April 12, 2008

ရင်ဖွင့်သံ

Unknown | 11:52 AM |
ပြည်သူအားလုံးဟာလဲ ကျနော်တိုနဲ့တသားထဲ ဖြစ်လာတာတွေ့ရတဲ့ အတွက် ခံစားမှု၊နိုးကြားတက်ကြွမှုတွေဖြစ်ပေါ်လာရခြင်းဟာ လူထုကပေးတဲ့ အင်အား
တွေပါ။အဓိက ပြောချင်တာကတော့ ပြည်သူများအနေနဲ့ကန့်ကွက်မဲပေးတာနဲ့
ပတ်သတ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်အကြောက်တရားကိုမဆို ကျော်
လွှားနိုင်တယ်ဆိုတဲ့အကြောင်း ဖေါ်ထုတ်ကန့်ကွက်မဲပေးကြမယ်လို့ ယုံကြည်ပါတယ်။

ကန့်ကွက်မဲပေးရေးဆိုတဲ့ တာဝန်ဟာ မြန်မာပြည်သူပြည်သားတိုင်းရဲ့ နှလုံးသားမှာ မည်သူတဦးတယောက်ကမှ မတိုက်တွန်းပဲ မိမိရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်ပါလိမ့်မယ်။ စတေးခံ ဆိုတာ ကျနော်တို့ချည်းပဲမဟုတ်ပါဘူးတိုင်းရင်းသားညီကိုမောင်နှမအားလုံး၊မြန်မာ တပြည်လုံးဟာလက်တဆုတ်စာ စစ်အာဏာရှင်တွေ အတွက် အသုံးချ စတေးခံနေရတာပါ။

အဲဒီတော့ ကျနော်တို့ဟာ လက်တဆုတ်စာ စစ်အာဏာရှင်တွေအတွက်တော့ စတေးမခံဘူး ကျနော်တို့တိုင်းရင်းသားညီအစ်ကိုတွေ၊ထောင်ကျနှိပ်စက်ခံနေရတဲ့ ဒီမိုကရေစီတိုက်ပွဲဝင် ခေါင်းဆောင်တွေ ကျောင်းသားတွေ သံဃာတွေ အားလုံး
နောက်ပြီး ကျနော်တို့နောက်ပေါ်ပေါက်လာမဲ့ ကျနော်တို့ရဲ့ မျိုးဆက်တွေအတွက် အကောင်းဆုံးစတေးခံပြီး စစ်အာဏာရှင်ကို တိုက်ထုတ်ကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ…

ကျော်ကျော် (အကောင်းဆုံးမြေသြဇာ)

Continue reading ...

April 10, 2008

သမဂ္ဂအမေ

Unknown | 9:59 AM |




အမေလူထုဒေါ်ဒေါ်ကြိုက်တဲ့ ကဗျာလေးတစ်ပုဒ်


ရှိနေသေးသည်
အနေဝေး၍
မတွေ့သည်သာ
ယုံကြည်စွာဖြင့်…။

အမေ့စကား

နိုင်ငံရေးမလုပ်ရင် 'အ' တယ်သားရဲ့ ...။

သားတို့ အမေ မသေချင်သေးဘူး
သေမယ်ဆိုလျှင်တောင်
အသက်အောင့်ထားမယ်
အမေ ဒီလူသတ်စစ်အာဏာရူးတွေ ပြုတ်ကျတာကို မြင်ချင်သေးတယ်။

အမေတို့ ရဟန်းရှင်လူပြည်သူတွေကို သတ်ဖို့ လက်နက်တွေ တရုတ်က ပေးနေတယ် ဒါကြောင့်မို့ တရုတ်ပြည်ကို အမေတို့ ဗမာပြည်သူပြည်သားအားလုံး ဆန့်ကျင်ရမယ် မုန်းတီးရမယ် ဒီစကား ဆွေစဉ်မျိုးဆက် သားတို့ လက်ဆင့်ကမ်းပြီး ပြောသွားရမယ် ။
အမေတို့ မန္တလေးက ဆွေမျိုးတွေနဲ့ ရဲဘော်မိတ်ဆွေတွေကို အမေမှာထားတယ် ငတ်သေသွားပါစေ ဒီနယ်ချဲ့တရုတ်တွေကိုတော့ အိမ်တွေခြံတွေမရောင်းကြပါနဲ့…..။

အမေကြိုက်တဲ့ သီချင်းတစ်ပုဒ်

သမဂ္ဂ အမေ…

(နယ်ချဲ့ဆန့်ကျင်ရေးမှာ စတင်တော်လှန်ခဲ့ရာ နန်းတက္ကသိုလ်ရင်ခွင်ဦးမှာ ကိန်းဝပ်ခဲ့သူအမေ
သူ့ကျွန်မခံလိုဘူးဟေ့ စတင်တော်လှန်ကြစေ
ပုန်ကန်တာသားတို့ တရားလို့အမေ ဟိုစဉ်မှာ လမ်းပြခဲ့တဲ့အမေ/
သွန်သင်ကာ သားကောင်းသမီးကောင်းတွေ ထိုစဉ်ခါ မွေးထုတ်ခဲ့တဲ့အမေ)၂

(ဒေါင်းမိခင် ဂုဏ်ဒြပ် ကျေးဇူးကြီးမားလှပုံတွေ သား/သမီး တို့တတွေ ရင်မှာအောင်းမေ့ ဦးညွှတ်မိတယ်လေ)၂

တိုင်းအကျိုးဆောင်ဖို့လေ အများအကျိုးဆောင်ဖို့လေ အမျိုးကောင်းမောင်တို့ရေ… အမျိုးကောင်းမယ်တို့ရေ အရာရာမှာ စွန့်လွှတ်ဝံ့ကြစေ မြန်ဌာနေ မလွတ်လပ်သေးတော့လေ

(အောင်ဆန်းတို့အမေ ဗဟိန်းတို့အမေ အောင်ကျော်တို့အမေ ချွန်မြကြစေ တွန်ကကြစေ ဇာဏီအိုးဝေ )၂
(မြန်ဌာနေ မလွတ်လပ်သရွေ့တော့ လွတ်လပ်ဖို့လေ တပ်လှန့်လို့နေ မြန်ဌာနေ လွတ်လပ်တဲ့အခါ အမျိုးသားရေးကို ကြိုးပမ်းလို့လေ)၂

အမေ အမေ အစဉ်အလာကြီးမားခဲ့တဲ့အမေ
သမိုင်းတခေတ်မှာလေ အသဲနင့်စရာအဖြစ်ဆိုး တို့ကြုံပြီလေ အာဏာလွှမ်းမိုး လက်နက်အားကိုးလေ ပလ္လင်ခြေမှာလေ သမဂ္ဂမြေ လဲကျမွကြွေ ဇူလိုင်မြေသွေးစွန်းခဲ့ရပေ
အမေ ကျဆုံးသူများဝိညာဉ်တွေ အမေ့အား အစဉ်စောင့်ရှောက်ကာနေ ယုံကြည်အမေ ကမ္ဘာတည်အောင် သေနိုင်ရိုးလားအမေ
သမိုင်းသစ်လာ ရှစ်ဂဏာန်းတွေ အရိုင်းတခေတ်ဟာ ညစ်နွမ်းနေ ဘယ်လိုဖြိုဖျောက်ဖျက်လည်းလေ သမဂ္ဂအမေ မပျောက်ပျက်ခဲ့ပေ ဒီမိုရွှေ အုတ်ချပ်အသစ်တွေ အစားထိုးလို့လေ ကျေးဇူးတရားတွေ အမေ…. အမေ…. ကျေပြွန်အောင် သားတို့ဆပ်ပါရစေ…

(အောင်ဆန်းတို့အမေ ဗဟိန်းတို့အမေ အောင်ကျော်တို့အမေ ချွန်မြကြစေ တွန်ကကြစေ ဇာဏီအိုးဝေ )၂

(မြေသီလာနန်းတက္ကမြေ ခေါင်းလောင်းထိုးချွေ ဒေါင်းလည်းအိုးဝေ ကြိုနေမယ် သမဂ္ဂအမေ အပြုံးနုလဲလေ… ရင့်ကျက်တဲ့အမေ)၂
အမေ… အမေ… အမေဟာ ဘယ်တော့မှမသေ……

၂၅.၉.၁၉၉၀ အင်းစိန်ထောင်အတွင်း တိုက်အားလုံး၏ အနိုင်ရပါတီ အန်အယ်လ်ဒီအား “အာဏာလွှဲပြောင်းရေး” အသေခံတိုက်ပွဲမှ…

သားသမီးအပေါ်မှာ တာဝန်ကျေတဲ့အမေ

သရက်ထောင်တွင်း အကျဉ်းကျခံနေရသော သားအငယ်ဆုံး ကိုညို (ခ) ကိုငြိမ်းချမ်း(ခ)စာရေးဆရာ ညီပုလေးအား ထောင်ဝင်စာသွားတွေ့ရာ အမေမှတ်ပုံတင်မပါ၍ အမေ့လိုနိုင်ငံကျော်ကမ္ဘာသိ စာရေးဆရာ သတင်းစာဆရာလူထုအမေကို ထောင်ဝင်စာတွေ့ခွင့်မပေးခဲ့ပါ အမေ မောမောနဲ့ပြန်လာပြီး အိမ်ရောက်သော်(သားရေ… ကိုညိုက ထောင်(၇)နှစ်တဲ့… )အမေ့ကို အမေ့ သားသမီးများမှ ကိုညိုထောင်သုံးနှစ်ဘဲ ကျတယ်လို့ ပြောထားခဲ့တယ်။

ကျောင်းသားသမဂ္ဂနှင့်အမေ အမေနှင့်ကျောင်းသားသမဂ္ဂ ဘယ်တော့မှခွဲမရခဲ့ပါ။ ဒါကြောင့်အမေ.... သမဂ္ဂအမေ.....


Continue reading ...

April 09, 2008

စီးဆင်းပါစေ ....

Unknown | 3:02 AM | |

ညီလေးရေ ...
ရင်ဘတ်ကြီးတစ်ခုလုံး ဗြန်းဗြန်းကွဲအောင်
ပေးဆပ်လိုက်ကြ ....
ငါတို့ရဲ့မျက်ရည်တွေ သံလွင်မြစ်ထဲကို
စီးဆင်းသွားပါစေ...
နှုတ်ခမ်းတစ်စုံလုံး သွေးချင်းချင်းနီအောင်
ပေးဆပ်လိုက်ကြ ......

ငါတို့ရဲ့သွေးတွေ ဧရာဝတီမြစ်ထဲကို
စီးဆင်းသွားပါစေ....

လည်ချောင်းတစ်ခုလုံး ကွဲအက်သွားအောင်
အော်ဟစ်လိုက်ကြ

ငါတို့ရဲ့ အမှန်တရားတွေ တစ်လောကလုံးကို
စီးဆင်းသွားပါစေ ...

ညီလေးရေ ...
သေချာတဲ့လမ်းမှာ
ဝေဆာတဲ့ ပန်းတွေ
ပွင့်နေပြီ ....


နေနေ(နို့ဖိုးစခန်း)
Continue reading ...

April 02, 2008

အပြစ်မဲ့ငှက်ကလေးများဘဝ

Unknown | 11:08 PM | |

အသိုက်ဟောင်းကိုပြန်ချင်လွန်းလို့
အတောင်ပံများ ဆန့်ကာထားလည်း
အဟန့်အတား ငမိုက်သားကောင်များကြောင့်
အတောင်ပံရုပ်သိမ်း လွမ်းတေးဆိုကြ
အသိုက်ဟောင်းမှာ ဘာဖြစ်နေလည်း
လည်တဆန့်ဆန့် သတင်းနားထောင်
အချိန်တရွေ့ရွေ့ ပြောင်းသွားပေမယ့်
မပြောင်းလဲတဲ့ သတင်းကတော့ ကြားရမြဲပင်
ဒီမှာတင်ဘဲ ငမိုက်သားကောင်များအတွက်
ကြမ္မာဆိုးဝင် ဘုရားသခင်က အပြစ်ပေးတော့မယ်
မကြာခင်မှာ လေပြင်းမုန်တိုင်းတိုက်ရင်
ငါတို့အသိုက်အအုံ သွေးစွန်းတော့မလား
စိုးရိမ်ကြောင့်ကြ
သြော်….
အပြစ်မဲ့ငှက်ကလေးများ ဘ၀…..

ချယ်ရီ (နို့ဖိုး စခန်း)

Continue reading ...

ကန့်ကွက်မဲပေး….. ဒို့သွေးကြွေး

Unknown | 11:26 AM |
♥ ဒို့ရိုသေလေးစားတန်ဖိုးထားတဲ့ သံဃာတော်တွေကို မင်းတို့သတ်ခဲ့တယ်။
♦ မင်းတို့ရဲ့ မိဘတွေဖြစ်တဲ့ ပြည်သူတွေရဲ့ သွေးတွေနဲ့ ခြေဆေးခဲ့တယ်။
♥ မိဘတိုင်းရဲ့ ရင်နင့်သည်းချာဖြစ်တဲ့ ကျောင်းသားတွေကိုလည်း မင်းတို့
သတ်ခဲ့တယ်။
♦ ဒို့ပြည်သူတွေအကုန်လုံး မင်းတို့ကိုဘယ်လောက်ပတ်ပတ်စက်စက် ရွံမုန်း
တယ်ဆိုတာ ကမ္ဘာကသိစေရမယ်။
♥ ကန့်ကွက်မဲသည် တို့ရဲ့လက်နက်ပဲဖြစ်တယ်။
♦ သန်း(၅၀)ကျော် ပြည်သူတွေဟာ ဒို့ရဲ့လူတွေပဲ။
♯ လက်တွဲညီညီ မဲရုံဆီသို့
ကန့်ကွက်မဲပေး….
ပြည်သူ့အရေး..
သွေးကြွေးဆပ်ခွင့် <> ကြုံပြီ ဟေ့ …..


လူထုတရပ်လုံးအတွက် တေးခံ
အကောင်းဆုံးမြေသြဇာ
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub