May 04, 2009

အဖေကောင်းရာသုဂတိလားပါစေ...

Unknown | 10:23 PM |
အဖေ သားကိုမေးသွားတယ်နော်… သားဖြေသိမ့်မရဘူးအဖေရယ်… ဒီနေ့ဆို အဖေ ဆုံးတာ တစ်လပြည့်ပြီနော်…
သားကိုယ်သား သိနေသလိုပဲအဖေရယ်… စိတ်တွေလေးနေတယ်… ဘာလုပ်လုပ်အဆင်မပြေဘူးဖြစ်နေတယ်… အားလုံးက အလွဲလွဲအချော်တွေချည်းပဲ… သားအိမ်ကို အရမ်းသတိရနေတယ်… ဆက်သွယ်ချင်ပေမယ့် မြန်မာပြည်ရဲ့ ဆက်သွယ်မှု ကွန်ယက်တွေကြောင့် ဘယ်လိုမှ အဆက်အသွယ်မရဘူး… နောက်ညီဝမ်းကွဲတစ်ယောက် ပြောတယ်… အခုဆက်လို့ရပြီတဲ့ အော်တိုတွေဆင်လိုက်ပြီတဲ့ သားဝမ်းသာလိုက်တာ အဲဒီသတင်းကြားတော့လေ… သားဖုန်းဆက်တော့ ဘယ်လိုမှ ခေါ်မရဘူး.. ဖုန်းလိုင်းတွေက ပြတ်တောက်ပြတ်တောက်ဖြစ်နေတာ… အဲဒါနဲ့ ကျနော့်ကိုအရမ်းခင်တဲ့မန္တလေးက အမတစ်ယောက်က မောင်လေးဘာမှ မပူပါနဲ့တဲ့ သူဆက်သွယ်ပေးမယ်တဲ့… သူဆက်သွယ်ပေးခဲ့တယ်… အဲဒါနဲ့ ကျနော်အဆက်အသွယ်ရခဲ့တယ်… ၀မ်းသာစရာပေါ့ဗျာ.. အဒေါ်အိမ်မှာ အော်တိုဖုန်းရှိတယ်တဲ့.. အဲဒီကိုဆက်ပါတဲ့… အဲဒီသတင်းကြားတော့ဝမ်းသာလိုက်တာ… ငါခဏခဏဆက်လို့ရပြီဆိုပြီး အဲဒါနဲ့ မန္တလေးက အမက သူဆက်သွယ်ပေးတယ် ကျနော်ဆက်မယ် ဖုန်းစောင့်နေပါဆိုပြီး အိမ်ကိုလှမ်းဆက်သွယ်ပေးတယ်… ကျနော့်ဘ၀ရဲ့ အမှတ်တရနေ့ပေါ့…. ဧပြီလ ၂၄ရက်နေ့ကပေါ့… အမေ့ကိုခေါ်ပေးပါလို့ကျနော်ပြောတော့ ကျနော့်အစ်ကိုဖြစ်နေတယ်…သူက ညီမင်းနေကောင်းလားတဲ့ အမေရန်ကုန်သွားတယ်ညီမလေးရောပါသွားတယ်... မင်းကိုငါတို့ဆက်သွယ်တာ ဘယ်လိုမှ ဆက်လို့မရဘူး… မင်းအဆင်ပြေလားတဲ့ အေးငါအားလုံးအဆင်ပြေတယ် ငါလည်းဆက်သွယ်တာ ဘယ်လိုမှ ဆက်သွယ်လို့မရဘူး ငါအိမ်ကို အခုတလော အရမ်းသတိရတယ်ကွာလို့ ကျနော်ပြောတော့သူ ၀မ်းနည်းသံကြီးနဲ့ သူပြန်ပြောတယ်… မင်းကိုငါပြောစရာရှိတယ်.. ငါပြောမယ်နော်တဲ့ မင်းဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့… စိတ်ခိုင်ခိုင်ထားနော်တဲ့… အေးပါ ငါဘာမှ မဖြစ်ပါဘူး… မင်းရောနေကောင်းလားဆိုတော့ အေးကောင်းပါတယ်…ငါပြောမယ်နော်တဲ့.. အဖေဆုံးပြီ ဒီလ (၅)ရက်နေ့တနင်္ဂနွေနေ့ မနက်(၄)နာရီက မင်းကိုဖုန်းဆက်တာဆက်လို့မရဘူး အဖေက သူမဆုံးခင်မှာ မင်းကိုပဲမေးနေတယ်… အဲဒါနဲ့မင်းကိုဆက်သွယ်တာဘယ်လိုမှ ဆက်မရဘူး.. မင်းကလည်း မဆက်သွယ်တော့ ဘယ်လိုမှ ဆက်သွယ်မရဘူးဖြစ်နေတာ… မင်းဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့ သေသွားပြီပဲ မင်းလည်း အဖေ့အတွက် ဆုတောင်းပေးပေါ့တဲ့… အစ်ကို ငါနေ့တိုင်းဆုတောင်းတယ် ညတိုင်းဘုရားရှစ်ခိုးတိုင်းပေါ့ ငါအရမ်းဝမ်းနည်းကွာ… ငါဘယ်လိုဖြေသိမ့်ရမလည်းကွာ… မင်းသိတဲ့အတိုင်း ငါတို့ခွဲခွာခဲ့တာ အခုဆို ၅ နှစ်ပြည့်တော့မယ်… အဖေနဲ့ စကားတစ်ခါမှ ကောင်းကောင်းမပြောဖြစ်ခဲ့ဘူး… အခုအဆက်အသွယ်ရတော့ အဖေဆုံးပြီဆိုတော့ ငါဘယ်လိုဖြေသိမ့်ရမလည်းကွာ… အမေဘယ်တော့လောက်ပြန်လာမလည်းဆိုတော့ တစ်ရက်နှစ်ရက်လောက်နေရင်ပြန်လာမယ် အိုကေ အဲဒါဆို နောက်နေ့ငါဖုန်းထပ်လိုက်မယ်.. အမေ့ကိုပြောလိုက်နော်…
ကံကြမ္မာကလည်း ရင်နာချင်းတွေပဲ ပေးခဲ့တယ်… နောက်…ကျနော်ဖုန်းထပ်ဆက်တော့ အမေနဲ့ဆုံတယ်… သားအခုနေကောင်းလားတဲ့ ကျန်းမာရေးဂရုစိုက်နော်တဲ့… သားဘယ်လိုခံစားရမယ်ဆို အမေသိပါတယ် ဒါပေမယ့်သားရယ် ဘယ်တတ်နိုင်မလည်း ဖြစ်သွားကြပြီဘဲ… ဆုတောင်းပေးပေါ့သားဖေဖေကို ကောင်းရာသုဂတိလားပါစေလို့တဲ့…. အခု တလပြည့်အတွက် အမေတို့လုပ်မယ် သားအဲဒီကနေ အမျှဝေပေးပါ ညနေ(၅)နာရီလောက်မှာ ဘုန်းကြီးတရားနာမယ် သားဖုန်းဆက်နော်တဲ့…

အကုသိုလ်က ၀င်လာရင် အပေါင်းအဖော်ပါ ပါလာတတ်တယ်တဲ့ ကျနော့်အတွက်တော့ ဆွေမျိုးတွေပါပါတယ်ဗျာ… နောက်တစ်ရက်ဖုန်းထပ်ဆက်တော့ အမေ မရှိဘူးတဲ့ နင့်အန်တီအိမ်မှာတဲ့.. ဘာဖြစ်လို့လည်း မေးတော့ နင့်အစ်ကို ၀မ်းကွဲဆုံးပြီညကဘဲ.. ကားကားချင်းတိုက်တာတဲ့… ပွဲချင်းပြီးဘဲကြားရတဲ့သတင်းတွေကလည်းတစ်ခုမှ မကောင်းဘူး…. သူဆုံးတာ ၂၉ ရက်နေ့ သူ့ရက်လည်ဆွမ်းကျွေးက အဖေတစ်လပြည့်တဲ့နေ့နဲ့တိုက်ဆိုင်နေတယ်…. ၀မ်းနည်းစရာအဖြစ်အပျက်တွေချည်းပဲ… ၀ဋ်ကြွေးရှိခဲ့ရင် ဒီဘ၀မျှနဲ့ကြေပါစေလို့ဆုတောင်းပါတယ်….

အဖေ…ကောင်းရာသုဂတိလားပါစေအဖေ …. ဘ၀ဆက်တိုင်းဆက်တိုင်း… ကွေကွင်းခြင်းတွေနဲ့ ကင်းဝေပါစေအဖေ…. သားဘုရားရှစ်ခိုးရင်တောင်အခုသားပြောင်းပြီးရှစ်ခိုးနေရပြီအဖေ… အရင်က သားဘုရားရှစ်ခိုးတိုင်း အဖေကျန်းမာပါစေကိုယ်စိတ်နှစ်ပါးအေးချမ်းပါစေ အမေလည်းကျန်းမာပါစေ ကိုယ်စိတ်နှစ်ပါး အေးချမ်းပါစေ… အခုတော့ အဖေကောင်းရာသုဂတိလားပါစေလို့ ပြောင်းပြီးရှစ်ခိုးနေရပြီ…

အစ်ကိုရေ…. ကောင်းရာသုဂတိလားပါစေ… ဘ၀ဆက်တိုင်း ဒီလို အဖြစ်မျိုးနဲ့ကင်းဝေးပါစေ….

မိသားစုနဲ့ အဆက်အသွယ်ရအောင်ကူညီပေးခဲ့ကြသော ကိုကျော်ကျော်( အကောင်းဆုံးမြေသြဇာ)၊မန္တလေးမှအမ (မန္တလာသူ)ရန်ကုန်မှ ညီမ ဒါလေး၊ ညီလေး ချန်တူးဝမ် တို့အား အထူးကျေးဇူးတင်ရှိပါတယ်...။

ပြည့်စုံ

22 comments:

ဝသန်မိုး said...

ထပ်တူထပ်မျှ ကြေကွဲခံစားရပါတယ်။

Anonymous said...

ဒီအိမ်လေးကို လာတုန်းက ခဏလေးဆိုပြီး အချိန်မရလို့ ပြန်တော့မယ်လို့။ ဒီပိုစ့်ခေါင်းစဉ်လေးကို ကြည့်ပြီး ဖတ်ချင်တာနဲ့ ဖွင့်ဖတ်လိုက်တာပါ။ စိတ်မကောင်းဖြစ်ရပါတယ်မောင်လေးရယ်။ မိဘဆိုတဲ့ အရာဟာ ဘယ်လိုမှ တုနှိုင်းလို့မရတဲ့ အရာပါ။ ရေမြေခြားမှာ နေကြရတဲ့ မောင်နှမတွေရဲ့ စိတ်ကို နားလည်ခံစားလို့ရပါတယ်။ မောင်လေးရဲ့ ဖေဖေကို ကောင်းရာသုကတိကို ရောက်ဖို့ ဆုတောင်းပေးပါတယ်။ မိဘရဲ့ ကျေးဇူးကိုလည်း စပ်နိုင်ပါစေလို့ မကြီးဆုတောင်းပေးပါတယ်နော်။

ဘ၀ဆက်တိုင်း မိသားစုနဲ့ ဝေးကွာခြင်းမှ ကင်ဝေးပါစေ။

ခင်တဲ့
မကြီး မေတ္တာရောင်ပြန်

Ree Noe Mann said...

ထပ်တူ ခံစားရပါတယ်ဗျာ။
ကျွန်တော်ဆို ၇နှစ် လောက်ရှိပြီး အဖေ ထားသွားတာ။
ဒါပင်မဲ့ အဖေက ကျွန်တော်တို့အတွက် အမေကို ထားသွားခဲ့တယ်ဗျ။
ဘာပြောပြော အဖေ ကို ကျေးဇူးတင်နေရပါတယ်။

ခင်တဲ့
Ree Noe

WWKM said...

ပို့စ်လေးဖတ်ပြီး ကြက်သိးဖြန်းဖြန်းထသွားအောင် ခံစားလိုက်ရပါတယ် ပြည့်စုံရေ....

အစ်မလည်း ပြည့်စုံနဲ့ ဘ၀တူတယ်လို့ပြောရပါလိမ့်
မယ်... အစ်မ ဂျပန်ရောက်ပြီး ၈ လလောက်မှာ အစ်မရဲ့
ဖေဖေက မထင်မှတ်ပါဘဲ ဆုံးသွားခဲ့တယ်လေ... အစ်မ
အနားမှာ မရှိပေးနိုင်ခဲ့ဘူးပေါ့။
ကိုယ်ချင်စာမိပါတယ်..
ထပ်တူ စိတ်မကောင်ဖြစ်မိပါတယ်...

အဆင်ပြေမယ်ဆိုရင်တော့ မြန်မာပြည်ကို တစ်လအ
နည်းဆုံးတစ်ခေါက်လောက် ဖုန်းဆက်ဖြစ်အောင်တော့
ဆက်သွယ်ဖို့ အကြံပေးပါရစေနော်...
အစ်မဆိုရင် တစ်လတစ်ခါ အမြဲဆက်ဖြစ်တယ်..
တခါတလေ စိတ်လေနေရင် တစ်လ ၂ ခါ ၃ခါ ဆက်ဖြစ်
လိုက်တယ်လေ....အဆက်အသွယ် အရမ်းပြတ်အောင်
မနေနဲ့ပေါ့နော်....

ပြည့်စုံလဲ မေမေရှိနေသေးတာမို့ မိဘ အသက်ရှိနေချိန်မှာတန်ဖိုးထားပြီး သတိရကြောင်းလေး
ပဲဖြစ်ဖြစ်ပြောဆို သတင်းမေးပြီး မိဘကို ဖြေသိမ့်အား
ပေးပြီး အဝေးတနေရာမှနေပြီး မိဘစိတ်ချမ်းသာအောင်
တတ်နိုင်သလောက် ဖြည့်စွမ်းပေးနိုင်ပါစေလို့....

ပြည့်စုံဖေဖေ ကောင်းရာသုဂတိလားပါစေ။

Anonymous said...

ထပ်တူထပ်မျှခံစားရပါတယ်..မိဘဆိုတာမသေခင်လုပ်
ကျွေးသေမှမငိုပါနဲ့ဆိုပေမယ့်..အဝေးရောက်နေကြတဲ့
သားသမီးတွေအဖို့တော့..အရမ်းကိုကြေကွဲစရာကောင်း
ပါတယ်..

Anonymous said...

ဟာ..ဗျာ... အကို့အဖြစ်ကလဲ မြွေပူရာ ကင်းမှောက်တဲ့အဖြစ်လိုပါပဲလားဗျာ... မြင့်မိုလ်တောင်မကကျေးဇူးကြီးတဲ့အဖေကို ဆုံးရှုံးလိုက်ရလို့ ၀မ်းနည်းလို့မှ မပြီးသေးဘူးဗျာ
အကိုဝမ်းကွဲကဆုံးပါးပြန်တော့ ...........အင်း
အကိုရေ အဖြစ်ဆိုးတွေကဝေးပါစေလို့ပဲ ဆုတောင်းပေးပါတယ်ဗျာ

Anonymous said...

ခွဲခွါခြင်းရဲ့နောက်ကွယ်...
သေကွဲဆိုတာရဲ့နောက်ကွယ်...
အစားထိုးမရတဲ့အရာများဆုံးရှုံးခြင်းဆိုတာရဲ့
နောက်ကွယ်မှာခံစားရတဲ့အပူမီးဟာ
နှလုံးသားတစ်ခုလုံးကိုတောင်ကျွမ်းသွား
လောက်ပါတယ်အစ်ကို...ဒါကြောင့်...
မလွဲမသွေတွေ့ ကြုံရမယ့် ဘဝရဲ့နောက်ဆုံး
ခရီးအတွက် အစ်ကို့ ရဲ့
သတိဆိုတဲ့အသိတရားရေစဉ်၊
မေတ္တာတရားရေစဉ်....နဲ့ အတူ
ငြိမ်းချမ်းစွာလက်ခံနိုင်ပါစေ။
အေးချမ်းပါစေ အစ်ကို။

ညခင်း said...

မောင်လေးရေ
စိတ်မကောင်းပါဘူးကွယ်
ဆုတောင်းပေးတာလေးထက်။ မောင်လေးပြုသမျှကုသိုလ် များကို အမျှပေးဝေ ပေးပါ။
အစ်မ ဘိုးဘိုးဆုံးတာလည်း ၃.၅.၂၀၀၉ မှာ တစ်လပြည့်ပါတယ်။ ကောင်းရာမွန်ရာရောက်ဖို့အတွက် ကုသိုလ်ဒါနများပြုလုပ်ပေးပြီး အမျှပေးဝေခဲ့ပါတယ်။ သေပြီးသူအား သာဓုအပြည့်အ၀ ခေါ်ဆို နိုင်ဖို့ ဆွမ်း၊သက္ကင်္န်း၊ကျောင်း၊ဆေး ၄မျိုးတို့ လှူဒါန်းပေးရတယ်လို့ ဆရာတော်တစ်ပါးဟောကြားဖူးပါတယ်။မောင်လေး လှူပေးလိုက်ပါ။

Anonymous said...

အကိုရေ ထပ်တူထပ်မျှ ခံစားရပါတယ်..

ဖြိုးဇာနည် said...

စိတ်ထဲမှာတကယ်ကိုဝမ်းနည်းသွား
မိတယ်ဗျာ့ဘာပဲဖြစ်ဖြစ်ပေါ့အ
ကိုရယ့်လောကကြီးထဲမှာအကိုတစ်
ယောက်လုံးကျန်နေခဲ့သေးတာပဲလေနော့်
ကောင်းမှုကုသိုလ်တွေကိုအကိုအသက်
ရှင်နေသ၍ပြုလုပ်ပေးနိုင်တဲ့အခွင့်အရေး
အကို့မှာပိုင်ဆိုင်နေပါသေးတယ်အကိုရယ့်

မြစ်ကျိုးအင်း said...

တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်ပြည့်စုံရေ..
ကျန်းမာရေးဂရုစိုက်ပါကွာ...ငါတို့လည်း
ဝိုင်းပြီးဆုတောင်းပေးပါတယ်...ပြည့်စုံရဲ့ ဖေဖေ ကောင်း ရာသုဂတိ လားပါစေကကွာ...

နွေးနေခြည် said...

ကိုပြည့်စုံရေ... သိရတာ စိတ်မကောင်းဖြစ်မိပါတယ်။ အဝေးရောက်နေတဲ့ သားသမီတယောက်အနေနဲ့ ဘယ်လောက်ထိ ခံစားရမယ်ဆိုတာ နားလည်မိပါတယ်။
ဆုလည်းတောင်းရင်း အကို့အဖေအတွက် အလှူအတန်းတခုခုလုပ်ပြီး အမျှဝေပါလား။

ဝေလေး said...

ကျန်းမာရေးဂရုစိုက်ပါအစ်ကို.....
အေးချမ်းပါစေ.... :)

Anonymous said...

ထပ်တူထပ်မျှ ခံစားရပါတယ် အကိုရေ... အကို့အဖေ ကောင်းရာ သုဂတိကို လားပါစေလို့ ဆုတောင်းပေးပါတယ်နော်။ ဘာမှလည်း သိပ်စိတ်မကောင်းမဖြစ်နဲ့နော်။ ကို့ကိုယ်ကိုလည်း ကျန်းမာရေး ဂရုစိုက်နော်... အကို့မှာ အမေ ရှိသေးတာပဲလေ။ ဘာမှ စိတ်အားမငယ်ပါနဲ့နော်။ သွားလေသူအတွက် လုပ်ပေးနိုင်တာက ကိုယ်ပြုလေသမျှ ကောင်းမှူကုသိုလ်တွေကို အမျှဝေပေးရင် သူ့အတွက် ကောင်းမွန်တဲ့ ဘုံဘ၀ကို ရောက်နိုင်တာပေါ့...

ခင်မင်စွာဖြင့် မေဒီဇာ

chitpalone said...

ထပ်တူထပ်မျှခံစားရပါတယ်။ ကိုပြည့်စုံရေ။ ကိုပြည့်စုံ စိတ်သက်သာရာရပါစေလို့ သမီးဆုတောင်းပေးပါတယ်။ ကိုပြည့်စုံအမေလည်း အသက်ရှည်ကျန်းမာပါစေ။ ကိုပြည့်စုံအဖေလည်း ကောင်းကင်နိုင်ငံရောက်ပါစေ။ သမီးအဲ့လိုပဲဆုတောင်းပေးတတ်လို့ပါနော်။
ပျော်ရွှင်ပါစေ။

တောင်ပေါ်သား said...

အကိုရေ ခုမှ လာဖတ်တာပါ။ စိတ်မကောင်းဖြစ်မိပါတယ် အကိုအဖေလဲ ကောင်းရာမှာ ရောက်နေမှာပါ။ ကျန်းမာရေးဂရုစိုက်ပါ အကို..


လေးစားလျက်
တောင်ပေါ်သား

khin oo may said...

အန်မတန်စိတ်မကောင်းဖြစ်ပါတယ။် အတူဆုတောင်းပေးပါတယ်။ အဖေကောင်းရာသုဂတိလားပါစေ

khin oo may said...

အစ်ကိုလဲ ကောင်းရာသုဂတိလားပါစေ…

မိုးခါး said...

စိတ်မကောင်းလိုက်တာ ..
ထပ်တူဆုတောင်းပေးပါတယ်
ပြည့်စုံ အဖေရော အကိုရော ကောင်းမွန်ရာ ဘုံဝကို ရောက်ရှိခံစားနိုင်ပါစေ .. ၀ဋ်ကြွေးတွေရှိရင်လည်း ဒီဘ၀မှာတင် ပြီးဆုံးပါစေနော် ..

MANORHARY said...

တစ်လကျော်သွားမှ ဒီပို့စ်လေးကို လာဖတ်မိပြီး
ရင်ထဲမကောင်းပါဘူး.. ကမ္ဘာပေါ်မှာ အဲလိုဝေးနေကြ
တဲ့မိသားစုတွေ ဘယ်လောက်တောင်များလိုက်သလဲ
ထပ်တူထပ်မျှ ဝမ်းနည်းလျက်ပါ
and may your father's soul be rest
in peace !!

အပေအတေပါ။ said...

ကံကြမ္မာကလည်း ရင်နာချင်းတွေပဲ ပေးခဲ့တယ်… .. ကျနော့လို အဖေရူးသွပ်သူနဲ့မှ ဒီပို့စ်နဲ့ လာတိုးတယ်။ ပို့စ်လေးဖတ်ပြီး ခေါင်းတွေချာချာလည်သွားတယ်။ မျက်လုံးတွေဝါးလာတယ်။ ကျနော် အိပ်ေ၇းပျက်တဲ့ညတွေ များလို့လား။ အဖေ့ကို သတိ၇သွားလို့လား။ ကျနော်တို့လို ပြည်ပေ၇ာက်နေသူတွေအတွက်တော့ ကီဝီတစ်ကောင်လိုပါပဲ။ (ကီဝီ = ငှက်၊ သို့သော် သူမပျံနိုင်ဘူး) အဖေ မရှိတော့ပေမယ့် အဖေ သေဆုံးမသွားဘူး.... ဟောဒီ... ၇င်ထဲမှာ... အမြဲရှိနေ၏။ အားပေးစကားပြောဖို့ ကျနော်စကားလုံးရှာမရဘူး။ ခုချိန်မှာ ကျနော်ငိုချင်နေတယ်။ (ထပ်တူထပ်မျှ....) မိတ်ဆွေရဲ့အဖေ ကောင်းရာသုကတိ လားပါစေဆုတောင်းရင်း.... ကျနော်...ဒီည ငိုပါ၇စေ။

Unknown said...

moncler, links of london, swarovski, doudoune canada goose, canada goose uk, ugg pas cher, pandora charms, louis vuitton, bottes ugg, moncler, swarovski crystal, karen millen, moncler, supra shoes, replica watches, pandora charms, sac louis vuitton pas cher, montre pas cher, moncler, canada goose, ugg,uggs,uggs canada, louis vuitton, canada goose outlet, thomas sabo, louis vuitton, moncler, pandora jewelry, louis vuitton, marc jacobs, ugg,ugg australia,ugg italia, canada goose, pandora jewelry, ugg boots uk, juicy couture outlet, moncler, canada goose outlet, wedding dresses, moncler outlet, moncler, hollister, juicy couture outlet, canada goose, canada goose, coach outlet, toms shoes

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub