စက်တင်ဘာလ ၂၀၁၂ မှ ဇန်န၀ါရီ ၂၀၁၃ အတွင်းရောင်းချခဲ့တဲ့ iPhone 5 တွေရဲ့ Battery များမှာ ဘက်ထရီအားအလျင်အမြန်ကုန်လွယ်ခြင်းနှင့်အခြား Error များဖြစ်ပွားနေတာကို Apple မှတရားဝင် အတည်ပြုလိုက်ပါပြီ။ ဒီအတွက် စက်တင်ဘာလ ၂၀၁၂ မှ ဇန်န၀ါရီ ၂၀၁၃ အတွင်းရောင်းချခဲ့တဲ့ iPhone 5 များကို Apple မှ Battery အသစ်လဲလှယ်တပ်ဆင်ပေးမယ့်အစီအစဉ်ကို ၂၀၁၄ သြဂုတ်လ ၂၂ ရက်နေ့ကနေစတင်ပြီး ပြုလုပ်ပေးနေပြီလို့သိရပါတယ်။ Apple Retail Store ရှိတဲ့ မြို့ကြီးများ နဲ့ Apple အသိအမှတ်ပြု Service Provider များထံမှာ အခမဲ့သွားရောက် လဲလှယ်တပ်ဆင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Error များဖြစ်ပေါ်နေသော
iPhone 5 တွေရဲ့ Batteryလဲလှယ်တပ်ဆင်မှုများကို ပြုလုပ်ရမယ့်သူများအနေဖြင့်
- မိမိတို့ရဲ့ ဖုန်းအတွင်းရှိ Data များကို Backup လုပ်ခဲ့ကြရန်
- " Find my iPhone” Feature ကို ပိတ်ခဲ့ကြရန်
- Settings > General > Reset > ထဲကိုဝင်၍ Erase all Content and Settings ကိုနှိပ်ပြီး ဖုန်းရဲ့ Data & Setting များကိုရှင်းလင်းထားရန် Apple မှအသိပေးကြေညာထားသည်။
မိမိတို့ရဲ့
iPhone 5 က ပြသာနာရှိနေတဲ့ Battery များတပ်ဆင်ထားသော ဖုန်းစာရင်းထဲပါမပါသိနိုင်အတွက်
အောက်က Link မှာ ၀င်ရောက်ပြီး ဖုန်း Serial Number ကိုရိုက်ထည့်ကာ Submit ကိုနှိပ်ပြီး
စစ်ဆေးနိုင်တယ်လို့သိရပါတယ်။
(ဖုန်းရဲ့
Serial Number ကိုသိရှိရန် Setting > General > About ထဲသို့ဝင်၍ Serial
Number ကိုကြည့်ရှုနိုင်ပါတယ်)
Credit to - သက်နိုင်စိုး
(Myanmar Mobile App Store)