September 23, 2009

ကျနော့်ကို အမြင်ကတ်ကြသောအကြောင်းအရင်း

Unknown | 6:01 AM |
ညီမငယ်ဝက်ဝံလေးရယ် ညီငယ် အဆိပ်ခွက်ရယ်က ကျနော့်ကို ရေးပေးဖို့ တက်ဂ်ထားတာကြာပါပြီ ကျနော်လည်း အခုတလော မအားဖြစ်တာနဲ့ လေနေတာနဲ့ အလုပ်အချိန်ကလည်း ပြောင်းလိုက်တော့ ဘယ်မှမရောက် ဘာမှ မရေးဖြစ်ဘူးဖြစ်နေတာ အခုတော့ စဉ်းစားမိသလောက် နောက်ကြောင်းပြန်လိုက်ပါတယ်…
တကယ်တော့ လူတစ်ယောက်အဖို့ သူ့အကြောင်းသူပြန်ပြောရတဲ့ ကိစ္စဟာ အလွယ်ကူဆုံးနဲ့ အခက်ဆုံးပါပဲ။ စဉ်းစားမိသလောက် ပြောရမယ်ဆိုရင် ကျနော်တို့မှာ မိသားစုငါးယောက်ရှိပါတယ် ဖေဖေက ၀န်ထမ်းတစ်ဦးပါ မေမေကတော့ အိမ်မှာ ကုန်စုံဆိုင်လေးဖွင့်ထားတယ်။ အစ်ကိုကြီးရယ် ညီမလေးရယ် ကျနော်ရယ် ကျနော်တို့တော့ကတော့ ကျောင်းတက်တယ် ချောင်လည်တယ်လို့တော့မဟုတ်ပါဘူး စားနိုင်သောက်နိုင်ပေါ့ဗျာ။ ကျနော်ပြောမယ့်အကြောင်းကို အားလုံးမဟုတ်တောင် တချို့ခံစားဖူးကြမှာပါ။ နယ်မြို့ရပ်ကွက် ကျေးရွာတိုင်းမှာလိုလို အမြဲတမ်း မဖြစ်မနေ ပေးဆောင်နေရတဲ့ အစိုးရကောက်ခံငွေပေါ့ဗျာ ပေါ်တာကြေး၊ သံလမ်းကင်းကြေး၊ လမ်းတံတားစီမံကိန်းလုပ်အားပေးအတွက်ဆိုပြီး နှစ်စဉ်နှစ်တိုင်း အမြဲမပြတ်ကောက်ခံကြပါတယ် ခေါင်းစဉ်အမျိုးမျိုးပေါ့ဗျာ။ ကျနော်တို့ဆီမှာ အမြဲတမ်းပေးဆောင်ရပါတယ် တနေ့မှာ မေမေရယ် ကျနော်ရယ် အိမ်မှာရှိနေတယ် ဖေဖေမရှိဘူး ရက်ကွက်က လာတောင်းတယ် ဇောင်းတူရေအားလျှပ်စစ်စီမံကိန်းအတွက် လုပ်အားပေးတဲ့ လုပ်မယ်ဆိုရင် မပေးရဘူးတဲ့ မလုပ်ဘူးဆိုရင် ပေးဆောင်ရမယ်တဲ့ အဲဒါ မေမေက ဘယ်လောက်ပေးရမလည်းပေါ့ အမြဲတမ်းပေးဆောင်နေကြဆိုတာ ကျနော်မသိဘူး မေမေ့ကိုမေးကြည့်တော့ အရင်ကလည်း ခဏခဏပေးနေကြပဲတဲ့။ အခုဘယ်လောက်လည်းဆိုတော့ ၁၅၀၀ လားဘယ်လောက်လည်း မသိဘူး အတိအကျတော့မမှတ်မိဘူး ကျနော်လည်း တင်းသွားရော လိုက်လုပ်ပေးရင်မပေးရဘူးတဲ့ ကိုယ့်ထမင်းထုတ်နဲ့ကိုယ်လာခဲ့ပါတဲ့ လုပ်မယ်ဆိုရင်တဲ့။ ကျနော်လည်း ပြောချလိုက်တယ် အဲဒီလူကြီးကို ကျနော်တို့မိသားစုမှာ လိုက်လုပ်နိုင်တဲ့သူလည်းမရှိဘူး ပေးလည်းမပေးနိုင်ဘူးလို့ပြောလိုက်တယ် ဟာ အဲလိုတော့ မရဘူးလေတဲ့ ဒါဆိုဘယ်လိုလုပ်ရမလည်းလို့မေးတော့ ရပ်ကွက်ကောင်စီရုံးမှာလာရှင်းပါတဲ့ အိုကေ ရုံးမှာလိုက်ရှင်းမယ်လို့ပြောလိုက်တယ် ဖေဖေပြန်လာရင်လာခဲ့မယ်လို့ ပြောလိုက်တယ် မေမေက သားက ဘာတွေလျှောက်ပြောနေတာလည်းတဲ့ ပေးလိုက်အေးတာပဲဟာတဲ့ ဟာမေမေကလည်း အဲလိုငြိမ်နေရင် မေမေခဏခဏပေးနေရမှာပေါ့ ရတဲ့ဝင်ငွေနဲ့ သူတို့ပေးရတာနဲ့ မတရားကောက်ခံငွေကိုတော့ အလဟသမပေးနိုင်ဘူးလို့ အဲဒါတောင်မေမေက ပေးမယ်လုပ်နေတာ ကျနော်က မေမေ မပေးနဲ့ ရုံးမှာသွားရှင်းမယ်ဆိုပြီး အဲဒီလူကြီးကို ထပ်ပြောလိုက်တယ် သူလည်း ပြန်သွားတယ် နောက်နေ့ ကျနော်ရယ်ဖေဖေရယ် ရပ်ကွက်ရုံးသွားတယ် ဟိုရောက်တော့ ရပ်ကွက်ဥက္ကဌ ဆယ်တန်းတောင်မအောင်တဲ့သူတွေ အတွင်းရေးမှုးလည်း အတူတူပဲ အဲဒီမှာ ကျနော်ရယ်ဖေဖေရယ် ဖေဖေ့ကိုကျနော်က အိမ်မှာကတည်းက တိုင်ပင်ပြီးသား။ ကျနော်ကပြောလိုက်တယ် လုပ်အားပေးကောက်ခံငွေကိစ္စလာပြောတာဆိုပြီး စပြောလိုက်တယ် ကျနော့်ဖေဖေက အခုလက်ရှိ ရုံးဝန်ထမ်းပါ ကျနော်တို့တွေက ကျောင်းသားတွေ မေမေက မှီခို ဖေဖေရတဲ့လခနဲ့ အခုလို အခွန်ငွေတွေ ခဏခဏဆို ကျနော်တို့မိသားစုနဲ့ လုံးဝ မလောက်ငဘူး ဒါကြောင့်မပေးနိုင်ဘူးလာပြောတာပါလို့ အဲဒါလူကြီးက ကလေးပြောရမှာမဟုတ်ဘူး မင်းအဖေပြောရမှာတဲ့ ပြန်ပြောတယ် ကျနော်လည်း ဘယ်ရမလည်း ဖေဖေပြောလည်း ဒါပဲပြောရမှာပဲ အဲဒါကြောင့် ဖေဖေ့ကိုယ်စားပြောတာလို့အဲဒါလာပြောတာ အဲဒါနဲ့ ဖေဖေလည်း အဲဒါကိုပဲ ပြောပြလိုက်တယ် ။ ကျနော်လည်း ဦးတို့ ဘာအချက်အလက်လိုချင်လည်း ကျနော်တို့ ပေးမယ်လို့ ခွင့်ပြုပါအုံးဆိုပြီး ဖေဖေ့ကိုခေါ်ပြန်ခဲ့တာ။ နောက်နေ့ ဖေဖေ့ကို ရုံးက ဌာနမှုးဆီက လစာဝင်ငွေရယ် အချက်အလက်တွေနဲ့ စာကို တောင်းခိုင်းလိုက်ပြီး သွားပေးလိုက်တယ်…အဲဒါနဲ့ နောက်ဆိုဘာ အခွန်ငွေမှ လာမတောင်းတော့ဘူး။ အဲဒီလိုနဲ့ကျနော်လည်းအမှုမဲ့အမှတ်မဲ့ပေါ့နေနေလိုက်တာ တော်တော်ကြာကြာပေါ့ နောက်တော့ သူများတွေ မှတ်ပုံတင်လုပ်ကြတော့ ကျနော်လည်း မလုပ်ရသေးတော့ လုပ်မယ်ပေါ့ ရုံးသွားတော့ သန်းခေါင်စာရင်းလိုတယ်တဲ့ ရပ်ကွက်ထောက်ခံစာလိုတယ်တဲ့ ကျနော်လည်း အိမ်မှာ နောက်နေ့တောင်းတာပေါ့ မေမေ့ဆီမှာ သန်းခေါင်စရင်းဆိုတော့ မေမေ့ဆီမှာ အဟောင်းပဲရှိတယ် ပြဲနေပြီ အဲဒါနဲ့ ပြတော့မှတ်ပုံတင်ရုံးက မရဘူးတဲ့ ရပ်ကွက်မှာတောင်းလာခဲ့ပါတဲ့ ရပ်ကွက်ရုံးမှာရှိတယ်တဲ့ ဆိုတော့ ကျနော်လည်း ရပ်ကွက်ရုံးသွားတောင်းတော့ မရှိဘူးတဲ့ သူတို့လည်း ရှာကြည့်တာ သူများတွေအကုန်ရှိတယ် ကျနော်တို့မိသားစု သန်းခေါင်စာရင်းမရှိဘူး သူတို့ကပြောသေးတယ် မင်းတို့က ဒီရပ်ကွက်ဝင်တွေမဟုတ်ဘူးဖြစ်နေတယ်တဲ့ ကျနော်လည်း လေသွားတယ် ကျနော်လည်း ဒီမှာ မွေးတာ ဦးယောက္ခမကိုယ်တိုင် (သူ့ယောက္ခမက ၀င်းဆွဲ အရပ်လက်သည်) ကျနော့်ကိုမွေးထုတ်ထားတာဘာကြောင့် မဟုတ်ရတာလည်း အေးဦးလည်း အဲဒါမသိဘူး ဒီရပ်ကွက်မှာ မင်းတို့စာရင်းမရှိတဲ့အတွက် ထောက်ခံစာလုပ်ပေးလို့မရဘူးတဲ့ ဒီရပ်ကွက်စာရင်းမရှိတဲ့အတွက်တဲ့ အဲဒါနဲ့ ဖေဖေတို့မိသားစု အဖိုးတို့နေတဲ့ ရပ်ကွက်က ထောက်ခံစာပြန်ယူမွေးစာရင်းအဟောင်းယူပြီးမှတ်ပုံတင် ရုံးသွားတော့ အခုလက်ရှိနေတဲ့ရပ်ကွက် ထောက်ခံစာလိုတယ်ဆိုတော့ ပြောပြလိုက်တယ် အဲလိုနဲ့ မှတ်ပုံတင်ရုံးက ထောက်ခံစာနဲ့ ပြန်လုပ်ရတယ် သန်းခေါင်စာရင်းအသစ်ကို …. တော်တော် တတ်လည်းတတ်နိုင်ကြတဲ့ ရပ်ကွက်လူကြီးတွေ…
ကဲ ညီမငယ် ၀က်ဝံလေး(အခုသူ့ဆိုဒ်ဖွင့်တာမရဘူး ပိတ်ထားလားမသိဘူး) နဲ့ ညီငယ် အဆိပ်ခွက်ရေ မှတ်မိသလောက်တော့ ရေးလိုက်တာပဲ အမြင်ကတ်လား မကတ်လားတော့မသိဘူး မြင်တဲ့အတိုင်းပါပဲ ။

ချစ်ခင်စွာဖြင့်
ပြည့်စုံ

25 comments:

maylay said...

မှန်တာလုပ်တော့ အမြင်ကတ်ခံရတယ်။ ထုံးစံပဲ။
အဲဒီစိတ်ကလေး ခုထိရှိသေးလား။ ကိုယ်တခါလုပ်ခဲ့တုန်းက မေမေတို့ကိုပါ ရပ်ကွက်စာရင်းက ဖျောက်ခံရတယ်နော်။ ကိုယ်တဦးထဲကိုပဲ ဖြစ်မယ်ဆိုရင်တော့ မှန်မယ်ထင်တာကို လုပ်ပါ။ အားပေးတယ်။ (မြန်မာပြည်မှာ ဖြစ်နေတာကတော့ ဒီတိုင်း ဖြစ်ခဲ့ ဖြစ်ဆဲ ဖြစ်လတ္တံ့ ပါပဲ။ ဖြစ်နေဦးမယ်။ မေလေးကိုယ်တိုင်လည်း ဒိတိုင်းကြုံခဲ့ရတယ်။ သူတို့လက်ထဲကရေ သူတို့ သွန်နေ လောင်းနေ မှောက်နေသမျှမှာ မြန်မာပြည်.........) ကျန်းမာပျော်ရွှင်ပါစေ

အဆိပ်ခွက် said...

ဟဟ တိုကြီးရေ.. ရပ်ကွက်မှာမွေးတာမဟုတ်ဘူး.. အဟီးဆေးရုံမှာမွေးတာလို့ပြောထည့်လိုက်..ရှုပ်တယ်.. အဟီ.. စတာ...

ခုလို ရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

yangonthar said...

လူတွေများ ယုတ်မာတယ်နော် .... ဒါ့ကြောင့် ရပ်ကွက်လူဂျီး ဖြစ်နေတယ်ထင်ပါရဲ့  ..... မဟုတ်မခံစိတ်ဓါတ်ကလေး ကိုလေးစားပါတယ် ကိုပြည့်စုံ

Angel Shaper said...

လူကြမ်းမင်းသားကြီးရေ....
နာမည်နဲ့ လိုက်တယ်။
လူကြမ်းကြီးက တကယ်ပွဲကြမ်းလိုက်တာ မိဘတွေတောင် ရပ်ကွက်မဲ့ဖြစ်သွားရသတဲ့လား။
ဟိဟိ မဟုတ်မခံ စိတ်ဓာတ်လေးကို လေးစားသွားပါတယ်။ မှန်တယ်ထင်ရင် လုပ်သာလုပ်၊ အခြေအနေ၊ အချိန်အခါလေးတော့ ကြည့်ပေါ့ကွယ်။
အလဲ့ လူကြီးလေသံနဲ့။ ဟိဟိ

မဆုမွန် said...

ဒါကြောင့် ကိုပြည့်စုံလေးကို ပိုအမြင်ကတ်သွားပါတယ် အဲ့မှားလို့ .

တယ်ရဲသကိုး အဆွေတော်..:P

ဝက်ဝံလေး said...

အယ် သတိရတာ တခုပြောပြမယ်သိလား ညီမတို့ ဒီကိုမလာခင်က ရွေးကောက်ပွဲ ကျင်းပဖို့ လုပ်နေတယ် ဒါနဲ့ မဲထည့်ရမယ်တဲ့ ညီမတို့က နိုင်ငံခြားသွားမယ်ပြောတော့ ဒါဆိုရင် ကြိုတင်မဲထည့်တဲ့ သိလား ဒါနဲ့ သွားထည့်ရတာပေါ့လို့ ရပ်ကွက်လူကြီးရှေ့မှာ အမှန်ခြစ် ခြစ် ပေးခဲ့လိုက်တယ် သိလား မကျေနပ်ပေမယ့် ကိုပြည့်စုံလို စိတ်မျိုးနဲ့ အမှားခြစ် ခြစ်ပေးကြည့်ပါလား လေယာဉ်ကွင်းမှာ ပြသနာရှာခံရမှာ ဒါကြောင့်ပြောတာ ကိုပြည့်စုံရေ တခါတလေမှာ မဟုတ်မှန်းသိပေမယ့် ငြိမ်ခံနေရတာတွေ အများကြီး ဟင်းးးးးးးးးးးးးး

မပြောချင်တော့ဘူးနော် ပြောလဲ အာပေါက်ရုံအပြင် ဘာမှ မထူးဘူး ကျေးဇူးနော် တဂ်ပို့စ်လေး ရေးပေးလို့ ဘိုင် တာ့တာ

လင်းကြယ်ဖြူ said...

အရာရာ အဆင်ပြေပါစေ
အဆင်လည်းပြေသွားမှာပါခင်ဗျာ..
ပျော်ပါစေ

ကိုချစ်ဖေ said...

ညီလေး ညီလေးကိုအမြင်ကပ်တာက လူနည်းစုလေးပါ
လူများစုကြီးက လက်ခုပ်တီးမှာပါ
ဗြောင်ထောက်ခံရဲတဲ့သူတွေကလည်း ဗြောင်ထောက်ခံ
မှာ တိုးတိုးတိတ်တိတ်ပဲအားပေးရဲတဲ့သူတွေကလည်း
တိုးတိုးတိတ်တိတ်ထောက်ခံမှာပါပဲ(၀က်ဝံလေးလိုပေါ့) ကျိန်းသေတာက
တော့ အဲ့လိုမှန်တာလုပ်လို့ ညစ်ပတ်ခံရတာကတော့နေ
ရာတိုင်းမှာဖြစ်နေတာပါ အဲ့ဒီလူတွေကို ကာကွယ်ပေးနေ
တာက လည်းဘယ်သူတွေဆိုတာသိကြတဲ့အတိုင်း ဒီ
တော့ အဲ့လိုဆန့်ကျင်တဲ့သူတွေကို နှိပ်ကွပ်တော့တာပေါ့
ကိုယ်တို့နိုင်ငံမှာ အဲ့လို ညီလေးလိုလူတွေများလာပါစေ
လို့ပဲ ဆုတောင်းပါတယ် များများလာတဲ့ တနေ့မှာတော့
အားလုံးပြောင်းလဲလာရတော့မှာပါပဲ ခုလဲရရင်ရသလို ဆန့်ကျင်နေကြတာပါပဲ ကိုယ်တို့တွေကအထီးကျန်မဟုတ် ပါဘူး တနေ့အဲ့လိုမတရားမှုတွေဟာအမြဲကျဆုံးနေကြပါ.

အိပ်မက်ခြေရာ said...

မဟုတ်မခံစိတ်ကိုတော့ လေးစားတယ်ဗျို့ အဟဲ ဒီလိုပဲဗျ
သူတို့လက်ထဲမှာပဲရှိတာဆိုတော့ မှတ်ပုံတင်တစ်ခုလုပ်ဖို့မလွယ်း)) ရပ်ကွက်၊ ကျေးရွာ ဒီလိုပဲ ဟိုကြေး ဒီကြေး နဲ့ကောက်ခံတာတော့ ထုံးစံစဉ်လာလို ဖြစ်နေပြီး))
သို့ပေသော်လည်း သို့ပေသော်လည်းပေါ့လေ …း)

ဆောင်းယွန်းလ said...

ညီလေးပြည့်စုံရဲ့ မဟုတ်မခံဓိတ်ဓာတ်ကိုလေးစားပါတယ်
ညီလေးရေ...
အစစအရာရာ အဆင်ပြေပါစေ ညီလေး

Anonymous said...

အော် လူတွေရဲ့ စိတ်ဓါတ် ကြောက်ဖို့ကောင်းပါလားနော်။
လေးစားပါတယ် မောင်လေး

ကာရံဆူး said...

ကိုပြည့်စုံရဲ့ လုပ်ရပ်ကို အလင်းထဲက လူတွေကတော့ အမြင်မကတ်တဲ့ အပြင် ပိုလို့ တောင် လေးစားနေမှာပါ...အမှောင်ထဲကို တိုးတိုးဝင်နေတဲ့ လူတွေကသာ အမြင်ကတ်နေကြမှာ...ဒါကလည်း အချိန်အခါ တစ်ခုပေါ့...အခုတော့ အများနည်းတူ ခံပြင်းနေရုံမှအပ အခြားမရှိပါ...ဒီလို မတရားရတဲ့ ပိုက်ဆံတွေဟာ အဆိပ်ဖြစ်မယ်ဆိုရင် သူတို့ တွေဟာ ဘ၀ပေါင်း များစွာ သေဆုံးပြီးနေပါပြီ...စားရဲတဲ့ သူတွေ လားရာကို တစ်နေ့ တော့ မြင်ကြမှာပါ...

rose of sharon said...

ချီးကျုးမိပါတယ်...

လသာည said...

ဟာ.. ဒါ အမြင်ကပ်စရာမှ မဟုတ်တာပဲ..။ ပြောသာပြော. ။ ဒါနဲ့ ဒီကလေးက လူကြီးကိုတောင် “ဖေဖေ ရုံးကဘာယူခဲ့နော်”နဲ့ စီမံနိုင်တယ်နော်။ အာဂကလေးပါပဲ.. ချီးကျူးတယ်:P.။

Lucifer said...

အဆင်ပြေပါစေရှင်

ကိုရင်နော်ခင်လေးငယ် said...

အမြင် ကတ်မကတ်တော့ မသိဘူး.. ဖတ်ရတာတော့ အတော်ကောင်းဟေ့..

ချကွ.. မဟုတ်မခံဆိုတာ ဒါမျိုးကို ပြောတာ..
အဲ့ဒီ စိတ်ဓါတ်ကြိုက်တယ်..း)

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

k2tmaung said...

မဟုတ်မခံစိတ်ကိုတော့ တော်တော်သဘောကျမိတယ်...
သူတို့ လူနည်းစုကသာ အမြင်ကတ်တာပါ...
အမြင်မကတ်တဲ့သူတွေကတော့ ဒုနဲ့ဒေးပါလေ... :)

flowerpoem said...

ကောင်းပါ့ ကိုပြည့်စုံရေ :)

စည်သူ said...

အင်.... ကိုဖြစ်နေသလား အောင့်မေ့တယ်..

အဖြစ်တွေက တူတယ် ကိုပြည့်စုံရေ..

ခင်မင်စွာဖြင့်
စည်သူ။

ဒီဇင်ဘာနှင်း said...

၁၀ တန်းမအောင်ပဲ ရပ်ကွက်လူကြီးလုပ်နေတယ်ဆိုတာကတော့ ထောက်ခံပါတယ်။ အခုတခေါက်ပြန်သွားတော့ နယ်ကအိမ်မှာ သန်းခေါင်စာရင်းမရှိလို့ ဧည့်စာရင်းသွားတိုင်တာ ဥက္ကဌက ဘယ်နှစ်တန်းမှန်းတော့မသိဘူး။ သေချာတာကတော့ ၁၀တန်းလောက်တောင် မအောင်ပါဘူး။စာရေးနေတာမပြီးတော့ဘူး။ အိမ်ရောက်လို့ဖတ်ကြည့်တော့မှ ဘာမှမဟုတ်တဲ့စာလေးကို အသဲအသန်ရေးနေရတာလေ။ ပညာသိပ်တတ်လို့မရဘူးလေ။ အရင် ပုဂံခေတ်ထဲက ပညာတတ်တွေကို သုတ်သင်ခဲ့တာပဲဟာ.......

မိုးအိမ့်ဖြူ said...

ကောင်းလေစွ ကောင်းလေစွ

ခြေလှမ်းသစ် said...

မြန်မာပြည်မှာ ဖြစ်ပျက်နေတာက အိမ်ကြက်ချင်း အိုးမည်းသုတ် ခွပ်ခိုင်းထားတာဗျ ... လူအချင်းချင်းကို မလောက်လေးမလောက်စား အာဏာလေးတွေပေးပြီး တယောက်နဲ့တယောက် မတည့်အောင် သွေးထိုး ပေးထားတာ.. ဒါတွေဟာ အုပ်ချုပ်သူတွေရဲ့  လုပ်ရိုး လုပ်စဉ်ပါ ... ဒါမျိုးတွေကိုလည်း ပညာပေးလိုက်တဲ့အတွက် လေးစားပါတယ်ဗျာ ... တတ်နိုင်တဲ့ဘက်က ဒါမျိုးတွေကို ဆန့်ကျင်သင့်ပါတယ် ..

မိုးခါး said...

အင်း
ကိုပြည့်စုံကို အမြင်ကတ်တဲ့အကြောင်းရေးခိုင်းတာမဟုတ်ဘူးလား
ခုတော့ ရပ်ကွက်ရုံးကိုပဲ အမြင်ကတ်သွားဘီ :P
စာမေးပွဲဆို အဖြေနဲ့ မကိုက်ဘူးနော်
အမှတ်လျှော့မှာဗျ :D

Unknown said...

moncler, links of london, swarovski, doudoune canada goose, canada goose uk, ugg pas cher, pandora charms, louis vuitton, bottes ugg, moncler, swarovski crystal, karen millen, moncler, supra shoes, replica watches, pandora charms, sac louis vuitton pas cher, montre pas cher, moncler, canada goose, ugg,uggs,uggs canada, louis vuitton, canada goose outlet, thomas sabo, louis vuitton, moncler, pandora jewelry, louis vuitton, marc jacobs, ugg,ugg australia,ugg italia, canada goose, pandora jewelry, ugg boots uk, juicy couture outlet, moncler, canada goose outlet, wedding dresses, moncler outlet, moncler, hollister, juicy couture outlet, canada goose, canada goose, coach outlet, toms shoes

Anonymous said...

bape outlet
kd 12
jordan shoes
nike off white
fear of god outlet
supreme hoodie
supreme new york
off white nike
jordan shoes
Travis Scott Jordan

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub