February 06, 2008

မြို့စားကြီး နေဘုန်းလတ် .... သို့.....

Unknown | 7:30 AM |

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်"တဲ့။

လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေလန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူအစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကိုမပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီးရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောကအကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကိုအပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ "မြို့စားကြီး" လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက်ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

(ကျနော့်ရဲ့ ကိုယ်ရေးကိုတာအခက်အခဲကြောင့် အချိန်မီမတင်ဖြစ်တာကို အနူးအညွတ်တောင်းပန်အပ်ပါသည်။ )

ပေးဆပ်ခဲ့သော ပေးဆပ်နေဆဲဖြစ်သော သူရဲကောင်းများအာဇာနည်များကို ဦးညွှတ်လျှက်..

ပြည့်စုံ

Continue reading ...

October 05, 2007

တပ်မတော်အရာရှိတစ်ဦးရဲ့ နအဖစစ်တိုင်းမှူး(၄)ဦးသို့အိတ်ဖွင့်ပေးစာ

Unknown | 1:18 AM |

တပ်မတော်အရာရှိတစ်ဦးရဲ့ နအဖစစ်တိုင်းမှူး(၄)ဦးသို့အိတ်ဖွင့်ပေးစာ

ဗိုလ်ချုပ်အောင်သန်းထ်ွတို့နဲ့အတူ စစ်တက္ကသိုလ် တပတ်စဉ်ထဲဆင်းခဲ့တဲ့အရာရှိ တစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ (၂၉)ရက်နေ့က ပေးပို့ခဲ့တာဖြစ်သည်။

သို့…..

ဗိုလ်ချုပ်လှဌေးဝင်း၊ တိုင်းမှူး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်

ဗိုလ်ချုပ်သောင်းအေး၊ တိုင်းမှူး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်

ဗိုလ်ချုပ်မောင်ရှိန်၊ တိုင်းမှူး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်

ဗိုလ်ချုပ်အောင်သန်းထွဋ်၊ တိုင်းမှူး၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်

သူငယ်ချင်းတို့ မင်းတို့ဟာ ဒို့အပတ်စဉ်(၂၀)ရဲ့အောင်မြင်တဲ့ စစ်ခေါင်းဆောင်တွေပါ ဒို့တတွေငယ်စဉ် တုန်းက သင်ပေးလိုက်တဲ့ စစ်ပညာ စာပေပညာတွေမှာ ဒို့ရဲ့ ဖြူစင်တဲ့ ပြည်သူ တွေသံဃာတွေကို ပစ်သတ်ဖို့ သင်ပေးလိုက်တာ မရှိခဲ့ပါဘူး။ တိုင်းပြည်အတွက်ဆိုတာ အဘကြီး မယ်တော်ကြီးနဲ့ သမီးတော်တွေကို အကာ အကွယ်ပေးဖို့မဟုတ်ပါဘူး။ မင်းတို့အားလုံး စစ်ရုံးချုပ်မှာနေခဲ့ကြတာပါ။ မောင်ရှိန်ကလွဲလို့ပေါ့လေ။

မင်းတို့အခု တိုင်းပြည်ခေါင်းဆောင်ဆိုတဲ့ လူအကြောင်း ကောင်းကောင်းသိကြပါတယ်။ ငါတို့ ပညာရေး ၀န်ကြီးဟောင်း ဦးသန်းအောင်ပြောဖူးတယ်။ အဘကြီးက သူ့ကိုယ်သူ သာလွန်မင်းတရားကြီးဝင်စား လာတာတဲ့ ငါဆိုလိုချင်တာ ဗိုလ်ချုပ်အရူးကြီး ခိုင်းတာကို မဟုတ်မှန်းသိလျှက်နဲ့မင်းတို့ တပည့်တွေကို ထပ်ဆင့်အမိန့်မပေး ပါနဲ့။ ဘုန်းကြီးကိုပစ်သတ်တယ်ဆိုတာ ဘာသာရေးအရ ဘယ်လိုမှခွင့်မလွှတ်ပါဘူး။ မင်းတို့အသိတရားရှိဖို့ပါ။ မင်းတို့အကြောင်း ကောင်းကောင်းသိတဲ့ သူငယ်ချင်း။

မကြာမီ ငါဆက်သွယ်ပါ့မယ်။

တဆက်တည်း အဆိုပါ တပ်မတော်အရာရှိရဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေဆီကို ပေးပို့ခဲ့တဲ့အိတ်ဖွင့် ပေးစာပါ။

အစ်ကိုကြီးခင်ဗျား………

စိတ်ရင်း စေတနာကောင်းပြီး ရိုးသားကြိုးစားတဲ့ လူကောင်းတဦးကို မြန်မာပြည်သူတွေ အတွက်အားကိုးတကြီး ဒီစာကိုရေးလိုက်တာပါ။ အစ်ကို့လိုဘာသာတရားကိုင်းရှိုင်းတဲ့ ပအို့ဝ်တိုင်းရင်းသား သွေးပါတဲ့ သထုံနယ်သားတယောက်ဟာ အခုလို စစ်တပ်ကသံဃာနဲ့ပြည်သူတွေကို ရက်ရက်စက်စက် လုပ်နေ တာကို ကာကွယ်ပေးဖို့ အချိန်တန်နေပါပြီ။ အဘကြီးနဲ့ အဘအေးတို့ရဲ့ အမိန့်ကိုလဲ အာခံသင့်ပါပြီ။ သူတို့နှစ် ယောက်အကြောင်းစစ်ရုံးချုပ် မှာ အကြာကြီးနေခဲ့တဲ့ အစ်ကိုအသိဆုံးပါ။

အဘနှစ်ဦးတို့ရဲ့ စစ်ဆင်ရေး လေးလပတ် အစည်းအဝေးတွေမှာ အစိတ်သားတောင် မချန်နဲ့ ဗိုလ်ထဲက ကလေးတောင်အချန်နဲ့ဆိုတဲ့ ဆောင်ပုဒ်အမိန့်ကြောင့် ရှမ်းပြည်နယ်မှာ ဒုတိယဗိုလ်ချုပ်ကြီးမောင်ဘို၊ တနင်္သာရီ တိုင်းမှာ ဗိုလ်ချုပ်သီဟသူရ စစ်မောင်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ ဗိုလ်ချုပ်သူရမြင့်အောင်တို့ လူတွေကို အစုလိုက်အပြုံလိုက်သတ်၊ ကလေးနဲ့ အဖွားကြီးပါမကျန် မုဒိန်းကျင့်ခိုင်း၊ မတရားပေါ်တာဆွဲ၊ ကလေးတွေကို အတင်းဖမ်း ပြီးစစ်တပ်ထဲထည့်ခဲ့တာတွေဖြစ်ခဲ့တာကို အစ်ကို ကောင်းကောင်းသိပါတယ်။ အဲဒီတုန်းက အစ်ကိုပြောခဲ့တယ်။ ငါစိတ်မချမ်းသာဘူးလို့။ အခုအချိန်က အဆိုးဆုံးအချိန်ရောက်နေပါပြီ။ အားလုံးဖြစ်စေချင် တဲ့ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကိုလက်ခံဖို့ပါ။ အဘကြီးရူးနေတာအစ်ကိုသိပါတယ်။ အဘအေးအမြဲတမ်းမူး နေတယ်ဆိုတာလဲ အားလုံးသိပါတယ်။ အမျိုးဘာသာ၊ သာသနာကိုစောင့်ရှောက်နိုင်ပါစေ။

နိုင်ငံတော်အပေါ်သစ္စာစောင့်သိတဲ့ ညီငယ်တစ်ဦး။

ဒီဗွီဘီ မှ ကူးယူတင်ပြသည်။

Continue reading ...

October 01, 2007

E mail letter

Unknown | 12:10 AM |
To our Burmese friends,

News of the protest in Rangoon are in the Australian media each day. We are deeply sorry for the monks who have been killed. The official report says 10 have been killed but we all fear it is many more. We admire the courage of all people who protest against the oppressive regime which controls Burma.

Our thoughts and prayers are with you.
We deeply hope that this events will bring about change in your country.
God Bless
May you all have the courage to follow your convictions.
Casey and Charlotte
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub