July 10, 2008

အခန်းဆက် နေ့ရက်

Unknown | 2:26 AM |


မြေသြဇာ ရဲဘော်များမှ ရောက်လေရာအရပ်တိုင်း နေရာတိုင်း အချိန်တိုင်းမှာ အာဏာရှင်ကို တိုက်ထုတ်နေပါတယ်။ ၀ိုင်းဝန်းကူညီ ပံ့ပိုးပေးကြပါ ရသည့်နည်း ရသည့်လက်နက်ဖြင့် တိုက်ပွဲဝင်သွားမည်ဆိုတာ ကို ယခု ၁၉ ဇူလိုင်ကဗျာဖြင့် အာဇာနည် အပေါင်းအား တိုင်တည်ရင်းဖြင့်…

လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံးမြေသြဇာ
B M 1
Continue reading ...

July 06, 2008

7 July

Unknown | 6:47 AM |

မြန်မာ့သမိုင်းမှာ ကျောင်းသား သမဂ္ဂတွေရဲ့ တိုက်ပွဲတွေဟာ ပညာရေးရည်မှန်းချက်၊ အမျိုးသားရေးလွတ်မြောက်ရေး ဒီမိုကရေစီရည်မှန်းချက် စဖြင့်အမျိုးမျိုးရှိခဲ့ပါသည်။ ၁၉၂၀ သပိတ်၊ ၁၉၃၅-၃၆ သပိတ်၊ ၁၉၃၈ ခုနှစ်တွင်အမျိုးသားလွတ်မြောက်ရေးကိုတောင်းဆိုတဲ့ ပြည်လုံးကျွတ် အထွေထွေသပိတ်ရဲ့ အစိတ်အပိုင်းဖြစ်သည်။

၁၉၆၂ခုနှစ် မတ်လ (၂) ရက် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကောင်စီက မေလ (၉) ရက်နေ့မှာ တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းတဲ့အမိန့်ကို ထုတ်ပြန်လိုက်ပြီး တော်လှန်ရေး ကောင်စီက တက္ကသိုလ်အုပ်ချုပ်ရေး တာဝန်အားလုံးကို ချုပ်ကိုင်လိုက်ပါတယ်။ မေလ (၁၀)ရက်နေ့မှာ ဦးနေ၀င်းက တက္ကသိုလ်ကောင်စီဝင်တွေကို ခေါ်ယူတွေ့ဆုံပြီး တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီလို့ ပြောလိုက်ပါတယ်။ တက္ကသိုလ်အက်ဥပဒေအရ မဲပေးခြင်းစနစ်ကို ဖျက်သိမ်းလိုက်ပြီလိုပ နဲ့ ရွေးချယ်ခန်ထားတဲ့ ပါမောက္ခဦးကာကို ပေါမောက္ခချုပ်အဖြစ် တချက်လွှတ်အမိန့်နဲ့ ခန့်လိုက်တယ်။ အဲဒီအချိန်ကစပြီး တက္ကသိုလ်ကျောင်းသားတွေနဲ့ ဆရာတွေကို ချုပ်ချယ်တဲ့ ဥပဒေစည်းမျဉ်းသစ်ဆိုတာတွေကို တခုပြီး တခုထုတ်ပြန်လာတယ်။ တက္ကသိုလ်ကျောင်းဆောင်တွေကိုည(၈)နာရီမှာ သော့ခတ်ပိတ်မည်ဆိုသည့်အမိန့် ထွက်လာသည့်အခါ ကျောင်းသားတွေနေနဲ့ ကန့်ကွက်ဆန့်ကျင်မှုတွေကို စရတော့သည်။
ဂျူလိုင်လ (၇)ရက်နေ့ (၁)နာရီချိန်မှာ တကသ ဥက္ကဌကိုဗဆွေလေး လက်မှတ်နဲ့ ကျေငြာဖိတ်ခေါ်ထားတဲ့ ကျောင်းသားထု အစည်းဝေးစတယ်။ ပညာရေးတောင်းဆိုချက်၊ ဒီမိုကရေစီရေးတောင်းဆိုချက်တွေ ဆုံးဖြတ်ပြီး တက္ကသိုလ်ဝန်းထဲမှာ လှည့်လည်ဆန္ဒပြကြပါတယ်။ မွန်းလွဲသုံးနာရီကျော်လောက်မှာ ဆန္ဒပြပွဲပြီးလို့ လူစုခွဲကာအေးအေးဆေးဆေးရှိနေပြီးမှ တော်လှန်ရေးကောင်စီတွေက ရဲတပ်ဖွဲဝင်တွေကို စေလွှတ်ပြီးကျောင်းသားတွေကိုဖမ်းရာမှစပြီး တဖက်နဲ့ တဖက်ရင်ဆိုင်တိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။ ကျောင်းသားတွေက အနာခံပြီး သတ္တိရှိရှိ ရင်ဆိုင်တိုက်ကြလို့ ရဲတွေနောက်ဆုတ်ကြရတယ်။ ရဲတွေနေရာမှာ စစ်သားတွေရောက်လာတယ်။ ဒုတိယဗိုလ်မှုးကြီး စိန်လွင်က ဦးဆောင်တယ်။ ၅ နာရီခွဲလောက်မှာ အထက်အမိန်ကိုရရှိတဲ့ စိန်လွင်က ပစ်မိန့်ပေးလို့ စစ်သားတွေနဲ့ လက်တကမ်းလောက်အကွာမှာ ရှိနေတဲ့ ကျောင်းသားထောင်ပေါင်းများစွာကို G 3 သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြလို့ ၁၅၀ ကျော်ကျော်လောက် ကျဆုံးခဲ့ရတယ်။ နောက်နေ့မနက် ၅နာရီခွဲလောက်မှာ တကသ အဆောက်အအုံကို မိုင်းခွဲဖျက်စီးပစ်ကြတယ်။
ဒီအဖြစ်အပျက် သင်္ခန်းစာယူပြီး နောက်နောင် ဒါမျိုးမဖြစ်ပွားအောင် ဘယ်လိုထိန်းသိမ်းကြမလည်းဆိုသည့် ကောက်ချက်မျိုး မရှိသေးပါ။ ဇူလိုင် (၇)ရက်အရေးအခင်းမှ အဖြစ်မှန်တွေကို ပိုမိုပြည့်စုံအောင် ဖော်ထုတ်ဖို့ဆိုတာဟာ ဇူလိုင်(၇)ရက်ကို သိမှီလိုက်သူတွေအနေနဲ့ ကြိုးစားကြမယ့်လမ်းကလွဲလို့ တခြားလမ်းမရှိတောပါဘူး။
Continue reading ...

June 17, 2008

ဒေါ်စု (၆၃) နှစ်မွေးနေ့မှသည်အသက်ရာကျော် ရှည်ပါစေ....

Unknown | 9:56 PM |

` ဒီအရေးအခင်းဟာ တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ အရေးအခင်းဖြစ်နေပါတယ်။ ကျမလည်း ဖေဖေရဲ့ သမီးလုပ်ပြီးတော့ ခေါင်းရှောင်ပြီးတော့ နေလို့မဖြစ်တော့ပါဘူး။ ဒီအရေးအခင်းဟာ တကယ်တော့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီးလို့ခေါ်ရင်လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီလွတ်လပ်ရေးကို တမျိုးသားလုံးလိုချင်တဲ့ ဆန္ဒပြင်းပြလွန်းလို့ဖြစ်ပေါ်လာတဲ့ တိုက်ပွဲကြီးဖြစ်ပါတယ်။ ´
၁၉၈၈ ခုနှစ် သြဂုတ်လ ၂၆ ရက် ရွှေတီဂုံဘုရားအနောက်ဘက်မုဒ်ဦး..။ လူထုအစည်းအဝေးပွဲကြီးမှ သန်း(၄၀)ရှိသော မြန်မာပြည်သူများသို့ တုန်ဟီးသွားစေခဲ့၏။


ဤျနေ့မှစ၍ ဒေါ်စုသည်လူထု၊ လူထုသည် ဒေါ်စု ခွဲမရအောင် သွေးစည်းမိခဲ့ကြ၏။
ထိုမှစ၍ တနေ့ပြီးတနေ့၊ တရက်ပြီးတရက် အချိန်တွေက ရင့်မှည့်၍ လာခဲ့၏။ တကြောင်းပြီးတကြောင်း တစ်မျက်နှာပြီးတစ်မျက်နှာ ရေးထိုးခဲ့သည့် ဒေါ်စု၏ ကိုယ်ရေးသမိုင်းများက ဒုတိယလွတ်မြောက်ရေးတိုက်ပွဲသမိုင်းတွင် ဂုဏ်ရောင်ပြောင်မြောက်စွာဖြင့်…..။
အတိတ်၊ ပစ္စုပ္ပန် ၊အနာဂတ် ကာသလသုံးပါးက ဒေါ်စု၏ လှပသော သမိုင်းကျောက်စာတိုင်များတွင်……

လူထုခေါင်းဆောင်……. ဒေါ်အောင်ဆန်းစုကြည်

ဒီမိုကရေစီခေါင်းဆောင်… ဒေါ်အောင်ဆန်းစုကြည်

နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင်..…. ဒေါ်အောင်ဆန်းစုကြည် …. စသည်… စသည်ဖြင့် မြန်မာ့သမိုင်းက ကဗ္ဗည်းထိုးကြ၏။

ဒေါ်စုသည် … ရိုးသား၏။

ဒေါ်စုသည်… ပွင့်လင်း၏။

ဒေါ်စုသည်… ကိုယ်ကျင့်သီလ သိက္ခာရှိသည်။

ဒေါ်စုသည်……

ဒေါ်စုသည်……။

ဤသို့ဖြင့် … ဒေါ်စု၏ မွေးနေ့အား မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ကြ၏….။

ဒေါ်စု … ကျန်းမာပါစေ…။

ဒေါ်စု …သက်တော်ရှည်ပါစေ….။

ဒေါ်စု …သက်တော်ရှည်ပါစေ….။

ဒေါ်စု …သက်တော်ရှည်ပါစေ….။

ကျနော်တို့သည် ဒေါ်စုအား မွေးနေ့လက်ဆောင်အဖြစ် ဒုတိယလွတ်မြောက်ရေးတိုက်ပွဲတွင် ပါဝင်တိုက်ပွဲဝင်ကြပါစို့……။


ပြည့်စုံ

Continue reading ...

June 16, 2008

ခြင်နဲ့ ဖြုတ်

Unknown | 12:40 AM |
နာဂစ်မုန်တိုင်းနဲ့ပတ်သတ်ပြီးကြေကွဲရပါတယ် ထို့ထပ်ပိုဆိုးတာက လူလူချင်း စာနာထောက်ထားမှုမရှိဘူး။ ရလိုမှုတစ်ခုပဲကြည့်တတ်တဲ့ လက်တဆုပ်စာ အာဏာရှင်စစ်ဘီလူးတွေရဲ့ နိုင်လိုမင်းထက်ပြုမူဆံဆက်မှုတွေကို ကျနော်တို့ပြည်သူတွေခံစားနေရပါတယ်။ ထို့ကြောင့် အခြေအနေလေးတွေတိုက်ဆိုင်လို့ ဆရာမောင်သွေးသစ်ရဲ့ ခြင်နဲ့ဖြုတ် (စံပယ်ဖြူ မဂ္ဂဇင်း အမှတ်(၉) စက်တင်ဘာ၊၂၀၀၂ )တွင်ဖော်ပြခဲ့သော ကဗျာကိုကူးယူတင်ပြလိုက်ပါတယ်။


ခြင် နဲ့ဖြုတ်


မင်းတို့ကို

မသတ်လိုဘူး။

ဒို့ဆီက

ထွက်ပျံကြဖို့၊

အလေးအနက် တောင်းဆိုတယ်။

ခြင်ထောင်မဲ့

ခြုံစောင်မဲ့၊ ဒို့ရဲ့ ခန္ဓာကိုယ်

နေရာမလပ်၊ လှည့်ပတ်ကိုက်ရင်း

မင်းတို့ သွေးစုတ်နေကြတယ်။

မင်းတို့အားလုံး

စုရုံးပျံသွားကြစမ်းပါ။

တကယ်ဆိုရင်

ဗွက်စိုနွံကြား၊ ရွှံ့ပုတ်ကြားက

မွေးဖွားလာတဲ့ မင်းတို့လို။

ဓနိကျူဝါး

တဲကုပ်ကြားမှာ၊ ကြီးထွားနေတဲ့ ငါတို့ပါ။

ဘ၀တူချင်း

အတန်းစားချင်း၊ ရက်စက်ခြင်းနဲ့

မင်းတို့ ဗိုလ်မကျသင့်ဘူး။

မင်းတို့ဟာ

ဒို့ရဲဘော်ဖြစ်သင့်တယ်။


Continue reading ...

June 05, 2008

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub