July 07, 2009

လမ်းကျဉ်း

Unknown | 8:41 PM | |
ကိုယ့်ကိုကိုယ် နေရာချနေရတာနဲ့
အချိန်တွေ ကုန်ခဲ့ပေါ့….
သောကမကင်းတဲ့မျက်နှာတွေက ငပေလို အသေလို
ဘ၀ ဘ၀တွေ ရှုသွင်း
ဘ၀ ဘ၀တွေ ပြန်ထုတ်
အဲဒါကလည်း နေ့စဉ်အလုပ်
အများကြီးမဖြစ်ချင်တဲ့ကောင်က
အများဖြစ်ချင်တာတွေလုပ်
ငါ့စိတ်တွေ ငါ့ကို
ပြန်ပြန်ညစ်နေလေရဲ့
မနက်ဖြန်တွေရဲ့ မနက်ဖြန်တွေမှာ
ဖိနပ်မခိုင်လို့တော့မဖြစ်ဘူး
လျှောက်နေတဲ့လမ်းက နည်းနည်းတော့ကြမ်းတယ်…။


နေနေ(နို့ဖိုးစခန်း)
Continue reading ...

July 05, 2009

စစ်အာဏာရှင်နှင့် ဆဲဗင်းဂျူလိုင်

Unknown | 11:25 PM |
ဇူလိုင် (၈)ရက်နံနက်လင်းအားကြီးအချိန်တွင် စစ်တပ်က ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည် သမဂ္ဂအဆောက်အဦး

မြန်မာ့သမိုင်းမှာ ကျောင်းသား သမဂ္ဂတွေရဲ့ တိုက်ပွဲတွေဟာ ပညာရေးရည်မှန်းချက်၊ မျိုးသားရေးလွတ်မြောက်ရေး ဒီမိုကရေစီရည်မှန်းချက် စဖြင့်အမျိုးမျိုးရှိခဲ့ပါသည်။ ၁၉၂၀ သပိတ်၊ ၁၉၃၅-၃၆ သပိတ်၊ ၁၉၃၈ ခုနှစ်တွင်အမျိုးသားလွတ်မြောက်ရေးကိုတောင်းဆိုတဲ့ ပြည်လုံးကျွတ် အထွေထွေသပိတ်ရဲ့ အစိတ်အပိုင်းဖြစ်သည်။

၁၉၆၂ခုနှစ် မတ်လ (၂) ရက် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကောင်စီက မေလ (၉) ရက်နေ့မှာ တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းတဲ့အမိန့်ကို ထုတ်ပြန်လိုက်ပြီး တော်လှန်ရေး ကောင်စီက တက္ကသိုလ်အုပ်ချုပ်ရေး တာဝန်အားလုံးကို ချုပ်ကိုင်လိုက်ပါတယ်။ မေလ (၁၀)ရက်နေ့မှာ ဦးနေ၀င်းက တက္ကသိုလ်ကောင်စီဝင်တွေကို ခေါ်ယူတွေ့ဆုံပြီး တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီလို့ ပြောလိုက်ပါတယ်။ တက္ကသိုလ်အက်ဥပဒေအရ မဲပေးခြင်းစနစ်ကို ဖျက်သိမ်းလိုက်ပြီလို့နဲ့ ရွေးချယ်ခန်ထားတဲ့ ပါမောက္ခဦးကာကို ပေါမောက္ခချုပ်အဖြစ် တချက်လွှတ်အမိန့်နဲ့ ခန့်လိုက်တယ်။ အဲဒီအချိန်ကစပြီး တက္ကသိုလ်ကျောင်းသားတွေနဲ့ ဆရာတွေကို ချုပ်ချယ်တဲ့ ဥပဒေစည်းမျဉ်းသစ်ဆိုတာတွေကို တခုပြီး တခုထုတ်ပြန်လာတယ်။ တက္ကသိုလ်ကျောင်းဆောင်တွေကိုည(၈)နာရီမှာ သော့ခတ်ပိတ်မည်ဆိုသည့်အမိန့် ထွက်လာသည့်အခါ ကျောင်းသားတွေနေနဲ့ ကန့်ကွက်ဆန့်ကျင်မှုတွေကို စရတော့သည်။
ဂျူလိုင်လ (၇)ရက်နေ့ (၁)နာရီချိန်မှာ တကသ ဥက္ကဌကိုဗဆွေလေး လက်မှတ်နဲ့ ကျေငြာဖိတ်ခေါ်ထားတဲ့ ကျောင်းသားထု အစည်းဝေးစတယ်။ ပညာရေးတောင်းဆိုချက်၊ ဒီမိုကရေစီရေးတောင်းဆိုချက်တွေ ဆုံးဖြတ်ပြီး တက္ကသိုလ်ဝန်းထဲမှာ လှည့်လည်ဆန္ဒပြကြပါတယ်။ မွန်းလွဲသုံးနာရီကျော်လောက်မှာ ဆန္ဒပြပွဲပြီးလို့ လူစုခွဲကာအေးအေးဆေးဆေးရှိနေပြီးမှ တော်လှန်ရေးကောင်စီတွေက ရဲတပ်ဖွဲဝင်တွေကို စေလွှတ်ပြီးကျောင်းသားတွေကိုဖမ်းရာမှစပြီး တဖက်နဲ့ တဖက်ရင်ဆိုင်တိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။ ကျောင်းသားတွေက အနာခံပြီး သတ္တိရှိရှိ ရင်ဆိုင်တိုက်ကြလို့ ရဲတွေနောက်ဆုတ်ကြရတယ်။ ရဲတွေနေရာမှာ စစ်သားတွေရောက်လာတယ်။ ဒုတိယဗိုလ်မှုးကြီး စိန်လွင်က ဦးဆောင်တယ်။ ၅ နာရီခွဲလောက်မှာ အထက်အမိန်ကိုရရှိတဲ့ စိန်လွင်က ပစ်မိန့်ပေးလို့ စစ်သားတွေနဲ့ လက်တကမ်းလောက်အကွာမှာ ရှိနေတဲ့ ကျောင်းသားထောင်ပေါင်းများစွာကို G 3 သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြလို့ ၁၅၀ ကျော်ကျော်လောက် ကျဆုံးခဲ့ရတယ်။ နောက်နေ့မနက် ၅နာရီခွဲလောက်မှာ တကသ အဆောက်အအုံကို မိုင်းခွဲဖျက်စီးပစ်ကြတယ်။
ဦးနေ၀င်းကတော့ ဇူလိုင်(၇)ရက်အရေးအခင်းကို ဖြေရှင်းခဲ့တာဟာ ကျုပ်အမှားမဟုတ်ဘူး၊ ဗိုလ်အောင်ကြီးရဲ့အမှားသာဖြစ်တယ်လို့ (၁၉၈၈)ခုနှစ် ဇူလိုင်(၂၃)ရက်နေ့ ကျိုက္ကဆံညီလာခံမိန့်ခွန်းမှာရှောင်ထွက်ဖို့ကြိုးစားပြီးတဲ့နောက် ဦးအောင်ကြီးကလည်း သူ့တာဝန်မဟုတ်ဘူးလို့ငြင်းဆိုခဲ့ပြန်ပါတယ်။
ထို့ကြောင့်စစ်အာဏာရှင်တွေအနေနဲ့ အဖြစ်မှန်ကို ဖုံးဖိထားပြီး အမှားတွေ ကျူးလွန်ကြတာ ဒီနေ့အထိ အတောမသတ်ကြသေးပါဘူး။
ဒီနှစ်မှာဆိုရင် ဇူလိုင်လ(၇)ရက်ဖြစ်ပွားခဲ့တာ (၄၇)နှစ်ရှိသွားပါပြီ အဲဒီအရေးအခင်းတုန်းက တက္ကသိုလ်မှာအငယ်ဆုံးကျောင်းသားတွေဟာ အသက်(၁၆)နှစ်ရှိခဲ့တာမို့ အခုအချိန်မှာ အသက်(၆၃)နှစ်ရှိနေကြပါပြီ။ ခုထိဘာတွေမှားခဲ့သလဲ ဘာလုပ်ရပ်တွေဟာ အလွန်အကျွံလဲ၊ သေဆုံးသူအရေအတွက်တွေက အမှန်တကယ်ဘယ်လောက်ရှိခဲ့သလဲ၊ သေဆုံးသူစာရင်းထဲမှာမထည့်သွင်း မကြေညာဘဲထားတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ မိဘဆွေမျိုး ညီအစ်ကိုမောင်နှမ တူ၊တူမတွေဟာ မိမိတို့ရဲ့ သားသမီး အကို၊အမတွေ ရန်ကုန်တက္ကသိုလ်ဝန်းထဲကနေ ဘယ်ကိုရောက်သွားသလဲ ဘယ်နည်းနဲ့ပျောက်ဆုံးသွားသလဲ ခုထိမသိကြသေးပါ။ ဒီအဖြစ်အပျက်တွေကို သင်္ခန်းစာယူပြီး နောက်နောင် ဒါမျိုးမဖြစ်ပွားအောင် ဘယ်လိုထိန်းသိမ်းကြမလည်းဆိုသည့် ကောက်ချက်မျိုး မရှိသေးပါဘူးး။ ထို့ကြောင့်ကျောင်းသားတွေရဲ့သမိုင်းတွေအဖြစ်မှန်တွေကိုမမေ့ပျောက်ကွယ်သွားအောင် အမှန်တရားတွေကို ဖော်ထုတ်ဖို့ရာ ပေးဆပ်ခဲ့ကြသော၊ ပေးဆပ်နေဆဲဖြစ်ကြသောသူတွေအတွက် သမိုင်းတာဝန်ကျေပြွန်စေဖို့ရာ အနာဂတ်မျိုးဆက်သစ်လူငယ်များရဲ့တာဝန်ဖြစ်သာဖြစ်တယ်။

မှတ်ချက်။ ။ ယခင်ရေးသားခဲ့သောပို့စ်အား ပြန်လည်ဖြည့်စွက်တင်ပြခြင်းဖြစ်သည်။


အသေးစိတ်အချက်လက်များနှင့် မှတ်တမ်းတင်ပုံများကြည့်ရှုရန် ဒီမှာနှိပ်ပါ

ပြည့်စုံ

Continue reading ...

June 23, 2009

အစာပြေ

Unknown | 9:46 PM |
“ ညီမလေးရေ ကိုကြီးခွေးကလေးကို ရေချိုးပေးမလို့ ကင်မရီဆပ်ပြာ
အသစ်တစ်ခဲယူလာ ပေးစမ်းဟေ့ ”
“ညီမလေး မအားသေးဘူး ကိုကြီး ကြက်ကောင်လုံးကြော် ကြော်နေတယ်။ ညနေစာအတွက်ရော လေးကောင်တောင် ကြော်နေရတယ်၊”
“အေး သားတို့သမီးတို့ အဲဒီလို အလုပ်ရှုပ်နေကြရင် ဖေဖေမစောင့်နိုင်တော့ဘူး။ ပရာဒိုတစ်စီးဝယ်မလို့ ချိန်းထားတဲ့လူနဲ့လွဲသွားလိမ့်မယ်၊ အမေကြီးရေ ကိုယ် လစ်မစ်တက် ယူသွားမယ်။ မင်းတို့မာ့စ်တူးနဲ့သွားကြ”
“ဖေကြီး သားငယ်ဖို့ ဘတ်တာကိတ် ၀ယ်လာနော်”
“ဟင့်အင်း မီးငယ် ဘတ်တာကိတ်မကြိုက်ဘူး ဖေကြီး။ ဂျေဒိုးနတ်ကိတ် ၀ယ်လာပေးပါ။ အဟိ”
“သားတို့သမီးတို့ကလည်းကွယ် အိမ်မှာ ရွှေပုဇွန်တွေရော။ ဂျမ်ဘိုထုပ်တွေရော ရှိသေးတာ။ ဟက်ပီးဝေါရောက်ရင်လည်း မေမေက ကြိုက်တာကျွေးအုံးမှာ။ ဖေကြီးကို မှာမနေကြနဲ့လေ”
“ဟဲ့ ဒီသားအမိ။ သားအဖတွေ သူများအိမ်က တီဗွီသွားသွားကြည့်ပြီး ကြားဖူးနားဝနဲ့ဘာတွေအရူးထနေကြတာလဲ ဒေါ်ကြီးကိုတော့ဘယ်သူမှ လာမကူကြဘူး။ ထမင်းတစ်အိုး။ ကန်စွန်းရွက်ကြော်၊ ငါးပိရည်ကျို၊ အားလုံးပြီးပြီ ထမင်းစားမယ်လာကြ”


ငြိမ်း (ရွှေလီ)
(ကလျာ။ ၂၀၀၀ ပြည့်နှစ်။ ဒီဇင်ဘာ) မှကူးယူဖော်ပြသည်။
Continue reading ...

June 14, 2009

ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်

Unknown | 12:28 PM |
Continue reading ...

အဖေများနေ့

Unknown | 4:32 AM |


အဖေ မရှိတော့ပေမယ့် အဖေက သားရင်ထဲ အမြဲရှင်သန်နေပါတယ်…အဖေသားတို့ကို အပြီးအပိုင်ခွဲခွာသွားတာ ဒီနေ့ဆို ၂ လနဲ့ ၉ ရက်ရှိပြီနော်… တချို့တွေကပြောကြတယ်. အဖေဆိုတာ သမီးတွေကို ပိုချစ်တယ်ပြောကြတယ်… ဒါပေမယ့် အဖေက သားကိုပိုချစ်တယ်နော်…
အဖေ … နောင်ဘ၀ဆိုတာ ရှိခဲ့ရင် ပြန်ဆုံပါရစေအဖေ… သားလေ လူတွေအကြောင်းကို သိသင့်သလောက်သိနေပြီ… အဖေ့ကိုပြောပြချင်တယ်ဗျာ….။

အဖေ… ကောင်းရာသုဂတိလားပါစေ….

ရောက်ရာဘုံဘ၀ကနေ သာဓုခေါ်သံကြားနိုင်ပါစေ…..
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub