November 29, 2007

လွမ်းရိပ်

Unknown | 10:48 PM | |


နှင်းတွေဝေနေလိုက်တာ ခေတ်နဲ့အပြိုင်ပဲ
ခြင်တွေတောင် တုတ်ကွေးမိကုန်ပြီ။

မွန်းကြပ်မှုတွေများတော့
ရိုးသားမှုတွေတောင် မာယာတွေနဲ့ဖြစ်ကုန်ပြီ။

သတိရတယ်
ပဲခူး-စစ်တောင်းတူးမြောင်းထဲက လှိုင်းတွေလိုပါပဲ။

ချမ်းမြ-၃လမ်းထဲက စည်သူတို့အိမ်သွားတဲ့
လမ်းကြားလေးကော အရင်လိုပဲလား။

စားစရာမရှိ လျော်စရာတော့ရှိရမယ်
လုပ်အားပေး၊ ထောက်ခံပွဲ တွေနဲ့အတူ
အေးချမ်း၊ သာယာ၊ ဖွံ့ဖြိုး စတဲ့နားကလောစရာတွေ
ပြည့်နက်နေတဲ့ အာမထိလျှာမထိမြို့လေးကတော့
မြို့ပြ ၊ ကျေးလက်တွေနဲ့အပြိုင် ရှင်သန်နေလေရဲ့။

ဖိုးခွားတို့ ဖိုးမူတို့ကတော့
ဗမာစစ်သားမြင်ရင် ဘာလုပ်ရမယ်ဆိုတဲ့
အသိသူတို့တွေသိကြတယ်။


ပြည့်စုံ
(၆-၁၁-၂၀၀၇ ၊ အုန်းပြန်ဒုက္ခသည်စခန်း)
Continue reading ...

November 28, 2007

(၂၈-၁၁-၂၀၀၇) မြန်မာသတင်းများ

Unknown | 9:08 AM |


ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်မှပေးအပ်သည့် နိုင်ငံရေးထူးချွန်ဆုရရှိ
ဗြိတိန်ရှိ နိုင်ငံရေးလေ့လာမှုအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အား တသက်တာ နိုင်ငံရေးအထူးဆုချီးမြှင့်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် မြန်မာ့အရေးဆွေးနွေးမည်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ်ပြော
မစ္စတာ ဂန်ဘာရီသည် ယခုနှစ်ကုန်တွင် မြန်မာပြည်သို့ သွားလို ကြောင်း
ဂမ်ဘာရီကို ပြည်ထဲရေးဝန်ကြီး မောင်ဦး ပြင်းပြင်း ထန်ထန်ဝေဖန
မြန်မာစစ်အစိုးရ၏ ဆက်လက် ဖမ်းဆီးနေမှုအပေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ပြစ်တင်ရှုတ်ချ
မဂ္ဂင် ဘုန်းတော်ကြီးကျောင်း အပိတ်ခံရ
သီးလေးသီး အလုပ်ဖြုတ်ခံရ
Amnesty International: Myanmar's junta still arresting activists 2 months after crackdown
Crackdown on Rangoon Monastery Housing HIV Patients
Monks ordered to leave Maggin monastery
Monks refuse funeral blessing for militia leader
Combat training held in monastery compound
Ethnic delegates seeks Indian support for tripartite dialogue
Continue reading ...

November 24, 2007

ဒုက္ခသည်စခန်းမှာ ရိက္ခာတွေဖြတ်တုန်းက

Unknown | 1:23 AM | |
တနေ့ တနေ့
ဒီလမ်းမ၊ ဒီတောင်တန်းတွေကိုဘဲ
ကောင်းကင်နဲ့အပြိုင် ငုံ့ငေးကြည့်နေရတယ်။

ဒုက္ခသည် …..
ပေးတာယူ၊ ကျွေးတာစား၊ ထားရာနေ
ပေါ်တာတော့မရှိဘူး၊ လုပ်အားပေးတော့ရှိတယ်
ထောက်ခံပွဲတွေမရှိပေမယ့် အမိန့်တော့နာခံရတယ်။

ဒုက္ခသည်က နိုင်ငံခြားသွား
နိုင်ငံခြားသားက ဒုက္ခသည်တွေဆီလာတယ်။
အခက်ခဲဆုံးတွေက ပေါများပြီး
အလွယ်ကူဆုံးတွေက ရှားပါးနေတယ်။

“ အ “ သုံးလုံးနောက်လိုက်တော့
မီးဖိုဆောင်မှာ မီးခိုးတိတ်ခဲ့ရတယ်။

မှတ်ချက်။ ။` အ `သုံးလုံးဆိုတာ အိုင်တီ၊ အင်တာနက်၊ အင်္ဂလိပ်စာ၊

ပြည့်စုံ
(၂၄-၁၁-၂၀၀၇ နို့ဖိုးဒုက္ခသည်စခန်း )
Continue reading ...

November 15, 2007

နိုင်ငံရေး အကျဉ်းသား ၆ ဦး အင်းစိန်ထောင်မှ ပြန်လွတ်လာ

Unknown | 7:27 PM |
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ပီညဲရိုး မြန်မာပြည်မှ ပြန်လည် ထွက်ခွာသည့် ယနေ့တွင် အင်းစိန်ထောင်မှ အကျဉ်းသားပေါင်း ၇၅ ဦး ပြန်လည် လွတ်မြောက်လာရာတွင် နိုင်ငံရေး အကျဉ်းသား ၆ ဦး ပါဝင်သည်။

ယနေ့ နေ့လည်ပိုင်းက ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၆ ဦးမှာ ကိုထွန်းလင်းကျော် (မြို့တော်ခန်းမရှေ့ တကိုယ်တော် ဆန္ဒပြသူ)၊ မုံရွာ ဥပဒေကျောင်းသား ကိုသက်နောင်စိုး (မြို့တော်ခန်းမရှေ့ တကိုယ်တော် ဆန္ဒပြသူ)၊ ကျောက်တံတား မြို့နယ်မှ ကိုဖုန်းအောင် (မြို့တော်ခန်းမရှေ့ တကိုယ်တော် ဆန္ဒပြသူ)၊ မွန်ပြည်နယ် ကျိုက်ထိုမြို့မှ မရီရီဝင်း (ပြင်ပ မီဒီယာနဲ့ ဆက်သွယ်မှု)၊ ကိုသိန်းနိုင်ဦး (ဒလမြို့နယ် အန်အယ်ဒီ လူငယ်တာဝန်ခံ)နှင့် စစ်တိုင်းတိုင်း မုံရွာမြို့မှ အမည်မသိရှိရသေးသူ တဦးတို့ ဖြစ်သည်။
“ဒီနေ့ ၁၁ နာရီခွဲလောက်ကပါ။ အားလုံး လွတ်တဲ့အထဲမှာ ယောက်ျားလေးက ၆ဝ၊ မိန်းကလေးက ၁၅ ယောက်။ အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားဆိုလို့ ကျနော်တို့ ၆ ယောက်ပဲ ပါတယ်” ဟု ပြန်လည် လွတ်မြောက်လာသူ ကိုထွန်းလင်းကျော်က မဇ္ဈိမကို ပြောသည်။

ကိုထွန်းလင်းကျော်သည် ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့ရှိ မြို့တော်ခန်းမရှေ့တွင် တကိုယ်တော် ဆန္ဒပြခဲ့သဖြင့် ထောင်ဒဏ် ၇ နှစ် ကျခံထားရပြီး ထောင်တွင်း၌ နေထိုင်စဉ် အဆုတ်တွင် ဒဏ်ရာ အနာတရ ရခဲ့သဖြင့် ခွဲစိပ်ကုသရန် အတွက်ပင် အသက်အန္တရာယ် စိုးရိမ်နေရသူ ဖြစ်သည်ဟု သိရသည်။

သူက “ထောင်ထဲနေထိုင်မှု ပုံစံတွေက ကျနော့်ရောဂါကို ပိုပြီး ဆိုးဝါးလာစေတယ်။ ပိုပြီး ပြင်းထန်လာပါတယ်။ ကျနော့်အဆုတ် တခြမ်းလုံး မကောင်းတော့တဲ့ အနေအထား ဖြစ်သွားပါပြီ” ဟု ပြောသည်။

အင်းစိန်ထောင်အတွင်း နိုင်ငံရေး အကျဉ်းသားများအတွက် ဆေးဝါးကုသမှု လုံလောက်စွာ မရရှိခြင်း၊ သန့်ရှင်းမှု မရှိသော အစားအစာများ၊ သောက်သုံးရေများ အစရှိသည့် အကျဉ်းသားများ ရပိုင်ခွင့် အခွင့်အရေး မရရှိခြင်းကြောင့် ခန္ဓာကိုယ် ချို့ယွင်းလာရသည်ဟု ယနေ့တွင် ပြန်လည် လွတ်မြောက်လာသူ ဒလမြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုသိန်းနိုင်ဦးက ပြောသည်။

“ကျနော် အခု ကိုယ်တခြမ်း လေဖြတ်ထားတယ်။ ညာဘက် တခြမ်းလုံး လေဖြတ်ထားတဲ့အတွက် ဆေးဝါးကုသခွင့်ကို သက်ဆိုင်ရာ အာဏာပိုင်များကို အမျိုးမျိုးအခါခါ တင်ပြပေမယ့်လည်း အာဏာပိုင်တွေ အနေနဲ့ ထိရောက်တဲ့ ဆေးဝါးကုသမှု ခံယူဖို့အတွက် အခွင့်မပေးခဲ့ပါဘူး။ ထောင်မှာ လုံလောက်တဲ့ ဆေးဝါးတွေ မရှိတာက တကြောင်း၊ ဒီ ဖြစ်တဲ့ရောဂါ ဝေဒနာအပေါ်မှာ တာဝန်ကျ ထောင်ဆရာဝန်တွေက စိတ်စေတနာ ပါပါနဲ့ မကုသတဲ့ အတွက်ကြောင့် ဆေးဝါးကုသမှုကို လုံလုံလောက်လောက် မခံစားခဲ့ရပါဘူး” ဟု သူက ပြောသည်။

ကိုသိန်းနိုင်ဦးသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အထက် မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အတွင်း လိုက်ပါလာသူများကို ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က ဒီပဲယင်းတွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့သည်ကို ကန့်ကွက် ရှုတ်ချသောအားဖြင့် အာဏာပိုင်များထံ အကြိမ်ကြိမ် စာပို့ခြင်းနှင့် ဆန္ဒပြရန်အတွက် ကြိုးပမ်း ကြံစည်ခြင်းတို့ကြောင့် ၂ဝဝ၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။

ယနေ့တွင် ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများသည် ၂ဝဝ၃ နှင့် ၂ဝဝ၄ ခုနှစ်များအတွင်း အင်းစိန်ထောင်၌ အကျဉ်းချထား ခံခဲ့ရပြီး၊ သူတို့ကို လွှတ်ပေးရခြင်းနှင့် ပတ်သက်၍ ထောင်အာဏာပိုင်များက အကြောင်းပြချက် မပြောဘဲ နိုင်ငံရေး လှုပ်ရှားမှုများ လုပ်ဆောင်မည် မဟုတ်ကြောင်း ဝန်ခံကတိ လက်မှတ် ရေးထိုးခဲ့ကြရကြောင်း သိရသည်။ လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သည့် အင်းစိန်ထောင် အဆောင် ၄၊ အခန်းနံပါတ် ၆ မှ ကိုကျော်ကျော် (တပ်ကြပ်ကြီးဟောင်း) ဆိုသူကို ပြန်လွှတ်မပေးဘဲ ထောင်ထဲသို့ ပြန်သွင်းခဲ့ကြောင်း သိရသည်။

ကိုထွန်းလင်းကျော်က “ကျနော့်အထင်ကတော့ ကျနော့် ကျန်းမာရေး အခြေအနေက အထဲမှာ ဆက်ကုသဖို့က အန္တရာယ် အရမ်းများတယ်။ ကုသရင်လည်း တခုခုဖြစ်မှာ ကြောက်တယ်လေ။ သူတို့လက်ထဲ ဆက်မထားချင်တော့ဘူး။ သူတို့လက်ထဲမှာ သေသွားမှာစိုးလို့ လွှတ်လိုက်တဲ့ သဘောလို့ ထင်ပါတယ်” ဟု ပြောသည်။
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub