August 24, 2009

စိတ်ဖိစီးမှုနည်းပါးအောင် ထိန်းသိမ်းခြင်း အပိုင်း(၁)

Unknown | 6:54 PM |
ကျနော်လည်း ဖိစီးမှုတွေများနေတာနဲ့ ဘာမှပုံဖော်လို့မရဘူးဖြစ်နေတယ်... တခုပြီးတခု တခုပြီးတခု အလွဲတွေချည်းဖြစ်ဖြစ်နေတယ်... လိုချင်တာတွေ လိုအပ်တာတွေ ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေကလည်း ဘယ်အချိန်မှ ဆန္ဒနဲ့ ဘ၀ တထပ်တည်းကျမလည်းမသိပါဘူး...။ အဲဒီလိုနဲ့ကျနော်လည်း ဘာကြောင့်လည်းဆိုပြီး လေ့လာနေမိတယ်….
နှစ်ဆယ်ရာစု လူမှုဘ၀တွေက စိတ်ဖိစီးမှုများလွန်းသော ဘ၀ဟု ဆိုကြတယ်။ ရှေးခေတ်ကထက် အဆမတန်တိုးတက်ပြောင်းလဲလာပြီး အရာရာ အလွန်မြန်ဆန်လာသောကာလဖြစ်တဲ့အလျောက် ယခုခေတ်လူများမှာ ရှေးခေတ်လူများထက် စိတ်ဖိစီးစရာအကြောင်းတွေများလာသည်ဟုဆိုလျှင် မှန်သင့်သလောက်မှန်သည်ဟု လက်ခံရမှာဖြစ်တယ်။ သို့သော် သည်ခေတ်ထဲမှာပင် အချို့လူများက စိတ်ပေါ့ပါးသက်သာနေကြပြီး အချို့လူများမှာ စိတ်ဖိစီးမှုလွန်ကဲကြီးမားနေတတ်သည်ကို သတိပြုဆင်ခြင်ကြည့်ရန်လိုပါသည်။
စိတ်ဖိစီးမှုလွန်ကဲရသည့် အဓိကအချက်တစ်ခုက မပြတ်သားခြင်းဖြစ်သည်။ သည်ကိစ္စတွင် တိကျသော ဦးတည်ရည်မှန်းချက်ရှိမရှိ ဟူသောအချက်သည်ကလည်း အတော်လေးစကားပြောပါတယ်။ ဦးတည်ချက် တိတိကျကျရှိသူသည် မိမိနှင့်သက်ဆိုင်ရာကိစ္စတွင်ပြတ်ပြတ်သားသား ကိုယ်ရောစိတ်ပါဆောင်ရွက်တတ်သည်။ သည်လူမျိုးတွင် အလုပ်တစ်ခုထဲတွင် အချိန်ပြည့်နစ်မြုပ်ချင် နစ်မြုပ်နေမည်ဖြစ်သော်လည်း လုပ်သမျှအလုပ်သည် ကိုယ့်စိတ်နှင့်ကိုယ့်ကို လုပ်နေခြင်း၊ ရဲဝံ့ကြည်စွာလုပ်နေခြင်းဖြစ်ရာ သူ့၌ စိတ်ဖိစီးမှု အလွန်နည်းပါးသည်။
ဦးတည်ချက် မရေရာသူများမှာ နေရာတကာပင်မပြတ်သား ချီတုံချတုံ၊ အများသဘောအများလက်ခံမည့်ပုံစံအတိုင်းလိုက်၍ လုပ်မိတတ်ကြသည်။ သူများစိတ်နှင့် ကိုယ့်ကိုယ် အလုပ်လုပ်ရသည့်အခါ ထက်သန်စိတ်နည်းသဖြင့် အောင်မြင်ရန်ခဲယဉ်းသွားတတ်သည်။ သည်အခါ သည်အလုပ်လုပ်မိခဲ့တာ မှားလားဟု ပြန်တွေးတောပြီး စိတ်အနှောက်အယှက် ဖြစ်ရပြန်သည်။
ဤသို့ဖြင့် ဦးတည်ချက်မခိုင်မာသူများမှာ မရေရာ မသေချာ နေထိုင်လည်ရင်း စိတ်ဖိစီးမှုဒါဏ်ကို သူတကာထပ်ခံနေရတတ်ပေသည်။ အချို့လူများတွင် စိတ်ဖိစီးမှုလွန်ကဲရသည့် အကြောင်းတစ်ခုကား အရေးပါလွန်းခြင်း၊ အထအနကောက်တတ်လွန်းခြင်းဖြစ်သည်။ သူတစ်ပါးအမှတ်တမဲ့ပြောလိုက်သည့် စကားတစ်လုံးကို အဓိပ္ပါယ်ဆွဲဆန့်ကာ ကြိတ်မနိုင်ခဲမရ ဖြစ်တတ်သူ၊ တစ်ဖတ်လူ၏ အမူအရာမှာ မိမိကို မလေးစားသည့်အရိပ်အရောင်ရိုးတိုးရိုးတိတ်ပါသည်ထင်လျှင်ပင် မခံချိ မခံသာ ဖြစ်တတ်သူ၊ သည်လူမျိုးများမှာ လူ့လောကတွင် ကျင်လည်နေသည့် ဘ၀တစ်လျှောက် စိတ်ချမ်းသာချိန် အလွန်နည်းပါးနေမှာ သေချာသည်။
" လောကကြီးမှာ လူတိုင်း သူ့ဘောနှင့် သူရပ်တည်နိုင်ကြသည်ပဲ၊ လူ့စိတ်ဆိုသည်က မတည်ငြိမ်၊ အမြဲပြောင်းလဲနေတတ်သည်။ မနေ့က ကြည်ဖြူသူသည်လည်း သည်ကနေ့ တစ်မျိုးတစ်မည် ဖြစ်နိုင်သည်။ မနက်ဖြန်ကျတော့ သဘောတွေ အရမ်းကောင်းချင်ကောင်းနေဦးမည် " စသည်ဖြင့် စဉ်းစားနားလည်ကာ သူ့ဘက်က ကိစ္စကို အလေးထားမနေဘဲမိမိ ဘက်ကအပြုသဘောဆောင်သော ဆက်ဆံမှု၊ အကောင်းဘက်ကို မျှော်လင့်သော စိတ်ထားတို့ဖြင့်သာ တစ်သမတ်တည်း သွားနိုင်အောင် ကြိုးစားမည်ဆိုက ရေရှည်တွင် တစ်ဖတ်သားတို့ထံမှ ခင်မင်မှု၊ ယုံကြည်မှု၊ အပြုသဘောဆောင်သည့်တုံ့ပြန်မှုများ မုချရရှိလာမည်ဖြစ်သည်။

အပိုင်း(၂) ဆက်လက်ဖော်ပြပါဦးမည်…။
ကိုးကား။ ။ (Ari Kiev ၏ A Strategy for Daily Living )

ပြည့်စုံ

21 comments:

Angel Shaper said...

အကျွန်ုပ် တစ် ရပါသည်။
တစ်တစ်တစ်
၁၁၁၁၁၁၁
1111111
တစ်ရရှိပါသည်။
လူကြမ်းမင်းသားကြီး ကိုပြည့်စုံရဲ့ စိတ်ဖိစည်းမှု နည်းပါးအောင် ထိန်းသိမ်းနည်း အပိုင်း( ၁ ) ကို ပထမဆုံး လာဖတ်၍ တစ်လာယူပါသည်။
ဟိဟိဟိ။

Angel Shaper said...

နှစ်လဲ ထပ်ယူပါတယ်ဗျာ။
ဘာလုပ်ချင်လဲ ပြော။ ဟဲဟဲ
လူကြမ်းမင်းသားကြီးက အရေးတော်တယ်ဗျ။ ဟီးဟီး
သမီးကို ပထမ အချက်နဲ့ ကိုင်ပေါက်လိုက်တယ်။

ဦးတည်ချက် မရေရာသူများမှာ နေရာတကာပင်မပြတ်သား ချီတုံချတုံ၊ အများသဘောအများလက်ခံမည့်ပုံစံအတိုင်းလိုက်၍ လုပ်မိတတ်ကြသည်။ သူများစိတ်နှင့် ကိုယ့်ကိုယ် အလုပ်လုပ်ရသည့်အခါ ထက်သန်စိတ်နည်းသဖြင့် အောင်မြင်ရန်ခဲယဉ်းသွားတတ်သည်။ သည်အခါ သည်အလုပ်လုပ်မိခဲ့တာ မှားလားဟု ပြန်တွေးတောပြီး စိတ်အနှောက်အယှက် ဖြစ်ရပြန်သည်။

အဲဒါ သမီးခုဖြစ်နေတာပေါ့။
ဆင်ခြင်တွေးဆ စရာလေး ပေးလိုက်တဲ့ ကိုပြည့်စုံကြီးရေ... ပြည့်စုံပါစေဗျာ။
ကျေးဇူးတင်လေးစားသွားပါတယ် နော့်။

Angel Shaper said...

သုံး လဲ ထပ်ယူလိုက်ပါဦးမယ်။ဟဲဟဲ
ဆက်ရန်ကို မြန်မြန်ဆက်နော်။
အပျင်းကြီးပြီး ဆင်ခြေမများပါနဲ့။ ဟိဟိ
အပျင်းကြီးရင် ကားဝပ်ရှော့ပြန်ပို့ နေရမယ်နော်။ ဟဲဟဲ
ခြိမ်းခြောက်တာဗျိုးးးးးးးးးး
ဆက်ရန် ဆက်ရန် ဆက်ရန် လဲ မျှော်နေကြောင်းပါ။

လသာည said...

“သူများစိတ်နှင့် ကိုယ့်ကိုယ် အလုပ်လုပ်ရသည့်အခါ... အောင်မြင်ရန်ခဲယဉ်းသွားတတ်သည်။”

I see.။။ သူများစိတ်နဲ့ ကိုယ့်ကိုယ် မဖြစ်အောင် ကြိုးစားရမယ်ပေါ့..။ သိပ်ကောင်းတဲ့ အတွေးအခေါ်လေးပါ..။

အားလုံးအဆင်ပြေပါစေလို့..

ခင်မင်စွာဖြင့် လသာည

flowerpoem said...

ကောင်းလိုက်တဲ့ပို့စ်လေး ဖတ်ပြီး ကျေးဇူးတင်ပါတယ် ကိုပြည့်စုံ

မမသီရိ said...

စိတ်ကူးကောင်းနဲ့ ပြန်လည်မျှဝေထားတဲ့ ပို့စ်လေးပါပဲ မောင်လေးရေ

တကယ်တော့ ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်ကိုကိုယ် သေချာ ဝေဖန်ဆန်းစစ်တတ်မယ် ဆိုရင် စိတ်ဖိစီးမှု အနည်းနဲ့ အများ သက်သာမှာပါပဲ

ပြီးတော့ အရာရာ ကို မဟုတ်တောင်မှ ကိစ္စ အတော်များများ ကို အကောင်းမြင်တဲ့စိတ်နဲ့ ကြည့်တတ်ဖို့လဲ လိုသေးတယ်လေ

ဖြစ်လာဖိစီးမှု က ကိုယ်တိုင်ကြောင့်လား.. တပါးသူကြောင့်လား.. ပတ်ဝန်းကျင်ကြောင့်လား.. စံနစ်ကြောင့်လား... စတဲ့ ဆက်နွယ်နေတာတွေ ကလဲ အများကြီး ရှိနေသေးတာကိုး..

ဘာပဲ ဖြစ်ဖြစ်
အခြေအနေအရပ်ရပ်ကို မှန်မှန်ကန်ကန် သုံးသပ်တတ်လာရင်၊ ထထကြွကြွ လဲ ရှိရင်၊ အကောင်းမြင်စိတ်လေး အနည်းအပါး ရှိရင်၊ ပရဟိတ စိတ်လေး ရှိနေမယ် ဆိုရင်.. တို့တွေဘ၀ ဟာ နေပျော်ပါတယ် မောင်လေး ရေ..

နှင်းဟေမာ said...

ပြည့်စုံရေ....
တန်ဖိုးရှိတဲ့ ပို့စ်လေးအဖြစ် လေးစားမှုအပြည့်နဲ့
ဖတ်မှတ်သွားပါတယ်နော်....

ခင်မင်မှုများဖြင့်
နှင်းဟေမာ

အနော် said...

ကိုပြည့်စုံကြီးရေ
အနော် သက်သာသွားပါပီ
စိတ်ဖိစီးမှုနည်းပါးအောင် လုပ်နည်းလေးတွေ လာဖတ်တယ် အကို
စိတ်ဆိုတာကလဲ အခက်သားလား
လူမကျန်းမာတာထက် စိတ်မကျန်းမာတာက ပိုဆိုးတယ်
စိတ်ဖိစီးမှုခံရပီဆိုတာနဲ့ လူက ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး အကျဘက်ကို ထိုးဆင်းသွားတော့တာပါပဲ
မှတ်သားစရာစာလေးအတွက် ကျေးဇူးတင်ပါတယ်ဗျို့
ဆက်ရန်တွေကိုလဲ မျှော်နေပါတယ်
ကိုပြည့်စုံကြီးလဲ စိတ်ပျော်ရွှင်ချမ်းမြေ့ပါစေနော်

ပြည့်စုံလေး

မိုးအိမ့်ဖြူ said...

ကျေးဇူးပါပဲ ပြည့်စုံ စိတ်တွေလေးလံနေချိန်မှာ ဒီစာလေးဖတ်လိုက်ရလို့ အရမ်းကို တန်ဖိုးရှိပါတယ် နောက်ဆက်ရန်လေးကို ရေးပေးဖို့မျှော်လင့်မိပါတယ်...။ ကောင်းလိုက်တာဗျာ တကယ့်ကိုကျေးဇူးပါ..ပြည့်စုံ ဒါကြောင့်လဲ အကြာကြီးမရေးပဲ အကောင်းဆုံးစာသားကို များ စဉ်းစားနေတာလား....။

ဝက်ဝံလေး said...

မေ့သမီးကြီး အိန်ဂျယ် ဒီမှာ လာသောင်းကျန်းသွားတာကိုး ဟွန်းးးးးးး

ကိုပြည့်စုံရေ လာဖတ်သွားပါတယ် နော် အိမ်လေးပြင်လိုက်တာ လင့်ခ် ပျောက်သွားလို့ အသစ်တင်မှန်းမသိလို့ပါ အခုလိုလာခေါ်တာ ကျေးဇူးပါနော် ပြန်လင့်ခ် ထားလိုက်ပါပီ ရှင့် ပျော်ရွှင်ပါစေ နော် ဘိုင် တာ့တာ

ဒီဇင်ဘာနှင်း said...

ကျေးဇူးပါပဲ ကိုပြည့်စုံရေ ဒီပိုစ့်လေးဖတ်ပြီးမှ စိတ်ထဲနဲနဲသက်သာတယ်။ ဆက်ရန်ကိုမျှော်နေတယ်။

မေမိုးမခ said...

ပိုစ်လေးကိုဖတ်ပြီး မှတ်သားသွားပါတယ် ကိုပြည့်စုံပြောသလိုပါဘဲ တိုက်ဆိုင်မှုတွေရှိနေတယ် အပိုင်း၂ ကိုစောင့်မျှော်လျှက်...

ဂျာမုန်းဒန် said...

မှတ်သားလောက်ပါတယ်ရှင်။
လူတိုင်းမှာစိတ်ဖိစီးမှုရှိတာပဲလေ။
အခုလိုပုံဖော်ပြောပြပေးလို့ကျေးဇူးပါ။
မှတ်သားထားမယ်။
ဂျာမုန်း

မြစ်ကျိုးအင်း said...

ဒီဘက်ခေတ်မှာ စိတ်ဖိစီးမှုတွေ ပိုပြီးများလာတယ်
ယှဉ်ပြိုင်ရင်ဆိုင်ရတာလည်း ပိုများလာတယ်
ဒါဟာကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး ကြာလာရင် တယောက်နဲ့တယောက် ယုံကြည်မှုတွေ ပျက်ပြီး ဆိုးရွားတဲ့လူနေမှုပုံစံတွေအထိ ဦးတည်သွားမှာ သေချာ ပါတယ်။
ဒီလိုပို့စ်မျိုးက တန်ဘိုးရှိတယ်။
ဆက်ရေးပါအုံး ..အားပေးနေပါတယ်။

....ခင်မင်သောအားဖြင့်.....

maylay said...

ပြည့်စုံရေ ပိုစ့်လေးကောင်းလိုက်တာ ။ ကျေးဇူး နော် ။ လာဖတ် သွားတယ် ။ နောက်ကျတာ ဆောရီးနော် ။ ဟုတ်တယ်။ တို့တွေက စိတ်ဖိစီးမှုတွေ တော်တော်ရှိနေတယ်။ သက်သာနည်း ကို ရသွားတဲ့အတွက် ကျေးဇူးပါ။ ဆက်ရန်ကို စောင့်နေမယ်နော် သယ်ရင်း

မေသစ္စာမောင် said...

မှတ်သားစရာတွေတော်တော်များများပါရှိပြီး တန်ဖိုးရှိတဲ့ပို့စ်လေးပါပဲ..။

မှတ်သားစရာလေးတွေ ဆက်လက်မှတ်သားနိုင်ရအောင် အပိုင်း(၂) ကိုမျှော်နေမယ် မောင်လေးရေ။

သုခုမလေဒီ said...

သူတစ်ပါးအမှတ်တမဲ့ပြောလိုက်သည့် စကားတစ်လုံးကို အဓိပ္ပါယ်ဆွဲဆန့်ကာ ကြိတ်မနိုင်ခဲမရ ဖြစ်တတ်သူ၊ တစ်ဖတ်လူ၏ အမူအရာမှာ မိမိကို မလေးစားသည့်အရိပ်အရောင်ရိုးတိုးရိုးတိတ်ပါသည်ထင်လျှင်ပင် မခံချိ မခံသာ ဖြစ်တတ်သူ၊ သည်လူမျိုးများမှာ လူ့လောကတွင် ကျင်လည်နေသည့် ဘ၀တစ်လျှောက် စိတ်ချမ်းသာချိန် အလွန်နည်းပါးနေမှာ သေချာသည်။

အဲဒါလေးကတကယ်မှန်တယ်။ အဲလိုလူမျိုးကိုလည်း စိတ်ပျက်မိနေတယ်။ သူတို့ ဘာလို့ တဖက်သတ်ဆန်ကြ သလဲ တွေးလို့ ကိုမရနိုင်ဘူး။ ကြုံတွေ့ နေရလို့ ပါ။
အပိုင်း၂ ဆက်ဖတ်ပါအုံးမယ်။ အဆင်ပြေပျော်ရွှင်ပါစေ။

Unknown said...

စိတ်ဖိစီးမှုလျှော့ချနိုင်သွားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ကွယ်

Unknown said...

longchamp, birkin bag, iphone cases, nike huarache, babyliss, instyler, vans, mac cosmetics, gucci, jimmy choo shoes, ray ban, p90x workout, converse, hollister, north face outlet, north face outlet, nike trainers, chi flat iron, herve leger, ghd, insanity workout, baseball bats, converse outlet, hollister, oakley, reebok shoes, abercrombie and fitch, nike air max, timberland boots, soccer jerseys, asics running shoes, nfl jerseys, bottega veneta, lululemon, ferragamo shoes, soccer shoes, nike roshe, nike air max, beats by dre, new balance, mont blanc, celine handbags, hollister, mcm handbags, louboutin, vans shoes, wedding dresses, ralph lauren, lancel, valentino shoes

Unknown said...

moncler, links of london, swarovski, doudoune canada goose, canada goose uk, ugg pas cher, pandora charms, louis vuitton, bottes ugg, moncler, swarovski crystal, karen millen, moncler, supra shoes, replica watches, pandora charms, sac louis vuitton pas cher, montre pas cher, moncler, canada goose, ugg,uggs,uggs canada, louis vuitton, canada goose outlet, thomas sabo, louis vuitton, moncler, pandora jewelry, louis vuitton, marc jacobs, ugg,ugg australia,ugg italia, canada goose, pandora jewelry, ugg boots uk, juicy couture outlet, moncler, canada goose outlet, wedding dresses, moncler outlet, moncler, hollister, juicy couture outlet, canada goose, canada goose, coach outlet, toms shoes

Anonymous said...

supreme clothing
gap yeezy
bape clothing outlet
steph curry shoes
golden goose outlet
adidas yeezy
golden goose outlet
supreme clothing
adidas yeezy
bape hoodie outlet

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub