February 12, 2010

မမေ့အပ်သော ၉၅ နှစ်ပြည့် မွေးနေ့

Unknown | 2:11 PM |

၉၅ နှစ်ပြည့်ခဲ့ပါပြီ

ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဆန်း
မမေ့ ဘယ်သောအခါမှ မပျောက်ကွယ် ယနေ့ထက်တိုင်တည်မြဲနေသည်ကား... ဗိုလ်ချုပ်ရဲ့ အောင်ဆန်းလမ်းစဉ်...

ယခုအခါ ငြိမ်းချမ်းရေးကို အဖျက်အဆီးဝါဒဟာ ဖက်ဆစ်ဝါဒဖြစ်လို့ ဒီဝါဒကို ကမ္ဘာမှာ ဘယ်နေရာမှာ ဖြစ်ဖြစ်ရှိနေရင် စစ်ဖြစ်အုံးမှာမို့လို့ ဒီဝါဒကို ပပျောက်အောင် လုပ်ဖို့လိုတယ်။ ဒီတွင်လားဆိုရင် မဟုတ်သေးဘူး ဒီဝါဒကိုမျိုးဟာ သူတို့တိုင်းပြည်မှာလဲ တိုင်းသူပြည်သားတွေကို ချုပ်ချယ်ဖို့ရည်ရွယ်ချက်ရှိတယ်။ ကမ္ဘာမှာ ကမ္ဘာ့လွတ်လပ်ကို ထိခိုက်တယ်။ ကမ္ဘာ့လွတ်လပ်ရေးကိုထိခိုက်လို့ရှိရင် ဗမာ့လွတ်လပ်ရေးဆိုတာလည်း မရှိနိုင်ပါဘူး၊ အခုတချို့က ပြောကြမယ် စစ်ကြီးဟာပြီးသွားပြီ ဖက်ဆစ်တွေလည်းကျသွားပြီ မဟုတ်လားလို့မေးကြမယ်၊ အခုဖက်ဆစ်ဝါဒဟာ စစ်အားဖြင့် ဆုံးရှုံးသွားပေမယ့် ဒီဝါဒ သို့မဟုတ် ဆင်တူရိုးမှားဝါဒတွေ လက်ကိုင်ထားတဲ့ လူတွေ၊ အဖွဲ့တွေနိုင်ငံတွေရှိသေးတယ်။ ဒါကြောင့်ဖက်ဆစ်ဝါဒ ကမ္ဘာမှာ ပပျောက်ရေးကို ကျနော်တို့ရည်ရွယ်ချက်ထဲမှာထည့်ထားတယ်။ ကမ္ဘာမှာ အဲဒီဝါဒမျိုးကို တိုက်ဖျက်မဲ့ လူတွေနဲ့ အမြဲပူးပေါင်းပြီးအခွင့်အာဏာရတိုင်း ဆောင်ရွက်ဖို့ဘဲ။

အထူးသဖြင့် ကျနော်တို့ တိုင်းပြည်မှာဒီဝါဒမျိုး လုံးဝမရှိနိုင်အောင်လုပ်ရမယ်။ အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်းမုန်းတီးရေးဝါဒ၊ ဖက်ဆစ်အာဏာရှင်စနစ်၊ သက်ဦးဆံပိုင်ဘုရင်စနစ်ဝါဒ၊ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေသရာဇ် မြို့စားရွာစားဝါဒ(Feudalism) အထက်သာခန့်ထားပြီး တိုင်သူပြည်သားများ ဆန္ဒအရမဟုတ်ဘဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုးရှိနေရင် အများပြည်သူတို့ဆန္ဒနဲ့လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒတွေ ဆင်တူရိုးမှားတွေ ပေါ်ပေါက်လာနိုင်တယ်။ ဒီဝါဒမျိုးတွေ ပေါ်ပေါက်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာ မရနိုင်တော့ဘူး....

ယခုဆိုလျှင် ၂၀၁၀ခုနှစ်ရောက်ပြီ ကျနော်တို့ ဘာတွေ လုပ်ပေးခဲ့ကြလည်း ဘာတွေလုပ်နေကြလည်း... ဗိုလ်ချုပ်ရဲ့ လမ်းစဉ် ဗိုလ်ချုပ်ရဲ့ ဆန္ဒတွေဗိုလ်ချုပ်ရဲ့ စကားအတိုင်းတထပ်တည်းကျဖို့ကို ကျနော်တို့တွေအနေနဲ့ ညီတဲ့လက်တွေထိကြပါ တွဲလက်တွေခိုင်မြဲကြပါလို့ ....


9 comments:

ဝက်ဝံလေး said...

ဟင့်အင်း မမေ့ဘူးနော် သိလား

လင်းကြယ်ဖြူ said...

ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား....
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား.........

လေးစားလျှက်ပါ...
ပျော်ပါစေ
*.*.*

အိုက်ခီလောက် said...

ဘယ်သွားနေတာလည်းဟ ညီလေးရ
ခုမှပဲတွေ့ တော့တယ်နော်
လုံးဝကို မမေ့သင့်တဲ့ နေ့ လေးတစ်ရက်ပါ

maylay said...

၉၅ နှစ်ပြည့်တဲ့ အဖေ့မွေးနေ့ဆောင်းပါး အခမ်းအနားလေးဆီ ရောက်ခဲ့တယ်နော်။ မမေ့ပါဘူး။ ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွားတဲ့ ။ လေးစားပါတယ် ပြည့်စုံရေ။ ခုမှ ရောက်လာတာ နေကောင်းပါစ။ အဆင်ရောပြေတယ်လား။ ကျန်းမာပျော်ရွှင်ပါစေနော်။

kiki said...

တို့ အားလုံးရဲ့  စစ်မှန်တဲ့ ဗိုလ်ချုပ်ကို မမေ့မလျော့ပဲ သူ့ စကားကို လိုက်နာကြဖို့  တို့ တတွေ အားလုံးရဲ့  တာဝန်ပါပဲ ။
နောင်လာ နောက်သားတွေ ကိုလည်း ဗိုလ်ချုပ်ရဲ့  စွမ်းဆောင်ချက် ရည်မှန်းချက်တွေ သိနေကြရအောင် လက်ဆင့်ကမ်းပေးကြဖို့ လည်း လို တယ် နော်..

ချမ်းမြေ့ ပါစေ ကိုပြည့် စုံ ရေ...

အနော် said...

ကိုပြည့်စုံရေ
မမေ့အပ်တဲ့ ဗိုလ်ချုပ်ရဲ့ မွေးနေ့ကို လာရောက်ဂါရဝပြုပါတယ်
အကိုပြည့်စုံ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းနေပါတယ် အကိုရေ

Anonymous said...

ကိုပြည့်စုံ
ပျောက်နေတာ ကြာတော့ သမီး သတိရတာပေါ့ ဦးရယ်။ ခုမှ ဦး ရှိနေတာ တွေ့ ရမှ ရင်ထဲ အေးသွားတာပဲ။
ဦး ရဲ့ 
မီးငယ်လေး(နို့ ဖိုး)

Anonymous said...

longchamp, birkin bag, iphone cases, nike huarache, babyliss, instyler, vans, mac cosmetics, gucci, jimmy choo shoes, ray ban, p90x workout, converse, hollister, north face outlet, north face outlet, nike trainers, chi flat iron, herve leger, ghd, insanity workout, baseball bats, converse outlet, hollister, oakley, reebok shoes, abercrombie and fitch, nike air max, timberland boots, soccer jerseys, asics running shoes, nfl jerseys, bottega veneta, lululemon, ferragamo shoes, soccer shoes, nike roshe, nike air max, beats by dre, new balance, mont blanc, celine handbags, hollister, mcm handbags, louboutin, vans shoes, wedding dresses, ralph lauren, lancel, valentino shoes

Anonymous said...

moncler, links of london, swarovski, doudoune canada goose, canada goose uk, ugg pas cher, pandora charms, louis vuitton, bottes ugg, moncler, swarovski crystal, karen millen, moncler, supra shoes, replica watches, pandora charms, sac louis vuitton pas cher, montre pas cher, moncler, canada goose, ugg,uggs,uggs canada, louis vuitton, canada goose outlet, thomas sabo, louis vuitton, moncler, pandora jewelry, louis vuitton, marc jacobs, ugg,ugg australia,ugg italia, canada goose, pandora jewelry, ugg boots uk, juicy couture outlet, moncler, canada goose outlet, wedding dresses, moncler outlet, moncler, hollister, juicy couture outlet, canada goose, canada goose, coach outlet, toms shoes

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub