September 06, 2009

ဝက်ဝံလေးရဲ့ တက်ဂ်

Unknown | 2:34 AM |
ဝက်ဝံလေးက မိမိအကြိုက်နှစ်သက်ဆုံး သွားလည်နေကျ ဘလော့ ၅ ခု နှင့် ဘာကြောင့် ထိုဘလော့များအား ကြိုက်နှစ်သက်ရသလဲဆိုပြီး တက်ဂ်ထားတယ်..။ ကျနော်လည်း အခုတလော သူပြောသလိုပဲ ခံစားမှုတွေနဲ့ ထူပူနေတာနဲ့ အသစ်တွေတောင်မတင်ဖြစ်ဘူးဖြစ်နေတာ… သူတက်ဂ်လိုက်တော့မှ အဲဒါတွေပါ ဘယ်ပျောက်သွားလည်းမသိဘူး ခေါင်းကြိမ်းသွားတယ်… ချစ်သူနဲ့ကွေကွင်းနေပါတယ်ဆိုမှ အခုဘယ်သူတွေ စိတ်ဆိုးမလဲဆိုတာကို တွေးပြီးခေါင်းကြိမ်းနေတာ…။ သွားလည်နေကျဘလော့ဘ်တွေကတော့ လင့်ခ်ထားတဲ့အတိုင်း အားလုံးကို ပုံမှန်ရောက်ဖြစ်ပါတယ်… အကြိုက်ဆုံးဆိုတာတွေကတော့ ကျနော်က ခံစားမှုအားလုံးကို ကြိုက်တယ်လေ… ဘလော့ဘ်တစ်ခုချင်းစီမှာ ခံစားမှုတမျိုးစီရှိနေတဲ့အတွက် ကျနော်အားလုံးကိုဖတ်ဖြစ်ပါတယ် မည်သည့် စာမှ မည်သည့် ခံစားချက်ဟုဆိုပြီးတော့ အစွဲအလန်းမထားပါဘူး မည်သည့်စာကိုမဆို ဖတ်ပါတယ် မှတ်သားစရာလေးတွေကို မှတ်သားပါတယ်… ယူသင့်တာလေးတွေယူလိုက်ပါတယ်… အသိပညာလေးတွေပေါ့ဗျာ…။ ကဲ ၀က်ဝံလေးရေ… ၅ ဦးဆိုတော့လည်း ၅ ဦးပေါ့ဗျာ…

(၁) မေဓါဝီ - ကျနော်ဘလော့ဘ်ကို စသိတာ အမ မေဓါဝီကြောင့်ဆိုလည်း မမှားပါဘူး (၂၀၀၆)ခုနှစ်လောက်ကတည်းက သူက ဘလော့ဘ်ဆိုတာကို စိတ်ရှည်စွာနဲ့ ပြောပြခဲ့တယ် ရှင်းပြခဲ့တယ် နောက်ပြီး အကောင့်တခုဖွင့်ပေးခဲ့တယ် အဲလိုနဲ့ အဲဒီအချိန်မှာကတည်းက အမ မေဓါဝီဘလော့ဘ်ကို ပုံမှန်ဖတ်ဖြစ်တယ် မသိတာရှိရင် မေးမြန်းခဲ့တယ် ဘာသာရေး၊ ကျန်းမာရေး ဗဟုသုတ ရသအစုံကို လေ့လာဖတ်ရှုခွင့်ရခဲ့ပါတယ်... ယခုအချိန်ထိဆိုပါတော့…။

(၂) နစ်နေမန်း- အားလုံးလိုလိုသိကြမှာပါ သူကတော့ ယနေ့မြန်မာပြည်အခြေနေ အချိန်နဲ့တပြေးညီ သိခွင့်ရတယ်… အားလုံးလည်း လေ့လာမှတ်သားဖို့လိုမယ်လည်းထင်ပါတယ်… ဘာကြောင့်လည်းဆိုတော့ ကျနော်တို့တွေဟာ မြန်မာပြည်သားတွေဖြစ်နေလို့ပါပဲ… ယနေ့ဖြစ်ပျက်နေတာတွေက ကျနော်တို့အားလုံးနဲ့ ဆိုင်တယ်လို့လည်းထင်တယ်လေ…။

(၃) မမေသစ္စာမောင် - သူ့ဆီမှာ ရသ အစုံရှိတယ်… ကဗျာ၊ ဆောင်းပါး၊ အတွေးအရေး ဗဟုသုတ ဘာသာရေး အစုံကိုစုစည်းထားတဲ့နေရာလေးပေါ့…။ အခုဆိုရင် ဟင်းချက်နည်း မီးဖိုဆောင်လေးတစ်ခုတောင် ထပ်ဖွင့်လိုက်ပြီလေ…။

(၄) ညခင်းရဲ့ လမင်း- သူတို့နှစ်ယောက်စီမှာ ဇာတ်နိပါတ်တွေ ဖြစ်စဉ်လေးတွေ မြန်မာစကားပုံ ဆောင်းပါးလေးတွေ အစရှိတဲ့ ငြိမ်းချမ်း အေးချမ်းရာ နေရာလေးပေါ့…။

(၅) မနောသား - သူ့ကိုလည်းအားလုံးတော်တော်များများသိကြမှာပါ… ကျနော်ကတော့ အမြဲရောက်ဖြစ်ပါတယ် စက်တခုခုဖြစ်တာနဲ့ အမြဲကြည့်တမ်း ဖတ်ပြီး ပြဿနာလေးတွေရဲ့ အဖြေတွေကိုရှာဖြစ်တယ်… နည်းပညာတွေ စုစည်းထားတဲ့ စာအုပ်ကြီးတစ်အုပ်ပေါ့ဗျာ…။

ကဲ ၀က်ဝံလေးရေ…ကျေနပ်တော့နော် ခေါင်းတော့နည်းနည်းကြိမ်းသား….
ကျန်တဲ့သူငယ်ချင်းတွေဆီမှာလည်း နည်းပညာတွေ ဗဟုသုတတွေ ရသတွေ အစုံရှိပါတယ်… သူတို့ကိုလည်း ကြိုက်ပါတယ်… :) :) :) ဒါကြောင့်လည်း လင့်ခ်ထားတာပေါ့…။ (ကြောက်လို့သာပြောရတာ… တကယ်ပါ… ဖြစ်နိုင်ရင် အကုန်လုံးကို ညွှန်းချင်တာဗျ…)

လေးစားစွာဖြင့်
ပြည့်စုံ

26 comments:

ဝက်ဝံလေး said...

ရေးပေးတာ ကျေးဇူးနော် ဟိဟိ ညီမလဲ ခေါင်းကြိမ်းပါတယ် ဒါပေမယ့် သူတို့တွေက နားလည်မှာပါ ဟက်

ဝက်ဝံလေး said...

အသည်းကွဲမနေနဲ့တော့နော် သိလား စိတ်ပြေလက်ပျောက်ဖြစ်အောင် တဂ်ထားတာ ဟိဟိ စိတ်မဆိုးပါနဲ့ ဟဲဟဲ

ဘိုင် တာ့တာ

Angel Shaper said...

ငကြောက်ကြီးရေ...
ကြောက်ရင် သေနတ်ကိုင် ဒါပဲ.. ဟိဟိ

maylay said...

ဘယ်လို သေနတ်မျိုးကိုင်မှာပါလိမ့်နော် ။ မကျိန်းနဲ့ ရတယ်။ ဒူမှ လာမထုဘူး။ အေးဆေးနေ။ ဂါဂါတွေက နားလည်ပြီးသား နော်။ အဲလိုလင့်ခ်တွေဆီ သွားအုံးမှပါ ကျေးဇူး

Anonymous said...

ကိုပြည့်စုံ.. တဂ်လေးလာဖတ်တယ် မဆိုင်ပေမဲ့
အောက်မှာရေးထားတာလေးကြိုက်တယ်
ဟုတ်တာပေါ့ တဦးချင်းတယောက်ချင်းစီမှာ
တာဝန်ရှိကိုရှိနေတယ်လို့ ထင်တယ်လေ
နစ်နေမန်းဆီ အမြဲလိုရောက်ဖြစ်တယ်

နစ်နေမန်း- အားလုံးလိုလိုသိကြမှာပါ သူကတော့ ယနေ့မြန်မာပြည်အခြေနေ အချိန်နဲ့တပြေးညီ သိခွင့်ရတယ်… အားလုံးလည်း လေ့လာမှတ်သားဖို့လိုမယ်လည်းထင်ပါတယ်… ဘာကြောင့်လည်းဆိုတော့ ကျနော်တို့တွေဟာ မြန်မာပြည်သားတွေဖြစ်နေလို့ပါပဲ… ယနေ့ဖြစ်ပျက်နေတာတွေက ကျနော်တို့အားလုံးနဲ့ ဆိုင်တယ်လို့လည်းထင်တယ်လေ…။

chitpalone said...

အင်း အဲ့လင့်တွေကိုသွားဦးမှပဲ တချို့ပဲသိတယ် တချို့မသိဘူးလေ။ အင်း ရေးတတ်တယ်။ နည်းလာယူတာ မဟုတ်ရင်သံခမောဆောင်းရမယ့်ကိန်းမလို့။
ခင်မင်လျှက်
ညီမလေး ပါးလုံး

ညခင်း said...

ကိုပြည့်စုံ လာအော် တာနဲ့ အပြေးအလွား လာဖတ်ပါတယ်။
အဲ ညခင်းရဲ့လမင်းလည်း ပါတယ်...။ ကျေးဇူးပါ။
ဖတ်မှတ်ပြီးပြန်လည်ဖြန့်ဝေရကျိုးနပ်သွားပါပြီ။


ခင်မင်စွာဖြင့်

yangonthar said...

မရောက်ဖူးတဲ့ ဘလော့လေးတွေ သွားလည်ဦး
မယ်ဗျာ ကျနော်လည်း ဒီတက်ဂ်နဲ့  ဖိုထိုးနေတာ
ခုထိ ဘယ်လိုမှ မနေသေးဘူး ဂွပဲ ...... :)
ကျေးဇူးဗျ
ရန်ကုန်သား
အေးမြသာယာပါစေ :D

Anonymous said...

မောင်လေးပြောမှ မေ၇ာက်ဘူးသေးတဲ့ သူတွေဆီ သွားလည်အုံးမယ်နော်။

မြတ်လေးငုံ said...

ပြည့်စုံ အမလာအားပေးသွားတယ်။
အမ သွားလည်စရာ အကောင့်လေးတွေ
တိုးသွားလို့ကျေးဇူးနော်..

ခင်မင်စွာဖြင့်

မြတ်လေးငုံ

သုခုမလေဒီ said...

ရောက်ပါတယ်။ ဘယ်သူတွေ ဘယ်လိုကောင်းလဲ သိရတာပေါ့လေ။ ကျေးဇူးပါ အလည်သွားလို့ ရတာပေါ့။
အဆင်ပြေပျော်ရွှင်ပါစေ။

rose of sharon said...

ပြည့်စုံညွှန်းလို့ သွားလည်လိုက်အုန်းမယ်... နစ်နေမန် တစ်ခုဘဲရောက်ဘူးတာ

Anonymous said...

နာ့ကိုကျတော့ မကြိုက်ဘူးတော်ပီ နောက်မလာတော့ဘူး

ငှက်ငယ်လေး said...

နာ့ကိုကျတော့ မကြိုက်ဘူးတော်ပီ နောက်မလာတော့ဘူးဒါပဲ
စတာပါ
heee...
လာလည်တယ်နော်

Unknown said...

အိမ်နဲ့ ငှက်ငယ်လေးရေ... စိတ်မဆိုးကြပါနဲ့ဗျာ... ကြိုက်ပါတယ်ဗျာ.. ကြိုက်လို့လည်းရင်းနှီးဆုံး ဘလော့ဘ်တွေမှာလင့်ခ်တာပေါ့ဟုတ်ဘူးလား...

ဘုရားဘုရား ခေါင်းတွေမူးလိုက်တာ... နည်းနည်းကြိမ်းနေပါတယ်ဆိုမှ .... ဆွေမျိုးအရင်းကြီးတွေက သစ္စာဖောက်နေပြီ...
ဝက်ဝံလေးရေ... လင်းပါအုံး.... သေနတ်ကိုင်ခိုင်းတဲ့သူက ကိုင်ခိုင်းကုန်ပြီ...

ခေါင်းတွေ မူးလာပြီ... :) :) :) :)

မဆုမွန် said...

အော်အော် မမဆုမွန်ကိုတော့ မကြိုက်ဘူးပေါ့လေ ရပါတယ် ရပါတယ် ဟဟဟဟ စတာနော်

Lucifer said...

မရေးရသေးပေမယ့် သူများရေးတယတော့ လာဖတ်သွားတယ်...

စည်သူ said...

ကဲ...
ကိုပြည့်စုံရေ....

လွမ်းနေတာတွေလည်း အမြန်ဆုံး ပြေပျောက်ပါစေဗျာ..

ဘလော့ဂ်ဖတ်ခြင်းရဲ့ ခံယူချက်လေးကို သဘောကျတယ်..

လွမ်းလွန်းလို့
လွမ်းလျှင်လည်း
လွမ်း.. လွမ်း.. လွမ်း..

လွမ်းလို့လား..
လွမ်းလွန်းလျှင်
လည်လည်လိုက်လေ
လိုက်.. လိုက်.. လိုက်
လူလေးလိုက်...

လသာည said...

ဟုတ်တယ် အဲဒီဘလော့တွေက တော်တော်ကောင်းပါတယ်။ ကိုပြည့်စုံဘလော့လည်း ကောင်းပါတယ်။ ဆက်ရေးပါ။။ အားပေးလျက်

Sein Lyan Tun said...

စာလာဖတ်တယ်

ချစ်ခင်စွာဖြင့်

ဖိုးစိန်

စိမ်း... said...

သွားနေကျ ဘလော့ဂ်တွေလာဖတ်ပါတယ်
ခင်တဲ့
စိမ်း

မဆုမွန် said...

ဘယ်တွေပျောက်နေလဲ ငါ့မောင်

မိုးခါး said...

ညီမတော့် အရှောင် ကောင်းသွားဒယ် .. :P

Anonymous said...

guardian pharmacy perscription little current http://drugstore4.com/fr/product/lisinopril-tabs.html what does cvs pharmacy mean [url=http://drugstore4.com/de/product/ansaid.html]ansaid[/url]
holistic pharmacy vs traditional pharmacy http://drugstore4.com/de/product/atarax.html new zealand pharmacy [url=http://drugstore4.com/product/himalaya-purim-tabs.html]total pain solution pharmacy[/url]
rhodes pharmacy http://drugstore4.com/product/januvia.html pharmacy bulletin board [url=http://drugstore4.com/fr/product/celexa.html]celexa[/url]
brooks pharmacy burlington vermont http://drugstore4.com/de/category/krebs.html portsmouth duty pharmacy [url=http://drugstore4.com/product/depakote.html]nashville pharmacy[/url]

Anonymous said...

discover adventures adventure travel http://kumus.eu/decoration travel aarp [url=http://kumus.eu/decorations/birthday-invitations-and-decorations]birthday invitations and decorations[/url]
cheap travel from germany to prague http://kumus.eu/room/what-are-the-most-common-room-colours dj markotis interplanetary travel [url=http://kumus.eu/kitchen/kitchen-cabinet-designer-salaries]grinnell travel[/url]
phoenix arizona travel trailer sales http://kumus.eu/window/halloween-window-magic aa travel routre [url=http://kumus.eu/moving/moving-truck-rental-in-columbus-ohio]moving truck rental in columbus ohio[/url]
starbucks thermal travel mug http://kumus.eu/home/magic-chef-gas-range-mobile-home outback travel trailer [url=http://kumus.eu/sunrooms/sunrooms-orange-county-ny]travel health insurance cheap international travel insurance[/url]
collingswood travel http://kumus.eu/room/klausner-dining-room-tables travel span class highlighted to span hawaii travel [url=http://kumus.eu/concrete/psi-windsor-concrete]psi windsor concrete[/url]
cheap airline travel to germany http://kumus.eu/moving/boxes-supplies-for-moving searching south africa online travel guide accommodation [url=http://kumus.eu/kitchen/black-flooring-in-kitchen]canadian travel requirement[/url]

Unknown said...

true religion jeans, nike blazer, burberry, lululemon, nike free run uk, timberland, michael kors outlet, mulberry, north face, ugg boots, vanessa bruno, true religion outlet, michael kors, michael kors outlet, hermes, michael kors, michael kors outlet, coach purses, ray ban pas cher, abercrombie and fitch, ralph lauren uk, coach outlet, michael kors, hogan, nike air max, hollister pas cher, sac guess, nike roshe, michael kors, michael kors outlet, tn pas cher, michael kors outlet, coach outlet, hollister, replica handbags, converse pas cher, north face, burberry outlet online, vans pas cher, lacoste pas cher, ugg boots, ray ban uk, oakley pas cher, true religion jeans, nike air max, nike air max, new balance pas cher, air force, true religion jeans, kate spade handbags

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub