April 13, 2011

သင်္ကြန်ဆိုသည်မှာ


သင်္ကြန်.. “သင်္ကန္တ” ဟူသော ပါဠိဘာသာနှင့် “ သကြံင်္န္တ” ဟူသောသက္ကဋဘာတို့မှ ဆင်းသက်လာသော ဝေါဟာရဖြစ်ပြီး ကူးပြောင်းခြင်းဟူသော အဓိပ္ပါယ်ဖြစ်ပါသည်။ တစ်စက္ကန့်၊ တစ်မိနစ်မှ တစ်နာရီ၊ တစ်ရက်၊ တစ်လ စသည်အားဖြင့် ပြောင်းလဲရင့်သန်လာခြင်းသည် ကူးပြောင်းခြင်းပင်ဖြစ်သည်။ တစ်ဆယ့်နှစ်လပြည့်သော် တစ်နှစ်ဟောင်းချိန်ဖြစ်လျက် တစ်နှစ်သစ်ရန်တာဆူရပေမည်။
ထိုသို့ တစ်နှစ်အို၍ တစ်နှစ်ပျိုသည့် ကာလကို ကူးပြောင်းကာလ (သို့မဟုတ်) သင်္ကြန်အတာကာလ ဟုခေါ်တွင်သမုတ်ခဲ့ကြပါသည်။ တန်းခူးလသည် သက္ကရာဇ်ဦးခေါင်းပြောင်းတော့မည့်လ ဖြစ်ရာ နှစ်ဟောင်းမှ အညစ်များသည် နှစ်သစ်သို့ပါလာရန် မသင့်ပေ၊ လူတို့အနေအထားအရဆိုသော် နှစ်ဟောင်းမှ စွန်းထင်းပေကျံလာသော ဒုစရိုက်မှု၊ အပြစ်အညစ်အကြေးများသည် အနာတ်ဂတ်နှစ်ဆန်းသို့ လိုက်ပါလာမှုကို လိုလားကြမည်မဟုတ်ပါ။ ထို့ကြောင့် သင်္ကြန်၏ သဘောသရုပ်ကိုဆန်းစစ်ကြည့်လျှင် နှစ်ဟောင်းမှ မလိုလားအပ်သော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဘ၀အခြေအနေ အရပ်ရပ်ကို သံယောဇဉ်ကင်းကင်းနှင့် စွန့်ပယ်၍ နှစ်သစ်တွင် အားမာန်သစ်များကို ဖွင့်လှစ်လိုက်သော အခါသမယပင်ဖြစ်သည်ဆိုရမည်။ နှစ်ဟောင်းမှအညစ်အထေးမှန်သမျှကို သန့်စင်ကြည်လင်သော သင်္ကြန်ရေနှင့် ဆေးကြောပစ်ခြင်းဖြစ်နှစ်သစ်ကာလအတွက် ရွှင်းလန်းတက်ကြွမှု၊ ချမ်းမြေ့သာယာမှုစသော အလုပ်သုံးပါးတွင် ရှေ့နောက်ကြောင်းကျိုးညီညွတ်မှုသဘောကိုဆောင်ယူလေသည်။
ကူးပြောင်းခြင်းသဘောဆောင်သည့်အတာသင်္ကြန်ကို သင်္ကြန်ပန်းဖြစ်သည့် ပိတောက်ပန်းသည် ပြောင်းလည်းခြင်းကို ကိုယ်စားပြုသည့် သင်္ကေတပန်းဖြစ်လာသည်။ ထို့ကြောင့်ကျနော်တို့တွေသည် ၀င်းဝါသော ပိတောက်ရွှေဝါရိပ်မှာပင် တစ်ဦးနှင့်တစ်ဦး ရေပက်ဖြန်းကစားခဲ့ကြသလို ရေ၏သန့်စင်ခြင်း သဘောက နှစ်ဟောင်းမှ အညစ်အထေးများကို ဆေးကြောရာရောက်သည်။ ရေ၏အေးမြခြင်း သဘောက နှစ်သစ်ကို မေတ္တာဖြင့် ကြိုလိုက်သည့်နိမိတ်ဖြစ်သည်။

ဝေးနေရအုံးမယ် သင်္ကြန်ရေ....
လွမ်းတမ်းတနေရုံမှ အပ ဘာမှ မတတ်နိုင်ခဲ့တဲ့နေ့တွေပါ...။

ပြည့်စုံ

9 ယောက်၏ မှတ်ချက်:

မမသီရိ April 8, 2009 10:07 PM  

လွမ်းတယ် သင်္ကြန်ရေ

ပို့စ်လေး ကောင်းတယ် မောင်လေး ရေ့

ဒါ နဲ့ ဘာလို့ မှား

ဘလော့ ကို ၂ ခု ဖွင့်ထားတာလဲ ကွဲ့

လာဖတ် ရတာ မျက်စိ လည် တယ်..း)

ခင်တဲ့
မမသီရိ

မွန် April 8, 2009 10:39 PM  

ပိတောက်ဆိုတာ ပြောင်းလဲခြင်းရဲ့ သင်္ကေတ
သင်္ကြန်ဆိုတာ ကူးပြောင်းကာလတဲ့လား
မကြာခင်မှာ သင်္ကြန်နဲ့ဝေးတဲ့ ပိတောက်ကိုလွမ်းတဲ့ ဘာမှမတတ်နိုင်တဲ့ ကာလတွေ ကူးပြောင်းစေချင်တယ် ပြောင်းလဲစေချင်တယ် ဒီပို့စ်လေးနဲ့အတူ နောက်ဆုံးစာကြောင်းလေးဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်

မေ့သမီး April 9, 2009 9:37 PM  

သင်္ကြန်နဲ့အနည်းဆုံး ၂နှစ်ဝေးနေရမှာကိုတွေးပြီး စိတ်ဆင်းရဲလို့မဆုံးဘူး။

ဆောင်းယွန်းလ April 9, 2009 11:32 PM  

ဝေးနေရအုံးမယ် သင်္ကြန်ရေ....
လွမ်းတမ်းတနေရုံမှ အပ ဘာမှ မတတ်နိုင်ခဲ့တဲ့နေ့တွေပါ...

ဘဝတူတွေပါပဲလေ ကိုယ့်ညီရေ....

အိမ် April 10, 2009 2:24 AM  

အင်း.. ကိုပြည့်စုံရေ ဘ၀တူတွေပါဗျာ.....။
ခံစားသွားပါတယ်... စာလေးတွေ နုတော့ရင်ကို
ထိတယ်ဗျာ..........။

ဝါ၀ါမောင် April 10, 2009 9:48 PM  

ဝေးနေရအုံးမယ် သင်္ကြန်ရေ....
လွမ်းတမ်းတနေရုံမှ အပ ဘာမှ မတတ်နိုင်ခဲ့တဲ့နေ့တွေပါ...။
************

Welcome April 13, 2009 1:22 AM  

မှတ်သားသွားပါတယ် ..

နှစ်သစ်မှာ
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့
ပြည့်စုံပါစေ ............

မသက်ဇင် April 15, 2009 10:04 AM  

သင်္ကြန်ရေလို အေးမြပါစေ--
မြန်မာပြည်သူများ--
သာယာဝပြောပါစေ---
ငြိမ်းချမ်းကြပါစေ--

မဆုမွန် April 18, 2009 1:07 AM  

ငြိမ်းချမ်းတဲ့ မင်္ဂလာနှစ်သစ်ဖြစ်ပါစေရှင်

Related Posts Plugin for WordPress, Blogger...

About me

My Photo
ကျနော်သည် ကျွမ်းကျင်သော စာရေးဆရာ ကဗျာဆရာမဟုတ်ပါ၊ မွန်ကြပ်မှုများမှ အနည်းငယ်ပြေလျော့စေနိုင်သော... အနုပညာဖန်တီးမှု တစ်ခုသက်သက်မျှသာဖြစ်ပါသည်။ တင်ပြပုံတင်ပြနည်း ချို့တဲ့ကောင်းချို့တဲ့ကြပါလိမ့်မည် သို့သော် ကိစ္စမရှိ။ ကိစ္စရှိသည်မှာ.. အကြောင်းအရာပိုင်းဖြစ်သည်။

Blog Archive

Copyright © 2009 ပြည့်စုံ Powered by Ourblogtemplates

Back to TOP