January 24, 2008

ဇန်နဝါရီလ (၂၀) ရက်မှ ဖေဖေါ်ဝါရီလ(၁၉)ရက် အတွင်းဟောစာတန်း

Unknown | 8:20 PM |

ကုံရာသီသည် ရေထမ်းသမား ယောင်္ကျားရုပ်ပုံသဏ္ဍာန်ရှိပြီး သင်္ကေတအားဖြင့်( ) ဟုဖေါ်ပြကြသည်။ ကုံရာသီသည် ရေအိုးကိုထမ်းလျှက်ရှိသော ရေထမ်းသမား ယောင်္ကျာားရုပ် ပုံပန်းသဏ္ဍန်ရှိသည့်အတိုင်း၊ ကျားရာသီ၊ ထိရရာသီ၊ လေရာသီ၊ အသံရာသီ၊ လူရာသီ၊ ခြေနှစ် ချောင်းရာသီ၊ ပါပဂြိုလ်၊ ဝါယောဓါတ်၊ သီရဥတုသည်၊ ဥတ္တရာယဉ်စွန်းတန်းသို့ ကျရောက် သဖြင့် ယခုလအတွင်း မြန်မာနိုင်ငံ၏ကံကြမ္မာကို ဝေဒကျမ်းအရ ဗေဒင်ဟောရသော်။

ဗိုလ်သန်းရွှေတို့ နအဖ စစ်အစိုးရသည် ယူအန်လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာကတောင်းဆို ချက်များကို၎င်း၊ ပြည်တွင်းက NLD နှင့် လူထုကြီးကွပ်ပူးပေါင်းတောင်းဆိုသည်ကို လိုက်လျှော မပေးဘဲ၊ ဆက်လက်ပြီး ပို၍ခေါင်းမာလျှက် အတိုက်ခံနိုင်ငံရေးသမား ပြည်သူပြည်သားများ အပေါ်မှာ၎င်း၊ ကရင်နဲ့တိုင်းရင်းသား နယ်စပ်ဒေသစစ်မြေပြင် အရပ်များတွင်နေထိုင်ကြသော တိုင်းရင်းသားပြည်သူပြည်သား ညီအကိုမောင်နှမများကို၎င်း၊ ဆက်လက်ပြီး ရက်စက်ကြမ်း ကြုတ်ကား ဖိနှိပ်ချုပ်ချယ်နေမည်။ ကျူးလွန်အနိုင်ကျင့် ဗိုလ်ကျနေမည်။ ဘယ်သူကိုမှ၊ ဘယ်နိုင်ငံ၊ ဘယ်အစိုးရ၊ ဘယ်အဖွဲ့အစည်းကိုမှအလေးမထား၊ မလေးမခန့်လုပ်နေသည် ကိုယ့်သဘောနဲ့ထင်ရာစိုင်း၊ တဖက်သတ်လုပ်ဆောင်နေမည်။ စက်တင်္ဘာလ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ပတ်သက်ခဲ့သော ရဟန်းသံဃာနဲ့ ကျောင်းသူကျောင်းသား လူပုဂ္ဂိုလ်များကို လိုက်လံရှာဖွယ် ဖမ်းဆီးခြင်းများရှိနေမည်၊ အဖမ်းဆီးခံနေရသူများကို တဖက်သတ် အပြစ်ဒါဏ်စီရင်ချက်များချမှတ်နေလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည် စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်က ပြန်လွတ်လာဖို့မရှိ၊ နိုင်ငံတကာ ဖိအားများလာသောအခါမှာ၎င်း၊ ကုလသမဂ္ဂကိုယ်စားလှယ်မစ္စတာ ဂမ်ဘာရီနဲ့ မစ္စတာရာဇာလီတို့ လာခါနီးအချိန်များမှာ၎င်း၊ ဟန်ပြထုတ်သုံးသည့်သဘော၊ သတင်းစာနဲ့ ရုပ်မြင်သံကြားများမှာဖေါ်ပြလျှက် အသုံးချနေလိမ္မည် ပြည်တွင်းရှိ NLD ခေါင်းဆောင် များသည် အမျိုးသားပြန်လည်သင့်မြတ်ဖို့၊ တွေ့ဆုံဆွေးနွေးပါစသည်ဖြင့် မကြာမကြာ မီဒီယာက ဟောနေလိမ္မည်။ ၂၀၀၈ ခုနှစ်သည် တွေ့ဆုံးဆွေးနွေး အဖြေရှာဖို့နှစ်၊ အမျိုးသားပြန်းလည် သင့်မြတ်ဖို့နှစ်ဟုဆိုခြင်းသည် ကြီးမားသောအမှား တရပ်ဖြစ်သည်။ (၂၀၀၈)သည် စစ်အစိုးရကို သွေးနဲ့ရင်းပြီး အပြုတ်တိုက်ရမည်နှစ်၊ သွေးမြေကျနိုင်ဖို့ စစ်အစိုးရပြုတ်ကျ မည်နှစ်ဆိုသည်ကို NLD ခေါင်းဆောင်များ သဘောမပေါက်နိုင်သည်မှာ စိတ်ပျက်စရာ ကောင်းနေသည်။ စစ်အစိုးရသည် NLD မပါသည်ဖြစ်စေ၊ လမ်းညွှန်မြေပုံ(၇)ချက်အတိုင်းသွားမည်ဟု တရားဝင်ပြော၍၊ ညီလါခံမှထွက်ပေါ်လာသော ဦးတည်ချက်(၆) ချက်နှင့် အခြေခံမှု(၁၀၈)ချက်အတိုင်း (၅၄)ဦးပါဝင်သော၊ ဥပဒေရေးဆွဲရေး ကော်မီတီက အခြေခံဥပဒေများကို ရေးဆွေးခြင်းသည် ကစားနေခြင်းမဟုတ်။ တကယ်အစစ် မှန် ရေးဆွဲနေကြခြင်ားဖြစ်ပေသည်။ နိုင်ငံတကာနဲ့ တရုတ်နိုင်ငံတို့၏ ဖိအားအရ ဧပြီလ လောက်မှာပင် ဥပဒေရေးဆွဲမှု မူကြမ်းပြီးစီးကောင်းပြီးစီးနိုင်ပေသည်။ ညီလာခံမှာ (၁၈)နှစ်ကြာသကဲ့သို့်၊ ယခုဥပဒေရေးဆွဲခြင်းနှင့် ပြည်သူ့ဆန္ဒခံယူရန် ရွေးကောက်ပွဲကိစ္စမှာ အချိန်ကြာဖို့မမြင်ပေ မြန်ဖို့မြင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့အလိုရှိသည့်အတိုင်း ညောင်နှစ်ပင်ညီလာခံမှ အခြေခံဥပဒေ အချက်အလက်များရရှိထားသောကြောင့် စစ်အစိုးရ အဖို့ ပထမအောင်မြင်ခြင်းဖြစ်ပြီး ဤသည်ပင်အဓိကအောင်မြင်ခြင်းဖြစ်ပေသည်။ ထို့ကြောင့် UN လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာက၎င်း၊ ပြည်တွင်းပြည်ပက NLD တို့သည်၎င်း၊ တွေ့ဆုံဆွေးနွဲ အဖြေရှာဖို့နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ဖို့တောင်းဆိုနေကြခြင်းမှာ၊ ဖွေးပုံမှာရေသွန်သကဲ့ အရာမထင်သည့်အခြေအနေသာရှိပေလိမ့်မည်။ ဖြစ်လာဖို့အတွက် ၅% လောက်တောင် မသေချာနိုင်ပေ၊ သူတို့ဘဝ လုံခြုံဖို့အတွက် ရထားသော ဥပဒေကိုဆုတ် ကိုင်ထားမည်။

စစ်အစိုးရသည် သူတို့ရေးဆွဲနေသော အခြေခံဥပဒေကို အပျက်မခံဘဲ အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ကြလိမ့်မည်။ နိုင်ငံရေးအရ မဆွေးနွေး လိုက်လျှော့မပေးသောကြောင့် တရုတ်က၎င်း၊ အိန္ဒိယနှင့်အာစီယံက၎င်း၊ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပက ဒီမိုကရေစီ အင်အားစု အတိုက်ခံများက၎င်း၊ စိတ်မရှည်ဖြစ်ပေလိမ့်မည်။

(၁) ပြည်တွင်းက ဒီမိုကရေစီ အင်အားစုအတိုက်ခံများ ဒုတိယအကြိမ် ဆန္ဒပြလှုပ်ရှားမှုများ တဖန်အစပြုလာမည်။

(၂) ငြိမ်းအဖွဲ့အချို့နှင့် ငြိမ်းအဖွဲ့မဟုတ်သော လက်နက်ကိုင်ပါတီတွေနဲ့၎င်း၊ တိုက်ခိုက် မှုများ ရှိလာမည်။

(၃) UN လုံခြုံရေးကောင်စီက၎င်း၊ နိုင်ငံတကာက၎င်း အရေးယူလုပ်ဆောင်လာမည်။

(၄) နအဖ စစ်အစိုးရသည် ယခုကုံရာသီတပို့တွဲလမှာ အစပြု၍ ပြည်တွင်းရန် ပြည်ပရန်များနှင့် တွေ့ကြုံရင်ဆိုင်လျှက် ရန်သူများ ဝိုင်းပတ်လည်လျှက် မြန်မာနိုင်ငံ၏ တိုင်းရေးပြည်ရေး နိုင်ငံရေး စစ်ရေးအရ ရှုပ်ထွေးလာမည်၊ သွေးမြေကျမည့် ပြဿနာအခက်အခဲများ ရှိလာကာ စစ်အစိုးရအဖို့ တလထက်တလ တရက်ထက်တရက် အပျက်ဘက်သို့ ရောက်ရှိလာလိမ့်မည်။

မှတ်ချက်။ ။ ထို့ကြောင့် မြန်မာနိုင်ငံ စစ်အစိုးရသည် လိုက်လျှော့အလျှော့ပေးမည်မဟုတ် ဆက်ပြီး အာဏာကိုချုပ်ကိုင်ထားကာ ခေါင်းမာပြီး ပရိယာယ်များလျှက် အချိန်ဆွဲနေမည်ဖြစ်၍ အပြုတ်တိုက်ရေးဆီသို့ လုပ်ဆောင်လာကြလိမ့်မည်ဖြစ်ပေသည်။ သို့သော် ပြည်တွင်း NLD မှ ခေါင်းဆောင်များသည် စိတ်ပျက်စရာကောင်းလောက်အောင် တွေ့ဆုံးနွေးဆွေးဖို့ကိုဘဲစောင့် မျှော်လျှက် ရှိနေကြလိမ့်မည်၊ အခြားနည်းလမ်းရှိမည်မဟုတ်ပါ။ ထို့ကြောင့် NLD ခေါင်းဆောင် ဦးလွင်နှင့်ရှေ့နေညဏ်ဝင်းတို့သည် တစတစထောက်ခံမှုကျဆင်းလာကာ လူမကြိုက်သည့် အနေအထားသို့ ရောက်ရှိလာလိမ့်မည်သာ ဖြစ်ပေသည်။ ဤသည်ကား ကုံရာသီ တပို့တွဲလအတွင်း မြန်မာနိုင်ငံ၏ ကံကြမ္မာဟောတန်းစာတည်း------

ကုံရာသီ တပိုးတွဲလ
ဇန္န၀ါရီလ(၂၀)မှ ဖေဖော်ဝါရီလ(၁၉)ရက်အတွင်းမွေးဖွားသူများ

ကုံရာသီသည် ရေထမ်းသမားယောင်္ကျားပုံသဏ္ဍာန်ရှိပြီး သင်္ကေတအားဖြင့် ( )ဟုခေါ်ကြ သည်။ ကုံရာသီသည် ရေအိုးကိုထမ်းလျက်ရှိသော ယောင်္ကျားပုံသဏ္ဍာန် ရှိသည့်အတိုင်း ရေတွင်းရေကန်များ ၊သတ္တုတွင်းများ၊ ခိုအောင်းရာနေရာဒေသများ၊ လိုင်ဂူများစသည်တို့ကို ကြီးစိုးတတ်ပြီး ကံရာသီလဂ်တွင်မွေးဖွားသူများသည် လိမ္မာပါးနပ်ခြင်း၊ လေးလေးနက်နက် ရှိခြင်း၊ ထိုးထွင်သိမြင်တတ်ခြင်း၊ တွေးခေါ်ဆင်ခြင်ညာဏ်ရှိခြင်း၊ နက်နဲသောပညာရပ်များကို လေ့လာလိုက်စားခြင်း၊ လူတကာတို့အပေါ် သနားညာတာ တတ်ခြင်းတို့ကြောင်း၊ စူးစမ်းရှာဖွေခြင်းလုပ်ငန်းများ ၊သတ္တုတူးဖော်သော လုပ်ငန်းများ၊ တီထွင်ခြင်းလုပ်ငန်းများ၊ အကျဉ်းထောင်ဦးစီးဌာနလုပ်ငန်းများ ၊ ဆေးရုံနှင့်ဆေးပေးခန်းဌာနလုပ်ငန်းများတို့တွင် လုပ်ကိုင်၍ ကြီးပွားတိုးတက်သည်။ ကိုယ်အင်္ဂါအစိတ်အပိုင်းအားဖြင်၊ ခြေသလုံး၊ ကြွက်သား များ၊ အကြောအမျင်များစသည်တို့ကို ကြီစိုးကာ အရပ်ဒေသအားဖြင့် အနောက်အရပ် ဒေသကို ကြီးစိုးပြီး အရောင်အဆင်းအားဖြင့် အညိုရင့်ရောင်တို့ကို ကြီးစိုးတတ်ပေသည် ထို့ကြောင့် ဤရာသီ၌ မွေးဖွားသော(၇) ရက်သားမီးများအနက်။

(၁) တနင်္ဂနွေနေ့ မွေးဖွားသော သားသမီးများသည် အသောက်အစား အလောင်းစား အပျော်အပါးစသော မကောင်းသော ဒုစရိုက်တရားများကိုလိုက်စားသဖြင့် ဆင်းရဲဒုက္ခတွေ့ ရတတ်ပေသည်။

တနင်္ဂနွေနေ့မွေးဖွားသောသားသမီးများသည် သစ်သီ၊ကားရောင်းဝယ်ရေး၊ ကုန်သည်၊ ပွဲစားကန်ထရိုက်တာစသော လုပ်ငန်းများတွင် လုပ်ကိုင်၍ အကျိုးပေးတတ်သည်။

(၂) တနင်္လာနေ့ မွေးဖွားသောသားသမီးများသည် အနုပညာ အဆိုအက အရေးအတီးစသော အပျော်အပါးတို့ကို နှစ်ကြိုက်ပျော်မွေးလျက် သာယာနေတတ်သဖြင့် မကြာခဏစိတ်မချမ်းသာခြင်း ကိုယ်ဆင်းရဲခြင်းများနဲ့ တွေ့ရတတ်သည်။

တနင်္လာနေ့ သားသမီးများ၏ အကျိုးပေးသောလုပ်ငန်းများမှာ - ပဲ၊ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး စက်ကိရိယာများ စာပေနှင့်ပတ်သက်သော လုပ်ငန်းများကို လုပ်ကိုင်၍ အကျိုးပေးတတ်သည်။

(၃) အင်္ဂါနေ့မွေးဖွားသော သားသမီးများသည် ရဲရင့်ပြောင်မြောက်ခြင်း၊ သတ္တိကောင်းခြင်း တို့ကြောင့် စစ်ဖက်ဆိုင်ရာတို့တွင်လုပ်ကိုင်၍ တိုးတက်လိမ့်မည်။ စက်မှုလက်မှုစသော ပညာရပ်များကို တက်မြောက်ခြင်း ကျွမ်းကျင်ခြင်းများရှိမည်။ ထင်ရှာမည်။

အင်္ဂါသားသမီးများ၏ အကျိုးပေးသောလုပ်ငန်းများမှာ အရောင်းအ၀ာယ် ကုန်သည်ပွဲစား စိုက်ပျိုးရေးနှင့် စက်မှုလက်မှုပညာရပ်များကို လုပ်ကိုင်၍ အကျိုးပေးတတ်သည်။

(၄) ဗုဒ္ဓဟူးနေ့ မွေးဖွားသော သားသမီးများသည် ဇွဲလုံးလရှိပြီး အမှုကိစ္စုဟူသမျှကို မပျင်းမရိ ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ဆောင်ရွက်တတ်သဖြင့် အလုပ်၌ ကျွမ်းကျင်ပြီး တိုးတက်တတ် သည်။

ဗုဒ္ဓဟူး သားသမီးများအကျိုးပေးသော လုပ်ငန်းများမှာ အုန်းဆီ၊ အုန်း၊ အိမ်ရာ၊ ခြံမြေနဲ့ ပတ်သက်၍ စိုက်ပျိုးရောင်းဝယ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်၍ အကျိုးပေးတတ်သည်။

(၅) ကြာသပတေးနေ့ မွေးဖွားသောသားသမီးများသည် ညာဏ်ပညာထက်မြက်ခြင်း ကြိုးစား အားထုတ်ခြင်းကြောင့် နက်နဲသော ပညာရပ်များကို တတ်မြောက်သဖြင့် အောင်မြင်ကျော်ဇော တတ်သည်။ ထင်ရှားကြီးကျယ်တတ်သည်။

ကြာသပတေး သားသမီးများ၏ အကျိုးပေးလုပ်ငန်းများမှာ မွေးမြူရေးလုပ်ငန်းများ စာပေနှင့် ပတ်သက်သောလုပ်ငန်းများ ပရိဘောဂလုပ်ငန်းများ ကန်ထရိုတ်တာလုပ်ငန်းများတွင် လုပ်ကိုင်၍ အကျိုးပေးတတ်သည်။

(၆) သောကြာနေ့မွေးဖွားသော သားသမီးများသည် အများအတွက်အနစ်နာခံ၍ မေတ္တာထား၍ ရပ်ရွာ၌၎င်း အဖွဲ့အစည်းအသီးသီး၌ ရွတ်ရွတ်ချွန်ချွန် ဆောင်ရွက်လေ့ရှိသဖြင့် လူချစ်လူခင်များမည်။ လူကြီးသူမ ဖြစ်တတ်သည်။

သောကြာနေ့သားသမီးများ၏ အကျိုးပေးသောလုပ်ငန်းများမှား သစ်သား၊ သွပ်၊ သံကိရိယာ များ ရောင်းဝယ်ခြင်း ရေနှင့်ပတ်သက်သော လုပ်ငန်းများ ခရီးသွားလုပ်ငန်းများတွင် လုပ်ကိုင်၍ အကျိုးပေးတတ်သည်။

(၇) စနေနေ့မွေးဖွားသောသားသမီးများသည် ပရဟိတစိတ်ရှိခြင်း ကိုယ်တိုင်ပင်ပန်းခံ၍ လုပ်ကိုင် ဆောင်ရွက်ခြင်း၊ အမျိုးဘာသာသာသနာကို ချစ်ခြင်းကြောင့် လူကြီးသူမဖြစ်မည် ထင်ရှားကျော်ဇောမည်။

စနေသားသမီးများ၏ အကျိုးပေးသောလုပ်ငန်းများမှာ အိမ်အရောင်းအဝယ်လုပ်ငန်း၊ ပန်းထိမ်၊ ပန်းပု၊ ပန်းချီ၊ စာပေနဲ့ ပတ်သက်သော လုပ်ငန်းများတွင်လုပ်ကိုင်၍ တိုးတက်အကျိုး ပေးတတ် သည် ။

ဤသည်ကား (၇) ရက်သားသမီးများ၏ ကံကြမ္မာ အခွင့်အလမ်းနှင့် သင့်လျှော် အကျိုး ပေးသော လုပ်ငန်းဆောင်တာများသာ ဖြစ်ပေသည်။

အသျှင် ဣန္ဒာစက္က (MA သမိုင်း)
ဗေဒင်နှင့်သမိုင်းသုတေသီ
ရခိုင်အမျိုးသားဗုဒ္ဓဘာသာကျောင်းတိုက်
သံသီးရွာဘင်္ဂလာဒေ့ခ်ျနိုင်ငံ
ဆက်သွယ်ရန် +88 01558413145

နေရဉ္ဖရာ သတင်းဌာနမှ ကူးယူတင်ပြသည်။
Continue reading ...

November 01, 2007

ဗေဒင်ဟောစာတမ်း

Unknown | 8:47 AM |
ဗေဒင်ဝါသနာပါသော သူငယ်ချင်းများအတွက် မြန်မာပြည်ရဲ့ထိပ်တန်းခေါင်းဆောင်တွေ ဘယ်လိုအဆုံးသတ်မလဲ ဘယ်လိုရှေ့ဆက်မလဲဆိုတာကို အကျိုးအကြာင်းစုံလင်စွာနဲ့ ဂြိုလ်နက္ခတ်တွေနဲ့တွက်ကိန်းများဖြစ်ပါသည်။
ဗြိစ္ဆာရာသီ (SCORPIO) တန်ဆောင်မုန်းလ အောက်တိုဘာလ(၂၃)ရက်မှ နိုဝင်္ဘာလ(၂၂)ရက်အတွင်း ဟောစာတမ်း
ဗြိစ္ဆာရာသီသည် ကင်းမီးကောက်ပုံသဏ္ဍာန်ရှိပြီး သင်္ကေတအားဖြင့် (M→) ဟုဖေါ်ပြကြသည်၊ ဗြိစ္ဆာရာသီသည် ကင်းမီးကာက်ပုံသဏ္ဍာန်ရှိသည့်အတိုင်း (မရာသီ)၊ ရေရာသီ၊ ထိရရာသီ၊ သမရာသီ၊ တိရိစ္ဆာန်ရာသီ၊ အဆိပ်ရှိသောရာသီ၊ ပါပဂြိုဟ်၊ သရဒဥတုသည် ဒက္ခိဏယဉ်စွန်းတန်းသို့ကျရောက်၍ ယခုနှစ်ကျရောက်သောဇာတာခွင်နှင့် ဖေါက်ပြန်ပြောင်းလွဲနေသော၊ ထူးခြားသောအတိတ်နိမိတ်တို့ကို ခြုံငုံ၍ ဝေဒကျမ်းအရ မြန်မာနိုင်ငံ၏ကံဇာတာကို ဟောစာတန်းထုတ်ရသော် ------
ဗိုလ်သန်းရွေဦးဆောင်သော နအဖစစ်အစိုးရသည်ဗိုလ်သန်းရွေ၏ကံဇာတာ ညံ့လာသည်နှင့်တပြိုင်နဲ့ စစ်အစိုးရ၏ အနာဂတ်ရည်ရှည်တည်တန့်အုပ်ချုပ်နိုင်မည့် အခြေအနေသည်လည်း မရေမရာသည့်အခြေအနေသို့ရောက်ရှိနေပေသည်။ ဗိုလ်သန်းရွေသည် အသက်(၇၅)နှစ်တွင်၎င်း၊ အသက် ၇၆၊၇၇ နှစ်တွင်၎င်း၊ အညံ့ဆုံးအခြေအနေသို့ကျရောက်သဖြင့် ဗိုလ်သန်းရွေ ဦးဆောင်သော နအဖစစ်အစိုးရသည် အီရတ်နိုင်ငံက စစ်အာဏာရှင် သမတဟောင်း (ဆတ်ဒန်ဟူစိန်)အလား စစ်ရှုံးပျက်သုဉ်းမည့်အခြေအနေသို့ ရောက်ရှိလာပေလိမ္မည်၊ ဗိုလ်သန်းရွေသည်လည်း (ဆတ်ဒန်ဟူစိန်)ကဲ့သိုဆိုးဆိုးရွားရွားဖြင့် ဘ၀နိဂုံးချုပ်ပေလိမ္မည်ဟု ဟောကိန်းထုတ်ရပေမည်။
အကြောင်းမူကား --- ဗိုလ်သန်းရွေတို့ စစ်အစိုးရသည် စက်တင်္ဘာလက ရဟန်းသံဃာများ စီတန်း မေတ္တာပို့ လမ်းလျှောက်ဆန္ဒထုတ်ဖေါ်ခြင်းကို ကြမ်းကြမ်းတန်းတန်း ဖြိုခွဲပြီးနောက်ပိုင်းမှစ၍ တရက်ထက်တရာက်၊ တလထက်တလ၊ တနှစ်ထက်တနှစ် အုပ်ချုပ်မှုယန္တရား အာဏာပါဝါသည် ဆုတ်ယုတ်၊ အားနည်း၊ ပျက်သုဉ်းရမည့်အခြေအနေသို့ရောက်ရှိလာပေလိမ္မည်။ ဖြစ်ပေါ်နိုင်သောအခြေအနေ အကြောင်းအရင်းများမှာ ----
၁။ စစ်ခေါင်းဆောင်များအချင်းချင်း စိတ်ဝမ်းကွဲပြားနိုင်ခြင်း၊ တပ်မတော်မှ ရဲဘော်စစ်သားများက အစိုးရကို မကျေမနပ်မှုများဖြစ်ပေါ်လာပြီး အာဏာဖီဆန်ခြင်း၊ အမိန့်မနာခံခြင်း၊ တော်လှန်ပုန်ကန်ခြင်း၊ စစ်ပြေး၊ တပ်ပြေးများ များပြားလာခြင်းများရှိမည်။
၂။ ပြည်တွင်းက ရဟန်းသံဃာ ကျောင်းသားကျောင်သူ၊ အလုပ်သမား၊ လယ်သမားစသော သန်း(၅၀)ကျော်သော မြန်မာပြည်သူပြည်သားများသည် အစိုးရကို မကျေမနပ်မှုများတိုးပွါးလာကာ မကြာခဏ ဆန္ဒပြလှုပ်ရှားမှုကြောင့် ဖမ်းဆီး၊ ထောင်ချ၊ ဖိနှိပ်ရက်စက်ခြင်းစသော အစိုးရနှင့်ပြည်သူပြည်သားများအကြား ပြဿနာများ ဆက်လက်ရှိနေမည်။ ဆက်လက်ပြီး နိုင်ငံရေးအရ မငြိမ်းချမ်းသည့်အခြေအနေ ရှိနေမည်။
၃။ စစ်အစိုးရ၏ ယုတ်မာမှုကြောင့် ပြည်ပရောက် ရခိုင်ပညာရှင် နိုင်ငံရေးသမားများသည်၎င်း၊ လက်နက်ကိုင်တော်လှန်နေကြသော တိုင်းရင်းသားလက်နက်ကိုင်ပါတီများသည်၎င်း၊ လက်နက်အင်အား လူအင်အားစုပြီး လက်နက်ကိုင်တိုက်ခိုက်မှုများရှိမည်။ စစ်အစိုးရထံ အညံ့ခံနေကြသော ငြိမ်းအဖွဲ့များသည်၎င်း၊ စစ်အစိုးရနှင့် သဘောထားကွဲလွဲလာနိုင်သည့် အခြေအနေရှိမည်၊ မပြေမလည်ရှိမည်။
၎။ အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂစသော တင်းမာသောနိုင်ငံများသည်၎င်း၊ ပျော့ပျောင်းသောအာစီယံနှင့် အိမ်နီးချင်းနိုင်ငံများသည်၎င်း၊ စစ်အစိုးရ၏မတရားသော ဖိနှိပ်ရက်စက်မှုများကြောင့် ဆက်ဆံရေးမပြေလည်ခြင်း၊ တင်းမာစွာပြောဆိုဆက်ဆံခြင်း၊ အရေးယူပိတ်ဆို့မှုများရှိမည်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီနှင့် လူ့အခွင့်အရေးကောင်စီတို့ကလည်း အလားတူ လုပ်ဆောင်လာနိုင်ဖွယ်ရှိသည်။ ထို့ကြောင့် စစ်အစိုးရသည် နိုင်ငံတကာဖိအား၊ တွန်းအား၊ အရေးယူခြင်းစသော ပြည်ပရန်များနှင့်၎င်း၊ ပြည်တွင်းရန်များနှင့်၎င်း၊ ရန်သူများ ၀ိုင်းပတ်လည်လျှက် ဤကျပ်တည်းကျဉ်းမြောင်းသောအခြေအနေသို့ ရောက်ရှိလာကာ ရည်ရှည်မရပ်တည်နိုင်သည်မှာ သေချာပေသည်။
ယခုကဲ့သို့ အခက်အခဲအကျပ်အတည်းများနှင့်၎င်း၊ ရန်သူများနှင့်၎င်း။ ထိပ်တိုက် ရင်ဆိုင်နေရသောကြောင့်၎င်း၊ အခက်အခဲအကျပ်အတည်းများလျော့ပါးသွားရန် ရည်ရွယ်၍ NLD ၏အထွေထွေအတွင်းရေးမှူး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးအာဇာနည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမည့်အကြံဖြင့် အလုပ်သမားဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်ကြည်ကို ဗိုလ်သန်းရွေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲဖြစ်မြောက်ရန်အတွက် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ကာ ဟန်ပြဆွေးနွေးခြင်း၊ TV နှင့်သတင်းစာ စောင်များမှာ ထည့်ပေးဖေါ်ပြခြင်းများ ပြုလုပ်လာနိုင်သည်။ ၎င်းဝန်ကြီး ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်ကို အညံ့ခံလာအောင်၊ ပျော့ပျောင်းလာအောင် ဆွဲဆောင်ဖျောင်းဖျမည့်သဘောအတိုင်း လုပ်ဆောင်နေမည်၊ လျော့စရာရှိတာကို ဒေါ်အောင်ဆန်းစုကြည်ကသာ လျော့ပါ၊ ဗိုလ်သန်းရွေက အလျော့မပေးဘဲ ဗိုလ်သန်းရွေ၏အလိုဆန္ဒအရ လမ်းညွန်မြေပုံ(၇)ချက်အတိုင်း ထောက်ခံပါဆိုသည့်သဘော ဒေါ်စုကိုနာားချလိမ္မည်၊ ဆွေးနွေးပွဲကား အပေါ်အယံအရ အဆင်ပြေပါသော်လည်း ပြန်လည်သင့်မြတ်ရန် ရည်ရွယ်ချက်မှာ အဆင်မပြေနိုင်ပေ၊ (ဖြေရှင်းမရနိုင်ပေ)။
ဗိုလ်သန်းရွေ စစ်အစိုးရသည် သူတို့၏ဘ၀လုံခြုံဖို့ အာဏာတည်မြဲရန်အတွက် လမ်းညွန်မြေပုံ(၇)ချက်အတိုင်း လျှောက်လှမ်းရန်အတွက် (၁၈၊၁၀၊၀၇) ကြာသပတေးနေ့က ဥပဒေရေးဆွဲရေးကော်မီတီကို (၅၄)ဦးနှင့်ဖွဲ့စည်းလိုက်သည်။ ထိုအဖွဲ့တွင် အတိုက်အခံ နိုင်ငံရေးပါတီမှ၎င်း၊ တိုင်းရင်းသားကိုယ်စားပြုပါတီမှ၎င်း၊ တဦးမျှမပါဝင်ပါ။ (MP)များကို မထည့်ဘဲ (ပါမောက္ခများ၊ ဥပဒေပညာရှင် ရှေ့နေများနှင့် ဗိုလ်ချုပ်များ ကြီးကြပ်ပါဝင်သည်။ ၎င်းတို့သည် ညောင်နှစ်ပင်ညီလာခံမှထွက်ပေါ်လာသော ဦးတည်ချက်(၆)ချက် အခြေခံမူ(၁၀၄)ချက် အတိုင်း ရေးဆွဲကြပေလိမ္မည်။
အကြောင်းပြချက်ကား ---- မြန်မာနိုင်ငံအနှံ့အပြားတွင် ပြည်သူပြည်သားများသည် ညီလာခံ ထောက်ခံပွဲများပြုလုပ်ပြီး ထောက်ခံနေကြသောကြောင့် ပြည်သူ့ဆန္ဒအတိုင်း အကောင်အထည်ဖေါ်ရလိမ္မည်ဟု အကြောင်းပြပေလိမ္မည်၊ ကော်မီတီစတင် ဖွဲ့စည်းသောနေ့ (၁၈)ရက် (၁+၈=၉)၊ ကော်မီတီဦးရေ (၅၄)ဦး (၅+၄=၉)ရသည်၊ ထို့ကြောင့်သူတို့သည် အောင်မြင်ကံကောင်းသည်ဟု အယူရှိသော (၉)ဂဏန်းကို အသုံးပြုခြင်းသည် သူတို့အလိုဆန္ဒအတိုင်း ဥပဒေရေးဆွဲခြင်းကိစ္စ အောင်မြင်စေချင်သောကြောင့်ပင်ဖြစ်သည်။
နအဖ စစ်အစိုးရသည် ပြည်နယ်တိုင်း၊ မြို့နယ်တိုင်းမှာ စစ်အစိုးရ၏ညီလာခံ ထောက်ခံပွဲများကို အတင်းအဓမ္မ ပြုလုပ်ဆောင်ရွက်နေလိမ္မည်၊ ဆန့်ကျင်သောရဟန်းသံဃာများကို ဖမ်းဆီးထောင်ချ၊ ခြိမ်းခြောက်ခြင်းများ၊ ဆက်လက်ပြုလုပ်နေမည်၊ သပိတ်ကံမဆောင်သော အစိုးရကိုထောက်ခံသော ရဟန်းသံဃာများကို လာဘ်ထိုးပြီး သံဃာများကို သင်းခွဲရန်တိုက်မည်၊ ဆန့်ကျင်သော ကျောင်းသားကျောင်းသူများ၊ ပြည်သူပြည်သားများကို ဆက်လက် ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်နေမည်၊ အဖမ်းအဆီးများ၊ အတားအဆီးများ ဆက်လက်ရှိမည်၊ ဆန့်ကျင်သူများလည်းရှိမည်၊ လက်နက်ကိုင်တိုက်ခိုက်မှုများလည်း ရှိနေမည်၊ ပြည်တွင်းဆူပူသောင်းကျန်းခြင်းနှင့် ပြည်တွင်းစစ်ဖြစ်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာပေလိမ္မည်၊ နအဖစစ်အစိုးရနှင့် သူတို့တပ်မတော်သည်လည်း ဆုတ်ယုတ်ပျက်စီးလာမည်၊ မညီမညွတ်ဖြစ်လာမည်၊ ကွဲပြဲလာမည့်သဘောရှိသည်၊ နိုင်ငံရေးအရ မငြိမ်းချမ်းသောကြောင့်၎င်း၊ တက်နေသောကုန်ဈေးနှုန်းနှင့် စားဝတ်နေရေးပြဿနာများကို စစ်အစိုးရ မဖြေရှင်းနှိင်သောကြောင့် ပြည်သူပြည်သားရဟန်းရှင်လူများသည် ဆင်းရဲသည်ထက်ဆင်းရဲ၊ ကျပ်သည်ထက်ကျပ်၊ ငတ်သည်ထက်ငတ်၍လာမည်၊ ပြည်သူပြည်သားများ ဆင်းရဲဒုက္ခတွေ့မည်၊ မင်းဖီးမင်းဒဏ်သင့်မည်၊ ပြည်တွင်း၌ ဆူဆူပူပူရှိမည်၊ ပြည်ပကလည်း အလားတူရှိမည်။
နာမည်ကြီး နိုင်ငံရေးသမား ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးစသော ပြည်သူချစ်သော (၀ါ) ပြည်သူပြည်သားများထောက်ခံသော ခေါင်းဆောင်တို့ကို အလွယ်တကူ ပြန်မလွတ်ပေးနိုင်ပါ၊ ရဟန်းသံဃာခေါင်းဆောင်တို့ကို၎င်း၊ ကျောင်းသားခေါင်းဆောင်တို့ကို၎င်း၊ နောက်ထပ်ဆူပူလည်မည့်အခြေအနေ ရှိနေသဖြင့် စိုးရိမ်နေသည်၊ NLD သည် စစ်အစိုးရအပေါ် တစုံတရာအထိ ဆန့်ကျင်လှုပ်ရှားမှုမရှိ၍ ဖမ်းဆီးထားသော NLD နှင့် သာမန်ပြည်သူပြည်သားများကို လူမြင်ကောင်းအောင် လွတ်ပြပေးလိမ္မည်၊ မကြာခင်ရောက်ရှိလာမည့် ကုလကိုယ်စားလှယ် မစ္စတာဂန်ဘာရီကို (၁)။ လိမ်လည်လှည့်စားလိမ္မည်၊ (၂)။ ဆွေးနွေးပွဲစနေဟန် အချိန်ဆွဲလိမ္မည်၊ (၃)။ ပြည်သူပြည်သားများ၏ ထောက်ခံမှုအရ၎င်း၊ သူတို့၏ဆန္ဒအရ လမ်းညွန်မြေပုံ(၇)ချက်အတိုင်းသာ နိုင်ငံရေးအပြောင်းအလွဲလုပ်မည်ဟု ဖြေရှင်းလတ္တံ၊ (၄)။ လမ်းညွန်မြေပုံ(၇)ချက်တွင် NLD ကို ထည့်သွင်းရန်မလိုသည့်သဘော (၀ါ) မစ္စတာဂန်ဘာရီတောင်းဆိုသည့် အတိုင်း မဆောင်ရွက်နိုင်သည့်သဘော၊ UN လုံခြုံရေးကောင်စီကို အာခံဆန့်ကျင်လိမ္မည်မြင်သည်။ ထို့ကြောင့် နအဖစစ်အစိုးရသည် ပြည်သူပြည် သားများချစ်ခင်သော ဒေါ်စုနှင့် ရဟန်းရှင် ကျောင်းသားခေါင်းဆောင်တို့ကို ပြန်လွတ်ပေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်မည်မဟုတ်၊ နိုင်ငံတကာနှင့် UN လုံခြုံရေးကောင်စီကို အာခံမည်၊ စစ်ခံမည်မြင်သည်၊ သူတို့အညံ့ခံခြင်းကို အလိုမရှိကြ၊ အညံ့ခံခြင်းထက် စစ်ခံ၍သေဆုံးခြင်းသည် ပို၍မြတ်သည်ဟုဆိုသည့်အတိုင်း အညံ့မခံ အလျော့မပေး အာခံမည်၊ ခုခံမည်၊ စစ်ခံကြလိမ္မည်ဖြစ်သောကြောင့် မြန်မာပြည်သူပြည်သားများသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖြစ်လာနိုးနိုး စောင့်မျှော်၍မနေကြဘဲ အုံကြွဆန္ဒပြခြင်းနှင့် လက်နက်ကိုင်တော်လှန်ရေးအသွင် အနေအထားသို့ ဆက်လက်ချီတက်နေကြလိမ္မည်ဖြစ်ပေသည်။
ဗြိစ္ဆာရာသီ (SCORPIO) တန်ဆောင်မုန်းလ အောက်တိုဘာလ(၂၃)ရက်မှ နိုဝင်္ဘာလ(၂၂)ရက်အတွင်း မွေးဖွါးသူများ ဟာစာတန်း
ဗြိစ္ဆာရာသီသည် ကင်းမီးကောက်ပုံသဏ္ဍာန်ရှိပြီး သင်္ကေတအားဖြင့် (M→) ဟုဖေါ်ပြကြသည်၊ ဗြိစ္ဆာရာသီသည် ကင်းမီးကာက်ပုံသဏ္ဍာန်ရှိသည့်အတိုင်း (မြေအောက်၊ ချိုင့်ဝှမ်း၊ မီးဖိုနှင့် ခိုအောင်းနိုင်သောနေရာများ၊ ဥယျဉ်ခြံမြေ စသောနေရာများကို ကြီးစိုးတတ်သည်၊ ၎င်းရာသီ (လဂ်)တွင်မွေးဖွါးသူတို့သည် မြဲမြံတည်ကြည်ခြင်းကြောင့် လျှို့ဝှက်လုပ်ကိုင်ရသောလုပ်ငန်းများတွင်၎င်း၊ ထောက်လှန်းရေးလုပ်ငန်းများ၊ ဓါတုဗေဒဆေးလုပ်ငန်းများ၊ စစ်ဘက်ဆိုင်ရာ လုပ်ငန်းများတွင်လုပ်ကိုင်၍ တိုးတက်ကြီးပွါးတတ်ပြီး ကိုယ်ကျိုးစွန့်၍ ကြိုးကြိုးစားစားလုပ်ကိုင်ဆောင်ရွက်တတ်သဖြင့် ကြီးမားသောဂုဏ်ဒြပ်တို့ဖြင့် ပြည့်စုံသူများဖြစ်တတ်ပေသည်။
ကိုယ်အင်္ဂါအစိတ်အပိုင်းအားဖြင့် အင်္ဂါဇာတ်၊ လိင်၊ ဆီးအိမ်၊ သားအိမ်စသည်တို့ကို ကြီးစိုးပြီး အရပ်ဒေသမှာ မြောက်အရပ်ကိုကြီးစိုးကာ အရောင်အဆင်းအားဖြင့် ရွေရောင်စသည်တို့ကို ကြီးစိုးပေသည်။ ထို့ကြောင့် ဗြိစ္ဆာရာသီ၌ မွေးဖွါးသော(၇)ရက်သားသမီးတို့အနက် -----
၁။ တနင်္ဂနွေနေ့မွေးဖွါးသော သားသမီးများသည် ---- ချမ်းသာကြွယ်ဝတတ်ပြီး ပညာဂုဏ်ဒြပ်နှင့် ပြည့်စုံလေ့ရှိသည်၊ လိမ္မာပါးနပ်ကြသဖြင့် နိုင်ငံရေး၌ အထူးအောင်မြင်သူများ၊ လူရိုသေ ရှင်ရိုသေသော နိုင်ငံရေးသမားဖြစ်လေ့ရှိသည်၊ အထူးသဖြင့် မျက်စိမကောင်းသူများ၊ မျက်စိရောဂါရသူများဖြစ်တတ်ကြသည်၊ အကျိုးပေးသောအရောင်မှာ နီရဲရဲ၊ ကြေးနီရောင် ဖြစ်သည်။
၂။ တနင်္လာနေ့မွေးဖွါးသော သားသမီးများသည် --- အများအားဖြင့် စဉ်းစားဆင်ခြင်သူများ၊ စိတ်ကူးယဉ်ဆန်သူများဖြစ်ပြီး အများအလိုကျ အကျိုးပြုလုပ်ငန်းများကို လုပိကိုင်တတ်ခြင်း၊ ခရီးသွား၊ ကုန်သည်အလုပ်ကိုဝါသနာပါခြင်း၊ မိမိပတ်ဝန်းကျင်၌ ခေါင်းဆောင်လူကြီးများ ဖြစ်လေ့ရှိကြသည်၊ တနင်္လာသားသမီးများ၏ ကံကောင်းသောအရောင်မှာ (အဖြူရောင် ဖြစ်သည်)။
၃။ အင်္ဂါနေ့မွေးဖွါးသော သားသမီးများသည် --- စစ်ရေး၊ နိုင်ငံရေး၌ ထူးချွန်အကျိုးပြုတတ်ပြီး ရဲစွမ်းသတ္တိ ဥာဏ်ပညာနှင့် ပြည့်စုံတတ်သည်၊ ကုန်သည်၊ ပွဲစား၊ ရောင်းဝယ်ရေးစသော စီးပွါးရေးအလုပ်အကိုင်တို့တွင်လည်း အထူးအကျိုးပေးတတ်သည်။ အင်္ဂါနေ့သားသမီးများ၏ ကံကောင်းလာဘ်ရှိသော အရောင်မှာ (နီရဲရဲ)အရောင်ဖြစ်သည်။
၎။ ဗုဒ္ဓဟူးနေ့မွေးဖွါးသော သားသမီးများသည် --- အနုပညာ၊ အက၊ အတီး၊ အဆို၊ အပျော်အပါး အသောက်အစားစသော မကောင်းမှုများကို အထူးနှစ်ကြိုက်လေ့ရှိပြီး ပညာရေးနှင့် စီးပွါးရေးကဏ္ဍတွင် တိုးတက်မှုနှေးကွေးတတ်သည်၊ ဗုဒ္ဓဟူးနေ့မွေးဖွါးသော သားသမီးများ၏ သင့်လျော်သောအရောင်မှာ (အစိမ်းအရောင်) ဖြစ်သည်၊ အရေးကိစ္စကြုံပါက ၀တ်ဆင်၍သွားပါ၊ သင်ကံကောင်းမည်။
၅။ ကြာသပတေးနေကမွေးဖွါးသော သားသမီးများသည် ---- စိတ်နှလုံးကောင်းမွန် ဖြူစင်တတ်ပြီး ပညာရေးတွင် ကံကောင်းသူများ၊ ကိုယ်စိတ်ချမ်းသာသော သူများဖြစ်တတ်သည်၊ အိမ်ထောင်ရေးအကျိုးပေးပြီး ချမ်းသာသုခခံစားရတတ်သည်၊ ကြာသပတေးနေ့မွေးဖွါးသော သားသမီးများ၏ လိုက်ဖက်အကျိုးပေးသောအရောင်မှာ (ရွေရောင်၊ အ၀ါရောင်)ဖြစ်သည်။
၆။ သောကြာနေကမွေးဖွါးသော သားသမီးများသည် ---- အာရုံခံစားမှုကို လိုက်စားတတ်ပြီး ကိုယ်ကျင့်တရားပျက်ပြားသူများ၊ ဂုဏ်သိက္ခာထိခိုက်သူများ၊ အိမ်ထောင်ရေးတွင် အကျိုးဆုတ်ယုတ်မှုများနှင့် တွေ့ကြုံရတတ်သည်၊ သောကြာနေ့ သားသမီးများ၏ အောင်မြင်ကံကောင်းသောအရောင်မှာ (အဖြူရောင်နု၊ အဖြူပြာ) အရောင်သာဖြစ်ပေသည်။
၇။ စနေနေ့မွေးဖွါးသော သားသမီးများသည် ----- ဥာဏ်ပညာနည်းခြင်းကြောင့် အများအားဖြင့် မတရားသော၊ ရိုင်းစိုင်းယုတ်မာသောအလုပ်အကိုင်တို့ကို လုပ်ကိုင်ရင်း အသက်မွေးရတတ်သည်၊ ပင်ပင်ပန်းပန်းလုပ်ကိုင်စားသောက်ရတတ်သည်၊ မျိုးချစ်စိတ်ဓါတ်၊ ပရဟိတစိတ်မရှိဘဲ ကိုယ်ကျိုးကိုသာကြည့်တတ်လေ့ရှိကြသည်၊ စနေနေ့သားသမီးများ၏ ကံကောင်း၍ လူချစ်လူခင်များစေတတ်သောအရောင်မှာ (ခဲရောင်၊ ခရမ်းရောင်) စသည်တို့ ဖြစ်သည်။ အထူးသဖြင့် အရေးကြီးအခြေအနေ၊ အရေးပေါ်ကိစ္စတခုခု ပေါ်ပေါက်လာပါက မိမိနှင့်သင့်လျော်သော လိုက်ဘက်သော အ၀တ်ရောင်ကို ၀တ်ဆင်၍သွားပါက အမြဲကံကောင်းနေပေလိမ္မည်ဖြစ်ပါသည်။
သက္ကရာဇ် ၂၀၀၇ ခုအတွက်မြန်မာနိုင်ငံ၏ကံကြမ္မာဟောစာတမ်းအားဤနေရာမှကြည့်ရန်
အသျှင် က္ကုန္ဒာစက္က (MA သမိုင်း)
ဗေဒင်နှင့်သမိုင်းသုတေသီ
ရခိုင်အမျိုးသား ဗုဒ္ဓဘာသာကျောင်းတိုက်
သံသီးရွာ၊ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ
ဖုံး၊ ၀၁၅၅၈၄၁၃၁၄၅

နေရဉ္စရာ ရခိုင်သတင်းမှ ကူးယူတင်ပြလိုက်ပါသည်။
Continue reading ...

October 25, 2007

(၈) တွေ ပလူပျံလို့  စစ်အစိုးရပြုတ်ကျမည်

Unknown | 7:13 AM |
ကဲ (၈) တွေ ဖြစ်လာတာကို ကြည့်ကြစမ်းပါဦး။
(၈၈)--(၈) နှစ်လုံး
မျိုးဆက် (၅+၃) (၈) တစ်လုံး နဲ့
ကျောင်းသား (၂+၆) (၈) တစ်လုံး
ကဲ (၈) လေးလုံး တွေ့ပြီမဟုတ်လား။
စီတန်းလမ်းလျှောက် (၃+၇+၈+၈= ၂၆=၈ ) နောက်ထပ် (၈) တစ်လုံး။
ဆန္ဒပြကြ (၃+၇+၅+၂=၁၇= ၈) နောက်ထပ် (၈) တလုံး (တကိုယ်တော် မဟုတ်တော့ဘဲ အများစုပြီး ဆန္ဒပြကြတာမို့လို့ ဗဟုဝစ်ကိန်း သုံးရတာပါ။)
ကျောင်းသားခေါင်းဆောင်တွေကို မတရား ဖမ်းဆီးသွားပေမယ့် ပြီးမသွားပါဘူး။
နောက်ထပ် (၈) တွေ ထပ်ပေါ်လာတာ ခုထိပဲ ။
(သံဃာ) တော်တွေက (စီတန်းလှည့်လည်) (မေတ္တာပို့) (ဆန္ဒပြကြ) တယ်တဲ့ ၊ ဝမ်းသာစရာကြီး။
ရတနာသုံးပါးမှာ တတိယ ရတနာလေ၊ သံဃာ ရတနာလို့ဘဲ သုံးနှုန်းပါတယ်။
ရဟန်း ရတနာ၊ ဘုန်းကြီး ရတနာလို့ မသုံးပါဘူး။ အတင်းဆွဲပြီး ပြောတယ်ဆိုမှာ စိုးလို့ ပါ ။
ဒီတော့ သံဃာဆို တာ (၆+၂) နောက်ထပ် (၈)တလုံး၊
အဲဒီမှာ ထူးခြားတာ ထပ်ပြောပါဦးမယ်။ နိုင်ငံအနှံ့ မှာ သံဃာတွေ ရှိပါတယ်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ညောင်တုန်း၊ အမရပူရ၊ မြင်းခြံ နဲ့ ပခုက္ကူ ဆိုတဲ့ မြို့တွေမှာ သံဃာတော် အရေအတွက် အများဆုံး ဖြစ်ပြီး အဲဒီထဲမှာ (ပခုက္ကူမြို့) မှာမှ ဘာဖြစ်လို့ စဖြစ်လိုက်တာလဲ။
ယနေ့အချိန်အခါမှာ ဖြစ်ပြီးသွားခဲ့တဲ့ အခြင်းအရာတွေကို ပြန်လည် သုံးသပ်ရင်း မည်သည့် နည်းလမ်း၊ နည်းဗျူဟာများ ချမှတ်၍ အချိန်တိုအတွင်း၊ မည်သို့မည်ပုံနဲ့ပန်းတိုင်စိုက်ထူမဲ့ ရက်ချိန်းကို သတ်မှတ်ကြရန် အချိန်ရောက်နေပြီ ဖြစ်ပါသည် ။
ယေဘုယျအားဖြင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက ယခုအချိန်သည် (၈) လေးလုံး မတိုင်မီ မောင်ဖုန်းမော် သေဆုံးပြီး အချိန်ကာလနှင့် အတော် တူနေပါသည်။ မောင်ဖုန်းမော် အသတ်ခံရပြီးချိန်က စပြီး ဟိုနေရာ နည်းနည်း ဒီနေရာ နည်းနည်းနဲ့ ပျောက်ကျားဆန်ဆန် စီကနဲ ကျွက်ကနဲ လှုပ်ရှားကြရင်း (၈) လေးလုံး ရက်ကို တီးတိုးတမျိုး ကျယ်ကျယ်တဖုံ သတ်မှတ်လိုက်ကြကာ (၈-၈-၈၈) ရောက်မဲ့နေ့ကို ရင်တဖိုဖိုနဲ့မောင်းတင်ပြီး စောင့်နေခဲ့ကြတာ ပြည်သူအားလုံး အသိပါပဲ။တကယ့် ရက်ရောက်လို့  တကယ်ပဲ ချကြပြီဆိုတော့ ပြည်သူတွေ အကုန်လုံး လမ်းပေါ် ထွက်လာခဲ့ကြတာပဲ မဟုတ်လား။ အဲဒါ ကြောင့်လည်းပဲ မဆလနဲ့ နောက်ပါ အစိုးရ အဆက်ဆက် ရက်နဲနဲစီပဲ ကွာပြီး တဖြုတ်ဖြုတ်နဲ့ ပြုတ်ကျသွားတာ ယနေ့ထိ မမေ့နိုင်သေးပါဘူး။ အဲဒါ တတိုင်းပြည်လုံး တချိန်တည်း တပြိုင်တည်း ထွက်လာကြလို့နော်။
အခုလည်း မောင်ဖုန်းေးမာ် အသတ်ခံရတာထက် အဆမတန် ရင်နာစရာ ဖြစ်ခဲ့ပါပြီ၊ မြန်မာ ပြည်သူများ သာမက ကမ္ဘာ့ ပြည်သူ အပေါင်းတို့ကပါ အော့နှလုံးနာပြီး နာကျည်း ခံပြင်းချက်တွေနဲ့အတူ ဆန့်ကျင်နေကြပါပြီ ။ ကျနော်တို့ အချိန်မဆွဲဘဲ သွေးမအေးစေဘဲ ခပ်သွက်သွက် ခပ်မြန်မြန် အဟုန်ပြင်းပြင်းနဲ့ တိုက်ပွဲဝင်ဖို့ အချိန်တန်ပါပြီ။
စစ်အစိုးရရဲ့အချိန်ဆွဲ နည်းဗျူဟာကို အားလုံးက သိပြီးသားမို့သူတို့ဘာပြောပြော ဘာတွေပဲလုပ်လုပ် သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ ယူဂျီတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ပြည်လုံးကျွတ် တော်လှန်ရေး အတွက် နည်းဗျူဟာတွေ၊ မဟာဗျူဟာတွေ ချမှတ်ထားပြီး နေ-ကြပြီ ဆိုတာလည်းယုံ ကြည် မိပါသည် ။ သူတို့လိုပါပဲ ပါးစပ်ကလဲ ပြောပေး၊ တဖက်ကလည်း အစီအစဉ်တွေ ချမှတ်ထားရမှာပါ။ အစီအစဉ် ချမှတ်လို့သေချာပြီ ဆိုရင် ပါးစပ်ပြောထဲမှာ ရက်ချိန်းကို ပြတ်ပြတ်သားသား ပေးရမှာ ဖြစ်ပါတယ်။ ထိုင်ပြောနေ လို့ကတော့ မောင်ပြောပဲ ဖြစ်ပြီး မောရုံရှိမှာပါ။
ကျနော်လေ့လာထားသော အေ-ကာင်းချင်းရာတစ်ခုကိုတင်ပြချင်ပါတယ်။
အဲဒီအကြောင်းကို စပြီး သတိပြုမိတာက နအဖတို့ အတင်း အဓမ္မ ကြက်ဆူပင် စိုက်ခိုင်းတဲ့ အချိန်မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ပြည်သူတွေက ဒါဟာသက်သက် (စုကြည် ကို ကြက်ဆူ) နဲ့ ကက်ကင်း ယတြာ လုပ်တာဘဲလို့ သဘောပေါက်ပြီး တန်ပြန်ကက်ကင်း ဓါတ်အဖြစ်နဲ့(ကြက်ဆူစိုက်- ဇီးကွက်ဆောင်) ဆိုပြီး ဇီးကွက် ရုပ်ကလေးတွေ ရင်ဘတ်မှာ ချိန်ဆွဲခဲ့ကြတာ မှတ်မိမှာပါ။ အဲဒီကတည်းက (ကြက်ဆူစိုက် နဲ့ ဇီးကွက်ဆောင်တို့) ရဲ့ (၈) ဂဏန်းတွေကို လှစ်ကနဲ သတိပြုမိခဲ့ပါတယ်။
အဲဒါနဲ့ (၈) လေးလုံး အရေးအခင်းက စပြီး ဖြစ်ပေါ်ခဲ့တဲ့ (၈)တွေနဲ့ ဆက်စပ်ပြီး (၈) အကြောင်းတွေ တွေးမိ ရာက (၈)တွေ တသီကြီး ဖြစ်ပေါ်နေတာကို မြင်တွေ့ရပါတော့တယ်။ အဲဒီကနေ တဆင့်ကျော်ပြီး ယထာဘူတကျကျ ဆက်စဉ်းစား လိုက်ပြန်တော့လဲ အောက်ပါအတိုင်း (၈) ဂဏန်းတွေနဲ့ နိုင်ငံ့အရေးတွေ ဆက်စပ် ပါတ်သက်နေတာကို ကွင်းဆက် တွေ့မြင်မိပါတယ် ။
တကယ်တော့ မည်သည့် တိုင်းပြည်တွင်မဆို (ပြည်သူလူထု) နဲ့ (အစိုးရ) နဲ့ (အာဏာ) တို့ ဟာ ကွင်းဆက်သဖွယ် ဆက်စပ်လျက် ရှိပါတယ်။ အမှန်စင်စစ် (အာဏာ) ဆိုတာကို (ပြည်သူလူထု)က ပိုင်ဆိုင်တာပါ။ (ပြည်သူလူထု)က (အစိုးရ)အဖွဲ့ ဖွဲ့ပေးပြီး အဲဒီ (အစိုးရ) လက်ထဲ (အာဏာ)ကို အပ်နှင်းခဲ့တာဘဲ မဟုတ်လား။ အဲဒီမှာ ကြည့်လိုက်ရင် (ပြည်သူလူထု) ဆိုတာ (၅+၆+၈+၇=၂၆=၈)၊ (အာဏာ) ဆိုတာ (၁ +၇=၈)၊ (အစိုးရ) ဆိုတာ(၁+၃+၄=၈) အဲဒီလို တွေ့ရပါတယ်။
အဲဒါကြောင့် (ပြည်သူလူထု) ဆိုတဲ့ (၈) က အားသန်လွန်းရင် (အစိုးရ) ဆိုတဲ့ (၈) ဟာအပြောင်းအလဲတွေ မကြာခဏ ဖြစ်ကြရပါတယ်။ (အစိုးရ) ဆိုတဲ့ (၈) က အားသန်ပြန်ရင်လဲ (ပြည်သူလူထု) ဆိုတဲ့ (၈)က အနှိပ်စက် ခံကြရပြန်ပါရော။ ပြည်သူကရွေးကောက် တင်မြှောက်ထားထား၊ မဟား ဒယား အတင်းဝင်လု ထားတာဘဲ ဖြစ်ဖြစ် (အစိုးရ) အလုပ်ကို လုပ်နေတဲ့ အဖွဲ့အစည်းဟာ (အစိုးရ)ပဲ ဖြစ်ပါတယ်။
(အစိုးရ) ဆိုတဲ့ အဖွဲ့အစည်းဝင် လူတွေဟာ ငါတို့ဟာ(ပြည်သူလူထု) ထဲက တဦး ဖြစ်တယ်လို့  မှန်မှန်ကန်ကန်နဲ့ ရိုးသားစွာ ခံယူနိုင်မှလည်း (ပြည်သူလူထု)နဲ့ တသားတည်း ဖြစ်ပြီး (ပြည်သူလူထု)နဲ့(အစိုးရ) ချိန်ခွင်လျှာ မျှနေမှာ ဖြစ်ပါတယ်။
(ပြည်သူလူထု) နဲ့ (အစိုးရ) တို့အင်အား မျှနေတဲ့ တိုင်းပြည်တွေမှာ (အာဏာ) ဆိုတာ ခိုင်မြဲ တည်ငြိမ်မှုရှိပြီး တိုင်းပြည်မှာလည်း အေးချမ်းသာယာ ဝပြောလျက် ရှိကြတာကို တွေ့ ကြရမှာပါ။ ဆိုလိုချင်တာက (၈) ဂဏန်းဟာ မြန်မာနိုင်ငံ တနိုင်ငံတည်းနဲ့သာ သက်ဆိုင်တာ မဟုတ်ကြောင်းပြောပြချင်တာပါ။
အခု ကျနော် တင်ပြမယ့်(၈) ဋီကာ ဟာ သင်္ချာပညာ၊ ဝေဒပညာတွေနဲ့ မပါတ်သက်ဘူး ဆိုတာ ပြောထားချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က အဲဒီ ပညာရပ်တွေကို မကျွှမ်းကျင်တာမို့လို့ပါ။ သက်ဆိုင်ရာ ပညာရှင်များက ဒီလို-ဒီလို ပါတ်သက်ပါတယ်လို့ တင်ပြလာရင်တော့ အတိုင်းထက် အလွန်
ဝမ်းမြောက် ကျေနပ် လက်ခံရမှာပါ။ ပြည်သူတွေမှာလည်း ပိုပြီး အားရှိသွားတာပေါ့။
(၈) ဂဏန်းမှာ ဆွဲအား အစွန်းနှစ်ဖက် ရှိပါတယ်။ (သည်းခံ)ခြင်းနဲ့ (အိပ်မောကျ) ခြင်းတို့ဟာ (၈) ဂဏန်းရဲ့ အနှုတ် လက္ခဏာ ဆောင်တဲ့ အစွန်းဖြစ်ပြီး (ဝိရိယအား) ကတော့ အပေါင်း လက္ခဏာ ဆောင်တဲ့ အစွန်းတစ်ဖက်ပါ။ (ဝီရိယ) မှာ (အား) ထည့်ပေါင်းခြင်းက (၈) ဖြစ်အောင် အတင်းယူထားခြင်း မဟုတ်ပါဘူး။ ဝီရိယဆိုတဲ့ အားထုတ်မှုမှာ အားနည်းမှု၊ မျှတမှုနဲ့ အားကြီးမှု သုံးဆင့် ရှိပါတယ်။ အားနည်း လွန်းနေရင် ဟန်ပြ ဝီရိယ ဖြစ်ပြီး အကျိုးရလာဒ်မှာ မရေရာပါ။ အားကြီး လွန်းအားရင်လည်း လိုချင်တဲ့ အကျိုး ရလာဒ်နဲ့ လွဲတတ်ပါတယ်။ အလယ်အလတ်အား မျှတနေမှ လိုရာခရီးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်မှာ ဖြစ်ပါတယ်။
(ပြည်သူလူထု) ဖက်က (သည်းခံ) ခြင်းနဲ့ (အိပ်မောကျ) ခြင်း လွန်ကဲသွားရင် (အစိုးရ)က (ပြည်သူလူထု)ကို နှိပ်စက် အနိုင်ကျင့် တတ်ပါတယ်။
(ပြည်သူလူထု)ဖက်က (ဝီရိယအား) များလွန်းရင် (အစိုးရ)ဟာ မတည်မငြိမ် ဖြစ်တတ်ပါတယ်။ နောက်ဆုံး ပလ္လင်ပေါ်က ဆင်းပေးရတဲ့အထိ ဖြစ်သွားရမှာပါ။ ဘုရားရှင်တော်မြတ်နဲ့ ရဟန္တာတွေတောင်မှ မဂ္ဂင်(၈)ပါးနဲ့ ကင်းပြီး ပွင့်ထွန်း ဖြစ်ပေါ်လာရိုး မရှိပါ။
(၈) သည် မြတ်သော အလုပ်တရား ဖြစ်ပြီး (၉)ဂ ဏန်းသည် အကျိုးရလာဒ်သာ ဖြစ်ပါသည်။ ဒါ့ကြောင့် (၉) ဂဏန်းကိုင် နေဝင်း အစိုးရသည် (၈) ဂဏန်း ပိုင်ရှင်(ပြည်သူလူထု)၏ (ဝီရိယအား) အောက်တွင် လက်မြှောက် အရှုံးပေးခဲ့ရတာ အထင်အရှား အများအသိပင် ဖြစ်ပါသည်။
ယခု (ပြည်သူလူထု)ဖက်မှ (၈) ဂဏန်း အားတွေ အလွန် အားကောင်းနေတာကို တင်ပြလိုပါတယ်။
ဤခုလို ပြည်သူလူထုဖက်က (၈) အားတွေ ကောင်းနေတုန်း ဝီရိယအား ပြင်းပြင်းနဲ့  စစ်အစိုးရကို ဖြုတ်ချပြီး မိမိတို့ စိတ်ကြိုက် အစိုးရကို ရွေးကောက် တင်မြှောက်ရပါမယ်၊ ပြီးရင်တော့ အိပ်မောကျခြင်းမှ နိုးထ၍ သည်းခံခြင်း တရားကို စံနစ်တကျ သုံးစွဲကြခြင်းဖြင့် သာယာ ဝပြောသော နိုင်ငံတော်သစ်ကြီးကို တည်ဆောက်ကြရအောင်ပါ။
ကြည့်လိုက်ကြစမ်းပါ၊ ဘယ်လောက်လှတဲ့ (၈) တွေလည်း ဆိုတာ ။
ဒီ (၈) တွေကို စောင့်ကြည့်နေခဲ့တာ ကြာပြီ။
ကဲ အခုတော့ ကျကျ နန သန်သန်မာမာ စွမ်းအားကောင်းကောင်းနဲ့ ပေါ်ထွန်းလာတာ တွေ့ရပါပြီ။ စခဲ့တာက လွန်ခဲ့တဲ့ (၈) လေးလုံး ကာလ ကတည်းကပါ ။ အဲဒီ (၈) ရဲ့ အရှိန်အဝါက သေမသွားပါဘူး၊ အခြေအနေ အကြောင်းကြောင်းကြောင့်သာ ခေတ္တခဏ မှေးမှိန် သွားလိုက်တာဘဲ ရှိတာပါ ။
ဟော ရုတ်ခြည်း ဆိုသလိုဘဲ ဟုန်းကနဲ ထတောက်လိုက်တယ်။ အဲဒါကတော့ ဓါတ်ဆီဈေးတက်လို့ ကုန်ဈေးနှုန်းတွေ ၊ ကားခတွေ တက်လာတဲ့အတွက် (၈၈) မျိုးဆက် ကျောင်းသားများက (စီတန်း လမ်းလျှောက်) (ဆန္ဒပြကြ) တဲ့ အဖြစ်ပါဘဲ။
ကျောင်းသားဆိုတာ (ကျား၊မ မခွဲခြားဘဲ သုံးရတဲ့ အသုံးအနှုန်းပါ)
(၈၈) မျိုးဆက်ကျောင်းသားတွေက သူတို့ကိုယ်ကို သူတို့ ဒီလို အမည်နာမ ပေးလိုက်တာဟာ (၈) ဂဏန်းရဲ့ ခွန်အားတွေ ဖြစ်သွားတယ် ဆိုတာ အမှုမဲ့ အမှတ်မဲ့ နဲ့ မသိလိုက်ဘူး။
ကဲ (၈) တွေ ဖြစ်လာတာကို ကြည့်ကြစမ်းပါဦး။
(၈၈)--(၈) နှစ်လုံး
မျိုးဆက် (၅+၃) (၈) တစ်လုံး နဲ့
ကျောင်းသား (၂+၆) (၈) တစ်လုံး
ကဲ (၈) လေးလုံး တွေ့ပြီမဟုတ်လား။
စီတန်းလမ်းလျှောက် (၃+၇+၈+၈= ၂၆=၈ ) နောက်ထပ် (၈) တစ်လုံး။
ဆန္ဒပြကြ (၃+၇+၅+၂=၁၇= ၈) နောက်ထပ် (၈) တလုံး (တကိုယ်တော် မဟုတ်တော့ဘဲ အများစုပြီး ဆန္ဒပြကြတာမို့လို့ ဗဟုဝစ်ကိန်း သုံးရတာပါ။)
ကျောင်းသားခေါင်းဆောင်တွေကို မတရား ဖမ်းဆီးသွားပေမယ့် ပြီးမသွားပါဘူး။
နောက်ထပ် (၈) တွေ ထပ်ပေါ်လာတာ ခုထိပဲ ။
(သံဃာ) တော်တွေက (စီတန်းလှည့်လည်) (မေတ္တာပို့) (ဆန္ဒပြကြ) တယ်တဲ့ ၊ ဝမ်းသာစရာကြီး။
ရတနာသုံးပါးမှာ တတိယ ရတနာလေ၊ သံဃာ ရတနာလို့ဘဲ သုံးနှုန်းပါတယ်။
ရဟန်း ရတနာ၊ ဘုန်းကြီး ရတနာလို့ မသုံးပါဘူး။ အတင်းဆွဲပြီး ပြောတယ်ဆိုမှာ စိုးလို့ ပါ ။
ဒီတော့ သံဃာဆို တာ (၆+၂) နောက်ထပ် (၈)တလုံး၊
အဲဒီမှာ ထူးခြားတာ ထပ်ပြောပါဦးမယ်။ နိုင်ငံအနှံ့ မှာ သံဃာတွေ ရှိပါတယ်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ညောင်တုန်း၊ အမရပူရ၊ မြင်းခြံ နဲ့ ပခုက္ကူ ဆိုတဲ့ မြို့တွေမှာ သံဃာတော် အရေအတွက် အများဆုံး ဖြစ်ပြီး အဲဒီထဲမှာ (ပခုက္ကူမြို့) မှာမှ ဘာဖြစ်လို့ စဖြစ်လိုက်တာလဲ။
ကြည့်လေ ပခုက္ကူ (၅+၂+၂= ၉)။ ဒါ့ကြောင့် ပခုက္ကူ သံဃာ ဆိုရင် (၉+၈= ၁၇=၈)
ဟော သံဃာ (၈) တလုံးဟာ ထူးခြားတဲ့ ဝိသေသန ဆောင်တဲ့ (၈) ဖြစ်သွားရော။ ဝိသေသန ဖြစ်ပြီ ဆိုမှတော့ ထူးခြားတဲ့ အခြင်းအရာတွေကို ဖန်တီး ဖြစ်ပေါ်စေတော့မယ့် အတိတ်ကောင်း နိမိတ်ကောင်းတွေဘဲ ဆိုတာ နားလည် သိရှိ သဘောပေါက်ကြရမှာပါ။ သံဃာတော်တွေက ဘာလုပ်ကြသလဲ။ စီတန်းလှည့်လည် မေတ္တာပို့  ဆန္ဒပြကြတာဘဲ။
သဘောပေါက်လောက်ပြီ ထင်ပါတယ် ။
စီတန်းလှည့်လည် (၃+၇+၈+၈=၂၆= ၈) (၈) တစ်လုံး
မေတ္တာပို့  (၅+၇+၅=၁၇= ၈) (၈) တစ်လုံး
ဆန္ဒပြကြ (၃+၇+၅+၂= ၁၇=၈) (၈) တစ်လုံး
အဲဒီ (၈)တွေက အတင်း ဖန်တီးထားတာတွေ မဟုတ်ပါဘူး။ သူ့အကြောင်းတရားနဲ့ သူ အလိုအလျောက ဖြစ်ပေါ်လာကြတာပါ။ ဒါ့ကြောင့်လဲ ခွန်းအားတွေ တအား ကြီးမားသွားတာပေါ့ လုပ်ရပ်တွေကကော မေတ္တာ ပို့ကြတာလေ။ ဘယ်လောက် မွန်မြတ်သလဲလို့။
မပြီးသေးဘူးလေ။ ဆက်ပြောပါအုန်းမယ်။
ပတ္ထနိက္ကုဇ္ဇန ကံဆောင်တဲ့နေ့လေ။ နအဖကို ရက်ချိန်း ပေးထားတာက (၁၇) ရက်နေ့၊ မလိုက်လျောရင် နောက်တနေ့ (၁၈) ရက်နေ့ ကံဆောင်မယ်ဆိုပြီး ကြေငြာထားတယ်။ တကယ့် တကယ်ကျတော့ (၁၇) ရက်နေ့ မှာပဲ စပြီးတော့ ကမ္မဝါစာ ရွတ်ပြီး ကံဆောင် တော်မူကြတော့တယ်။ ရေးရင်းနဲ့တောင် ကြက်သီးတွေထ လာတယ်။ အဲဒီမှာလည်း (၈) တလုံး သံဃာတော်များ ပရိတ်ရွတ် ကြွတော်မူရာ လမ်းတလျှောက်မှာ ကျောင်းသားတွေက ဘေးကနေ လက်ချင်းချိတ်ပြီး စောင့်ရှောက် လိုက်ပါလာကြတာ ဘယ်လောက် ကြည်နူးစရာ ကောင်းသလဲ။
(၈) ရဲ့ အားတွေကို ထိုင်စောင့်ပြီး ကြည့်နေတဲ့ ကျနော်ကတော့ လက်ခမောင်းတချက် ထပြီး ခတ်မိတော့တယ်။ ဝမ်းသာလွန်းလို့ မျက်ရည်များလည်း လည်မိပါရဲ့။ (၈) တလုံး ထပ်တိုးလာပြန်ပြီ။
(သံဃာ) (ကျောင်းသား) ဖြစ်လာပြီလေ ။
ကျနော် ထပ်မျှော်နေမိတဲ့ အင်အား အကြီးမားဆုံးသော (၈) တလုံးကို စောင့်မျှော် နေခဲ့မိပါတယ်။
တကယ်တော့ (သံဃာ) (ကျောင်းသား) အားလုံးဟာ (ပြည်သူလူထု)ထဲက ပြည်သူတွေဘဲ ဖြစ်ပါတယ်။ သံသရာအတွက် အားထားရာ အဖြစ်နဲ့ ဆည်းကပ် ကိုးကွယ်နေရတဲ့ ဆရာ ရတနာနဲ့ အနာဂါတ် တိုင်းပြည်အတွက် အားကိုးရဖို့ ထောက်ပံ့ ပြုစု ပျိုးထောင်နေရတဲ့ သားသမီးရတနာတွေပါ သူတို့ကို ပြုစု စောင့်ရှောက်နေကြတဲ့ (ပြည်သူလူထု) ဆင်းရဲဒုက္ခ ရောက်နေကြတာကို မကြည့်ရက်တော့လို့  ဆရာ သံဃာတော်များက ဦးဆောင်ပြီး သားသမီးများပါ ရဲရဲတောက် ပါဝင်နေကြတဲ့ အရေးမှာ အမိအဖသဖွယ် ဖြစ်သော (ပြည်သူလူထု) ဆိုသော ထိပ်တန်း (၈) တလုံး နိုင်ငံအဝှမ်း ဝုန်းကနဲ ပါလာပြီ ဆိုရင်တော့ ကျနော်တို့ရဲ့ ဘဝအမောတွေ ပြေလည် ချမ်းမြေ့ ကြရပါတော့မယ် ဆိုတာကို မျှော်လင့် စောင့်စားခဲ့မိပါတယ်။
(သံဃာ) တော်များရဲ့ လှုပ်ရှားမှုကို (ရွှေဝါရောင် တော်လှန်ရေး) လို့ အမည် တပ်တာ တွေ့လိုက်ရပြန်တော့ စွေ့ကနဲ ခုန်မတတ် ဝမ်းသာ လိုက်ရပါသေးတယ်။ ကြည့်လေ (၄+၈+၄+၇+၈+၄=၃၅=၈)ပေါ့၊
ကျနော်တို့ တကွက် နောက်ကျ သွားသလား။ မဟုတ်ပါဘူး။ အချိန်အခါ နည်းနည်းလေး လိုနေသေးလို့ပါ။ သင်ခန်းစာ ယူစရာ ရှိတာတွေကို ယူပြီး (၈) အင်အားတွေ ထပ်မံ တိုးပွားအောင် ပြင်ဆင်ကြရင်း (၈) အောင်ပွဲ ရက်တစ်ရက်ကို အရောက်သွားကြဖို့ပါဘဲ ။
ကျနော်တို့ရဲ့ တိုက်ပွဲကို (ဝါ-စိမ်း-ဖြူ တော်လှန်ရေး)လို့ အမည်ပေးရင် (၈) တလုံး ထပ်ပွားလာပါပြီ။ (၈+၃+၅+၇+၈+၄=၃၅=၈)။ ရွှေဝါရောင် တော်လှန်ရေးရဲ့ အဆက် ဝါစိမ်းဖြူ တော်လှန်ရေးပေါ့။
အဝါရောင် က သံဃာတော် အရှင်မြတ်များကို ရည်ညွှန်းပါတယ်။
အစိမ်းရောင် ကတော့ ကျောင်းသားများကို ရည်ညွှန်းပါတယ်။ (ပြည်သူ့ဖက်သား တပ်မတော်သားများ ပါလာရင်လည်း အကျုံးဝင်သွားတာပါပဲ)
အဖြူရောင် ကတော့ ပြည်သူလူထု တရပ်လုံးကို ကိုယ်စားပြုပါတယ်။ တိုင်းရင်းသား ပေါင်းစုံ၊ အလွှာပေါင်းစုံ၊ သက်တန့် ၇ ရောင်ပေါင်းဟာ အဖြူရောင် တခုထဲကိုသာ ကိုယ်စားပြုသလိုမျိုးပေါ့။ အဲဒီ (ဝါ-စိမ်း-ဖြူ တော်လှန်ရေး) အောက်မှာ နည်းဗျူဟာများ မဟာဗျူဟာများကို သက်ဆိုင်ရာ ကျွမ်းကျင်သူများက ရေးဆွဲ၍ ရေတို အချိန်အတွင်း အကောင်အထည် ဖေါ်ကြရန် ဖြစ်ပါသည်။
ပြည်သူများဖက်မှ (၈) တွေ ဖြစ်နိုင်သမျှ များနေအောင် လုပ်ကြပါ၊ နံရံတွေမှာ (၈) တွေ ရေးကြပါ။
အိမ်မှာနေသူ လူကြီးများကလည်း မဂ္ဂင်(၈)ပါး ပုတီးစိတ်များ ပွားများပေးပါ။ ပုတီးနှစ်ပါတ်ပြည့်လျှင် မဂ္ဂင် (၈) ပါး (၂၆) ခေါက် ပြည့်ပါမည်၊ ပထမ တပါတ်တွင် ပုတီး (၄) လုံး အပို နှင့် ဒုတိယ အပါတ်ပုတီး (၄) လုံး အပို ပေါင်း အပို ပုတီး(၈)လုံးကို ဗုဒ္ဓရှင်တော်မြတ်၏ နံပါတ် (၈) ဂုဏ်တော် ဖြစ်သော (ဗုဒ္ဓေါ) ဂုဏ်တော်ကို (သောဘဂဝါ ဣတိပိဗုဒ္ဓေါ)ဟု စိပ်ပြီး ဖြည့်ရန် ဖြစ်ပါသည်။ သို့မဟုတ် ပုတီးစိတ် မှားမည် စိုးပါက ပထမ (၈) လုံးနဲ့ စပြီး ပွားနိုင်ပါသည်။
ပထမအကြိမ် (၈) တွေတုန်းက မပြီးပြတ်သော တာဝန်သည် ယခု(၈) အချိန်တွင် အပြီးပြတ်မည်ဖြစ်ကြောင်း ပုတီးစိတ် (၂) ပါတ်က ညွှန်ပြပါသည်။ သွားရင်းလာရင်း (၉) လုံး ပုတီးဖြင့် ပုတီး စိတ်လိုပါကလည်း ဗုဒ္ဓေါ ဂုဏ်တော် တလုံးနှင့် မဂ္ဂင်(၈)ပါး တပါးတလုံးစီ စိတ်နိုင်ပါကြောင်း။
ဈေးရောင်းဝယ်ကြရာတွင်လည်း (၈) ဂဏန်း တန်ဖိုးများကိုသာ ဈေးနှုန်း သတ်မှတ် ရောင်းဝယ်ကြပါ။ ဘတ်စကား မှတ်တိုင်တွင်လည်း (၈) ယောက်တတွဲ စောင့်ကြပါ။ ဘတ်စ်ကားပေါ် ဘယ်နှစ်ယောက်ပဲ တက်သွားသွား၊ ကျန်သူများက (၈)ယောက်တတွဲ ဖြစ်အောင်အမြဲ ဖြည့်ကြပါ။ လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင် များတွင်လည်း (၈) ယောက်တစ်ခုံ ထိုင်ပြီး စားသောက်ကြပါ။ မိုးပျံ ဘောလုံးများပေါ်တွင် (၈) ဂဏန်းများ ရေးပြီး လွှတ်နိုင်ပါသည်။
(၈) အားတွေ ဖြည့်ဆည်းရင်း ပြည်သူများကလည်း အသံတိတ် တဦးနဲ့ တဦး အားပေးရင်း တော်လှန်ရေးမှာ ပါဝင်နေကြတယ်လို့ ခံယူ ထားကြစေချင်ပါတယ်။ ပြည်သူအားလုံးက မိမိတို့ စိတ်ကူး ရသလောက် ပြည်သူဖက်မှ (၈)တွေ များနိုင်သမျှ များအောင် ပွားပေးကြစေလိုပါတယ်။
ဘာယတြာမှ သူတို့ကို မကယ်နိုင်တော့ဘူးဆိုတာ ပြည်သူလူထု အားလုံး သိထားစေချင်ကြောင်းပါ။
သာသနာ့အလံ
ဒေါင်းအလံတို့
ဝေယံပျံဝဲ
ဒို့အောင်ပွဲသည်
မလွဲသေချာ
ဆိုက်ရောက်မှာမို့
ငါတို့ပြည်ရွာ
ပြည်မြန်မာသည်
ရောင်ဝါနေသို့ထွန်းပါပြီ။
နောင်ခါအသရေမချို့ ကျွန်းဌာနီ ။
ဇွဲမောင်
မှတ်ချက်။
ရ နှင့် ယ သည် ဗုဒ္ဓဟူး (၄) ကို ကိုယ်စား ပြုပါသည်။
လ နှင့် ဝ သည် ရာဟု (၈) ကို ကိုယ်စား ပြုပါသည်။
Continue reading ...

October 17, 2007

သာသနာဖျက် ဖက်ဆစ်မင်းဆိုးမင်းညစ်အဓမ္မ၀ါဒီစစ်အာဏာရှင်ပြုတ်ကျစေမည့် ဂမ္ဘီရအစီအရင်

Unknown | 9:19 AM |

ယခုအချိန်အခါသည် နအဖ အဓမ္မစစ်အုပ်က ဗုဒ္စဆင်းတုတော်နှင့်ပုံတော်များကို ဖျက်ဆီးခြင်း၊ ခြေဖြင့်နင်းခြင်း၊ ဘုရားသား သံဃာတော်များကို သတ်ဖြတ်နှိပ်စက်ခြင်း၊ သံဃာဂိုဏ်းခွဲခြင်း၊ စသောကံကြီးထိုက်မှုများပြုသဖြင့် သမင်ဇာဆရာတော်ကဲ့သို့ ရဟန္တာအရှင်မြတ်များပင် သပိတ်မှောက်ကံဆောင်သောကြောင့် သာသနာစောင့်နတ်၊ ကမ္ဘာစောင့်နတ်မင်းကြီးများ မနေသာသည့်အတွက် ဗမာပြည်တွင်ကပ်ဘေးကြီးသုံးပါးဆိုက်တော့မည်ဖြစ်သည်။ ကပ်ဘေးကြီးသုံးပါးမဆိုက်ရောက်ရန်အတွက် အောက်ပါအစီအရင်ကို လုပ်ရန်ဗမာပြည်သားတိုင်းမှာ တာဝန် ရှိသည်။

သာသနာဖျက် ဖက်ဆစ်မင်းဆိုးမင်းညစ် အဓမ္မ၀ါဒီ စစ်အာဏာရှင်ပြုတ်ကျစေမည့် ဂမ္ဘီရ အစီအရင်

လိုအပ်သည့်ပစ္စည်းများ-

(၁) ဖယောင်းတိုင် (၂) စိတ်ပုတီး (၃) သန်းရွှေ၏ ဓါတ်ပုံ (ဓါတ်ပုံကိုကြိုကြည့်ထား)

(၄) ကျောက်မီးသွေးမှုန့် (နိုင်ငံခြားမှလာသော သောက်ရေသန့်စင်သည့် ရေစစ်ဗူးထဲမှလည်းရနိုင်သည်)

(ကျောက်မီးသွေးမှုန့် ရလျှင်အကောင်းဆုံး၊ မရနိုင်က မီးဖိုးမှ ပြာကိုသုံး)

စီရင်နည်း

(၁) ဘုရားရှေ့မှာ ငါးပါးသီလခံယူပြီး စိတ်ပုတီးကိုအင်္ဂလိပ်ဂဏာန်းရှစ်(8)ပုံစံခွေပါ။

(၂) ၄င်းပုတီးခွေထဲမှာ ဖယောင်းတိုင်တစ်တိုင်ထွန်းပါ။

(၃) ဖယောင်းတိုင်ကို မီးထွန်းပူဇော်စဉ် အောက်ပါဂါထာကို (၂၁)ခေါက်ရွတ်ပါ။(အနက်အဓိပ္ပါယ်ကိုရွတ်ရန်မလို၊ သိစေရန်လို၏)

မာန်မူခြင်း(၉)ပါး စွန့်တော်မူခြင်း ဂါထာတော်

သေယျဿ သဒိသော သေယျော၊ ဟိနော်တိ တိဝိ တ၀ိဓေါ ၀ိဓေါ၊ တထာ သဒိသဟိနာနံ၊ န၀ိဒေ နဒံနမေ ။ (၂၁ ခေါက်ရွတ်ပါ။)

အနက်အဓိပ္ပါယ်

သေယျသ- မြတ်သောသူ၏၊ သဒိသော- တူ၏ဟုမာန်မူခြင်းကို ၎င်း၊ သေယျော- မြတ်၏ဟုမာန်မူခြင်းကို၎င်း၊ ဟိနော- ယုတ်၏ဟုမာန်မူခြင်းကို၎င်း၊ ဣတိ - ဤသို့၊ ၀ိခေါ- မာန်မူခြင်းသည် သုံးပါအပြားရှိ၏။ သဒိသဟိနာနံ- တူသောသူ၊ ယုတ်သောသူတို့သည်လည်း၊ ၀ိခေါ- မာန်မူခြင်းသည်၊ တထာ- ထို့အတူတိဝိခေါ - သုံးပါးအပြားရှိ၏။ ဣထိ -ဤသို့၊ န၀၀ိဒေ - ကိုးပါး အပြားရှိသော မာန်မူခြင်းတို့ကို ၊ နဒံ - ပယ်တော်မူသော မြတ်စွာဘုရားကို၊ အဟံ - ကျွန်ုပ်သည် ၊ နမေ (နမာမိ) - ရှိခိုးပါ၏ ။

(၄) ထို့နောက် သန်းရွှေ၏ ပုံကို စိတ်မှာထင်မြင်အောင်ကြည့်ပြီး(မမြင်က ဓါတ်ပုံကိုကြည့်) မိမိ၏ ဘယ်ဘက်ခြေ ဖနောင့်ကို ကျောက်မီးသွေးမှုန့်ဖြင့် ပွတ်ခြေပါ။ ပြီးလျှင်ခြေထောက်ကိုရေဆေးချပါ။

(၅) ဤနည်းအတိုင်း(၇)ညဆက်တိုက်လုပ်၊ သန်းရွှေမနေနိုင်ပြေးလတ္တံ့ ။

(၆) နောက်ထပ်စစ်အုပ်စုမှတက်လာလျှင် ဤနည်းအတိုင်းဆက်လုပ်၊ မင်းဆိုးမင်းယုတ်မျိုးဆက်ပြုတ်လတ္တံ့ ။

(၇)သာသနာဖျက်သူ မတရားအနိုင့်အထက်ပြုကျင့်သူ (ကြံ့ဖွတ် / စွမ်းအားရှင် / စစ် / ရဲ /(မ)တရားသူကြီး )အားလုံး ဤနည်းအတိုင်းလုပ်။

ဤစာကို (၇)ရွက်သေသူသည် ဗုဒ္စသာသနာကိုကာကွယ်စောင့်ရှောက်သူဖြစ်သည်။ ဘ၀ဆက်တိုင်း ကောင်းကျိုးချမ်းသာဖြင့်ပြည့်စုံအံ့၊ ဓမ္မရက္ခိတ ။

Continue reading ...

October 11, 2007

Astrology

Unknown | 3:20 AM |

သက္ကရာဇ် ၂၀၀၇ ခုအတွက်မြန်မာနိုင်ငံ၏ကံကြမ္မာဟောစာတန်း

၂၀၀၇- ၏ ကိန်းဂဏန်း ဖြစ်သော ၂+၀+၀+၇ -လေးလုံးကို ပေါင်းလိုက်ပါက ကိုးရ၏ ၊ ထိုကြောင့်ဂဏန်း ဗေဒင် အရ (၉ )ဂဏန်းနှစ်ဖြစ်ပါသည်။ ကိုးဂဏန်းသည်-၃- အင်္ဂါနံတေဇောဓါတ် ဖြစ်ပေသည်။ အင်္ဂါနံ သည် (စစ်)နံကို ဟောပါသည်။ တေဇောဓါတ်သည် မီး ဓါတ်အရ အပျက် အစီးကို ဟောပါသည်။ ထို ကြောင့် ယခုနှစ်သည် မြန်မာ စစ်အစိုးရအတွက် တခါမှ မတွေ့ မကြုံ ဖူးသော လေးနက်ပြင်းထန်သော ပြည်တွင်းစစ် ပြည်တွင်းရန် များနှင့်၎င်း၊ ပြည်ပရန်များနှင့်၎င်း၊ စစ်အရာရှိ အချင်းချင်း အကြားတွင် ညီညွတ်မှု မရှိ သော ပဋိပက္ခ များနှင့်၎င်း မလွဲသာမချောင်သာ တွေ့ ကြုံ ရင်ဆိုင်ရမည်ဖြစ်၍ စစ်တပ်အတွင်း သဘောထားကွဲ လွဲကာ စစ်တပ် ပြိုကွဲပျက်စီး လိမ္မည်၊ စစ်အစိုးရ ပြုတ်ကျမည်။ အာဏာကျမည်ဟု ဟောလိုသည်။

သင်္ကြန်စာ၏အလိုအရကား

တနင်္ဂနွေ ဂြိုဟ်မင်းသည် ၊ အောက်မဲညိုပွင့် အဆင်းနှင့်တူသော တန်းဆာကို ၀တ်ဆင်လျက် ဘီးလူး ကိုစီးကာ လက်တဘက်က ထင်းမီးကို ကိုင်ဆောင်၍ နောက်လက်တဘက်ကား ၀မ်းကို ပိုက်လျက် ၊ အရှေ့ မြောက်ထောင့်ကနေ၍ ၊ အနောက်တောင်ထောင့် အရပ်သို့ ဝင်၏ဟု ဆိုသောကြောင့် နအဖစစ် အစိုးရသည့် ပြည်သူပြည်သားများ အပေါ်၌၎င်း၊ သူတို့ နှင့်အဆင်မပြေသော နိုင်ငံရေး ခေါင်းဆောင် များ အပေါ်၌၎င်း၊ လက်နက်ကိုင် ပါတီအချို့ ကို၎င်း ၊ ရက်စက် ကြမ်းကြုတ်စွာ အမှားမှား အယွင်းယွင်း ပြုမူဆက်ဆံမည်ဖြစ်သည်။သို့ အတွက်ကြောင့် ပြည်တွင်း ဆူပူသောင်းကျန်းခြင်း၊ ပြည်တွင်းစစ် ဖြစ်ခြင်း များကြောင့် စစ်တပ်တွင် မညီညွတ်ဖြစ်ကာ သွေးမြေကျ၍ လူအသေ အပျောက်များမည။်

ပြည်သူပြည်သားများသည် စစ်ဒါဏ် ကြောင့် ငတ်မွတ် ခေါင်းပါး မှုဖြစ်ကာ ကပ်ကြီး ဆိုက်လတ္တံ။ တခါမှ မတွေ့  ကြုံဖူးမကျ ရောက်ဖူးသော ဘေးအန္တရာယ် အမျိုးမျိုးနှင့် မလွဲမသွေ ကျ ရောက်တွေ့ ကြုံ ရင်ဆိုင်ရလိမ္မည် ဖြစ်ပါသည်။

(၉) ဂဏန်းအရကား - မတ်လ(၁၂) ရက်နေ့ မှ ဧပြီလ (၂ရ)ရက်နေ့ အတွင်း၌ မြန်မာနိုင်ငံ၏ နိုင်ငံ ရေး၊ စစ်ရေး အခြေနေသည် ကံကြမ္မာ အဆိုးရွားဆုံး အခြေအနေသို့  ကျရောက်မည် ဖြစ်သဖြင့် နအဖ စစ်အစိုးရ ခေါင်းဆောင်များအဖို့  အတိုက်အခိုက် ခံရခြင်း၊ ထိခိုက်မှုဖြစ်၍ ပျက်စီးခြင်း၊ ရန်များခြင်း၊ အတိုက်ခံ ပေါများခြင်း တို့ ကြောင့်အသေ အ ပျောက်ရှိမည်။ ခေါင်းမာ၍ မိုက်ရူးရဲလုပ်သဖြင့် အမှား အယွင်း ရှိကာ ဘေးအန္တရာယ်တွေ့ မည်။ မီးဘေး ၊သေနတ် ၊ဗုံးအန္တရာယ် များကြောင့် ပျက်စီးများမည် ။ တပ်တွင်းရန်နှင့် မိသားစုရန်များလည်း ပေါ်ပေါက် လိမ္မည်။ ပြည်ပမှဝင်၍ စွက်ဖက်ခြင်းကို အလိုမရှိ ၊ပြည်တွင်း ပြဿနာ ကိုလည်း ၄င်းတို့ ကိုယ်တိုင် မဖြေရှင်းနိုင်၊ နိုင်ငံရေး စစ်ရေး အရလည်း မငြိမ်ချမ်း သည့်အပြင် အမျိုးသားညီလာခံ နောက်ပိုင်း ပေါ်ပေါက်လာမည့် ပြည်သူ့  ဆန္ဒခံယူပွဲလည်း အောင်မြင်မှုမရသဖြင့် ဆင်းရဲ ဒုက္ခများစွာတွေ့  လတ္တံ။

စစ်အစိုးရသည် စစ်ရေး၌ အကျအဆုံးများမည် ။ အထိအခိုက်များမည်၊ မညီညွတ်ရှိကာ ကွဲပြဲ၍ ပျက်စီးလတ္တံ ။ထို ပြည်တွင်း မငြိမ်သက်မှုကြောင့်၎င်း၊ မီး ရေ လေ ငလျင်စသော သဘာဝ ဘေးဥပါဒ် အန္တရာယ် များကြောင့် ၎င်း၊ ပြည်သူပြည်သားများ စိတ်ဒုက္ခ ရောက်မည်။ ထူးဆန်းသော အတိတ် နိမိတ်များ ကျရောက်ပြီး ကပ်ကြီးဆိုက်ကာ ဘေးဥပါဒ် အန္တရာယ်များနှင့် မလွဲမရှောင်သာ တွေ့  ကြုံရလိမ္မည် ။ ပြည်သူများ အနေဖြင့် ငါ့ထံကျမှာလား သူ့  ထံကျ မှာလား၊ ဘုရား တရား ကိုးကာ စိုးရိမ်ကြောင်းကြဖြစ်၍ ကျီးလန့် စာ စားနေရသည့် ဘ၀မျိုး နှင့် မလွဲမသွေ ကြုံတွေ့ ရလတ္တံ့ ။

ယခုနှစ် ကျရောက်သော ဇာတာခွင်အရကား - စီးပွားရေးကောင်းမည်၊ ကုန်သွယ်ရောင်းဝယ်ရေး လုပ်ငန်းများ ကောင်းလာမည် ဆိုသော်လည်း (၈)ဂဏန်း ဗေဒင်အရ မင်းပြောင်းမင်းလွဲမရှိဘဲ ပထမ ခြောက်လအတွင်း ပြည်သူပြည်သားများ၏ ဘ၀အခြေနေကား တိုးတက်နိုင်ရန် အခြေအနေမရှိ။ ကုန်ဈေးနုံးများ ဆန်ဈေးနုံး တက်မည်။ လူသုံးကုန် ပစ္စည်းများ ဈေးတက်မည်။ ဈေးကြီးမည်။ လူတို့  ငတ်မွတ်ခေါင်းပါးမည်။ မင်းဖီးမင်းဒါဏ် သင့်မည်။ ဆင်းရဲဒုက္ခများမည် ။ ရောဂါဘယ များ၍ အသေ အပျောက် ရှိမည်။ ဤသည်ကား ပထမ ခြောက်လအတွင်း မြန်မာနိုင်ငံ အခြေအနေတည်း။

မြန်မာနိုင်ငံ လွတ်လပ်ရေးရသော ဇာတာခွင်နှင့် ယခုနှစ် ဇာတာခွင်တို့ သည် ဆင်တူယိုးမှား ဖြစ်သော ကြောင့် ပြည်သူပြည်သားတို့ အောင်ပွဲရမည၊် သြဇာရှိလာမည်၊ လွတ်လပ်မှု ရှိလာမည်၊ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိ၍ လွတ်လပ်ရေး အရသာကို ခံစားခွင့်ရလိမ္မည် ။ချမ်းချမ်းသာသာရှိမည် ဆိုသော်လည်း ပထမခြောက်လ အတွင်းကား ပြည်သူတို့ ခံစားရလိမ္မည် မဟုတ်ပါ။ နှစ်ဦးပေါက်တွင် မကောင်းသော အနိဌာရုံ အမင်္ဂလာများနှင့်သာ ရင်ဆိုင်ရပြီး နောက်ပိုင်း နှစ်ကုန်ခါ နီးမှ လွတ်လပ်ရေး အရသာကို ပြည်သူများ ခံစား ရပေလိမ္မည်။

ဗိုလ်ချုပ်ကြီး သန်းရွေ၏ ကံဇာတာသည်ကား - အသက်(၇၇)နှစ်တွင် စနေ ဂြိုဟ်ပြုတ်မည် ဖြစ်သော ကြောင့် ဇနက္ကမင်း သင်္ဘောပျက်ကိန်းသို့နီးကပ်လာလေပြီ။ ယခုကဲ့သို့ ခေါင်းမာ၍ ရက်စက် ကြမ်း ကြုတ်နေမည် ဆိုပါက ယခု အသက် -၇၄ - ၇၅ -နှစ်မှ စ၍ အသက်- ၇၇- နှစ်အတွင်း ရောဂါ အကြီး အကျယ် ရလတ္တံ ။ အာဏာ ဖီဆန်ခြင်း ခံရမည်။ သူပိုင်ဆိုင်သည့် ပစ္စည်းများ အသိမ်းခံရမည်။ တရား ရင်ဆိုင်တွေ့ ကြုံရမည်။ စီးပွားရေးကျမည်။ သားသမီး မြေးမြစ်များ အသေအကြေ အပျက်အစီး ရှိ လိမ္မည်။ ပူဆာသောကဖြစ်မည်။ ပြည်သူပြည်သားများ အပေါ် သူကျူးလွန်ခဲ့သော အပြစ်ဒါဏ်ကို မလွဲမသွေခံ စားရပြီး အသေဆိုးနှင့် သေရမည်။

နအဖနှင့် ရင်းနှီးဆက်ဆံသော သူတို့ သည်၎င်း၊ ကြံခိုင်ရေး အသင်းကဲ့သို့  ပြည်သူ့ သစ္စာဖေါက်တို့  သည်၎င်း၊ ပြည်သူတို့၏ ရွံရှာမုန်းတီးခြင်းကို၎င်း၊ အပြစ်ဒါဏ်ကို၎င်း မလွဲမသွေ ခံစား ရပေလိမ္မည် ဖြစ်ပါသည်။

ဗိုလ်သန်းရွှေသည် စနေဂြိုဟ် ပထမပိုင်းဖြစ်သော ယခုအသက် -၇၃-မှ -၇၇-နှစ်အကြား ကာလတွင် အပျက်ဖက်သို တဖြည်းဖြည့်း ရွေ့ လျော့ လာလေသည်။ ၇၃- နှစ်နှင့် -၇၅- နှစ် (၆) လ အကြား ကာလ များတွင် ပျက်စီးမည်၊ အသေဆိုးဖြင့် သေရနိုင်ပြီး မသေခဲ့လျင်- ၇၅- နှစ်ခွဲကာလမှ -၇၇-နှစ် ကာလ များတွင် ရောဂါ ကြီးများ ရ၍၎င်း၊ ထိခိုက် ပြစ်ဒါဏ်ချက်ကြောင့်၎င်း မလွဲမသွေ သေဆုံးရမည် ဖြစ်ပေ သတည်း။ ယခုနှစ် တွင် ဗိုလ်သန်းရွှေအဖို့  ရောဂါကြီးများ ခံစားနေရ၍၎င်း၊ မိမိစိတ်တိုင်းကျ ဖြစ်မလာ၍၎င်း၊ တပ်တွင်း ပဋိက္ခ များ ကြောင့်၎င်း၊ ပြည်တွင်း ပဋိက္ခများကြောင်း၎င်း၊ ပူပင်သောကရှိမည်။ စားမ၀င် အိပ်မပျော်ဘဲ ကြောင့်ကြ စိုးရိမ်စိတ်များနှင့် နေ့ စဉ် ရင်ဆိုင်တွေ့ ကြုံ ရလတ၊္တံ အပျက်အစီး ဆုံးရှုံမှုများနှင့် အကြီးအကျယ် ကြုံတွေ့ ရလိမ္မည် ဖြစ်ပါသည်။

ဒေါ် အောင်ဆန်းစုကြည်၏ ကံကြမ္မာကား - အင်္ဂါသမီးဖြစ်သော အောင်ဆန်းစုကြည်၏ အမည်သည် အောင် -ဆန်း-စု-ကြည်- စာလုံးလေးလုံးနှင့် ပေါင်းထားသဖြင့် (၉)ဂဏန်းရ၏၊ ဂဏန်း ဗေဒင်အရကား (၉)ဂဏန်းသည် အင်္ဂါနံ တေဇောဓါတ်ဖြစ်သောကြောင့် ၎င်းအမျိုးသမီးသည် စစ်ရေး နိုင်ငံရေး၌ ထူး ချွန်မည်၊ ထင်ရှားမည်။် သတ္တိရှိမည်။် ရဲရင့်မည် ။ ပြတ်သား တိကျ၍၎င်း၊ စကားပြောဟော ကောင်း၍ ၎င်း၊ လုပ်ရည်ကိုင်ရည် စွမ်း ဆောင်နိုင်မှုကြောင့်၎င်း၊ ဂုဏ်သတင်းကြီးမည် ။ လူချစ်လူခင် ပေါမည်။ ခေါင်းဆောင်ဖြစ်မည် ။ ၎င်းပုဂ္ဂိုလ် များသည် အကြီးအကျယ် ကျော်ဇောထင်ရှားပြီး အကြီးအကျယ် ပျက်စီး ဆုံးရှူံးများနှင့်ကြုံတွေ့ ရတတ်သည်။ (ဥပမာအားဖြင့်) ခိုင်ရာဇာ ၂+၄+၃+ပေါင်း သော် (၉) ရ၏။ ၎င်းခိုင်ရာဇာ သည် ရခိုင်ပြည်တပ် မတော်၏ ကာကွယ်ရေး ဦးစီးချုပ်တာဝန်ဖြင့် စစ်ရေး နိုင်ငံရေးတွင် အထူး ထင်ရှားလာကာ နအဖ အစိုးရကိုယ်တိုင် ကြောက်စိတ် စိုးရိမ်စိတ်များ များလား၍ အိန္ဒိယနိုင်ငံမှ စစ် ထောက်လှမ်းရေး တချို့ နှင့် နားလည်မှု ယူကာ အန္ဒမာန်ကျွန်း၌ အသေ သတ်ပစ်လိုက်ကြသည်။ ထိုကြောင့််  ဒေါ် အောင်ဆန်းစုကြည် သည်လည်း အကြီးအကျယ် ထင်ရှားကျော်ဇောပြီး အကြီးအကျယ် မရည်မှန်းဘဲ ရုတ်တရက် ပျက်စီး ဆုံးရှူံးတတ်သည် ။

ဗေဒင်အလိုကား - အင်္ဂါသမီး ဒေါ်အောင်ဆန်းစုကြည်သည် အသက် (၆၀မှ ၆၃)နှစ် အတွင်းမှာ ရောဂါ ကြီး ရ၍၎င်း အကြောင်းတခုခုကြောင်း၎င်း ရုတ်တရက်သေဆုံးနှိုင်သည်။ အကယ်၍ မသေဆုံးပါက ၆၄ မှ ၆၆ နှစ် အရွယ်တွင် မလွဲမသွေ ရောဂါကြီး တခုကြောင့် သေဆုံးနိုင်ပါသည်။

နိုင်ငံရေး အရလည်း နိုင်ငံအတွင်း၌၎င်း၊ ပါတီအတွင်း၌၎င်း ရန်သူများလာမည်။ ပဋိပက္ခရှိလာမည်။် မကြိုက်မနာလိုသူများ များလာမည်။ စွပ်စွဲခံရမည်။ အသားထဲက လောက်ဖြစ်၍ မကောင်း ကြံခြင်း ခံရမည်။ တရားစွဲ ခံရ၍ ရုံးရောက်ကမ်းရောက်ရှိလိမ္မည်။ ဤသည်ကား အသက်- ၆၆ -နှစ်အတွင်း အဟောတည်း။

ယခုနှစ် အလိုကား နှစ်ဦးပထမခြောက်လတွင် ဒေါ်စု အနေဖြင့် ပြန်လွတ်ရန် အကြောင်းမမြင်ရ။ ရန်ပြဿနာများ တိုး၍ များပြားလာမည်။ မစားနိုင် မသောက်နိုင် အိပ်မပျော်နိုင်ဘဲ ရှိမည်။ စိတ်ဆင်းရဲ ရတတ်သည်။

နအဖ အစိုးရသည် အပြောင်းလွဲမလုပ်ချင် အာဏာလွဲရမည်ကိုကြောက်၍ မတွေ့ ဆုံ မဆွေးနွေးလို သဖြင့် အမျိုးသားပြန်လည် သင့် မြတ်ရေး လမ်းစမှာ ဝေးကွာနေအုံးမည် ဖြစ်သည်။ ထိုကြောင့် သူတို့  ရေးဆွဲ နေသော အခြေခံဥပဒေမှာ တရားမ၀င်သမျု ပြည်သူ့ ဆန္ဒခံယူပွဲမှာ သူတို့ အနိုင်မရ(၀ါ) တရား ၀င်အစိုးရ မဖြစ်သမျ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွတ်နှိုင် နောက်ထပ်တိုး၍ အကျဉ်းချထား လိမ္မည်။် ဤအကြောင်းတို့  ကြောင့် ပြည်တွင်းဆူပူပြီး ပြည်တွင်း စစ် ဖြစ်ကာ စစ်အစိုးရပျက်စီး၍ မင်းပြောင်း မင်းလွဲရှိမည်လို့ ဟောပါသည်၊ ယူအန် လုံခြုံရေးကောင်စီက ဖိအားပေး သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွတ်နှိုင်။ ပြန်လည်သင့်မြတ်ရေးမလုပ်။် စစ်ခံ တိုက်ရန် လူနှင့် လက်နက် ကရိယာများ စုဆောင်းလိမ္မည်။

တိုင်းရင်းသားလက်နက်ကိုင်ပါတီများ အဖို့ ကား- ယခုနှစ်တွင် နအဖ စစ်တပ် အတွင်းမှာရော တိုင်းရင်း သားလက်နက်ကိုင် ပါတီတို့  အတွင်းတွင်ရော မငြိမ်မသက် အကွဲအပြဲ ရှိမည်။ အထူးသဖြင့် လက်နက် ကိုင် ပါတီများသည်။ နအဖအစိုးရ၏ အလိမ်အညာ သွေးကွဲရန်တိုက် မှုကိုခံရမည်။ အင်အား ကြီးမား သော ကေအန်ယူ၊ ကေအိုင်အို၊ အက်(စ်) အက်(စ်)အေ၊ ယူဒလျုးအက်(စ်)အေ၊ စသော လက်နက်ကိုင် ပါတီများကို သွေးခွဲရန်တိုက်၍ ဖြိုခွဲလတ္တံ ။ ထိုကြောင့် ဤနှစ်တွင် နအဖ အစိုးရသည် လက်နက်ကိုင်ပါ တီတွေကို လက်နက်ချလျင်ချ၊ လက်နက်မချလျင် အင်အားသုံး၍ ဖြိုခွဲဖျက်စီးလတ္တံ ။ ပြည်တွင်းစစ်မီး တောက်လောင်လတ္တံ။ သွေးမြေကျလတ္တံတည်း။ အကယ်၍ တိုင်းရင်းသား လက်နက်ကိုင် ပါတီများက တဖက် နအဖက တဖက် တိုက်ခိုက်မည် ဆိုပါက နအဖ စစ်ရှုံး၍ တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေး ပါတီများ အနိုင်ရရှိမည် ဖြစ်သည်။

အကြောင်းမူကား - အင်အား လေးငါးသိန်းရှိသော နအဖ စစ်တပ်တွင် ရခိုင်၊ချင်း၊ မွန်၊တိုင်းရင်းသား လူ မျိုးများသည် နအဖကို ပြန်တိုက်ပြီး တိုင်းရင်းသား လက်နက်ကိုင် ပါတီများနှင့် ပူပေါင်းလာကြ လိမ္မည် ဖြစ်ပေသည်။ အတိုက်အခံများ ညီညွတ်ဖို့ လိုပါသည်။

တို့ ကြောင့် နအဖ စစ်အစိုးရသည်၊ သက္ကရာဇ်- ၂၀၀၇- ခုနှစ်တွင် အိုင်အယ်လ်အို ကို၎င်း၊ အာစီယံ ကို၎င်း၊ ယူအန်လုံခြုံရေးကောင်စီ စကားကို၎င်း နားမထောင်သည့်အပြင် နာမည်ကြီး နိုင်ငံရေး အကျဉ်းသား များကိုလည်း လွတ်မပေးဘဲ သူတို့ အာဏာမြဲရန်အတွက် ပရိယာယ် အမျိုးမျိုး သုံးပြီး အတိုက်ခံများကို တိုး၍ ရက်စက်ကာ ခေါင်းမာအုပ်ချုပ်နေမည်ဖြစ်သောကြောင့် မတ်လ (၂၁)ရက်မှ ဧပြီ(၂၇)ရက် အ တွင်း၌၎င်း စက်တင်္ဘာ၊ အောက်တိုဘာ၊ နိုဝင်္ဘာလများတွင်၎င်း အထက်ဖေါ်ပြပါ စစ်ရေး၊ နိုင်ငံရေး၊ စီးပွါး ရေး၊ ဘာသာရေး၊ ပဋိပက္ခတို့ သည် အဆိုးဝါးဆုံး အခြေနေသို့ ရောက်ရှိ လာမည် ဖြစ်သည်။ တိုင်းပြည်၏ နိုင်ငံရေး စစ်ရေး စီးပွားရေး ငြိမ်သက်မှု မရှိဘဲ ဆိုးဝါးနေသောကြောင့် မြန်မာနိုင်ငံ၌ နေထိုင် ကြသော သန်း(၅၀)သော ပြည်သူပြည်သားတို့ သည်လည်း ကပ်ကြီးဆိုက်ကာ ဆင်းရဲဒုက္ခ အမျိုးမျိုးကို အလူးအလဲ ခံကြရပေမည်။

အကြံပေးချက် ။ ။ ယခုနှစ်မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည် သင့်မြတ်ဖို့ မရှိ ၊ သုံးပွင့်ဆိုင် နှစ်ပွင့် ဆိုင်လည်းမရှိ၊ သွေးမြေမကျဘဲ ဒီမိုကရေစီမရနိုင် စစ်အစိုးရပြုတ်မကျဘဲ ဒီမိုကရေစီမရနိုင်။ ထို့  ကြောင့် ပြည်တွင်းပြည်ပရှိ နအဖ ကိုဆန့် ကျင်နေကြသော လက်နက်ကိုင် ၊ လက်နက်မဲ့ နိုင်ငံရေး သမားများသည် ----
(၁) ပြည်တွင်းအုံကြွဆန္ဒပြဖို့ အတွက် လုပ်ဆောင်ပါ
(၂) နအဖ စစ်တပ်အရာရှိများ ကွဲပြားအောင် လုပ်ဆောင်ပါ
(၃) နအဖ တပ်ထဲမှ ရခိုင်၊ချင်း၊မွန်၊ကရင်၊စသော တိုင်းရင်းသားများကို၎င်း ဗမာရဲဘော်များကို၎င်း စည်းရုံး၍ ပူးပေါင်းလုပ်ဆောင်ပါ။
(၄) လက်နက်ကိုင်ပါတီများ အချင်းချင်းပူးပေါင်း၍ နအဖကို ပြန်တိုက်ကြပါ။
(၅) ပြည်တွင်းနိုင်ငံရေးသမားများ ဖြစ်ကြသော (စီအာပီပီ-အန်အလ်ဒီ)၏ ခေါင်းဆောင်တို့ သည် ပြည်သူ့ လွတ်တော်ခေါ်ခြင်း ပိတ်ထားသော ရုံးများကို ပြန်ဖွင့်ခြင်း စင်ပြိုင်အစိုးရ ထူထောင်ခြင်းများ ပြုလုပ်ကြပါက ဒီနှစ်အတွင်း နအဖ ပြုတ်ကျ၍ ဒီမိုကရေစီအရသာကို ပြည်သူပြည်သားများ ခံစားရကြပါလိမ္မည်။

နိုင်ငံတကာ အခြေအနေကိုဗေဒင်ဟောရသော် ယခုနှစ်သည် (၉)ဂဏန်း ဖြစ်သောကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် စစ်ရေး နိုင်ငံရေးများ ရှူပ်ထွေး ပွေလီလတ္တံ ။ နိုင်ငံအသီသီးတွင် နိုင်ငံ၏ ခေါင်းဆောင် များ ထိခိုက် ဒါဏ်ရာရခြင်း၊ ပျက်စီးခြင်း၊ အပြောင်းအလွဲရှိခြင်း များကြောင့် ထိုင်းနိုင်ငံ၌ နေသော တိုင်း သူ ပြည်သားများ ဆင်းရဲဒုက္ခများလိမ္မည်။ အထူသဖြင့် နိုင်ငံရေးအရ မငြိမ်သက်မှုများ ရှိလိမ္မည်။ အကြမ်း ဖက်ခြင်းရှိမည်၊ ဗုံးဖောက်ခြင်း ၊ ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်း၊ ဆန္ဒပြခြင်းများရှိမည်။ မူဆ လင်ဘာ သာဝင်တို့ အကြမ်းဖက်ခြင်းကြောင့် ဘာသာရေး ပဋိက္ခများရှိမည်၊ မူဆလင်ဘာသာ ကိုးကွယ် သော နိုင်ငံများတွင် အထူးသဖြင့် များများစားစား အထိအခိုက် အပျက်အစီးရှိမည်။ နိုင်ငံရေး အရ ရှုပ်ထွေးလတ္တံ့။

အီရန်၊ မြောက်ကိုးရီးယား၊ မြန်မာစသောနိုင်ငံတို့ သည် ယူအန် လုံခြုံရေး ကောင်းစီ၏ အမိန့် အာဏာ ကို မနာခံဘဲ ထင်ရာစိုင်း လုပ်ဆောင် နေခြင်းကြောင့် နိုင်ငံတကာက သည်းးမခံနိုင်ဖြစ်ကာ စစ်ရေး နိုင်ငံ ရေးအရ စိုးရိမ်စရာ ရှိမည် ။ အကြမ်းဖက်ခြင်းများရှိမည်။ ဘာသာရေး ပဋိပက္ခများရှိမည်။

အထူးသဖြင့် နိုင်ငံရေးအရ စိုးရိမ်ရသော နိုင်ငံများမှာ မူဆလင် ဘာသာကိုးကွယ်သည့် အီရန်၊ အီရတ် နိုင်ငံများ အပါအ၀င် အမေရိကန်၊ အင်္ဂလိပ်၊ ဂျပန်၊ မြောက်ကိုးရီးယား၊ သီရိလင်္ကာ၊ ပါလက်စတိုင်း၊ အီသီယိုပီး ယား၊ ဆီးရီးယားနှင့် အရှေ့ တောင်အာရှ နိုင်ငံများ၊ တောင်အာရှ နိုင်ငံများ တရုတ်၊ ထိုင်ဝန်စသော နိုင်ငံများ ဖြစ်ပါသည်။

အသျှင် ဣန္ဒာစက္က (အမ်အေသမိုင်း)
ဗေဒင်နှင့်သမိုင်းသုတေသီ
ရခိုင်အမျိုးသားဗုဒ္ဓဘာသာကျောင်းတိုက်
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ
ဖုန်း- ၀၀၈၈ (+) ၀၁၅၈ ၄၁၃ ၁၄၅

Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub