June 17, 2011

အဖေများနေ့ အမှတ်တရ

Unknown | 7:55 PM | |


အဖေ့အေးရိပ်
တေးရေး... Sang Pi (စံပီး)
တေးဆို... မီးမီးခဲ

♫ ♪ ကြင်နာစွာ ချော့သိပ်ခြင်းတွေ မပြုအားလည်း လိုအင်တွေကို ဖြည့်စွမ်းပေးကာရယ်....
ကြုံလာမဲ့ လူ့လောကြီးထဲ လမ်းမမှားရန် အဖေဟာ တည့်မတ်ပေးတယ်...♫ ♪
ချိုသာတဲ့ စကားလုံးလေးတွေ သီကုံးကာ တစ်ခါတစ်ခါမှာ မပြောဖြစ်ခဲ့ပေမယ့်...
မြင်နေတဲ့ မျက်ဝန်းများထဲက စကားလုံးတွေ ဒီရင်ထဲ ခံစားချက် နားလည်......♫ ♪

♫ ♪ ♫ ဖေဖေ... ကျေးဇူးပဲ အဖေ... ပြောလိုက်ရုံနဲ့ လုံလောက်မယ် မထင်ဘူးလေ.....
ဖေဖေ့ ကျေးဇူးကြောင့်သာ အခုဘဝအရွယ်ထိ ရောက်ခဲ့ပြီလေ... ♫ ♪ (ဖေဖေ... တကယ်ကျေးဇူးတင်လို့ မဆုံးဘူးလေ...) ♫ ♪

ခိုင်မာတဲ့ တောင်တန်းရဲ့အထက်မှာ ပွင့်လန်းတဲ့ ရောင်စုံဝေဆာ ပန်းကလေးများလိုပဲ...
ခိုင်မာတဲ့ ဖေ့ဖေ့ရဲ့ ပွေ့ဖက်မှုအောက်မှာ ရှင်သန်နေထိုင် ကြီးပြင်းခဲ့ပြီ...

ရာသီတွေ ပြောင်းလဲသွားကာ အိုမင်းလည်း အချိန်ရှိတိုင်း ဒီသားသမီးအတွက်ဆိုရင်...
အနွံတာခံ ချစ်ခြင်းနဲ့ အဖေ့ရဲ့အေးရိပ်ဟာ နောင်လာမယ့် နှစ်ပေါင်းများအထိတိုင်..... ♫ ♪ ♫ ♪

အဖေ ကောင်းရာသုဂတိလားပါစေ….
ရောက်ရာဘုံဘ၀ကနေ သာဓုခေါ်သံကြားနိုင်ပါစေ အဖေ….

အဖေများနေ့ (၁၉.၆.၂၀၁၁) တနင်္ဂနွေနေ့ ဘုရားကျောင်းတွင် သီဆိုမည့် ချင်းတောင်းလေးရေ… သီချင်းနဲ့ စာသားလေးတွေကို အပင်ပန်းခံပို့ပေးအတွက် ကျေးဇူးပါ…. ဘုရားသခင်ကောင်းချီးပေးပါစေ….။

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub