
၁၉၄၇ ဇူလိုင် လ ၁၉ ရက် စနေနေ့အတွင်းဝန်ရုံး၊ ရန်ကုန်မြို့။မိုးလင်းကတည်းက ကောင်းကင်သည် အုံ့မှိုင်း ညိုမှိုင်းလျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမျှကြည်လင်စွာမမြင်ရ။ မိုးကိုကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ကြီးလို ၀ိုးဝိုးဝါးဝါးဖြစ်နေသည်။ မိုးသည်လည်း ကင်းကင်းလွတ်လွတ်စဲသည်ဟူ၍ မရှိဘဲ တဖွဲဖွဲနေလိုက်၊ တဖြိုင်ဖြိုင်ရွာချလိုက်နှင့် နောက်စွေ၍ နေလေသည်။အင်္ဂလိပ်ဗိသုကာ...