August 31, 2009

ဗလာကောင်းကင်

Unknown | 9:02 AM | |
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ အစကဒါတွေနားမလည်ခဲ့ဘူး ဒါလေးများဘာမိတွန်သောက်ပျောက်ပေါ့ထင်ခဲ့မိတယ်…။ တကယ်တော့ လူတစ်ဦးတစ်ယောက်တိုင်းမှာ အမှတ်ရစရာအတွေ့ကြုံလေးတွေဖြစ်ဖူး ရှိဘူးကြမှာပါ။
ကျနော်တို့ပျော်ရွှင်ခဲ့တယ်၊ ကျနော်တို့ဝမ်းနည်းခဲ့တယ်၊ ကျနော်တို့ ရူးသွပ်ခဲု့ကြတယ်၊ ကျနော်တို့ စွဲလမ်းခဲ့ကြတယ်၊ နောက်ဆုံးတော့လည်းကျနော်တို့လမ်းခွဲခဲ့ကြတယ်…။ တစ်စုံတယောက်က တစ်စုံတရာကို စောင့်ရသလိုမျိုး တစ်စုံတရာက တစ်စုံတယောက်ကို ထားခဲ့သလိုမျိုးနဲ့ နှလုံးသားရေလည်အုံကြီး စုပ်ကွဲတဲ့အထိပေါ့…။
တချိန်ကကျနော့်ရင်ထဲကို ပုစ္ဆာလေးတစ်ပုဒ်ဝင်ရောက်မွှေနှောက်ခဲ့တယ် ပျော်ရွှင်ပြီးလွတ်လပ်မှုကိုမြတ်နိုးတဲ့ ကျနော့်ကိုမှ ကံကြမ္မာက ကျီစယ်တာလား ရှေးရေစက်ကြောင့်လားမသိ ကျနော့်စိတ် ကျနော့်အသိ ကျနော့်အာရုံတစ်ခုလုံးကိုဖမ်းစားစေတဲ့ ပုစ္ဆာလေးပေါ့…။ အထိအတွေ့ကြောင့်လား ကျနော်တွေးတတ်လာခဲ့တယ်၊ ဆွေးတတ်လာခဲ့တယ်၊ ကျနော့်ကြိုးစားမှုကြောင့်လား ကံကြမ္မာမျက်နာသာပေးမှုလားတော့မသိ
နောက်ဆုံးပုစ္ဆာလေးရဲ့အဖြေကိုရရှိခဲ့တယ်...။
ကျနော်မျှော်လင့်ချက်နဲ့ အသက်ရှင်စိတ်ကူးယဉ်မှုတွေ အကောင်ထည်ဖော်ဖို့ ကျနော်ကြိုးစားခဲ့တယ် ကျနော်ရိုးသားခဲ့တယ်။
ဒါပေမယ့် မတည်မြဲတဲ့ပြောင်းလဲခြင်းတရားကြောင့် ကျနော့်အိပ်မက်ရှည်တွေပျက်သုဉ်းခဲ့ချိန်ပေါ့ ကျနော်ရရှိခဲ့တဲ့ဖြေ ကျနော်မြတ်နိုးတန်ဘိုးထားတဲ့အရာက အစစ်အမှန်မဟုတ်ခဲ့ဘူးလေ…။ ကျနော်နားလည်ပါတယ် ကျနော်တို့ထာဝရတည်မြဲတယ်လို့ထင်ခဲ့တဲ့ မိုးကောင်းကင်ကြီးတောင်မှ နေရာဒေသအလိုက် ရာသီဥတုအလိုက် ပြောင်းလဲဖောက်ပြန်ကုန်ပြီလေ…။
ကမ္ဘာ့မြေပြင်တောင် တစ်ခါတစ်ရံ ကွက်တိကွက်ကြား ငလျင်လှုပ်ခဲ့တယ်..။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ခဲ့တဲ့ကျနော် အဖြေမှားကိုမှ အမှန်ထင်ခဲ့တယ်…။
သူငယ်ချင်းတို့လည်းတစ်သက်မှာတစ်ခါလောက်တော့ ပုစ္ဆာလေးတစ်ပုဒ်လောက်တော့တွက်ဖူးမှာပါ ကိုယ်တွက်တဲ့ပုစ္ဆာလေး အဖြေမှန်ရဖို့ဆုတောင်းဖူးကြမှာပါ…।။

တစ်စုံတယောက်က တစ်စုံတရာကို စောင့်ရသလိုမျိုး
တစုံတရာက တစ်စုံတယောက်ကို ထားခဲ့သလိုမျိုးနဲ့
အရိုင်းဆန်တဲ့
နှလုံးသားရေလည်အုံကြီး စုပ်ကွဲတဲ့အထိ
နင့်နဲစွာ ကြေကွဲကြ
နင့်နဲစွာ ခံစားကြအုံးပေါ့॥။


ဗလာကောင်းကင်

ကိုယ့်ကောင်းကင် သူဖန်ဆင်းလို့
သူ့လမင်းနဲ့ ကိုယ်သာခဲ့
ကောင်းကင်နဲ့ ရင်ချင်းထပ်
ကြယ်တွေထက် ပိုလင်းလက်ဖို့
ကိုယ့်ရင်ခွင်ကြားမှာ
သူခဏ မှေးစက်ဘူးတယ်...၊
သူစံပျော်ရာ ကိုယ့်ကမ္ဘာမှာ
ပျော်ရွှင်မှုတွေ
ပြီးပြည့်စုံခြင်းတွေ
ခွန်အားတွေ
ယုံကြည်မှုတွေနဲ့
ကိုယ့်ကောင်းကင်သိပ်လှခဲ့တယ်…။
ကိုယ့်လမင်းလေး
အခုလည်း သာနေဆဲပါပဲ
ဒါပေမယ့်
ကိုယ့်ကောင်းကင်မှာတော့
မဟုတ်တော့ဘူးလေ...။

Anonymous + ပြည့်စုံ

22 comments:

အနော် said...

ကဗျာလေးနဲ့အတူ ထပ်တူထပ်မျှ ခံစားရတယ် ကိုပြည့်စုံရေ
တခါတလေမှာ တချို့ပုစ္ဆာတွေက အဖြေမရှိကြဘူး
အတင်း အဖြေထုတ်လိုက်တော့ အဲ့အဖြေဟာ မေးခွန်းတွေ အသွင်ပြောင်းသွားပီး နှလုံးသားကို ပြင်းပြင်းထန်ထန် လာရိုက်ခတ်တော့တာပဲ
တုံ့ပြန်မှုတိုင်း တန်ပြန်သက်ရောက်မှုရှိရမယ်ဆိုတဲ့ နိယာမကြီးကို အတည်မှတ်မထားသင့်ဘူး အကိုရေ
ဘာပဲဖြစ်ဖြစ် ကြေကွဲနေရရင်တောင်
အဆုံးစွန်အထိ ကြေကွဲပီးရင်
မေ့ပစ်လိုက်
အကုန် မေ့ပစ်လိုက်

rose of sharon said...

ကဗျာလေးမှာနှမြောတ သမှုတွေ... အလွမ်းတွေနဲ့.... ချစ်သူကိုတန်ဘိုးထားချစ်တတ်သူ တစ်ယောက်ရဲ့ ခံစားချက်လေးကို မျှဝေခံစားသွားပါတယ်

ဝက်ဝံလေး said...

ကဗျာလေး ဖတ်ပြီး တမျိုးလေး ခံစားလိုက်ရတယ် ကိုပြည့်စုံရေ

လင်းကြယ်ဖြူ said...

ကဗျာလေးကကောင်းတယ်..
ဖြစ်တတ်ပါတယ်...
ပျော်ပါစေ

Angel Shaper said...

လူကြမ်းကြီး အသဲကွဲတော့ယုံမှာလားးးး တဲ့။
ချင်းတောင်းလေးကတော့ ယုံကြည်ပေးပါတယ်။
အနော် အပေါ်မှာပြောခဲ့သလိုပဲ တစ်ချို့ ပုစ္ဆာတွေက အဖြေမရှိပဲ မေးခွန်းတွေသာ လှည့်ပြောင်းတတ်တယ်။
ဥပမာဗျာ။ သုညရမဲ့ အဖြေပုစ္ဆာ အတွက် ခေါင်းခြောက်ခံပြီး တမေ့တမော တွက်ခဲ့ဖူးသလိုပေါ့။ နောက်ဆုံးတော့လဲ သုညက အဖြေပေါ့။
ကဲ လူကြမ်းကြီး သဘောပေါက်မယ်လို့ ယုံကြည်ပါတယ်။ သုည ရအောင် တွက်ယူနေတယ်လို့ သဘောထားလိုက်။ ပျော်အောင်နေ။ ချင်းတောင်းလေးတို့ လို မောင်နှမတွေ၊ ဘလော့ဂါ သူငယ်ချင်းတွေ အများကြီးရှိတယ်လေ။ နွဲ့ ပြနဲ့နော်။ လက်သီးစာကျွေးပစ်မယ် ဘာမှတ်နေလဲ။
ချင်းတောင်းလေးလို နေတတ်အောင် နေစမ်းပါဗျာ။
ရည်းစားဦးတောင် ကလေးအဖေဖြစ်နေပြီ။ ပျော်တုန်းပါးတုန်း တို့ ကတော့။ ဟုတ်ဘူးလား။
ပျော်ပျော်နေ သေခဲ။ မော်တော်တွေရေထဲ။ ကဲကဲ ပြုံးပြစမ်းပါ လူကြမ်းကြီးရယ်။။။။ ဗြဲ ဟဲဟဲ
အဆင်ပြေ ပျော်ရွှင်ပါစေနော်။
ညစ်နေရင် အွန်လိုင်းတက်လာခဲ့ ပိုညစ်သွားအောင် သီချင်းဆိုပြမယ်။ ဟဟားးးးးးးးးးးးး

မမသီရိ said...

တကယ်မြတ်နိုးဖူးတဲ့အခါ
ဘယ်ကောင်းကင်မှာပဲသာသာ
အဲဒီ လ ကလေး သာနေဖို့ပဲ ဆုတောင်းဖြစ်တာ
ပေးဆပ်သူတွေရဲ့ ဘ၀နဲ့ခံစားချက်ပါပဲ မောင်လေးရေ..

ကံကြမ္မာ သာ မျက်နှာသာပေးခဲ့ရင်တော့
ပျော်ရွှင်ရတဲ့နေ့တွေဆိုတာ ရှိလာအုံးမှာပါ

အားမလျှော့ပါနဲ့

maylay said...

ကိုယ့်ကောင်းကင်မှာ ဟုတ်ချင်မှ ဟုတ်ပေမယ့် သူသာတဲ့အခါ ပြည့်ဝအောင် သာနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါ သယ်ရင်းရေ။ ဘယ်အရာမှ မမြဲဘူးနော်။ အလင်းနဲ့ အမှောင် နေ့နဲ့ည အရှေ့နဲ့အနောက် တလှည့်စီပဲ ။ သန်းခေါင်ထက် ညဥ့်မနက်ဘူးသယ်ရင်း ။ ဒါပေမယ့် သန်းခေါင်ချိန်ကပဲ ရောင်နီလာဖို့ အနီးဆုံးအချိန်ဖြစ်တယ်။ တို့တွေ မောင်နှမတွေ သယ်ရင်းတွေ ရှိတယ်။ နင် လွတ်လွတ်လပ်လပ်ရင်ဖွင့်အန်ချလိုက်စရာ ဘလော့အိမ်ကလေး ရှိတယ်။ အဲဒါတွေကို လာနားထောင်ပေးမယ့်သူရှိတယ်။ ပြီးတော့ နင့်ကို ချစ်နေတဲ့ သူတွေ ရှိတယ် ။ ပျော်ရတဲ့နေ့တွေ ရှိသေးပါတယ် ။ကြုံရမှာပါ။

အိအိချောကလျာ said...

ဖတ်သွားပါတယ်၊

နှင်းဟေမာ said...

ဲပြည့်စုံရေ.....
တစ်စုံတယောက်က တစ်စုံတရာကို စောင့်ရသလိုမျိုး
တစုံတရာက တစ်စုံတယောက်ကို ထားခဲ့သလိုမျိုးနဲ့
အရိုင်းဆန်တဲ့နှလုံးသားရေလည်အုံကြီး စုပ်ကွဲတဲ့အထိ
နင့်နဲစွာ ခံစားခဲ့ရတဲ့ ဟောဒီ့ ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ကို ခံစားသွားတယ်နော်......။
ကဗျာတွေ စာတွေ အများကြီးရေးနိုင်ပါစေနော်...။
ခင်မင်မှု အမြှောက်တစ်သိန်းးD
နှင်းဟေမာ

kiki said...

လွမ်းနေ ဆွေးနေတာလား ကိုပြည့်စုံ ရေ ..
လောကကြီးမှာ ဘယ်အရာမှ မတည်မြဲ ပါဘူး ။
အကောင်းနဲ့ အဆိုး အမြဲ ဒွန်တွဲနေတာမို့ 
အလွမ်း အဆွေး ချည်းနဲ့သာ ရှိနေမှာ မဟုတ်ဖူးလေ
ပျော်စရာတွေလည်း တလှည့်ရောက်အုံးမှာပေါ့ ...

ချမ်းမြေ့ ပါစေ ...

yangonthar said...

ဗလာကောင်းကင်ကို ဖတ်ရင်းခံစားသွားပါတယ်
ကဗျာထဲမှာ အချစ်တွေနဲ့  ကြည်မွေ့ နေတာ မြင်
နေရပါတယ် ...
မညီညာမှုတွေ ဟာ အမြဲ နာကျင်စရာကောင်းပါ
တယ် အချစ်ဟာ နာကျင်နေသည့်တိုင် လွမ်းနေ
ရင်းနဲ့ ချစ်နိုင်သေးတာမို့  ချစ်နေရင်းနဲ့ သာ
ပျော်မွေ့ နိုင်ပါစေ
ခင်မင်လျှက်
ရန်ကုန်သား :D

စည်သူ said...

ဟုတ်ပါတယ်..

ဗလာကောင်းကင်ကိုဖတ်ပြီး
ခံစားသွားပါတယ်..

အေးပေါ့ဗျာ..အမှန်ထင်ခဲ့တဲ့ အမှားတွေ
အခု အမှန်ကိုသိလို့ အမှားပြင်လိုက်ရုံပေါ့

မခက်ပါဘူး
ဒါပေမယ့်
မလွယ်ပါဘူးဗျာ..

ကြိုးစားရမှာပေါ့..

ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ။

မြတ်လေးငုံ said...

ပြည်စုံ
နံမည်နဲ့လိုက်အောင်ပြည်စုံတဲ့ဘလော့လေးပါ။
အမြဲပြည်စုံပါစေနော်။စာလဲရေးတတ်တယ်။
နောက်အမြဲအားပေးပါမယ်မောင်လေး

မြတ်လေးငုံ။

မငုံ said...

ကဗျာလေးသိပ်ကောင်းတယ်။ တော်တော်လေးခံစားပြီးရေးဖွဲ့ထားတာပဲ။ ဒီလိုပဲ ကိုပြည့်စုံရေ..တစ်ခါတစ်လေကျရင် လက်တွဲမြဲမယ်ထင်ထားတဲ့ အရာတွေက မထင်မှတ်တဲ့ ကံကြမ္မာက ၀င်ရောက်ကျီစယ်တတ်တယ်နော့။ အဆင်ပြေ ပျော်ရွှင်ပါစေ။

သုခုမလေဒီ said...

ဘယ်နေရာကြေပြီး၊ ဘယ်နေရာကွဲနေလဲ ဖွားကိကိုသာ ပြော သူကအချုပ်အလုပ်တော်တယ်း)

မငုံပြီးရင် မနမ်းပဲ အမြဲတမ်းနောက်ဆုံးကလေး)
ဲပြည့်စုံရေ.. အဆင်ပြေပျော်ရွှင်ပါစေနော်။

ဂျေဂျူဝိုင် said...

ကိုရင် ပြည့်စုံလား။ တော်တယ်နော်။

ဒီဇင်ဘာနှင်း said...

ကိုပြည့်စုံရေ ကဗျာလေးကို ထပ်တူခံစားသွားပါတယ်. လမင်းလေးက ဘယ်မှာပဲသာနေနေ လမိုက်နေတာကိုမြင်ရတာထက်စာရင်တော့ လမင်းလေးအတွက် ၀မ်းသာပေးလိုက်ပါ လူတိုင်းကြုံဖူးတဲ့အရာတခုမို့ ကိုယ်ချင်းလဲစာပါတယ်။

ကာရံဆူး said...

ကိုပြည့်စုံရေ...တွေ့ ကြုံဆုံကွဲဟာ ဓမ္မတာလို့ မှတ်ရင် ဖြေသာမယ် ထင်ပါတယ်နော်။.

Anonymous said...

ညီလေး ပြည့်စုံ အချစ်ကြောင့် အကွဲတွေသည်းနေတယ်ပေါ့။ ငှက်ကလေး ပျံလို့  ကိုင်းဖျားလေး လှုပ်ခတ်သွားပြီးနောက် ။ နောင်လည်း ငှက်ကလေးတွေ ခိုနားဦးမှာပါ။ မောင့်အရိုင်းပန်း။

မိုးခါး said...

အစ်မsharon ပြောသွားသလိုပဲ
ဖတ်လို့ ကောင်းတယ် အကိုရး)

Unknown said...

longchamp, birkin bag, iphone cases, nike huarache, babyliss, instyler, vans, mac cosmetics, gucci, jimmy choo shoes, ray ban, p90x workout, converse, hollister, north face outlet, north face outlet, nike trainers, chi flat iron, herve leger, ghd, insanity workout, baseball bats, converse outlet, hollister, oakley, reebok shoes, abercrombie and fitch, nike air max, timberland boots, soccer jerseys, asics running shoes, nfl jerseys, bottega veneta, lululemon, ferragamo shoes, soccer shoes, nike roshe, nike air max, beats by dre, new balance, mont blanc, celine handbags, hollister, mcm handbags, louboutin, vans shoes, wedding dresses, ralph lauren, lancel, valentino shoes

Unknown said...

moncler, links of london, swarovski, doudoune canada goose, canada goose uk, ugg pas cher, pandora charms, louis vuitton, bottes ugg, moncler, swarovski crystal, karen millen, moncler, supra shoes, replica watches, pandora charms, sac louis vuitton pas cher, montre pas cher, moncler, canada goose, ugg,uggs,uggs canada, louis vuitton, canada goose outlet, thomas sabo, louis vuitton, moncler, pandora jewelry, louis vuitton, marc jacobs, ugg,ugg australia,ugg italia, canada goose, pandora jewelry, ugg boots uk, juicy couture outlet, moncler, canada goose outlet, wedding dresses, moncler outlet, moncler, hollister, juicy couture outlet, canada goose, canada goose, coach outlet, toms shoes

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub