ်သိမြင်သူဖြစ်လာနိုင်ပေသည်။

ဤဆောင်းပါးမှ သူငယ်ချင်းမိတ်ဆွေများ တစုံတခု ရလိုက်မယ်ဆိုရင်ဖြင့် ကျေနပ်ပါတယ်...။
ကိုးကား။ ။ ( Ari Kiev ၏ A Strategy for Daily Living)

ချစ်ခင်စွာဖြင့်
ပြည့်စုံ (ဝေါသားလေး)

16 comments:

maylay said...

ဒီဆောင်းပါးလေးအတွက် ကျေးဇူးပါနော်။ ဟုတ်တယ် သူတပါးကို လေးစားမှ ကိုယ့်ကို လေးစားမှာပါပဲ။ ကိုယ့်ကို ဆက်ဆံစေချင်သော ပုံစံအတိုင်း သူများကို ဆက်ဆံပါတဲ့။ ပိုစ့်ကောင်းလေးအတွက် ကျေးဇူးထပ်တင်ပါတယ်နော်။ ကျန်းမာပျော်ရွှင်ပါစေ

Anonymous said...

ပို့စ်လေးကအရမ်းကိုတန်ဖိုးရှိပါတယ် . . .

Angel Shaper said...

ကောင်းလိုက်တဲ့ ပိုစ့်ဗျာာာ
လူကြမ်းကြီးက လူနဲ့မလိုက် ရေးတတ်တယ် အဟဲ...
နောက်တာနော် အတည်။ ဗြဲ ဟဲဟဲ
မှန်တာပေါ့ လူကြမ်းကြီးရေ... လူဆိုတာ ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ပြန်ရိတ်ကြတာပဲလေ။
သိပ်ကောင်းတယ်။
ပျောက်နေတယ်နော်။
မာပါစေ။ မာပါစေ။ ကျန်းမာပါစေ ပြောပါတယ်။ အဟဲ
အဆင်ပြေပျော်ရွှင်ပါစေဗျာာာာာ

kiki said...

တဦးမေတ္တာ တဦးမှာ ဆိုတာလိုပေါ့ နော် .. မေတ္တာဆိုတာ ရောင်ပြန်ဟပ်တတ် တဲ့သဘောရှိတာပဲလေ..
လူတိုင်းဒီလိုစိတ်မျိုးသာ ရှိနိုင်ကြရင် ကမ္ဘာလောကကြီးအတော်ငြိမ်းချမ်းမယ်နော် ..

ချမ်းမြေ့ ပါစေ ကိုပြည့်စုံရေ...

ကာရံဆူး said...

လူကြမ်းကြီးရေ...ပျောက်ပြီးမှ အသစ်တွေ တင်တော့လဲ တန်ဖိုး ရှိတာလေးတွေ လာဖတ်ရတာပေါ့နော်...ပျော်ပါစေ...

မြစ်ကျိုးအင်း said...

လူအများအကို စိတ်ဝင်တစားရှိရင် ကိုယ်က လောကကြီးအကြောင်းပိုသိလာတာပဲ ဆိုတာ တကယ်မှန်တယ်။ ဒါဟာ ဘဝနဲ့ ဖြတ်သန်းပြီးမှ ရနိင်တဲ့ သင်ခန်းစာပါပဲ။

ကိုချစ်ဖေ said...

ကိုချစ်ဖေရဲ့ ဘလော့ကြီးကို စဖွင့်ပေးခဲ့ ကူညီပေးခဲ့တာကို အမြဲကျေးဇူးတင်နေပါတယ် ညီလေးရေ..

လသာည said...

ကိုပြည့်စုံရေ
စာဖတ်ရောက်ပါတယ် :)
အရမ်းကို တန်ဖိုးရှိတဲ့ပိုစ်လေးပါပဲ.. တင်ပေးတဲ့ အတွက် ကျေးဇူး..

k2tmaung said...

သူတစ်ပါးထံမှ လေးစားချစ်ခင်မူကို လိုသည်ဆိုပါစို့။ ဦးစွာပထမ မိမိက လေးစားကြောင်းပြရလိမ့်မည်။
အဲ့ဒီနေရာလေး အကြိုက်ဆုံးပါပဲ... :)
ဘဝမှာ "အရ" ကြီးပဲတော့ ဘယ်ရှိမလဲနော်... ကိုယ်ကလည်း ပေးမှ ပြန်ရတာတွေလည်း အများကြီးကိုး...
ဘာပဲဖြစ်ဖြစ် အဖိုးတန်စာစုလေးကို ဖတ်ရတာမို့ ကျေးဇူးပါ...
လေးစားအားပေးလျှက်... :)

မေသစ္စာမောင် said...

မရောက်တာကြာလို့ အလည်လာရင်း တန်ဖိုးရှိတဲ့ပို့စ်လေးကို ဖတ်သွားပါတယ်။

လူတိုင်းလူတိုင်းကို စိတ်မ၀င်စားရင်တောင်မှ ကိုယ့်အနားမှာရှိနေတတ်တဲ့သူတွေ ဒါမှမဟုတ် အမြဲဆက်ဆံနေရမယ့် သူတွေကိုတော့ အကဲခတ်လေ့လာကြည့်ဖို့ လိုအပ်လိမ့်မယ် လို့ယူဆပါတယ်။

နှင်းဟေမာ said...

ပြည့်စုံရေ... မရောက်တာလဲကြာသွားတယ် .. သတိတော့ရဖြစ်တယ် ...း) အခုလို ပရဟိတနဲ့ပတ်သတ်တဲ့ပို့စ်လေးဖတ်လိုက်ရတာ အရမ်းကျေးဇူးတင်ပါတယ် ....
အဆင်ပြေပျော်ရွှင်ပါစေ...
မနှင်း

သဒ္ဓါလှိုင်း said...

ဒီပိုစ့်လေးအတွက်ကျေးဇူးတင်လိုက်တာ..။
အကျိုးရှိတဲ့စာပေတခုပါ။
အဆင်ပြေပျော်ရွှင်ပါစေနော်.

ခင်မင်စွာ
မသဒ္ဓါ

၄၄၂ ဇော်နိုင် said...
This comment has been removed by the author.
၄၄၂ ဇော်နိုင် said...

ဒီစာလေးကိုဖတ်ကြည့်မှပဲကိုယ့်ရဲ့ အားနည်း
ချက်ကိုမြင်လာတယ်။ကိုယ့်ကိုကိုယ်စဉ်း
စားခဲ့တာကြာပါပြီငါဘာဖြစ်လို့ အပေါင်းသင်း
နည်းတာလဲလို့ ခုမှသေချာပါပြီ ကိုယ်ကိုတိုင်ကလည်းသူတပါးကိုအရေးမ
လုပ်လို့ ပဲ တော်သေးတာပေါ့နောက်မ
ကျသေးလို့  ကျေးဇူးပဲကိုပြည်စုံရေ နာမည်နှင့်လိုက်အောင်အစစ အရာရာပြည်စုံနိုင်ပါစေဆုတောင်းလျှက်

Unknown said...

longchamp, birkin bag, iphone cases, nike huarache, babyliss, instyler, vans, mac cosmetics, gucci, jimmy choo shoes, ray ban, p90x workout, converse, hollister, north face outlet, north face outlet, nike trainers, chi flat iron, herve leger, ghd, insanity workout, baseball bats, converse outlet, hollister, oakley, reebok shoes, abercrombie and fitch, nike air max, timberland boots, soccer jerseys, asics running shoes, nfl jerseys, bottega veneta, lululemon, ferragamo shoes, soccer shoes, nike roshe, nike air max, beats by dre, new balance, mont blanc, celine handbags, hollister, mcm handbags, louboutin, vans shoes, wedding dresses, ralph lauren, lancel, valentino shoes

Unknown said...

moncler, links of london, swarovski, doudoune canada goose, canada goose uk, ugg pas cher, pandora charms, louis vuitton, bottes ugg, moncler, swarovski crystal, karen millen, moncler, supra shoes, replica watches, pandora charms, sac louis vuitton pas cher, montre pas cher, moncler, canada goose, ugg,uggs,uggs canada, louis vuitton, canada goose outlet, thomas sabo, louis vuitton, moncler, pandora jewelry, louis vuitton, marc jacobs, ugg,ugg australia,ugg italia, canada goose, pandora jewelry, ugg boots uk, juicy couture outlet, moncler, canada goose outlet, wedding dresses, moncler outlet, moncler, hollister, juicy couture outlet, canada goose, canada goose, coach outlet, toms shoes

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub