January 23, 2008
ဒုက္ခသည်တယောက်ရဲ့ လွမ်းချင်း
ချစ်သူ
“ကံတရား” ဆိုတာ
ဝေနေတဲ့ “နှင်း” တွေလိုပဲလား
ပိတ်ဆို့ထားလိုက်တာ ဘာမှကိုမမြင်ရဘူးလေ
ပျောက်ကွယ်သွားတော့လည်း အရှင်းပါဘဲလား။
ချစ်သူ
မဆုံနိုင်တဲ့ အဝေး
ဆက်သွယ်ရေးကွန်ယက်တွေရဲ့ အဝေး
ဝေးပြီးရင်း ဝေးလာနေကြပြီ
ဖြေသိပ်မှုနဲ့ နယ်စပ်တောင်တန်းတွေရဲ့
စိမ်းမြမြ လွင်ပြင်ကျယ်ကြီးကိုသာငေးမောခဲ့ရ.....။
ချစ်သူ
သတ္တိရှိပြီး မြင့်မြတ်တဲ့သူတွေ
သစ္စာရှိပြီး ကြင်နာတတ်တဲ့သူတွေရှိတဲ့
အမိမြေဟာ
Curfew ဆိုတဲ့ လှောင်အိမ်အတွင်း
အကျဉ်းကျခဲ့တာ ရာစုနှစ်ထဲတောင်ဝင်သွားခဲ့ရပြီ။
ချစ်သူ
ဖျက်လေးဖျက်(ထိုးစစ်တွေကြောင့်)
ဇာတိမြေပါ မီးဟုန်းဟုန်းတောက်
ကမ္ဘာဦးလူသားဘ၀ကိုပြန်ရောက်
ရေကြည်ရာမြက်နုရာကိုရှာခဲ့ရပေါ့။
ချစ်သူ
ပေးတာယူ၊ ကျွေးတာစား
ထားရာနေ စေရာသွား
မြေမြုပ်မိုင်းမရှိတဲ့ ဒီမြေမှာ
(တ၀မ်း ၀ပါရဲ့) နာသာခံခက်တဲ့ ဒုက္ခသည်အဖြစ်နဲ့
ကြာကြာမနေချင်ဘူး။
ချစ်သူ
အလွမ်းတွေပြေမဲ့တရက်
မျှော်လင့်ချက်တွေကို
ဘ၀နဲ့ရင်းရတဲ့ အရသာ
အရမ်းတန်ဖိုးကြီးပါလား။
ချစ်သူ
အလွမ်းတွေက
အလွမ်းတွေဆီကိုပြန်မလာမချင်း
ခံစားကြ ကြေကွဲကြအုံးပေါ့
ရင်ဘတ်တွေ တုန်သွားအောင်ထိခိုက်ကြအုံးပေါ့။
ပြည့်စုံ
Subscribe to:
Post Comments (Atom)
5 comments:
ချစ်သူ
တို့ပြည်မှာ ကျောက်စိမ်းလည်းထွက်တယ် ကျွန်းသစ်တွေလည်းပေါတယ် သဘာဝဓါတ်ငွေ့တွေလည်း ထွက်တယ်။ ဒါပေမဲ့ တို့ကတော့ အမှောင်း ည ကနေ မလွတ်မြှောက်နိုင်ဘူး။
ကဗျာလေးကောင်းတယ်ညီလေးရေ...ကြိုက်တယ်
ခံစားချက်လေးတွေကိုတင်ပြထားတာပီပြင်တယ်
ညီလေးရေ.ကဗျာလေးကိုကြိုက်တယ်.ခံစားချက်တွေကို
ပီပြင်အောင်ဖွဲ့ထားနိုင်တယ်..အားပေးနေပါတယ်
ခုမှပဲ ဒီဘလောဂ့်ကို အမှတ်မထင်တွေ့ မိတယ် ။ ဒီကဗျာလေးကို ခံစားသွားပါတယ် ။ ဖတ်ရင်းလည်း ဘ၀တွေကို မျက်စိထဲမြင်လာသလိုပဲ ။ အားပေးလျက်ပါ ။
လင့်ခ်ထားတာတွက်လည်း ကျေးဇူးတင်ပါတယ် ။
ko ko
thank u so much 4 ur good poem
try hard want to see more
Post a Comment