June 17, 2008

ဒေါ်စု (၆၃) နှစ်မွေးနေ့မှသည်အသက်ရာကျော် ရှည်ပါစေ....

Unknown | 9:56 PM |

` ဒီအရေးအခင်းဟာ တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ အရေးအခင်းဖြစ်နေပါတယ်။ ကျမလည်း ဖေဖေရဲ့ သမီးလုပ်ပြီးတော့ ခေါင်းရှောင်ပြီးတော့ နေလို့မဖြစ်တော့ပါဘူး။ ဒီအရေးအခင်းဟာ တကယ်တော့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီးလို့ခေါ်ရင်လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီလွတ်လပ်ရေးကို တမျိုးသားလုံးလိုချင်တဲ့ ဆန္ဒပြင်းပြလွန်းလို့ဖြစ်ပေါ်လာတဲ့ တိုက်ပွဲကြီးဖြစ်ပါတယ်။ ´
၁၉၈၈ ခုနှစ် သြဂုတ်လ ၂၆ ရက် ရွှေတီဂုံဘုရားအနောက်ဘက်မုဒ်ဦး..။ လူထုအစည်းအဝေးပွဲကြီးမှ သန်း(၄၀)ရှိသော မြန်မာပြည်သူများသို့ တုန်ဟီးသွားစေခဲ့၏။


ဤျနေ့မှစ၍ ဒေါ်စုသည်လူထု၊ လူထုသည် ဒေါ်စု ခွဲမရအောင် သွေးစည်းမိခဲ့ကြ၏။
ထိုမှစ၍ တနေ့ပြီးတနေ့၊ တရက်ပြီးတရက် အချိန်တွေက ရင့်မှည့်၍ လာခဲ့၏။ တကြောင်းပြီးတကြောင်း တစ်မျက်နှာပြီးတစ်မျက်နှာ ရေးထိုးခဲ့သည့် ဒေါ်စု၏ ကိုယ်ရေးသမိုင်းများက ဒုတိယလွတ်မြောက်ရေးတိုက်ပွဲသမိုင်းတွင် ဂုဏ်ရောင်ပြောင်မြောက်စွာဖြင့်…..။
အတိတ်၊ ပစ္စုပ္ပန် ၊အနာဂတ် ကာသလသုံးပါးက ဒေါ်စု၏ လှပသော သမိုင်းကျောက်စာတိုင်များတွင်……

လူထုခေါင်းဆောင်……. ဒေါ်အောင်ဆန်းစုကြည်

ဒီမိုကရေစီခေါင်းဆောင်… ဒေါ်အောင်ဆန်းစုကြည်

နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင်..…. ဒေါ်အောင်ဆန်းစုကြည် …. စသည်… စသည်ဖြင့် မြန်မာ့သမိုင်းက ကဗ္ဗည်းထိုးကြ၏။

ဒေါ်စုသည် … ရိုးသား၏။

ဒေါ်စုသည်… ပွင့်လင်း၏။

ဒေါ်စုသည်… ကိုယ်ကျင့်သီလ သိက္ခာရှိသည်။

ဒေါ်စုသည်……

ဒေါ်စုသည်……။

ဤသို့ဖြင့် … ဒေါ်စု၏ မွေးနေ့အား မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ကြ၏….။

ဒေါ်စု … ကျန်းမာပါစေ…။

ဒေါ်စု …သက်တော်ရှည်ပါစေ….။

ဒေါ်စု …သက်တော်ရှည်ပါစေ….။

ဒေါ်စု …သက်တော်ရှည်ပါစေ….။

ကျနော်တို့သည် ဒေါ်စုအား မွေးနေ့လက်ဆောင်အဖြစ် ဒုတိယလွတ်မြောက်ရေးတိုက်ပွဲတွင် ပါဝင်တိုက်ပွဲဝင်ကြပါစို့……။


ပြည့်စုံ

2 comments:

Nge Naing said...

လူငယ်တွေ အခုလိုနိုင်ငံရေး အသိရှိတာ လေးစားပါတယ်။ မြန်မာပြည်ရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့လက်ထဲမှာ ရှိပါတယ်။

Mintasay said...

ဘလော့လိုနေရာမျိုးတွေမှာတောင် ရဲရဲတွေး ရဲရဲ မပြောကြတဲ့ လူတွေ.....များနေသရွေ့တော့ ဘလော့တွေ ဘယ်လောက်များများ အလကားပါပဲ ကိုပြည့်စုံရေ....အမြဲတမ်း ဒီလို ရဲရဲတောက် ပို့လေးတွေတင်နိုင်ပါစေ...လေးစားလျှက်...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub