May 02, 2010

ကိုယ်ပိုင်မီးရှုးတိုင်၏ အလင်းရောင်

Unknown | 11:31 PM |
ပါရမီရှင် ဉာဏ်ကြီှးရှင်တို့၏ အကြီးမားဆုံး အရည်အသွေးကား မိမိဘ၀ကို မိမိဘာသာ ဦးဆောင်လမ်းပြနိုင်စွမ်းရှိခြင်းဖြစ်သည်။ ဘ၀တလျှောက် တောက်တောက်ပြောင်ပြောင် ဆောင်ရွက်နိုင်ခဲ့ကြသူများကိုကြည့်လျှင် မိမိဘာသာ မိမိဘ၀၏ အရှင်သခင်ဖြစ်ရမည်ဟူသော စိတ်မျိုးရှိပြီး မိမိချမှတ်ထားသော လမ်းကြောင်းအတိုင်း တစ်ကိုယ်တည်းရဲဝံ့စွာ လျှောက်လှမ်းတတ်ကြသူချည်းသာဖြစ်ကြောင်းတွေ့ရှိရလိမ့်မည်။
သိပ္ပံပညာရှင် အိုင်းစတိုင်း၊ ပန်းချီကျော် ပီကာဆိုစသည့် ပါရမီရှင်ကြီးတိုင်းပင် သူများမတွေးရဲသည်ကိုတွေး သူများမလုပ်ရဲသည်ကိုလုပ်ကာ ကြီးကျယ်ကျော်ကြားလာခဲ့ကြခြင်းဖြစ်သည်။ သူတို့မှာ ရည်ရှည်စွဲမြဲသော ဇွဲနပဲရှိသလို သူတပါးလှောင်ပြောင်ကန့်ကွက်မှာကိုမကြောက်သည့်စိတ် တလောကလုံးမှာ ကိုယ့်တယောက်တည်းသာဖြစ်သော်လည်း မတုန်လှုပ်သောစိတ်များရှိကြသည်။
လူတိုင်း အိုင်းစတိုင်းတို့လောက်ကြီးကျယ်နိုင်သော်လည်း မည်သူမဆို မိမိကိုကိုယ် သာမန်မဟုတ်သူ သူတပါးထက် ခေါင်းတလုံးတော့ သာသူ (သို့မဟုတ်) ကိုယ့်မူ၊ ကိုယ့်ဟန် ကိုယ့်ပုံစံဖြစ် ရပ်တည်သူဖြစ် အသိအမှတ်ပြုခံလာရအောင်ကား ကြိုးစားရနိုင်သည်။
စာရေးစရာကြီး ဂျွန်နသန်ဆွစ်ဖ်က " လူတွေကိုယ့်အားနည်းချက်ကိုယ်မသိရကောင်းလားလို့ ကျနော်တို့အပြစ်တင်တတ်ကြတယ် တကယ်လက်တွေ့မှာ ကိုယ့်အရည်အချင်း၊ ကိုယ့်စွမ်းအားကို မသိတဲ့သူတွေက ပိုများတယ်။ လူဆိုတာ မြေကြီးလိုပဲ၊ တချို့မြေကြီးထဲမှာ ရွှေကြောရှိချင်ရှိနေတာ၊ ပိုင်ရှင်က သိတာမဟုတ်ဘူး " ဟူ၍ဆိုခဲ့ဖူးသည်။ မှန်သည် ကိုယ့်အားနည်းချက်ကို ရှာဖွေဖော်ထုတ်ရင်း ကုန်ဆုံးရမည့် အချိန်များကို မိမိစွမ်းအား ရွှေကြောများရှာဖွေဖော်ထုတ်ရာ၌ အသုံးပြုမည်ဆိုလျှင်ပို၍ တန်ဖိုးရှိပေမည်။
ထို့ကြောင့် မည်သူမဆို ကိုယ့်ဘ၀ ကိုယ်လမ်းပြမည်၊ မအောင်မြင်ခင်မှာ သူတပါးပြစ်တင်ဝေဖန်ရှုံ့ချတာတွေကို လျစ်လျူရှုကာ မိမိဦးတည်ချက်ပန်းတိုင်ရောက်အောင် ကိုယ့်ဘာသာ ရဲရဲဝံ့ဝံ့လျှောက်မည်ဆိုက တချိန်သောကာလ၌ မိမိရည်မှန်းချက်ပန်းတိုင်သို့မုချရောက်မည်ဖြစ်သကဲ့သို့ ပန်းတိုင်သို့ ချီတက်နေစဉ်ကာလတလျှောက်လည်း စိတ်ချမ်းသာပျော်ရွှင်မှုကို ခံစားသွားနိုင်မည်ဖြစ်ပေသည်။

ကိုးကား။ ။ ( Ari Kiev ၏ A Strategy for Daily Living)

6 comments:

kiki said...

ကိုယ့်အားကိုယ်ကိုး စီးပွားတိုး တဲ့ .. ရှေးလူကြီးတွေ ပြောခဲ့တာ ..
ခုတော့ သူများ အားကိုး ပြီး ကြီးပွားနေသူတွေ တပုံကြီး နော် ။
( မသိသူကျော်သွား သိသူဖေါ်စား ခေတ်ကြီးမှာ ကိုယ်ပိုင် အလင်းရောင် နဲ့ တောက်ပြောင်အောင် မနည်းကြိုးစား မှ ရတော့ မယ် )

Anonymous said...

ဖတ်ရတာ အားအင်တမျိုးတိုးလို့ ကိုယ့်ဒူးကိုယ်ချွန်
နေရချိန်နဲ့ တိုက်ဆိုင်နေတော့လေ...Great...
ညီမလဲ ကိုယ်ပိုင်အလင်းရောင်လေး သမိုင်းဝင်
ကျန်နေခဲ့ချင်လို့ အစွမ်းကုန်တော့ကြိုးစားနေပါတယ်။
....ခင်မင်လေးစားလျှက်....ခင်မာလာအောင်...:)

ကာရံဆူး said...

လူကြမ်းကြီး ပျောက်ချက်...ခုမှပေါ်လာတော့တယ်...ကိုယ့်အားကိုယ်ကိုး ကိုယ့်ဒူးကိုယ်ချွန်ရင်း ဘ၀ကို ကျားကုတ်ကျားခဲ ကြိုးပမ်းနေတဲ့ သူတွေ တစ်ခါ တစ်ခါ အလင်းရောင်လေးတောင် မှိန်ချင်ချင်ဖြစ်သွားတတ်တယ်နော်...

ပြည့်စုံလေး said...

ကိုယ့်အားနည်းချက်ကို လိုက်ရှာနေမယ့်အစား ကိုယ်တတ်နိုင်တဲ့ စွမ်းပကားတွေကို ဖော်ထုတ်ဖို့ ကြိုးစားရမယ်.. ကောင်းလိုက်တဲ့ စာသားလေး အကိုပြည့်စုံ..
ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင် မျှော်လင့်ချက်ကိုတော့ ရောက်အောင် ကြိုးစားနေတုန်းပါပဲ အကိုပြည့်စုံကြီးရေ
အဆင်ပြေပျော်ရွှင်ပါစေ..
သတိတရရှိလျက်

လသာည said...

ဟုတ်တယ် ကိုယ့်အားနည်းချက်၊ အားသာချက်ကို ကိုယ်တိုင်သိမှ ကိုယ့်ဘာသာ တိုးတက်အောင် ကြိုးစားလို့ ရမှာပေါ့နော်.. စိတ်ခွန်အားရစေတဲ့ ပိုစ်လေးပါပဲ..။ ကျေးဇူး..။

ဒါနဲ့.. သူငယ်ချင်း lists ထဲမှာ ရှိတယ်ရော်။ ဘယ်မှာမှ ဖြုတ်မပြစ်ဘူးရယ်..။ သေချာရှာလေကွားD

မြစ်ကျိုးအင်း said...

ရည်မှန်းချက်ပန်းတိုင် မရှိတဲ့သူက လမ်းပြမြေပုံ မရှိဘဲ ပင်လယ်ခရီးသွားသလို လို့ ပြောကြတယ်။
ဟုတ်တော့လည်း ဟုတ်တာပါပဲ။
အနည်းဆုံးတော့ တာတို ရည်မှန်းချက်လောက် တော့ရှိရမှာပဲ။

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub