တခါတလေမဟုတ် အခုတလော ခဏခဏဆိုသလိုတိုက်ဆိုင်နေတဲ့ သီချင်းလေးတွေညည်းဖြစ်နေတာ သံစဉ်တွေကတော့ ထပ်ထပ်နေတယ် လွမ်းကွဲကြေသံစဉ်တွေပေါ့…။ ကားထဲရောက်တော့ စီဒီဖွင့်ပြီး ညည်းဆိုရင်း နားထောင်လိုက်နဲ့ အလုပ်ထဲရောက်တော့ အမ်ပီသရီးလေးနဲ့ လွမ်းဆွတ်လိုက် အိမ်ပြန်ရောက်တော့ ကွန်ပျူတာဖွင့်ပြီး ခံစားလိုက်နဲ့ ခံစားမှုတွေ တိုးတိုးလာသလိုပဲ…။
Big bag- ကြုံရင်ပြောပေးပါ ဒီသီချင်းလေးဟာတိုက်ဆိုင်မှုဆိုရင်လည်းမမှားပါဘူး… ကျနော်
ဒီကိုရောက်တာလည်း တစ်နှစ်ပြည့်ပြီ ကျနော်တို့ရဲ့ ဇာတ်လမ်းလေးဟာလည်း တစ်နှစ်ပြည့်ခဲ့ပြီပေါ့ဗျာ… ထပ်တူမကျတောင် အားလုံးနီးပါးတော့ တူနေသလိုပဲ…။
ကြုံရင်ပြောပေးပါ♫ ♪ ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပြီပဲ အရင်လိုပဲငါစိတ်နာတယ် ဒီအချိန်ပဲငါ ကြေကွဲခဲ့ ၀န်ခံချင်လည်း ဆွံ့အနေခဲ့ ငါဟာမင်းအစွန့်ပစ်ခံလည်း မြူမှုန်အချစ်တောင်ပြန်မရခဲ့ ….♫ ♪ (လမ်းကြုံရင်ပြောပေးကြပါ ကျနော့်ရဲ့အိပ်မက်တွေမှာ သူ့ရဲ့ပုံရိပ်တွေ အမြဲတမ်း ခြောက်လှန့်လို့နေတယ်… ပြောပြလိုက်ပါ (ပြောပေးကြပါ) ကျနော့်ရဲ့စိတ်ကူးတွေဟာ သူ့ရဲ့ပုံရိပ်တွေ အမြဲတမ်းခြောက်လှန့်လို့နေတယ်….) ♫ ♪
ကျနော်လည်း နောက်လဆို အိမ်ပြောင်းရတော့မယ် တစ်နှစ်ပြည့်ပြီ စာချုပ်က အဲဒါနဲ့ ဒီသီချင်းလေက အခုတလော တိုက်ဆိုင်မှုဖြစ်နေတယ် စိတ်ကူးယဉ် အိမ်လေးပေါ့ဗျာ… ဒါပေမယ့်လည်း ဘယ်တော့ဖြစ်လာမယ်ဆိုတာတော့… ဘယ်သူ့ကိုမှလည်း အပြစ်မတင်ချင် ကံကိုလည်း ပုံမချချင်ဘူး… ကံဆိုတာ တကယ်တော့အလုပ်ပါတဲ့ ပြောကြတာပဲ နောက်ပြီးလောကကြီးကဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့…။ မျှော်လင့်ပြီး မျှော်လင့်သလိုဖြစ်မလာကြရင် ၀မ်းနည်း ကြေကွဲတတ်ကြတယ် ဒါပေမယ့်လည်း လူဆိုတာက မျှော်လင့်တတ်တဲ့ သတ္တ၀ါပဲလေ… သေချာတာတခုကတော့ ကျနော်က ပုထုဇဉ် ဆိုတဲ့ လူဖြစ်နေတော့ လိုအပ်နေအုံးမှာပါ… တောင့်တနေရအုံးမှာ မျှော်လင့်နေရအုံးမှာပါ… အိပ်မက်တွေ ဆက်မက်နေရအုံးမှာပေါ့ဗျာ.. သီချင်းလေးက ကိုအငဲရဲ့ အိမ်
အိမ်
♫ ♪ ♫ ♪ အခုတလောမှာ ငါမက်တဲ့ အိပ်မက်တွေ အရမ်းထူးဆန်းတယ်… မြက်ခင်းနဲ့ ခြံဝန်းနဲ့ အိမ်ကလေးကို တို့နှစ်ယောက်ပိုင်သတဲ့… ပိုက်ဆံလေးတွေ စုချင်တယ် လကုန်တိုင်းဆုတောင်းဆဲကွယ်… တို့နှစ်ယောက်အတွက် အိမ်လိုချင်တယ်… မနက်ဖြန် ဒီအခန်းက နေခဲ့တာ စာချုပ်ပြည့်တော့မယ် လက်ထဲမှာ ဘယ်မလဲငွေ ထပ်ငှားဖို့ စဉ်းစားကာနဲ့ စိတ်ညစ်လဲ ဘာထူးမှာလည်း အသက်တွေကသာ ကြီးခဲ့တယ် တို့နှစ်ယောက်အတွက် အိမ်ဘယ်မှာလည်း…
♫ ♪ (အကောင်းဆုံးနားခိုဖို့အတွက် နေရာလေးလိုချင်မိတယ် တစ်နေ့တော့ တို့နှစ်ယောက်စလုံးအတွက် လုံခြုံတဲ့အိမ်လိုချင်တယ်….) ♫ ♪ ♫ ♪
♫ ♪ တနေ့တော့ တနေ့ပေါ့… ဘယ်တော့လည်း မမေးလိုက်နဲ့ကွယ်… ဘယ်တော့မှ မဖြစ်လာဘူးလို့ အားမလျှော့ပါနဲ့ လိုက်လေဝေးလေ ပြေးနေဆဲ တို့အိပ်မက်တွေ ၀ိုးတ၀ါးရယ် တို့နှစ်ယောက်အတွက် အိမ်လိုချင်တယ်...
သိတဲ့အတိုင်း ခလုပ်ထိတော့ အမိတကြတယ်ဆိုတာ အမေ့ကိုလည်း အကြိမ်ကြိမ်သတိရနေမိတာပေါ့…။ ဝေးပြီးရင်းဝေးနေခဲ့တာ မဆုံနိုင်တဲ့အဝေးမှာ …. မျှော်လင့်တောင့်တ ကြေကွဲနေရုံမှအပ ဘာမှမတတ်နိုင်ပါ… သီချင်းလေးက ကိုထူးအိမ်သင်ရဲ့ လေလွင့်ခြင်းလမ်းမများ…
လေလွင့်ခြင်းလမ်းမများ
♫ ♪ အဝေးက လမ်းဟောင်းလေးကို ငါဟာနှုတ်ဆက် အမေ့ရဲ့ မျက်ရည်စက်တွေ ငါဟာ နှုတ်ဆက်
အပြာရောင်ကျောပိုးအိတ်တစ်ခုထဲ ဒဏ်ရာဟောင်းလေးကို ထည့်သွားရတော့မယ် အဆုံးမဲ့ မိုးသားထဲကို ငါပျံသန်းခဲ့ ငါ့ရဲ့ နှလုံးသားထဲမှာ လေလွင့်ခြင်းငှက် ဘယ်လို သွားရအုံးမှာလဲ ဘယ်မှာ အဆုံးသတ်မှာလဲ ...
♫ ♪(ရက်စက်တဲ့ လမ်းများ အဝေးမှာ ခေါ်သံတွေကြား ပြေးထွက်ခဲ့ ငြင်းမရပါလား (ရှေ့က) ရက်စက်တဲ့ လမ်းများ အဝေးမှာ ခေါ်သံများကြား လုံးဝငြင်းမရပါလား လေလွင့်ခြင်းလမ်းမများ မင်းရဲ့အနမ်းလေးများကို ငါဟာ နှုတ်ဆက် မင်းရဲ့ မျက်ရည်စက်တွေ ငါနှုတ်ဆက် ဒဏ်ရာများရဲ့အဝေးမှာ အဖြူရောင်မင်းရဲ့ ဘ၀လေး နေ….. နေခဲ့တော့….
ငါ့အတွက် ချွေးသိပ်ဖို့အိမ်ရယ် ရှိဦးမလား ငါ့အတွက်မေတ္တာတရားတွေ ရှိဦးမလား ဒါဟာ အဆုံးသတ်ခြင်းတစ်ခုလား ဒါဟာ အစပြုခြင်းတစ်ခုလား
လေလွင့်ခြင်းလမ်းမများ ( လေလွင့်ခြင်းရဲ့လမ်းမများ) ၃
♫ ♪ ♫ ♪ ♫ ♪ ♫ ♪ ♫ ♪
အမှန်တရားတွေအတွက် စွမ်းအားတွေလိုနေတယ်… ခံနိုင်ရည်တွေလိုအပ်နေတယ် အင်အားတွေ လိုနေတယ် အနာဂတ်တွေအတွက် မနက်ဖြန်များစွာအတွက် နံနက်ခင်းများစွာလှပဖို့ရာအတွက် စွမ်းအားတွေလိုအပ်နေတာ အသေအချာပါ… ဒါကြောင့် ကျနော်နေ့တိုင်းမဟုတ်တောင် အမြဲလိုလို နားထောင်နေမိတဲ့ ကိုလေးဖြူရဲ့ အတောင်ပံတစုံရဲ့ စွမ်းအား သီချင်းလေးပါ…။
အတောင်ပံတစုံရဲ့စွမ်းအား
♫ ♪ မင်းရဲ့မျက်ရည် သုတ်လိုက် ဘာတွေဆုံးရှုံးခဲ့ပြီလည်း မေးလိုက်စမ်းပါကလေးရယ် မှားယွင်းမှုတွေလား ဒါအမှန်တရားလား ကိုယ်စီဆုံးဖြတ်ချက်တွေနဲ့ ပြန်သုံးသပ်ပြီး အချိန်များကို ထိုးဖောက်ရင်း နင်ခံနိုင်ရည်ကိုမွေး အိုးးးး ဘ၀ရဲ့ အဓိပ္ပါယ်ရှာကြည့်လိုက် ဆုံးရှုံးခြင်းတွေ ဖြတ်သန်းလိုက် မင်းတွေ့ရမယ် အမှန်တရားများ မင်းရဲ့မျက်ရည်သုတ်လိုက် ရွှေရောင်အနာဂတ်ကိုကြည့်နှင့် သာယာတဲ့ မနက်ခင်းများစွာစီးဆင်းသွားလည်းပဲ ခေါင်းမော့ကြည့်လိုက်ပါ ကလေးရယ်အိပ်မက်ဆိုးတွေမကျနဲ့ နာကျင်တဲ့ခံစားချက်များနဲ့ ရင်ဆိုင်စဉ်းစားမိတာဘ၀ မင်းရဲ့စွမ်းအားများနဲ့ ရုန်းထွက်…
♫ ♪ (အိုးးးးးးးးး ဘ၀ရဲ့ အဓိပ္ပါယ်ရှာကြည့်လိုက် ဆုံးရှုံးခြင်းတွေ ဖြတ်သန်းလိုက် ရုန်းထွက်ရမယ့် အတောင်ပံများ မင်းယုံကြည်လိုက် မင်းသိထားတဲ့အခက်အခဲများ မှားခဲ့တာ ကမ္ဘာကြီးလား ရုန်းထွက်ရမယ့် အတောင်ပံများ မင်းယုံကြည်လိုက် စွမ်းအား စွမ်းအား ရုန်းထွက်ရမယ်…. စွမ်းအားးးးးးးးး )
ကိုဆောင်းယွန်းလရေ.. ဆောရီးပါ တော်တော်ကြာသွားတယ်ဗျာ… ကျနော်လည်း ခံစားမိသလောက်တော့ မျှဝေလိုက်တာပဲ ညည်းဆိုဖြစ်တာတော့ အများကြီးပဲ ဒီလောက်နဲ့ပဲ ကျေနပ်နိုင်မယ်လို့ ထင်ပါတယ်ဗျာ...။
ချစ်ခင်စွာဖြင့်
ပြည့်စုံ
Continue reading ...