October 31, 2007

ပင်လယ်

Unknown | 10:26 AM |

ပင်လယ်ဟာ
တောင်တန်းတွေရဲ့ ဘုရင်ဖြစ်တယ်။

ဘာဖြစ်လို့လည်းဆိုတော့… … …
ပင်လယ်ဟာ အားလုံးရဲ့အောက်နိမ့်တဲ့
နေရာမှာရှိနေလို့ပဲ။

ပင်လယ်ဟာ သူ့ကိုတောင်တန်းတွေက
ဝါးမျိုသွားမှာကို စိုးရိမ်ပူပန်မနေဘူး။

တောင်တန်းတွေကသာ သူတို့ကို ပင်လယ်က
ဖုံးလွှမ်းသွားမှာကြောက်ရွံ့စိုးလန့်နေရရဲ့။

မသိမ်းပိုက်သူဟာ
အရာရာကိုအောင်နိုင်တယ်။


မင်းခိုက်စိုးစံ( သုည ၀တ္တုမှ)
Continue reading ...

အချိန်တန်ပါပြီ

Unknown | 9:00 AM |

အာဏာရူးနေ၀င်း၊ အင်ဒိုနီးရှားက ဆူဟာတို၊ ကမ္ဘောဒီးယားက ပိုပေါ့နဲ့ဖိလစ်ပိုင်က မားကို့စ်တို့ပါ။ သူတို့ရဲ့နေ၀င်ချိန်ဟာ ပြည်သူတို့ရဲ့မေတ္တာကြောင့် ဇာတ်သိမ်းမလှခဲ့ပါ ဘူး။ မကြာသေးခင်အတောအတွင်းမှာလည်း ဆားဗီးယားသမတမီလိုဆိုဗစ်လည်း နယ်သာ လန်နိုင်ငံသဟိဂ်မြို့မှာ ဘ၀ဇာတ်သိမ်းမလှခဲ့သလို၊ ဗိုလ်ခင်ညွန့်ဆိုလည်း ပြည်သူတွေကို အညွန့်ချိုးခဲ့လို့ သူ့အညွန့်လည်းကျိုးခဲ့ပါပြီ။၂၀၀၃ မေလ ဒီပဲယင်း ရဲ့တရားခံ ဗိုလ်စိုးဝင်းဆို လည်း အသေထွက် ထွက်သွားပြီ (စောင့်နေပါတယ်သန်းရွှေကို လေးဘုံဌာနကနေ) အဆုံးသတ်မလှခဲ့ပါဘူး။ ဒါတွေ ဟာအာဏာရှင်အာဏာရူးတွေရဲ့ ဖြစ်မြဲအစဉ် အလာပါ။
အဲဒါကိုမှ တရားမရ၊ သံဝေဂမရဘဲ ပထမအကြိမ်၂၀၀၃ မေလ ဒီပဲယင်းလုပ်ကြံ မှုပြုလုပ်ခဲ့ပါတယ် ဒါတင်အားမရ သေးလို့ဆက်ပြီး ဒုတိယအကြိမ်မြောက် သံဃာတော် တွေရဲ့ငြိမ်းချမ်းစွာ ပရိတ်ရွတ်၊ မေတ္တာပို့ပြီးငြိမ်းချမ်းစွာနဲ့ပြည်သူတွေရဲ့ အခက်အခဲကို တောင်းဆိုချက်(၄)ချက်နဲ့ တောင်းဆိုနေတဲ့အပေါ် မဖြေရှင်းပေးသည့်အပြင် မြန်မာ ပြည်သမိုင်းမှာကျနော်တို့အဆိုးဆုံအရက်စက်အကြမ်းကြုပ်ဆုံးအဖြစ်ကိုမြင်တွေ့နေရပါတယ်။
ကျနော်တို့မြန်မာဗုဒ္ဓဘာသာတွေဟာ မဝေးလှသေးတဲ့ခေတ်က မျက်နှာဖြူတွေကို ရွှေတီဂုံကုန်း တော်ပေါ်မှာ ဖိနပ်မချွတ်လို့ အင်္ဂလိပ်တွေကို အသေခံပြီးဓားနဲ့ခုတ်ခဲ့ တော်လှန်ခဲ့ပါ တယ်။ပြင်းပြင်းထန်ထန်ကိုတိုက်ပွဲဆင်ခဲ့ရပါတယ်၊အထောက်အထားနဲ့ သမိုင်း ဖြစ်ခဲ့တယ်။
အခုများကြတော့ တိုင်းတပါးသားထက်တောင်သာနေပုံများ မိုက်ရိုင်းလိုက်ပုံ ကန်းကုန်လိုက်ပုံများရွှေတီဂုံကုန်းတော်ပေါ်မှာ ပြည်သူတွေကိုနှိပ်စက် သတ်ဖြတ်လုပ်ရုံမက ဘုရားရဲ့သားတော်တွေကိုပါ လေးဆူဓါတ်ပုံ ရွှေတိဂုံဘုရားခြေတော်ရင်းမှာ သွေးမြေကျအောင် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ရုံတင်မက အသက်မသေဘဲ ဆက်လက် တောင်းဆိုတိုက်ပွဲဝင် နေသူများကိုလည်း ညမထွက်ရအမိန့်ထုတ် (သူတို့ပဲထွက်တယ်) ညအချိန်မတော် ၀င်ရောက်ဖမ်းဆီး ထောင်သွင်းအကျဉ်းချ၊ ဘုန်းကြီးကျောင်း တွေကိုလည်း ညအချိန်မတော် ၀င်ရောက်ဖမ်းဆီးသတ်ဖြတ် ရိုက်နှက်ဖျက်ဆီးပစ်ခဲ့ပါသည်။ အဖွဲ့ချုပ်အဖွဲ့ဝင်တွေဆိုကုန်သ လောက်ဖြစ်နေပြီဖမ်း ဆီးအကျဉ်းချတာ။ ပြည်သူတွေရဲ့အိမ်တွေဟာ အခုဆိုထောင်တွေဖြစ် ကုန်ပါပြီ ဘာကြောင့်လည်းဆိုတော့ သူတို့က အချိန်မရွေး ဖမ်းချင်တဲ့အချိန်ဝင်ဖမ်း ၀ရမ်းမ ပါပဲနဲ့။
တိုင်းတပါးက အင်္ဂလိပ်ကိုလိုနီအစိုးရ၊ ဂျပန်ဖက်ဆစ်ကာလတုန်းက သံဃာတော်တွေ ကိုရိုက်နှက် တယ်ဆိုတာတော့ရှိခဲ့ဖူးတယ်၊ ဒါဟာလည်း ဓလေ့ထုံးစံမတူတဲ့ လူမျိုးကွဲတိုင်း တပါးက ဖက်ဆစ်တွေပါ။ အခုများတော့ သမိုင်းစာမျက်နှာအသစ်ဖွင့်လိုက်တဲ့ အာဏာရူး ဘုရင်ရူးသန်းရွှေ(သူ့ကိုယ့်သူ ဘ၀ရှင်မင်းတရားကြီးဝင်စားသူတဲ့) တို့ရက်စက်ယုတ်မာလိုက်ပုံ များ သံဃာတော်တွေ သီလရှင် တွေကိုသတ်ဖြတ် လူမမယ်ကိုရင်ငယ်လေးတွေ ကိုပါဖမ်းဆီးလူဝတ်လည်း တက္ကသိုလ်ကျောင်းသားတွေကိုလည်းထောင်သွင်းအကျဉ်းချ ရဲဘက်စန်းပို့။ တွေးလိုက်တိုင်း ရင်ထဲမှာ ဆို့နင့်နင့်ကြီးနဲ့ ခံပြင်းနာကျည်းမှု တွေပိုတိုးလာတယ်။ မြို့လယ်လမ်းမတွေပေါ်မှာပါ နအဖစစ်လူ့တိရိစ္ဆာန် တွေကရတနာ သုံးပါးထဲက တစ်ပါးကို စစ်ဖိနပ်တွေနဲ့ကန်ကျောက်ရိုက် နှက်သတ်ဖြတ်မှုဟာ မြင်တွေ့ရသူ ဒါယကာ၊ဒါယကာမတွေ မျက်ရည်ကျတာ သဘာဝကျပါတယ်။ ဒီ နအဖ လူ့တိရိစ္ဆာန် အမျိုးဘာသာ သာသနာကို ဖျက်ဆီးတဲ့ကောင်တွေ တစ်ဘ၀စံသမားတွေကို ပတ္တနိဣုဇနကံ စောင်တာနဲ့တောင်လုံလောက်မယ်မထင်ဘူး။ ကိုဇာဂနာရေ အစ်ကိုပြောသလို ဂမ်းစာမိပြီး ပူချေးမိ ကုန်ပါပြီဗျာ။

လူအချင်းချင်းနှိပ်စက်ချင်း ကင်းရှင်းကြပါစေ။ ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်းအေးချမ်းကြပါစေ။
သံဃာတော်တွေ ကျန်းမာချမ်းသာကြပါစေ၊ ဘေးဘယာကင်းဝေးကြပါစေ။

ကျဆုံးပြန်လွန်တော်မူသွားသောသံဃာတော်များနှင့်ကျောင်းသားပြည်သူများကိုဦးညွှတ်လျှက်

ပြည့်စုံ
Continue reading ...

ပခုက္ကူသံဃာတော်များက မေတ္တာပို့လမ်းလျှောက်ဆန္ဒပြပွဲကို ပြန်လည်စတင်ပြီ

Unknown | 1:52 AM |

ပခုက္ကူမြို့က သံဃာတော်အပါး(၂၀၀)ခန့်ဟာ ဒီနေ့မနက် (၈)နာရီခွဲမှာ ဗိုလ်ချုပ်လမ်းတလျှောက် ပေါက်လမ်းမကြီးအတိုင်း မြို့ကိုပတ်ပြီး ကြွချီမေတ္တာပို့သပါတယ်။
အရှေ့ဆုံးတန်းကသံဃာတော်များက သာသနာ့အလံ(၃)ခုကိုကိုင်ဆောင်ထားပြီး ကျန်သံဃာတော်များက (၃)ပါးတတန်း စီတန်းပြီး မေတ္တာသုတ်ကို ရွတ်ဆိုကြွချီကြပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ရဟန်းသံဃာတော်များနဲ့ ပြည်သူလူထုကို စက်တင်ဘာနောက်ဆုံးအပတ်အတွင်းမှာ စစ်အစိုးရအာဏာ ပိုင်တွေက အကြမ်းဖက်ရိုက်နှက်ပစ်ခတ်တဲ့အတွက် တလနီးပါး ငြိမ်သက်သွားပြီးနောက် ဒီကနေ့မနက်မပိုင်းမှာ ပခုက္ကူသံဃာများက မေတ္တာပို့ကြွချီလမ်းလျှောက်ပွဲကို ပြန်လည်စတင်လိုက်တာဖြစ်ပါသည်။
အမျိုးသားညီလာခံကို ထောက်ခံပြီးသံဃာတော်များဆန္ဒပြမှုကို ဆန့်ကျင်တဲ့ပွဲကို ပခုက္ကူအာဏာပိုင်တွေက အတင်းအဓမ္မကျင်းပခဲ့တဲ့အတွက် ဒါကို တန်ပြန်ဆန့်ကျင်တဲ့အနေနဲ့ သံဃာတော်များက အခုလိုမေတ္တာပို့ကြွချီတာ ဖြစ်ပါသည်။
ညီလာခံထောက်ခံပွဲကို လုပ်ခွင့်ပေးရင် သံဃာထုကိုလည်း လွတ်လွတ်လပ်လပ်စီတန်းကြွချီမေတ္တာပို့ခွင့် ပြုရမယ်လို့ အာဏာပိုင်တွေကို သံဃာတော်များက ကြိုတင်အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
အာဏာပိုင်တွေက အမျိုးသားညီလာခံထောက်ခံပွဲအတွက် ပြည်သူလူထုကို အဓမ္မဆင့်ခေါ်ခဲ့ကြောင်း၊ တက်ရောက်သူကို ကျပ်(၁၅၀၀)ပေးပြီး မတက်ရောက်ရင် ကျပ်(၃၀၀၀)ပြန်ပေးရမယ်လို့ ခြိမ်းခြောက်တဲ့အကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။
အာဏာပိုင်တွေရဲ့ အမျိုးသားညီလာခံထောက်ခံပွဲ မနက်(၈)နာရီမှာ အဆုံးသတ်ပြီးနောက် တစ်နာရီခန့် အကြာမှာ ပခုက္ကူသံဃာတော်တွေက စီတန်းကြွချီခဲ့တာဖြစ်ပါတယ်။
Continue reading ...

October 30, 2007

စစ်တွေ ကျောင်းသားများက ကာတွန်း ပိုစတာများ ရေးဆွဲ၍ နအဖကို တိုက်ခိုက်

Unknown | 8:00 PM |
အောက်တိုဘာလ ၂၉ ရက်နေ့ညတွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျောင်းသားများက စစ်အစိုးရအား ဆန့်ကျင် ကန့်ကွက်သည့်ကာတွန်းများတွင် နအဖ စစ်သားများက ရဟန်းတော်များအား သတ်ဖြတ် နေပုံများအား ရေးဆွဲထားပြီး ပုံများအောက်တွင် “ဗုဒံ္ဓ သရဏံ - - - ဒိုင်းဒိုင်း” “ ဓမ္မံသရဏံ- - - ဒိုင်းဒိုင်း” “သံဃံ သရဏံ -- ဒိုင်းဒိုင်း” ဟူသော စာများအား ကာတွန်းပိုစတာများအား ဘုရားကြီး အနီးတ၀ိုက်ရှိ ဘုန်းကြီးကျောင်းများ အ၀င်ဝ လမ်းများနှင့် နံရံများတွင် ချိတ်ဆွဲ ထားခဲ့ကြပါသည်။
နအဖ အာဏာပိုင်များက ရခိုင်ပြည်နယ်တွင် နောက်ထပ် ဆန္ဒပြပွဲများကို ပေါ်ပေါက်လာမည်ကို သိရှိနေသဖြင့် အဓိဂရုဏ်းနှိမ်နှင်းရေး သင်တန်းများ၊ စွမ်းအားရှင် သင်တန်းများအား ရခိုင်ပြည်နယ် အနှံ့အပြားတွင် ပြုလုပ်နေပြီး စစ်ရေး သင်တန်းများ ပို့ချပေးနေကြောင်း သိရှိရပါသည်။
Continue reading ...

အကောင်းဆုံးသော ဂါထာသုံးပုဒ်

Unknown | 9:43 AM | |
ဒီမို ဂါထာ ၃ ပုဒ်
ငရဲလားချင်
စစ်ထဲဝင် ။

ကုသိုလ်ယူ
ကျော်သူနဲ့တိုင်ပင် ။

ကြောက်မွှေးပါ
ဇာဂနာနဲ့နှုတ် ။

တနေ့ ၃ ခါ
ရွတ်ဆိုပါ
ဂါထာဤ ၃ ပုဒ် ။


ကိုဇာနည်မောင် ဇိုပီယာမှကူးယူတင်ပြသည်။
Continue reading ...

ဘိန်းဘုရင်ခွန်ဆာသေပြီ

Unknown | 7:44 AM |

အာရှတလွှား အမည်ဆိုးဖြင့်ကျော်ကြားသူ တစ်ဦးဖြစ်သော ဘိန်းဘုရင်ခွန်ဆာသည် ရန်ကုန်မြို့၊ သုဝဏ္ဏမြို့သစ်ရှိ၎င်းနေအိမ်တွင် ကွယ်လွန်သွားပြီဖြစ်သည်။ အသက်(၇၄)နှစ် အရွယ်ဘိန်းဘုရင်သည် သွေးတိုးရောဂါခံစားနေခဲ့ရသည် ဟုသတင်းများ ထွက်ပေါ်ခဲ့သည်သူသည်နှစ်ပေါင်း(၃၀)ကျော်ကြာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားပြီး အစိုးရတော်လှန်ပုန်ကန်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခဲ့သည်။ အမေရိကန်နိုင်ငံက အလိုရှိကာ ဖမ်းမိလျှင်ဆုငွေဒေါ်လာနှစ် သန်းပေးမည် ဟုထုတ်ပြန်ထားခံရ သော်လည်း မြန်မာစစ်အစိုး၏ အကာအကွယ်ဖြင့်ရန်ကုန်တွင်ကွယ်လွန်ချိန် အထိ နေထိုင်နိုင်ခဲ့သည်။
Continue reading ...

အကောင်းဆုံးမြေသြဇာအဖွဲ့မှ ကြေငြာချက်

Unknown | 6:59 AM |
မြန်မာပြည်သားများခင်ဗျား …. ….. …..

ကျနော်တို့ဟာဂျိုမပေါက်တာတခုကလွဲလို့ အသိမဲ့စွာနွံထဲမှာခြေထောက်နစ်ပြီး ရုံးကန်နေရတဲ့နွားတွေပါပဲ။ အစိုးရ အမည်ခံ နအဖဟာ ကျနော်တို့ကို ကြိမ်တို့။နံပါတ်တုတ်ပြ သေနတ်တွေနဲ့ခြိမ်းချောက်ပြီး သူတို့အသိုင်းအဝိုင်း ကတော့ ကျနော်တို့အားလုံးရဲ့ ဘဏ္ဌာတွေနဲ့လောကစည်းစိမ်အပြည့်အဝစံစားမှီဝဲနေတယ်။ ကျနော်တို့ပြည်သူတွေမှာတနေ့စာ ဆန်တပြည် ဖိုးရအောင် မနည်းရှာနေရတဲ့အချိန်မှာ သူတို့အသိုင်းအဝိုင်းက မြေမနင်းသားတွေလုပ်ပြီး ယစ်မူးနေကြတာကို အားလုံးအသိဖြစ်ပါတယ်။ ဒီလောက် သယံဇာတပေါကြွယ်ဝတဲ့ ကျနော်တို့နိုင်ငံမှာ ငတ်နေသူ တွေဒုက္ခရောက်နေသူတွေမရှိသင့်ပါဘူး။ ဒါပေမဲ့ရှိနေပါတယ်။ ဟိုအရင်က မြန်မာလူမျိုးဆိုတာ မွေးဖွားးချိန်မှသေဆုံးချိန်ထိ တန်ဖိုးရှိရှိနေနိုင် သေနိုင်ခဲ့ပါတယ်။အခုတော့ ကျနော်တို့ရဲ့မျက်စိ တွေကိုပိတ်။ အသိဥာဏ်ဗဟုသုတတွေကို တားဆီး အမြင်မကျယ်တဲ့မျက်ကန်း ဘဝတွေနဲ့ရှင် သန်နေကြရတယ်။ ဘယ်မှာလဲကျနော်တို့ရဲ့တိုးတက်မှုတွေငါတို့ရဲ့အနာဂတ်ဆိုတာတွေ ခေါင်းအေးအေးထားပြီးစဉ်းစားကြပါ။ကျနော်တို့ ဟာ ဒီလောက်ပဲသိ။ဒီ
လောက်ပဲစား။ဒီလိုမျိုးပဲသေသွားရမှာလား။ကျနော်တို့ရဲ့မျိုးဆက်တွေကို ကျနော်တို့လိုပဲ အဖိနှိပ်ခံလူတန်းစားဆိုပြီး ထားခဲ့ကြမှာလား။ညီလာခံဆိုတာဘာလဲ ဘယ်သူ့အတွက်လုပ်နေတာလဲ။ ကျနော်တို့လူထုအတွက် မဟုတ်တဲ့ ညီလာခံထောက်ခံပွဲတွေဟာ ကလေးတွေရိုက်တဲ့ ဂေါ်လီဝိုင်းလောက်စိတ်ဝင်စားစရာကောင်းပါ့မလား။ (MRTV-TO-MWD)ကလွှင့်တဲ့သတင်းတွေကိုကြည့်အုံး အပေါ်ယံပဲကောင်းတယ်။တကယ်တမ်းအတွင်းမှာတော့ပုတ်ပွနံဟောင် နေတာအား လုံးအသိပါ။အရင်ကမြန်မာဟာ သာယာလှပပြီးကမ္ဘာအဆင့်မြင့်နေရာမှာရှိခဲ့တယ်။ခု ဘယ်နေ ရာမှာရှိနေပြီလဲ။အရင်လိုကမ္ဘာအဆင့်မြင့်ဆုံးနေရာတွေမှာဆက်လက်လူတန်းစေ့နေနိုင်ဖို့ခင်ဗျားတို့ကျနော်တို့အားလုံးမှာတာဝန်ရှိတယ်ဆိုတာ သိပြီးရောပေါ့နော်။ကျနော်တို့လဲသာမာန်လူတန်းစားပါပဲ သို့သော်နေနိုင်စားနိုင်ကြပါတယ်။ ဒါပေမဲ့ကျနော်တို့ဟာမြန်မာလူမျိုး ကျနော်တို့ချစ်တဲ့တိုင်းရင်းသားတရပ်လုံးအတွက်နောင်ဖြစ်ပေါ်လာမဲ့မျိုးဆက်အားလုံး အတွက် အမှန်တရားကိုဖေါ်ထုတ်ပြီးအဖမ်းဆီးအနှိပ်စက်ခံပြီးသေသွားမယ်ဆိုတာတောင်မှနောင် ဒီနိုင်ငံမှာကျန်ခဲ့မဲ့ သူတွေအတွက်အကောင်းဆုံးမြေသြဇာအဖြစ်ကျန်ခဲ့မယ်လို့ယုံကြည်ပါတယ်။လူတန်းစေ့အခွင့်အရေးရရှိတဲ့မြန်မာနိုင်ငံ ဖြစ်စေရမယ်။ဒါကြောင့် နအဖ အလိုကျနေထိုင်ပြီးသေမှာလားနဖါးကြိုးဆွဲ ကြိမ်တို့ခံပြီးနေမှာလား။ တန်ဖိုးရှိတဲ့မြန်မာ တယောက်အနေနဲ့(သို့)လူထုအတွက်နောင်မျိုးဆက်အတွက် မြေသြဇာအဖြစ်ခံပြီး သေမှာလား ……… … …….စဉ်းစားပါ… ……… …….ဆုံးဖြတ်ပါ …… …… …… နောက်မကျသေးပါဘူး … … ……. ဘယ်လိုနည်းနဲ့မဆို
နအဖကိုရင်ဆိုင်ဖို့အသင့်ပြင်ထားပါ ……. ။
လူထုတရပ်လုံးအတွက် အစတေးခံ
( အ ကောင်း ဆုံး မြေ သြ ဇာ)

ကျော်ကျော်(တာဝန်ခံ)
အကောင်းဆုံးမြေသြဇာ
Continue reading ...

ကိုယ်တိုင်ပါဝင်လှုပ်ရှားခဲ့သော စက်တင်ဘာလှုပ်ရှားမှု တစိတ်တဒေသ ….အပိုင်း (၂)

Unknown | 4:51 AM |







(၂၅)ရက်နေ့ထိ ချီတက်ရာလမ်းကြောင်းတွင် တစုံတရာနှောက်ယှက်မှုမရှိသော်လည်း (၂၆) ရက်နေ့ (၁၁း၃၀) ခန့်တွင် ကြေးသွန်းဘုရား ရှေ့တွင် သပိတ် စခန်းဖွင့်စောင့်နေကြသော သံဃာတော်များ။ကျောင်းသားများ။ လူထုများ ကြားထဲသို့ တရုပ်နိုင်ငံမှလာဘ်ထိုးထားသော (Faw)ကားကြီး(၆)စီးနှင့်စစ်သားများ၊ လုံထိန်းများ၊ဒိုင်နာလိုင်းကား(၃)စီးနှင့်နအဖ၏ လက်ကိုင်ဒုတ်(ကြံ့ဖွတ်-စွမ်းအားရှင်များ)မီးသတ်ကားအသေး(၂)စီးတို့ဟာ ယာယီသပိတ်စခန်းထဲသို့ တရကြမ်းမောင်း ဝင် ရိုက်နှက်လူစုခွဲခိုင်းခြင်း၊သံဃာတော်နှင့်လူထုတချို့အား ပိတ်ထား ခြင်းများပြုလုပ်နေမှု၊အပေါ်စည်းအပြင်ရှိလူထုများမှ၎င်းတို့အား ဖွင့်ခိုင်းခြင်းကြိမ်းမောင်းခြင်းမျိုးစုံဖြင့် ဖိအားပေးနေခြင်းအပေါ် စစ်အာဏာရှင်ငရဲမကြောက်သူများမှ တဆင့် တိုးပစ်ခတ်ခြင်း။မျက်ရည်ယိုဗုံးခွဲခြင်းဖြင့်ထပ်မံပြုလုပ်လာသဖြင့် သံဃာတပ်ပေါင်းစု၊ ကျောင်းသား၊လူထုသည် ဗဟန်း (၃)လမ်း၊ကြားတောရလမ်း၊ရွှေဂုံတိုင်လမ်း၊အသီးသီးအဖွဲ.ကွဲထွက်ပြီး(၁)နာရီတွင် စတင်လမ်းလျောက်ဆန္ဒပြမည် ဆိုသော်လည်း နအဖ မိစ္တာတွေ၏အကြမ်းဖက်မှုကြောင့်အသီးသီး ကွဲထွက်လာသည့်အင်အားဖြင့်ငြိမ်းချမ်းစွာ လမ်းလျောက် ဆန္ဒပြမေတ္တာပို့ထွက်ခဲ့ပါတယ်။ ဒီလိုထွက်ခဲ့တဲ့ ချီတက်ရာလမ်းတလျောက်မှာလည်း ငယ်ငယ်ကစိမ်ပြေး တမ်း ကစားသလိုပဲလိုက်လံနှောက်ယှက် ပိတ်ဆို့မှုများတောက်လျောက်လုပ်လာပါတယ်။ငြိမ်းချမ်းစွာမေတ္တာပို့ ဆန္ဒပြနေတဲ့တပ်ပေါင်းစုမှာ လက်နက်ဆိုလို့အပ်တိုတချောင်းတောင်မရှိသော်လဲ လိုက်လံနှောက်ယှက်နေတဲ့ဘုရား တည်၊ ကျောင်းဆောက်နေတဲ့ ဘုရားတကာတွေရဲ့လက်ကိုင်ဒုတ် တပည့်ကျော်တွေရဲ့လက်တွေထဲမှာတော့ အသေး ဆုံးနံပါတ်ဒုတ်နဲ့အကြီးဆုံး(40 နဲ.M-16)တွဲထားတဲ့လက်နက်တွေနဲ့လစ်ရင်လစ်သလိုချောင်တဲ့နေရာမှာအပျောက် ရိုက်ဖြိုခွင်းဖို့လိုက်လံနှောက်ယှက်ပိတ်ဆိုမှုတွေလုပ်သော်လဲ သံဃာတပ်ပေါင်းစုချီတက်ရာလမ်းတလျောက်မှာ လူထု ပါဝင်လာခြင်း။ဆရာတော်များကံဆောင်ခြင်းအပေါ် ဝမ်းသာမျက်ရည်ဆို့ခြင်း၊နအဖအကြမ်းဖက်ခြင်းအပေါ်မေတ္တာပျက် ဝမ်းနည်းမျက်ရည်ဆို့ခြင်းများဖြင့် အားပေးဆုတောင်းမှုများရှိခဲ့ခြင်းများဖြင့် ကံဆောင်သံဃာတော်များ။ ကျောင်း သားများ။ NLD လူငယ်များနှင့်လူထုအတွက် အားဖြစ်ပေါ်လျက် ဆက်လက်ချီတက်ဆန္ဒပြ မေတ္တာပို.ခဲ့ကြပါတယ်။။

((( စာကြွင်း - ချီတက်ရာ လမ်းတလျောက်တွင် သံဃာတော်များမှမေတ္တာပို့ခြင်း။ NLDလူငယ်များနှင့်ကျောင်းသား လူငယ်များမှသံဃာတော်များ၏လုံခြုံရေးအတွက် လက်ခြင်းချိတ်ပြီးဘေးဘယ်ညာ ကာရံပေးထားခြင်း။ ဘာသာပေါင်းစုံ ပါဝင်သောလူထုမှ သံဃာတော်များ လူထုအတွက် နအဖ ကို မေတ္တာပို့အမျှဝေခြင်းအပေါ်နအဖ မှအကြမ်းဖက်သည့် အတွက်သံဃာတော်များနှင့်ဆန္ဒပြပြည်သူလူထုကြီးတို့ ဘုရားခြေတော်ရင်းတွေမှာ သွေးမြေကျကုန်ပါပြီ။ သံဃာတော် များကိုလက်အုပ်ချီပူဇော်ပေးပါ။အားပေးပါ။ပူးပေါင်းပါဝင်ကြပါဟုလမ်းတလျောက် ကြွေးကြော်ကြပါတယ် )))

ဆက်လက်ဖော်ပြပါဦးမည်။
ကျော်ကျော်(တာဝန်ခံ)
အကောင်းဆုံးမြေသြဇာ
Continue reading ...

လူရွှင်တော် ဇာဂနာ ယာယီထိန်းသိမ်းခံရ

Unknown | 4:17 AM |

လူရွှင်တော် ဇာဂနာကို အာဏာပိုင်တို့က ယမန်နေ့ညနေပိုင်းတွင် မေးမြန်းစစ်ဆေးရန်ဟုဆိုကာ နေအိမ်မှ ခေါ်ဆောင် သွားကာ ယနေ့နံနက်ပိုင်း၌ ပြန်လွှတ်ပေးခဲ့သည်ဟု ဇာဂနာ၏ လုပ်ဖော်ကိုင်ဖက်တဦးက ဧရာဝတီကိုပြောသည်။
လူရွှင်တော် ဇာဂနာသည် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် စစ်အစိုးရအား ဝေဖန် ရှုတ်ချမှုများ တောက်လျှောက်ပြုလုပ်နေသောကြောင့် အာဏာပိုင်တို့က ခေါ်ယူသတိပေးခံရခြင်းဖြစ်သည် ဟုလည်း ဇာဂနာ၏ လုပ်ဖော်ကိုင်ဖက်က ပြောသည်။
“လေများလို့တဲ့ … ဟဲဟဲ လေလေးနည်းနည်းလျှော့ဖို့ ခေါ်ပြောတာ။ လျှော့ မလျှော့တော့ မသိဘူးလေ … ဒါကသူ့စိတ်နဲ့ သူကိုး” ဟု ဇာဂနာ၏ လုပ်ဖော် ကိုင်ဖက်က ပြောသည်
လူရွှင်တော် ဇာဂနာသည် စက်တင်ဘာလအတွင်းပြုလုပ်ခဲ့သည့် သံဃာတော် များ၏ ပတ္ထနိက္ကုဇ္ဇနကံဆောင်ပွဲများ၊ ချီတက်ဆန္ဒပြပွဲများကို အားပေးထောက်ခံ ခဲ့သောကြောင့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် အဖမ်းခံရပြီး ယခုလ ၁၇ ရက် နေ့တွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
ထောင်မှပြန်လွတ်လာချိန်၌ သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ထောင်တွင်း အတွေ့အကြုံများကို အင်တာနက်ဘလော့ခ် တွင် ရေးသားခြင်းများ ပြုလုပ်ခဲ့သည်။ ဇာဂနာ ထောင်မှလွတ်ပြီးနောက်တနေ့ ဧရာဝတီမှ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းချိန်က “ပြည်သူ့အရေး လက်မနှေးကြနဲ့” ဟူသည့် ဆောင်ပုဒ်နှင့် အညီ ပြည်သူလူထုအကျိုးကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သည်။
ထောင်မှလွတ်လာချိန် ဇာဂနာ၏ ထင်ရှားသည့် နိုင်ငံရေးပျက်လုံးတခုမှာ “သံဃံသရဏံ ဂန်းစာမိ” ဟူသည့် သပိတ်မှောက် သံဃာတော်များအား စစ်တပ်က သေနတ်ဖြင့်ပစ်ခတ်နှိမ်နင်းသည့်အပေါ် သရော်ထားသော ပျက်လုံးဖြစ်သည်။
ဇာဂနာသည် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ၁၉၈၈ မှ ၁၉၈၉ အထိ၊ ၁၉၉၀ မှ ၁၉၉၄ အထိ နှစ်ကြိမ် ထောင်ကျခဲ့ဖူးပြီး ထောင်ကျနေသည့် ၁၉၉၁ ခုနှစ်တွင် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဆုတဆုကို ရရှိခဲ့သည်။
ဇာဂနာသည် ၁၉၈၀ ခုလွန်ကာလကတည်းက လူရွှင်တော်ဘ၀ဖြင့် ပြည်သူလူထု၏ ချစ်ခင်အားပေးခြင်းကို ခံခဲ့ရသူဖြစ်ပြီး အုပ်ချုပ်သူအစိုးရအား လှောင်ပြောင်သရော်သော ဟာသပျက်လုံးများကြောင့် အထူးရေးပန်းစား ခဲ့သူဖြစ်သည်။
လွန်ခဲ့သည့်နှစ်အတွင်းက ကိုဇာဂနာအား ဘီဘီစီ (မြန်မာပိုင်း) အသံလွှင့် ဌာနနှင့် အင်တာဗျူးတွင် အစိုးရအား ထိခိုက် စေသည့်စကားလုံးများပြောဆိုသည်ဟူသည့် စွပ်စွဲချက်ဖြင့် အနုပညာလုပ်ငန်းအားလုံးကို စစ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဌာနက အချိန်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်။ ၁၉၉၆ ခုနှစ်ကလည်း ကိုဇာဂနာ၏ အနုပညာလုပ်ငန်းများ တကြိမ် အပိတ်ခံရဖူးသည်။
Continue reading ...

Zarganar Rearrested [Breaking News]

Unknown | 1:35 AM | |


Burma best-known comedian, Zarganar, was rearrested by Burmese authorities at his home on Monday evening, according to sources. A friend of the comedian told The Irrawaddy on Tuesday no charge had been leveled by the authorities, who said they wanted Zarganar for questioning. The authorities gave no indication of how long he would be held, the source said.

It’s suspected that Zarganar is again in trouble with the authorities for visiting monasteries following his release from his last stay in Insein prison on October 17. He had been arrested on September 25 for giving food and water to protesting monks during the September demonstrations.
Continue reading ...

October 29, 2007

ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်လှုပ်ရှားခဲ့သော သံဃာနှစ်ပါး ဘင်္ဂလားဒေ့ရှ်ရောက်

Unknown | 10:48 PM |

ရွှေဝါရောင် တော်လှန်ရေးအတွင်း ပါဝင် လှုပ်ရှားခဲ့သူ ရခိုင်သံဃာတော် နှစ်ပါးသည် စစ်အာဏာပိုင်များ၏ လိုက်လံ ဖမ်းဆီးခြင်းမှ လွတ်ကင်းစေရန်အတွက် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသို့ ခက်ခဲစွာ ထွက်ပြေးခဲ့ပြီးနောက် ယနေ့တွင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်နိုင်ခဲ့သည်။

ရန်ကုန်တိုင်း တောင်ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ရတနာလမ်းမှနေ၍ ရာဇဂြိုလ် စာသင်တိုက်တွင် အလိုတော်ပြည့် ဓမ္မစာရိယ တက္ကသိုလ်၌ ပညာသင်ကြားနေရင်း ရန်ကုန်မှ ရွှေဝါရောင်ဆန္ဒပြပွဲတွင် ၅ ရက်တိုင် ပါဝင်ခဲ့သည့် ဦးအိန္ဒ ပညာ (သက်တော် ၂၆ နှစ်) နှင့် ဦးမာဂိန္ဒ (သက်တော် ၂၁ နှစ်) တို့အနက် ဦးအိန္ဒပညာကို ဆက်သွယ် မေးမြန်းထား သည်များကို တင်ပြလိုက်ပါသည်။

မေး။ ။ဦးဇင်းတို့ ဘယ်နေ့တုန်းက ထွက်ခဲ့တာလဲဘုရား။
ဖြေ။ ။အောက်တိုဘာလ ၁၁ ရက်နေ့က ရန်ကုန်က ထွက်လာတာ။ လမ်းမှာ နည်းနည်းတော့ ဦးဇင်းတို့ကို စစ်တာ ပေါ့။ ဒါပေမဲ့ လျောလျောရှူရှူတော့ ရောက်ပါတယ်။
မေး။ ။လမ်းမှာ ဘယ်လို လာခဲ့ရပါသလဲ။
ဖြေ။ ။ရန်ကုန်ကနေပြီးတော့ ရဲအောင်လံ ကားကို စီးပြီးတော့ တောင်ကုတ်ကနေ ဒကာတဦးရဲ့ အကူအညီနဲ့ ဘင်္ဂလားဒေ့ခ်ျကို သွားမဲ့ဘုတ်ကို မှောင်ခိုနဲ့ လာခဲ့ရတာပါ။
မေး။ ။လမ်းမှာ ဘယ်လို အခက်အခဲတွေ တွေ့ခဲ့လဲ။
ဖြေ။ ။တောင်ကုတ်မှာတော့ စစ်တယ်။ လမ်းမှာလည်း တည်းမယ့် ဘုန်းကြီးကျောင်း မရှိဘူး။ သိပ်ချောင်ချောင်ချိချိ မရှိတော့ တည်းခို ရိပ်သာမှာ အိပ်ရတာပေါ့။ ရဲသားတွေက ၃ ခါတောင် လာစစ်တယ်။ ဘာမှတော့ မဖြစ်ခဲ့ပါဘူး။ အခက်အခဲ တွေ့တာကတော့ ထုံးစံတိုင်းပေါ့။ ဟိုတုန်းကတော့လို သိပ်မချောင်တော့ဘူးပေါ့။ ဆန္ဒပြတာတွေ ကြားထား တဲ့ အခါကျတော့ သိပ် မလွတ်လပ်တော့ဘူးလေ။
မေး။ ။ ရန်ကုန်မှာ ဆန္ဒပြပွဲမှာ ဦးဇင်းတို့က ဘယ်လို ပုံစံမျိုးနဲ့ ပါဝင်ခဲ့တာလဲဘုရား။
ဖြေ။ ။စက်တင်လာလ ၁၉ ရက်နေ့က စပြီးတော့ ဥပုသ်နေ့ပေါ့နော် စပါဝင်ခဲ့တာ။ ၂၆ ရက်နေ့ထိ ပါဝင်ခဲ့တာပေါ့။
မေး။ ။ဆန္ဒပြပွဲမှာ ဦးဆောင်ပြီး ပါဝင်ခဲ့တာလား။
ဖြေ။ ။ဦးဆောင်ပြီးတော့ ပါဝင်ခဲ့တာတော့ မဟုတ်ပါဘူး။ နေ့တိုင်းလိုလိုတော့ ပါဝင်ခဲ့တယ်။
မေး။ ။ဦးဇင်းတို့ ကျောင်းကို အာဏာပိုင်တွေက လာဖမ်းတာလား။
ဖြေ။ ။လာဖမ်းမယ်လို့တော့ ကြားနေတာ။ လာလည်း လာခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကလည်း ကြည့်နေတာပေါ့။ စစ်ကားတွေနဲ့ လာဖမ်းတဲ့ အခါကျတော့ ဦးဇင်းတို့က ထွက်ပြေး နေတာပေါ့။
မေး။ ။ပြည်တွင်းက ဆန္ဒပြပွဲတွေ အပေါ်မှာ ဦးဇင်းတို့ ဘယ်လို သုံးသပ်မိပါသလဲ။
ဖြေ။ ။ပြည်တွင်းက ဆန္ဒပြတာတွေကတော့ ထူးခြားမှုတော့ ရှိမှာပါ။ လူတွေလည်း တော်တော်လေး နစ်နာခဲ့ကြ တာပေါ့။ ပြည်တွင်းမှာလည်း ရန်ကုန်မြို့မှာဆို ဘုန်းကြီးတွေ တော်တော်များများ မရှိကြတော့ဘူးလေ။ ဘုန်းကြီးတို့ ကျောင်းက သံဃာအပါး ၈ဝ ကျော်ဆိုရင် အခု မရှိသလောက် ဖြစ်ကုန်ပြီ၊ တပါးမှ ရှိကြတော့မှာ မဟုတ်ပါဘူး။ ဒုက္ခတွေနဲ့ ရင်ဆိုင်ပြီးတော့ စတေးရလိုက်တယ် ဆိုပါတော့။ ငြိမ်းချမ်းလာမယ်လို့ ယုံကြည် မိပါတယ်။
မေး။ ။ဦးဇင်းတို့ အခု ဘယ်လို ဆက်လုပ်မယ်လို့ စဉ်းစားထားလဲ ဘုရား။
ဖြေ။ ။ဦးဇင်းတို့ကတော့ ပြည်တွင်းမှာ နေရတာ သိပ်လည်း အဆင်မပြေဘူး။ နအဖ စစ်အစိုးရကိုလည်း မုန်းတီး ရွံ့ရှာနေတဲ့ အခါကျတော့၊ ဒီကို ထွက်လာလိုက်တဲ့ အခါကျတော့ ကူညီမဲ့ လူတွေလည်း ရှိကြတယ်။ လောလောဆယ် တော့ ဘာတွေ လုပ်ရမယ် ဆိုတာတော့ မစဉ်းစားမိသေးပါဘူး။
မေး။ ။မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဦးဇင်း အနေနဲ့ ဘာများ ပြောချင်ပါသလဲရှင်။
ဖြေ။ ။အစိုးရဆိုတာ ပြည်သူကိုချစ်တဲ့ အစိုးရ ဖြစ်သင့်တာပေါ့။ ချစ်ဖို့ ဆိုတာကလည်း ပြည်သူ အားကိုးလောက်တဲ့ အစိုးရ ဖြစ်သင့်တာပေါ့။ အားကိုးလောက်တဲ့ အရည်အချင်း မရှိရင်တော့ ပြည်သူလူထုတွေက ဆက်လက် တော်လှန်နေ မှာပါပဲ။ နှောင့်ယှက် နေမှာပဲ။ ဦးဇင်းတို့လည်း ဆွမ်း လုံလုံလောက်လောက် မရတော့ ဒကာ၊ ဒကာမတွေရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ ဒီဒုက္ခတွေကို ဦးဇင်းတို့က မခံနိုင်တော့လို့ အခုလို သပိတ်မှောက်တာပါ။
မြန်မာနိုင်ငံမှာ ရှိနေတဲ့ သံဃာတော်တွေကို ပြောချင်တာကတော့ နအဖ စစ်အစိုးရကို ဆက်လက်ပြီး သပိတ် မှောက်ကြပါ။ အလေးအနက် လုပ်မယ်ဆိုရင် ပဓါန စာမေးပွဲတွေကို သံဃာတော်တွေ မဖြေကြဖို့ ပြောချင်တယ်။ ဒါဟာ စစ်အစိုးရကို သပိတ်မှောက်ရာ ရောက်မယ်လို့ ပြောချင်ပါတယ်။
(စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေး အပြီး ဘင်္ဂလားဒေ့ရှ်သို့ သံဃာ အပါး ၃ဝ ရောက်ရှိလာပြီး ဖြစ်ပါသည်။ ပထမ ၄ ပါး၊ ဒုတိယ ၁၁ ပါး၊ တတိယ ၁၂ ပါးနှင့် စတုတ္ထ ၁ ပါး ပေါင်း ၂၈ ပါး ပြန်ရောက်ခဲ့သော်လည်း ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများ မဟုတ်ပါ။ မြန်မာနိုင်ငံတွင် သွားရောက်၍ ပညာသင်နေသည့် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသား သံဃာတော်များ ဖြစ်ပါသည်။ စစ်အာဏာပိုင်များမှ ရခိုင်ပြည်နယ် အတွင်း ဒေသ အသီးသီးမှ ပြန်လည် ပို့ဆောင် လိုက်သဖြင့် နေရပ်ရင်းသို့ ပြန်လည် ကြွချီလာကြခြင်း ဖြစ်ပါသည်။ ယခု ရောက်ရှိလာသည့် ရဟန်းပျို သံဃာနှစ်ပါး သည် ရန်ကုန် လှုပ်ရှားမှု အတွင်း ပါဝင်ခဲ့ပြီးနောက် ဖမ်းဆီးမခံရရန် ထွက်ပြေး ခိုလှုံလာခြင်း ဖြစ်သည်။ ယခု သံဃာတော်များကို ကော့စ်ဘာဇာ အခြေစိုက် မြန်မာ အတိုက်အခံ အင်အားစု (ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ) Opposition Force of Burma (Bangladesh) မှ တာဝန်ယူ စောင့်ရှောက် ကူညီထားကြောင်း သိရသည်။)
Continue reading ...

“၀” အမျိုးသားအဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးကွယ်လွန်

Unknown | 10:47 AM |
“၀” အမျိုးးသားအဖွဲ့ချူပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ တာ့မဟာဆန်း သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ နခွန်းဖင်း ဆေးရုံတွင် ၂၈ရက်နေ့ည သန်းခေါင်ကျော်အချိန်တွင် ပန်းနာရင်ကြပ်ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန် ချိန်တွင် အသက် ၆၁ နှစ်ရှိပြီဖြစ်သည်။
ဈာပန အခန်းအနားကို ယခုလတွင် တရုတ်ထုံးစံအရ မြေမြုပ်ခြင်း မပြုလုပ်သောကြောင့် လာမည့် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပြုလုပ်မည်ဟု သမီးဖြစ်သူကပြောသည်။

ပြီးခဲ့သည့် ၁၇ ရက်နေ့မှစ၍ ချင်းမိုင် ထောင်ကြီးမှတဆင့် နခွန်းဖင်း ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ သည်။
ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ နန်းကြာနုနှင့် သားသမီး လေးဦး ကျန်ရစ်ခဲ့သည်။
တာ့မဟာဆန်းသည် ၁၉၄၅ ခုနှစ်တွင် ပန်ဆန်းမြို့မြောက်ဘက် ၀ိန်းငင်းမြို့၌ မွေးဖွားပြီး စော်ဘွား အဖ တာ့ဖောင်းနှင့် အမိ နန်းလူ တို့၏ သားဦးဖြစ်သည်။
တာ့မဟာဆန်းသည် လွန်ခဲ့သည့် အနှစ်(၂၀)ခန့်မှစ၍ ထိုင်းမြန်မာနယ်စပ်တွင် အခြေစိုက်၍ “၀” ပြည်လွတ်
မြောက်ရေး အတွက် တိုက်ပွဲဝင်နေသူ တစ်ဦးဖြစ်သည်။
၁၉၉၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု၏ ဒုတိယ ဥက္ကဌ အဖြစ်တာဝန်ယူခဲ့သည်။
၁၉၉၆ ခုနှစ် ခန့်မှစ၍ အဆုတ်နှင့် လေပြွန်ယောင် ရောဂါကို စတင်ခံစားခဲ့ရသည်။
၂၀၀၃ ခုနှစ်မှစ၍ အသက်ရှူကြပ်သော ရောဂါကြောင့် မကြာခဏ အောက်ဆီဂျင်ပေးနေရသည်။
၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီလတွင် တာ့မဟာဆန်းအား ဘိန်းဘုရင် ဝေရှောက်ခမ်နှင့် ဆက်နွယ်နေမှု၊ မက်သာအက်ဖက်တမင်း စိတ်ကြွဆေးပြား သန်းနှင့်ချီ၍ ထိုင်းနိုင်ငံအတွင်း မှောင်ခို တင်သွင်းမှုတို့ဖြင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် တရားရုံးက ဖမ်းဝရမ်း ထုတ်ခဲ့သည်။
၂၀၀၅ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ၄င်း၏နေအိမ်တွင် ဖမ်းဆီးခံရပြီးနောက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အ ကျဉ်းထောင်တွင် ကွယ်လွန်ချိန်အထိ အကျဉ်းကျခံနေရသည်။
တာ့မဟာဆန်း ဖမ်းဆီးခံရပြီးနောက်ပိုင်း “၀”အမျိုးသားတပ်မတော်ကို ဗိုလ်မှူးကြီး တာ့မိန်းမှ ဆက်လက် တာဝန်ယူထားသည်။


နက်ဝက်မီဒီယာဂရုမှကူးယူတင်ပြသည်။
အောင်မိုးမြင့်
Continue reading ...

ကိုယ်တိုင်ပါဝင်လှုပ်ရှားခဲ့သော စက်တင်ဘာလှုပ်ရှားမှု တစိတ်တဒေသ...အပိုင်း(၁)..

Unknown | 5:14 AM |
အင်္ကျီအဖြူလက်တို၊လုံချည်အပြာဖြင့်လက်ကာ၍လမ်းလျှောက်လာသူ


မြန်မာပြည်တွင်းဖြစ်ပေါ်ခဲ့သော စက်တင်ဘာလလှုပ်ရှားမှုတွင်ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့သောပြည်တွင်း မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့(လူငယ်)အကောင်းဆုံးမြေသြဇာအဖွဲ့မှ တာဝန်ခံ ကိုကျော်ကျော်၏ စက်တင်ဘာလှုပ်ရှားမှု နှင့်ရင်တွင်း ခံစားချက် ……

ကျနော်တို့မြန်မာနှိင်ငံမှာ မွေးဖွားကြီးပြင်းခဲ့တဲ့တလျောက်မှာ ဒီနအဖရဲ့ ဖိနှိပ်မှုအောက်မှာတသက်လုံးဒီအတိုင်းကြီး အကြောက်တရားလွမ်းမိုးပြီးနေသွားလို့ မရတော့ဘူးလို့သိလိုက်ရတဲ့အချိန်မှာအရင်ဆုံးလုပ်ဖြစ်တာက ဒီအကျင့်ပျက် အစိုးရကို ပယ်ချဖို.အတွက် လူထုအပေါ် ထာဝရနွေးထွေးမှုပေးနိုင်မယ်လို့ယုံကြည်တဲ့ လူထုခေါင်းဆောင်ဆိုတာကို
အရင်လေ့လာဖြစ်ခဲ့တယ်။ တဆက်တည်းမှာပဲတွေသင့်သူကိုတွေ။လိုအပ်တဲ့ပညာယူသင့်တာ ယူဆွေးနွေးသင့်တာ တွေဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက်တခုကို အခိုင်အမာချလိုက်တယ်။ လူထုတရပ်လုံးနှင့်နောင်မျိုးဆက် အားလုံးအတွက်ရှေ့မှ မားမားမတ်မတ်ရပ်တည်ပေးမဲ့-အစတေးခံလူငယ်များနဲ့ သမိုင်းဝင်သာဓုကန်စေတီ (ရွှေပြည်သာမြို့သစ်)မှာ အကောင်းဆုံးမြေသြဇာ ဆိုတဲ့အဖွဲ့ဖွဲ့စည်းပြီး အောက်ပါအလုပ်တွေဆက်လုပ်ခဲ့ပါတယ်။။
(၉-၁-၂၀၀၅)ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းများမှလူငယ်များအားစည်းရုံးခြင်း။ ကျောဘက်တွင် (?) တံဆိပ်နှင့်ရှေ့ တွင်စည်းရုံးလှုံ့ဆော်စာများရေးသားထားသော(T-shirt)များအခမဲ့ဖြန်.ဖြူးဝတ်စေခြင်း။ဘောပင်-သော့ချိတ်)များပြုလုပ် ဝေခြင်း။ နအဖ ဆန့်ကျင်စာများအား ကျောင်းဝင်းအတွင်းကပ်ခြင်း။မြို.နယ်များရှိရပ်ကွက်များအတွင်း ဖြန့်ဝေကျဲချခြင်း။
အဖွဲ.လူငယ်များနှင့်တွေ.ဆုံဆွေးနွေးဖလှယ်ခြင်းများစဉ်ဆက်မပျက်ပြုလုပ်ခဲ့ပါတယ်။။ဒီလိုဖြတ်သန်းလာရင်းနဲ.စက်တင်ဘာသံဃာတော်များဦးဆောင်တဲ့လှုပ်ရှားမှုကြီးမှာဆရာတော်များရဲ.လုံခြုံရေးနှင့်ပြည်သူလူထုတရပ်လုံးနှင့်ကျောင်းသား လူငယ်ထုတရပ်လုံးပါဝင်လှုတ်ရှားဆောင်ရွက်နိုင်စေဖို့အတွက်ပြည်တွင်းမြန်မာ့အရေးလှုပ်ရှားမှုအဖွဲ.များနည်းတူတ
ဖက်တလမ်းကပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ဒီလိုဆောင်ရွက်ခဲ့တဲ့အတွက် (နအဖ) မှလိုက်လံ စုံစမ်းဖမ်းဆီး ဖို့ကြိုးစား ခဲ့ပါတယ်။ ဒီအချိန်မှာသူတို့ဖမ်းဆီးတာကိုမခံပဲ လွတ်မြောက်နယ်မြေကို ထွက်လာခဲ့ခြင်းအားဖြင့် ဆက်လက် တော်လှန်သွားမှာဖြစ်ပြီး ပြည်တွင်းကျန်ရှိတဲ့ ဗကသ၊ (၈၈) နှင့်ကျန်အဖွဲ့အစည်းများ။ပြည်တွင်းရှိလူထုတရပ် လုံးအတွက် တက်နိုင်တဲ့ဘက်က ဆက်လက်လှုပ်ရှားဆောင်ရွက်သွားမယ်ဆိုတာ အသိပေးလိုက်ပါတယ်။။

စက်တင်ဘာလှုပ်ရှားမှု တစိတ်တဒေသ … … …

(၂၄-၉-၂၀၀၇) - ရွှေတိဂုံအရှေ.ဘက်မုဒ်မှစတင် ထွက်ပြီးဗားကရာလမ်းအတိုင်း။ တဆင့် လှည်းတန်းလမ်းဆုံ မှတဆင့် ရှစ်မိုင်လမ်းဆုံ။ တဆင့်ကျိုက်ဝိုင်း-ဘုရားလမ်း။ တဆင့်ကမ္ဘာအေးဘုရားရင်ပြင်တွင် သံဃာတပ်ပေါင်းစု ဆရာတော်များမှအထွေထွေ တရားများဟောကြားပြီးလမ်းခွဲ …..။

(၂၅-၉-၂၀၀၇) - ကြေးသွန်းဘုရားရှေ့တွင်သပိတ် စခန်းဖွင့်ပြီးယောက်လမ်းအတိုင်းချီတက်။ဆူးလေဘုရားရှေ့ တွင်သံဃာတော်များ၊ ကျောင်းသားများ ၊ အနုပညာရှင်များ မှ တရားဟောပြီး သိမ်ဖြူလမ်းအတိုင်း။ တဆင့်ပုဇွန် တောင်။ကျောက်မြောင်းတို.မှဖြတ်ပြီးဗိုလ်ချုပ်ပန်းခြံလမ်း။ တဆင့်ကြေးသွန်းဘုရားရှေ့တွင် သံဃာတပ်ပေါင်းစု ဆရာတော်များမှအထွေထွေတရားများဟောကြားပြီးလမ်းခွဲ………။

(၂၆-၉-၂၀၀၇) - နေ.လည်(၁၁း၃၀)နာရီခန်.တွင်ကြေးသွန်းဘုရားရှေ.တွင်စုဝေးရောက်ရှိနေသောသံဃာတော်များ၊ ကျောင်းသားများ နှင့်ပြည်သူလူထုအတွင်းသို့စစ်ကားများ။ လုံထိန်းကားများ။ နအဖလက်ကိုင်ဒုတ်(ရပ်ကွက်အတွင်းရှိ
ခိုး၊ ဆိုး၊ နှိုက်)များဦးဆောင်ပြီး အကြမ်းဖက်ရိုက်နှက်၊ ဖမ်းဆီး၊ နှိပ်စက်၊ ပစ်ခတ်မှုများလူမဆန်စွာပြုလုပ်လာသဖြင့် ကြေးသွန်းဘုရားအနောက်ဖက်ရှိညောင်တုန်းကျောင်းတိုက်အတွင်း တွင် ဆရာတော်များစုစည်းပြီးအင်အား(၇၀၀၀)
ခန့်ဖြင့် ရွှေဂုံတိုင်လမ်းအတိုင်းထွက်ခွါလာရာ (NLD) ရုံးတွင်းမှသံဃာတော်များနှင့်အတူ အဖွဲ့ဝင်များပူးပေါင်းပါဝင်ချီ တက်ဆန္ဒပြကြရာလမ်းတလျှောက်တွင်နအဖအာဏာမပိုင်များက မိမိတို.ကဲ့သို့.အကြမ်းဖက်ခံရပြီး ကွဲထွက်သွားသော
တပ်ပေါင်းစုများနှင့်မစုမိစေရန် လိုက်လံပြီးချီတက်ရာလမ်းကြောင်းပိတ်ခြင်းများဖြင့် လိုက်လံနှောက်ယှက်ခြင်း များပြုလုပ်နေသော်လည်းဘုရင့်နောင်လမ်း(ကန္နားလမ်း)ရှိ သခင်မြပန်းခြံရှေထိ ချီတက်ဆန္ဒပြခဲ့ကြရာဆူးလေဘက် တက်မည့် ဘက်မှပိတ်ဆို.ထားခြင်းခံရပါတယ်။ ဒါကြောင့်ချီတက်ရာလမ်းကြောင်းပြောင်းကာ ဘုရင့်နောင်ဘက်သို့ ထပ်မံချီတက်ခဲ့ပါတယ်။အလုံမြို့နယ်ဆင်မင်းဈေးနား အရောက်တွင်ရှေ့နောက်နှစ်ဘက်ညှပ်ပြီးထပ်မံပိတ်ဆို့ခံရပါတယ်။ (၂)မိနစ်အတွင်းလူစုခွဲခိုင်းပြီးပစ်ခတ်။ရိုက်နှက်ခံရပါတယ်။နာရီဝက်ခန်.အကြာတွင်ဆင်မင်ဈေးဘက်မှာ နအဖအရာရှိမှ
သံဃာတော်များငြိမ်သက်တိတ်ဆိတ်စွာဖြင့်နှစ်ပါးစီသွားခွင့်ပြုပြီးသံဃာတော်များနှင့်လူထုကိုဖြိုခွဲခဲ့ပါတယ်။

(၂၇-၉-၂၀၀၇)-ကျိုက်ကဇံကွင်းအနီး အထက(၃)ကျောင်းအရှေ့တွင်ဆန္ဒပြကျောင်းသား၊ သံဃာ၊ လူထုအား ဖမ်းဆီး ပိတ်ဆို့ ထားသောစစ်တပ်လုံထိန်းနှင့် စွမ်းအားရှင်များအားပြန်လည်ပိတ်ဆို့ပြီးပြန်လွတ်ပေးရန်တောင်းဆိုခြင်း။ တိုင်ကီ များချပြီးတောချောက်မောင်းထုတ်သလိုထုခြင်းကမ္ဘာမကြေ သီဆိုခြင်းများပြုလုပ်နေချိန်တွင် ခွတ်ဒေါင်းအလံလွှင့်ထူပြီး
အင်အားဖြည့် လာရောက်ပူးပေါင်းသော ကျောင်းသားလူငယ်များ။ ကျောင်းကြိုရန် ရောက်ရှိနေသောကျောင်းသား မိဘများနှင့်လူထုအားတာမွေအဝိုင်းထိတ်မီးပွိုင့်ဘက်မှတရကြမ်းမောင်းဝင်တိုက်သတ်။ ပစ်ခတ် ၊ရိုက်နှက်၊ ဖမ်းဆီးခေါ် ဆောင်ကာလူစုခွဲဖြိုခွင်းခဲ့သော်လည်း-ကန္နားလမ်းတလျောက်ဆန္ဒပြနေသောကျောင်းသား တပ်ပေါင်းစုနှင့်ထပ်မံ အင်အား ဖြည့်ပါဝင်ဆောင်ရွက်ရာ ဆင်မလိုက်အဝေးပြေးဝင်းအနီးတွင်ထပ်မံပစ်ခတ်ဖြိုခွဲလူစုခွဲခြင်းခံရပြန်ပါသည်။

(ဆက်ရန်ရှိသေးသည်)

မရှင်းတာရှိလျှင်မေးမြန်းနိုင်ပါတယ်...

ကျော်ကျော် (တာဝန်ခံ)
အကောင်းဆုံးမြေသြဇာ

Continue reading ...

October 28, 2007

New York Times (IHT): Sober times for Myanmar’s comics - Choe Sang-Hun

Unknown | 11:28 AM | |

MANDALAY, Myanmar: Par Par Lay goes to India to seek relief for a toothache. The Indian dentist wonders why the Burmese man has come all that way to see him.
“Don’t you have dentists in Myanmar?” he asks.
“Oh, yes, we do, doctor,” says Par Par Lay. “But in Myanmar, we are not allowed to open our mouths.”

That’s a favorite joke of Par Par Lay, a third-generation practitioner of a-nyeint pwe, the traditional Burmese vaudeville featuring puppets, music and slapstick comedy tinged with in-your-face political satire - all performed in a country where cracking the wrong joke can land you in jail.

And Par Par Lay, the 60-year-old leader of the Mustache Brothers troupe, appears to be paying dearly for it.

About midnight on Sept. 25, his relatives say, the police raided Par Par Lay’s home-cum-theater here and took him away. On the same day, at least one other popular comedian who, like Par Par Lay, had previously been imprisoned for his political jokes, a man named Zargana in Yangon, was arrested, according to Amnesty International and local residents.

The tightening of the ruling junta’s gag on dissident voices came as the regime conducted a bloody crackdown on the first major pro-democracy uprising in this country in 19 years.

“I tried to find him, but I don’t know where he is,” said Par Par Lay’s wife, Ma Win Ma, 56, a dancer. “If the past is an indication, he must have been beaten a lot. I am worried about whether he is alive or not.”

The Mustache Brothers is a family troupe of 13 comedians, dancers and musicians. Par Par Lay and his brother Lu Maw, 58, wear handlebar mustaches, hence the group’s name. They used to travel from village to village, performing at weddings, funerals and festivals.

In times past, Burmese kings would watch a-nyeint pwe to gauge public sentiment. But it seems the current junta never developed a taste for it.

In 1990, when the military government rejected the decisive victory of Aung San Suu Kyi’s National League for Democracy in the country’s first election in 30 years and placed the pro-democracy leader under house arrest, Par Par Lay was thrown into jail for six months for his political humor.

In 1996, his troupe performed before an audience of 2,000 people, including foreign ambassadors, at the lakeside compound of Aung San Suu Kyi, by then a Nobel Peace laureate. In one skit, Par Par Lay demonstrated a “government dance,” a comic rendition of a wily public servant stealing money from the poor.

A videotape of the event shows Aung San Suu Kyi laughing, clearly entertained. The generals were apparently less amused. Par Par Lay and his cousin Lu Zaw, also a comedian, were sentenced to seven years in a labor camp. He was released after five and a half years.

Afterwards, the government scratched the Mustache Brothers from the list of state-licensed artists Burmese were permitted to hire. Barred from performing for ordinary Burmese but determined to keep their tradition alive, and to make a living, the troupe reinvented itself, performing for foreigners who would come to the home they had turned into a makeshift theater.

Even with Par Par Lay gone, his family has kept the theater going on Mandalay’s run-down a-nyeint street, which Lu Maw proudly likened to London’s West End and Broadway in New York.

The street looked deserted, with foreign tourism having been sharply curtailed since the crackdown. Creaking taxis and pedicabs maneuvered around potholes and stray dogs on a sun-baked street. Lu Maw’s family waited for tourists who never came.

“We are artists: we believe in ordinary people, not in the government,” said Lu Maw in English. “We need light, but in Myanmar, light on and off. Not enough electricity. No water supply. School - money, money, money! Ordinary people no money.

“So we joke,” he said. “People need a good joke. But the government don’t like us because we joke.”

The Mustache Brothers are an unlikely tourist attraction in a country where few people dare to criticize the government. But the government appears to tolerate the troupe’s spoofs as long as they performed only in English.

Lu Maw, the only English speaker in the troupe, said he learned the language from tourists.

His rapid-fire English words seldom form a complete sentence. In performances, he supplements them with gestures and sign boards. One sign read “KGB,” Lu Maw’s allusion to the secret police in Myanmar.

“My favorite English is American and English slang,” he said. “My brother in the clink, up the river, in big house.”

His street-side theater could barely accommodate 10 red plastic chairs. Marionettes hung against a wall. On display was a picture of Aung San Suu Kyi visiting the Mustache Brothers in June 2002. Outside, Lu Maw’s nephews kept an eye out for the police.

Lu Maw said he believed that Par Par Lay was arrested because he was a “good organizer” among the many a-nyeint comedians in Mandalay. He had strong opinions about the military generals who have mismanaged this resource-rich country into poverty, and joked about why Myanmar largely escaped the worst of the deadly 2004 tsunami:

A general died and became a big fish, the joke goes. As the tsunami was rolling toward Myanmar, the fish came to the surface and told the wave: “Stop! I have already done that here.”

But Lu Maw said the recent killing of monks by soldiers was “no good for jokes.”

“People are sad,” he said. “Man kill man, you go to hell. This Buddhist belief. Now they are killing monks! They go beyond hell.”

Lu Maw said that everyone in Myanmar was busy trying to keep up with rising prices, which is what drove people onto the streets to protest in August. He noted that Par Par Lay was sentenced in 1996 to “seven years for one joke” at Aung San Suu Kyi’s place. Now, thanks to inflation, Lu Maw cracked, you make “two jokes and get 100 years in prison.”

“We are dead meat already,” he said.

International pressure has helped his family in the past, he said. When Par Par Lay was arrested in 1996, he said, British and Hollywood comedians wrote to the Myanmar government in protest.

“We need their help again,” Lu Maw said. “Richard Gere’s support is especially important because he is a Buddhist. We need a Rambo.”

Despite Lu Maw’s tireless optimism, his theater was permeated with sadness. In the past month, the family has struggled to make ends meet with a dearth of foreign tourists. Mustache Brothers T-shirts are collecting dust. Older members of the family were lying listlessly on a wooden bed on the mud-brick floor.

“If the government comes and takes his clothes and food, then I will know he is alive,” said Ma Win Ma, Par Par Lay’s wife. “That is enough. I believe one day he will come back and we can perform together again.”

Lu Maw said that when Par Par Lay was in prison camp, he used to perform for other inmates before bed time.

“Maybe he is performing in prison somewhere,” Lu Maw said. “Yes, we are afraid. But we keep on going. We just joke. This is our job, our family tradition.”
Continue reading ...

မြန်မာနိုင်ငံအတွင်းကနာမကျန်းသူတွေထိုင်းနယ်စပ်ကိုဖြတ်ပြီးဆေးကုသ ခံနေကြရ

Unknown | 8:38 AM |


လူထုကျန်းမာရေးစောင့်ရှောက်မှုအခြေအနေအင်မတန်ဆိုးရွားနေတဲ့မြန်မာနိုင်ငံ ကဝေဒနာရှင်တွေဟာ ဆေးကုသမှုခံယူနိုင်ဖို့အတွက် ထိုင်းနယ်စပ်ကိုဖြတ်ကျော်ပြီးမယ်တော်ဆေးခန်းကို လာရောက်ကုသခံ နေကြရပါသည်။
မြန်မာနိုင်ငံကနေ ထိုင်းနယ်စပ်ကို ဖြတ်သန်းလာကြသူတွေဟာ စစ်အစိုးရရဲ့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာ ခဲ့ရတဲ့ ဒုက္ခသည်တွေသာ မက ကျန်းမာရေးကြောင့် ဆေးကုသမှုခံယူဖို့ စစ်ဆေးရေးဂိတ်တွေကို ဖြတ်၊ စစ်သားတွေကို လာဘ်ပေး၊ အန္တရာယ်ကြီးတဲ့ လမ်းတွေကိုဖြတ်သန်းပြီး ထိုင်းနယ်စပ်ကို လာရောက် ကြသူတွေလည်းပါဝင်နေပါတယ်။

သူတို့ဟာ ဒေါက်တာစင်သီယာမောင်ရဲ့ ကုတင်(၁၂၀)ဆန့် မယ်တော်ဆေးခန်း ကိုလာရောက်ခဲ့ကြတာပါ။ ဒေသတွင်းနဲ့ နိုင်ငံတကာအကူအညီနဲ့ အခမဲ့ကုသပေးနေတာပါ။ ၂၀၀၆ ခုနှစ်ကဆိုရင် လူနာပေါင်း တစ်သိန်းကျော်လာရောက်ကုသမှုခံယူခဲ့ကြပြီး အဲဒီလူနာတွေထဲက တ၀က်လောက်ဟာ နယ်စပ်အ နီးတ၀ိုက်မှာ နေထိုင်ကြသူတွေဖြစ်ပြီး ဆေးကုသဖို့သက်သက် ထိုင်းနယ်စပ်ကိုလာရောက်ခဲ့ကြရတာဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်းမှာ ဆေးရုံတက်ရောက်ကုသဖို့ အထွေထွေစရိတ်တွေ ကြီးမြင့်လှလို့ မတတ်နိုင်သူတွေ အသက်ဆုံးရှုံးမှုပေါင်းမနည်းတော့ပါဘူး။ မြန်မာနိုင်ငံမှာ ငှက်ဇျားရောဂါကြောင့် နှစ်စဉ်လူ သုံးထောင်သေးဆုံးနေကြောင်း အေအိုင်ဒီအက်စ်၊ ၀မ်းကိုက် ၀မ်းလျှောရောဂါတွေကြောင့် လူတွေထောင်နဲ့ချီ သေကောင်ပေါင်းဖြစ်နေရကြောင်း၊ တီဘီရောဂါဆိုရင် နှစ်စဉ်ရောဂါရှင်အသစ်တသိန်းနီးပါးတွေ့နေရကြောင်း ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့(ယူနီဆက်)ရဲ့ စာရင်းဇယားတွေအရသိရှိရပါသည်။ နယ်စပ်ဖြတ်ပြီးမြန်မာနိုင်ငံ အတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လျှို့ဝှက်ဆောင်ရွက်နေတဲ့ Back Pack ကျန်းမာရေးလုပ်သား အဖွဲ့က ၀န်းထမ်တဦးကတော့ လူတွေမှာ ပိုက်ဆံမတတ်နိုင်ကြတော့ ဆေးရုံဆေးခန်းမသွားနိုင်ကြတော့ပဲ သေမဲ့ နေ့ကိုစောင့်နေကြကြောင်း အများစုကပြောနေတယ်လို့ဆိုပါသည်။
Continue reading ...

October 27, 2007

မြန်မာစစ်တပ်က တိုင်းရင်းသားကျေးရွာများအား ဆက်လက်တိုက်ခိုက်ဖျက်ဆီးနေ

Unknown | 6:54 AM |


မြန်မာစစ်အစိုးရတပ်တွေက တိုင်းရင်းသားလူနည်းစုတွေနေထိုင်ရာ ကျေးရွာတွေကို တိုက်ခိုက်ဖျက်ဆီး နေတဲ့အတွက် မြန်မာနိုင်ငံမှာ လူမှုဘေးဒုက္ခဆိုက်ရောက်တဲ့အခြေအနေတရပ်ဖြစ်ပေါ်လာ ကြောင်း လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက အောက်တိုဘာလ (၂၅)ရက်နေ့က ပြောဆိုလိုက်ပါသည်။
မြန်မာစစ်တပ်တွေက တိုင်းရင်းသားလူမျိုးစုရွာတွေကို ဆက်လက်တိုက်ခိုက်ဖျက်ဆီးနေဆဲဖြစ်ကြောင်းနဲ့၊ အထူးသဖြင့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေ၊ လမ်းဖောက်လုပ်တဲ့ လုပ်ငန်းတွေ၊ ရွှေနဲ့ သတ္တုတူး ဖော်ရေးလုပ် ငန်းတွေ၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေးနဲ့ ဆည်ဆောက်လုပ်ရေးလုပ်ငန်းတွေစတဲ့ စစ်အစိုးရစီမံကိန်း တွေရှိရာ နေရာတွေမှာ လုပ်ဆောင်နေတာဖြစ်ကြောင်း လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ထုတ်ပြန်ကြေညာချက် မှာဖေါ်ပြထားပါသည်။

ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စောင့်ရှောက်ရေးအဖွဲ့ကြီးဖြစ်တဲ့ TBBC အဖွဲ့ကြီးရဲ့ စာရင်းတွေအရ ၂၀၀၇ ခုနှစ် နှစ်လည်ပိုင်းအထိ ရွာတွေတိုက်ခိုက်ဖျက်ဆီးခံရလို့ ပြည်တွင်းအိုးအိမ်မဲ့ဒုက္ခသည်ဖြစ်ရသူအရေအတွက်သည် မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းတစ်ခုတည်းတင် ၅သိန်းကျော်ရှိပြီး အထူးသဖြင့် ကရင်ပြည်နယ်အတွင်းမှာ ဖြစ်ပါသည်။
အဲဒီဒုက္ခသည်စခန်းတွေထဲက တသိန်းလောက်ဟာ စစ်အစိုးရထိန်းချုပ်ထားတဲ့ဒေသအတွင်းတောတောင်တွေ ထဲလှည့်လည်ပုန်းအောင်းနေရပြီး တသိန်းကျော်လောက်ဟာ စစ်အစိုးရရဲ့ ရွေ့ပြောင်းရွာတွေမှာ ရောက်ရှိနေ ကြောင်းကျန်တဲ့ ၃သိန်းလောက်ဟာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်ထားတဲ့ တိုင်းရင်းသားနယ် မြေတွေမှာ ခိုအောင်းနေကြရကြောင်း အခုလို စစ်အစိုးရက တိုင်းရင်းသားကျေးရွာတွေကို တိုက်ခိုက်ဖျက်ဆီးတာတွေ၊ ပြီးခဲ့တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တာတွေကြောင့် နယ်စပ်ဒေသတွေကို ထွက်ပြေးရောက်လာ သူတွေလည်း ရှိနေကြောင်း၊ ဒီကိစ္စနဲ့ ပတ်သတ်ပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က တာဝန်ရှိသူတဦး ဖြစ်တဲ့ မစ္စတာတွမ်မလင်နော့်စတီးက ပြောကြားခဲ့ပါသည်။
တိုင်းရင်းသားလူနည်းစုတွေနေတဲ့ ဒေသတွေမှာ မြန်မာစစ်အစိုးရတပ်တွေက အကြီးအကျယ် လူ့အခွင့်အရေးချိုးဖောက်နေတဲ့ သတင်းတွေကို ကျနော်တို့ ဆက်လက်စုဆောင်းရရှိနေပါတယ်။ ဒါဟာ စိုးရိမ်စရာ အခြေအနေဖြစ်ပါတယ်ဆိုတာ မမေ့ကြဖို့၊ စစ်အစိုးရဟာ အပြောနဲ့ အလုပ်တခြားစီပါပဲ၊ ရွာတွေကို တိုက်ခိုက်ဖျက်ဆီးနေပြီး၊ လူတွေ သူတို့ရွာတွေကနေ ထွက်ပြေးနေကြရတယ်၊ အမျိုးသမီးတွေလည်း မုဒိန်းကျင့်ခံနေရတဲ့ အချိန်မျိုးမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ၊ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ရပ်ဆိုတာ ဘာမှမရှိဘူးလို့ မစ္စတာတွမ်မလင်နော့စကီးက ပြောကြားသွားခဲ့ ပါသည်။
Continue reading ...

ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားရေး မစ္စတာ ဂမ်ဘာရီတိုက်တွန်း

Unknown | 5:13 AM |

မြန်မာစစ်အစိုးရကိုယ်စားလှယ်နဲ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ ကြားမှာ နောက်ထပ်တွေ့ဆုံမှုတွေတိုးပြီးလုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုသသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်မစ္စတာအီဘရာဟင်ဂမ်ဘာရီ တိုက်တွန်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်အစိုးရကခန့်အပ်ထားတဲ့ဆက်ဆံရေး ၀န်ကြီးအောင်ကြည်တို့ ပထမဆုံးအကြိမ်တွေ့ဆုံမှုအပြီးမှာ အခုလိုတိုက်တွန်းတာဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံမှုဟာ ပထမအဆင့်ပဲရှိသေးကြောင်း၊ တိကျခိုင်မာတဲ့ ရလဒ်တွေပေါ်ပေါက်လာတဲ့ အထိ တွေ့ဆုံသွားဖို့ လိုအပ်ကြောင်း ဂျပန်နိုင်ငံဝန်ကြီးချုပ်နဲ့ တိုကျိုမြို့မှာတွေ့ဆုံစဉ်အပြီး သတင်းထောက်တွေကို မစ္စတာဂမ်ဘာရီပြောခဲ့တာဖြစ်ပါတယ်။
Continue reading ...

ဒေါ်စုနှင့်တွေ့ဆုံခွင့်ပေးရန်အဖွဲ့ချုပ်တောင်းဆို

Unknown | 5:07 AM |

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီးတို့၏ တွေ့ဆုံမှု မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွှတ်ပေး၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးခွင့် ပေးရန်လိုအပ်သည်ဟု အန်အယ်လ်ဒီက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အန်အယ်လ်ဒီ ၏ ခေါင်းဆောင်ဖြစ်သည့် အတွက် ၎င်း၏ ပါတီနှင့်တွေ့ဆုံဆွေးနွေး ခွင့်ရပြီးမှ နအဖ ဆက်ဆံရေးဝန်ကြီးနှင့်တွေ့ဆုံပါက ပိုမိုသင့် လျှော်သည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေး တာဝန်ခံ ဦးဥာဏ်ဝင်းက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့လွတ်လပ် တဲ့ ဆန္ဒကိုထုတ်ဖော် ပြောဆိုနိုင်ဖို့အတွက် သူကိုယ်တိုင်လွတ်လပ်မှု ရှိတာ ပိုပြီးတော့ သဘာဝကျပါတယ်၊ သူလွတ်လပ်မှုရှိဖို့ဆိုရင် ပြန်လွှတ်ပေးဖို့လိုပါတယ်၊ ဒီအတိုင်း အရင် တုန်းကလည်း ကျနော်တို့ သဘောထား ပေးခဲ့ပါတယ်”ဟု ဦးဥာဏ်ဝင်းက ဧရာဝတီ သို့ ပြောဆိုသည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာ၌ အချိန် ၁ နာရီ ကျော်ကြာတွေ့ဆုံကြောင်း စစ်အစိုးရမီဒီယာများက ဓာတ်ပုံနှင့်တကွဖော်ပြသည်။
ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည့် လတ်တလော အလုပ်သမား ၀န်ကြီးခန့်အပ်ခြင်းခံရသော ဗိုလ်ချုပ် အောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် မည်သည့်အကြောင်းအရာကို တွေ့ဆုံဆွေးနွေးကြောင်းကိုမူ စစ်အစိုးရနှင့် အစိုးရ မီဒီယာများက ထုတ်ပြန်ပြောကြားခြင်းမရှိပေ။
“ဒီလိုတွေ့ဆုံတာကတော့ သူတို့ရဲ့ ကြေညာချက်၂/၂၀၀၇ အတိုင်းပေါ့လေ၊ ဒါဟာ တိုးတက်မှုတခုအနေနဲ့ ကျနော်တို့ ကြိုဆိုပါတယ်၊ ဘာတွေဆွေးနွေးတယ်ဆိုတာကတော့ ကျနော်တို့ လုံးဝမသိရပါဘူး၊ ဒီလိုတွေ့ဆုံမယ် ဆိုတာကိုလည်း ကြိုမသိရပါဘူး”ဟု ဦးဥာဏ်ဝင်းက ဆက်လက် ပြောကြားသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ မတွေ့ဆုံမီ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အရ တွေ့ဆုံခြင်းဖြစ် သည်ဟု ထင်မြင်ကြောင်းလည်း ၎င်းကပြောဆိုသည်။
ဗိုလ်ချုပ် အောင်ကြည်ကို စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့အကြား ဆက်သွယ်ရေး အတွက် ဆက်ဆံရေး
ဝန်ကြီး အဖြစ် အောက်တိုဘာ ၈ ရက်က ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး သန့်ရှင်းက လက်မှတ်ထိုးခန့်အပ်၍ ထုတ်ပြန်ကြေညာခဲ့သည်။
စက်တင်ဘာ ၂၉ ရက် က မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ၏အကြံပြုချက်အရ နောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ်လုပ်ဆောင်ရန် ယင်း ဆက်ဆံရေး ၀န်ကြီးကို ခန့်အပ်ခြင်းဖြစ်သည်ဟု အောက်တိုဘာ ၉ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
မစ္စတာ ဂန်ဘာရီသည် လာမည့် နိုဝင်ဘာလ အတွင်း၌ မြန်မာနိုင်ငံသို့ နောက်တကြိမ် ထပ်မံ သွားရောက်မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင်ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှစ၍ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၄ နှစ် ပြည့်ပြီးဖြစ်သည်။ ၁၉၈၉ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်များ၌ လည်း နေအိမ် အကျယ်ချုပ် ၂ ကြိမ် ကျခံခဲ့ရသောကြောင့် နေအိမ်အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်းမှာ ၁၁ နှစ် ကျော်ပြီ ဖြစ်သည်
ဧရာဝတီသတင်းအင်တာနက်မဂ္ဂဇင်းမှကူးယူတင်ပြသည်။
Continue reading ...

October 26, 2007

သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် ဆုတောင်းပွဲများ

Unknown | 9:48 AM |
ဘာသာပေါင်းစုံမှ ဆုတောင်းနေကြစဉ်

နိဗ္ဗာန်ဈေးပွဲတော်မှပျော်ရွှင်စွာစားသောက်နေကြသောမြင်ကွင်း
သူတို့တွေလည်းပါဝင်ခဲ့ပါတယ်

နိဗ္ဗာန်ဈေးပွဲတော်မှပျော်ရွှင်စွာစားသောက်နေကြသောမြင်ကွင်း



ဒီကနေ့ အောက်တိုဘာလ(၂၆)ရက် သီတင်းကျွတ်လပြည့်နေ့ဟာ သံဃာတော် တွေဦးဆောင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြဖော်ထုတ်ပွဲကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းခဲ့ခြင်းကြောင့် သံဃာတော်တွေသွေးမြေကျခဲ့ရတာ တလပြည့် တဲ့နေ့ဖြစ်ပါသည်။ မြန်မာပြည်နှင့်နိုင်ငံတကာတွင် အထိမ်းအမှတ်ဘုရားတက် မေတ္တာပို့သတာတွေပြုလုပ်ခဲ့သလို ဘာသာ ပေါင်းစုံမှလည်း ဆုတောင်းပွဲများပြုလုပ်ခဲ့ပါသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မဲတော်ဆေးခန်းတွင်လည်း ဒီကနေ့ ည(၇)နာရီတွင် မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ရရှိရေးအတွက်ဆုတောင်းပွဲနှင့်အတူ နိဗ္ဗာန်ဈေးပွဲတော် (မည်သူမ ဆိုကိုယ်ကြိုက်တာအလကားစားသောက်နိုင် ပါသည်။) ကျင်းပပြုလုပ်ခဲ့ပါသည်။ လူဦးရေ (၁၀၀၀)ကျော်တက်ရောက် ဆုတောင်းခဲ့ကြသည်။ ဆုတောင်းမေတ္တာပို့ပြီးနောက် အခမ်း အနားသို့တက်ရောက်လာကြသော ဘာသာပေါင်းစုံလူထုများသည်မယ်တော်ဆေးခန်းလမ်းတလျှောက်ရှိ နိဗ္ဗာန်ဈေးစား သောက်ပွဲသို့လှည့်လည်ပြီးဝါသနာရှင်များကသူတ နှစ်သက်ရာ တေးသီချင်းများဖြင့်သီဆိုကြသည်။

Continue reading ...

တလပြည့်အထိမ်းအမှတ် မစုစုနွေး လွမ်းသူ့ပန်းခြင်းချ

Unknown | 9:06 AM |

ကိုသက် | အောက်တိုဘာ ၂၆၊ ၂၀၀၇
ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူတင်ပြသည်။
စစ်အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် လွန်ခဲ့သည့်လ ၂၆ ရက်နေ့က ရဟန်း သံဃာတော်များ၊ အန်အယ်လ်ဒီအဖွဲ့ဝင် များနှင့် ကျောင်းသား၊ ပြည်သူများ ကျဆုံးခြင်း တလပြည့်အထိမ်းအမှတ်အဖြစ် အန်အယ်လ်ဒီ လူငယ်ခေါင်းဆောင် မစုစုနွေးကဦးဆောင်၍ ရွှေတိဂုံဘုရား အနောက်ဖက်မုခ်၌ ယနေ့နံနက် ၆ နာရီကျော်တွင် အနီရောင်ပန်းခြင်းချကာ သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြောင်း သိရသည်။

Type rest of the post hereပန်းခြင်းချ သစ္စာအဓိဋ္ဌာန်ပြုကြသူများတွင် ၈၈ မျိုးဆက် ကျောင်းသားတဦးနှင့် နိုင်ငံရေးလှုပ်ရှားသူ ၂ ဦးလည်း ပါဝင်ပြီး နိုင်ငံရေးအင်အားစုများ၏ကိုယ်စား ကျဆုံးသွားသူများအတွက် လွမ်းသူ့ပန်းခြင်းကို ချရခြင်းဖြစ်သည်ဟု မစုစုနွေးက
ဧရာဝတီကို ပြောဆိုသည်။
“ရဟန်းသံဃာတော်တွေကို စစ်အစိုးရလက်ကိုင်တုတ်တွေက အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့တာဟာ သာသနာ ညှိုးနွမ်း အောင်လုပ်တာ၊ ဒါကိုကျမတို့ လက်မခံနိုင်ပါဘူး။ လက်မခံနိုင်လို့ သံဃာတော်အရှင်မြတ်တွေရဲ့ ကံဆောင်သပိတ် မအောင်မြင်မချင်း မေတ္တာတရားကိုရှေ့ထားပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်လက်တောင်းဆို သွားမယ်လို့ ကျမကတိသစ္စာ ပြုခဲ့ပါတယ်” ဟု မစုစုနွေးက ပြောသည်။
သံဃာတော်များနှင့် ကျောင်းသားပြည်သူများ အကြမ်းဖက်ခံခဲ့ရသည့် ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၌ လွန်းသူ့ပန်းခြင်းချရန် မူလကစီစဉ်ထားသော်လည်း ထိုနေရာတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ တင်းကျပ်စွာ ချထားသောကြောင့် ဘုရား အနောက်ဘက်မုခ်တွင်ချရခြင်းဖြစ်ကြောင်း မစုစုနွေးက ပြောသည်။
စက်တင်ဘာလ ၂၆ ရက်နေ့က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြသည့် သံဃာတော်များနှင့် ကျောင်းသား ပြည်သူများကို စစ်သား၊ ရဲ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက မျက်ရည်ယိုဗုံးများ သုံးကာ အကြမ်းဖက်ရိုက်နှက် ဖြိုခွဲခဲ့ကြပြီး ရာနှင့်ချီသော ရဟန်းရှင်လူတို့ကို ဖမ်းဆီးခဲ့သည်။ ၎င်းအကြမ်းဖက်မှုတွင် ကျဆုံးခဲ့သည့် ရဟန်းရှင်လူစာရင်းကို မရရှိသေးပေ။
ယမန်နေ့မှစ၍ ရန်ကုန်မြို့ ရွှေတိဂုံဘုရားနှင့် ဆူးလေဘုရားပတ်ဝန်းကျင်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို တင်းကျပ်စွာ ချထားပြီး ကြံ့ဖွံ့၊ စွမ်းအားရှင်များကိုလည်း တွေ့နေရသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
ရန်ကုန်မြို့ရှိ သာမန်ပြည်သူတချို့ကလည်း ရဟန်းရှင်လူများကျဆုံးသည့် တလပြည့်အထိမ်းအမှတ် ဆွမ်းကျွေးပွဲများကို ပြုလုပ်ကြောင်းသိရသည်။
ကမာရွတ်မြို့နယ် လှည်းတန်းတွင်နေထိုင်သည့် တလပြည့်အထိမ်းအမှတ် ဆွမ်းကပ်သူတဦးက “အမြဲပင့်နေကျ ဘုန်းကြီး ၃ ပါးကို အိမ်မှာပင့်ပြီး ဆွမ်းကပ်တယ်။ လွန်ခဲ့သောတလက ဆုံးပါးသွားတဲ့ ပြည်သူတွေနဲ့ ရဟန်း သံဃာတွေအတွက် အမျှဝေတာပါ” ဟု ဧရာဝတီကို ပြောသည်။
Continue reading ...

နအဖတစ်မျိုးလုံး အကျင့်စာရိတ္တမြင့်မားရေး

Unknown | 9:05 AM |
မကောင်းတဲ့မိန်းကလေးတွေနဲ့သူတို့ပျော်ပါးနေကြောင်းကိုဝန်ခံဖေါ်ပြထားပြီးတော့ တိုင်းပြည်ထဲ ကို ရောဂါဆိုးတွေ သယ်လာသူတွေဟာ သူတို့ ဘဲဖြစ်ကြောင်း။



သန်းရွှေရဲ့သားမက် တေဇရဲ့သား ထက်တေဇရေးလာသောအီးမေးဖြစ်ပါသည်။

From: htat tayza <mr.htattayza@gmail.com>
Date: Oct 25,2007 2:56 PM
Subjest: US ban us ? So what?

Friends,

US bans us? lol We're still fucking cool in singapore. See my photos? We're sitting on the whole burmese GDP. We've got timber, gems, gas to be sold out other countries like singapore, china, india and russia. Last month, people took out to the streets for protest against little fuel price hike, you know what, that's silly stuff to me. I used to fly back once a week, and my bro is rocking on his red brand new Lamborghini Gallardo with hot sexy western chicks. Come on, fly with Bagan. It's cheaper than others, right? 1S$ makes a lot differences in burmese currency. And I need another Ferrari to rock on :P

best wishes,

Htet Tayza
Continue reading ...

October 25, 2007

ဒေါ်စုနှင့် ဗိုလ်ချုပ် အောင်ကြည် တွေ့ဆုံ

Unknown | 9:31 AM |

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာအမိန့်အာဏာမှမရှိတဲ့ အောင်ကြည် ဒီကနေ့ညနေတွေ့ဆုံ

စစ်အစိုးရတီဗွီ (အင်္ဂလိပ်၊ မြန်မာ) အစီအစဉ်များ ကနေဒီကနေ့ည မြန်မာစံတော်ချိန် ည(၈) နာရီခန့်မှာ နောက်ဆုံးသတင်း (breaking news) ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ရေး ကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ကြည် ဒီကနေ့ညနေမှာ တွေ့ဆုံကြတယ် ဆိုပြီး ဓါတ်ပုံများနှင့် တကွ ဖော်ပြလာပါတယ်။ ယခင်ကဆိုရင် မြန်မာသတင်းတွေကို MRTV ကနေအရင် ကြေငြာပြီးမှ၊ အင်္ဂလိပ်လို ကြေငြာတဲ့ MRTV-3 ကနေ တရက်လောက် နောက်ကျပြီးမှ ကြေငြာပါတယ်။ ဒါပေမဲ့ အခုသတင်းကိုတော့ တပြိုင်တည်း ကြေငြာခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ စင်ကာပူမှာ အခြေစိုက်တဲ့ အဲယားပုဂံ ကနေပြီးတော့လည်း ကြေငြာချက် တစ်စောင် ထွက်ပါတယ်။ ဗိုလ်သန်းရွှေရဲ့ သားသမက် တေဇပိုင်တဲ့ အဲယားပုဂံရဲ့ စင်ကာပူ-ရန်ကုန် ခရီးစဉ်တွေကို ရပ်နားတော့မယ်လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ စင်ကာပူရောက် မြန်မာနိုင်ငံသားတွေ ကတော့ တေဇပိုင် အဲပုဂံကို သပိတ်မှောက်နေကြလို့ စီးမဲ့သူမရှိလို့ ဒီလို ရပ်လိုက်ရတာပါလို့ ပြောပါတယ်။ ဒီအချိန်မှာပဲ ပြည်တွင်းမှာရှိတဲ့ ၀န်ထမ်းတွေအနေနဲ့ ပြည်တွင်း ခရီးစဉ်တွေမှာ အဲပုဂံကိုပဲ စီးရမယ်လို့ အမိန့်ထုတ်ခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။
သေချာတာကတော့ မကြာခင်ရက်တွေအတွင်းက အမေရိကန်၊ ဥရောပသမဂ္ဂ၊ သြစတေးလျနဲ့ တချို့နိုင်ငံတွေက မြန်မာစစ်အစိုးရ အပေါ်မှာ ပိတ်ဆို့ အရေးယူမူတွေလုပ်ခဲ့တာဟာ ထိရောက် မူရှိတယ်ဆိုတာပါပဲ။
ဒါပေမဲ့ သန်းရွှေကတော့ ယခင်ကအတိုင်း ကမ္ဘာကြီးကို ဆက်လက် လိမ်လည် နေဦးမယ် ဆိုတာ မြေကြီး လက်ခတ်မလွဲပါပဲ။
Daw Aung San Suu Kyi met today with Aung Kyi
Military government’s mouse piece MRTV and MRTV-3 tonight announced that Daw Aung San Suu Kyi and Aung Kyi met this evening. They also provided some photos of their meeting. Meanwhile, Singapore-based Air-bagan owned by Te Za, son-in-law of Than Shwe, today announced that flights between S’pore and Rangoon would soon be ceased. Burmese in S’pore said this is because people have boycotted this airline. Sources from Rangoon said today civil servants were ordered to only use air-bagan flight for trips in the country. The certain fact is that those latest sanctions of US, EU, Australia and some business companies have been successful.
However, Than Shwe will continue to try to lie the world, for sure.

Source; Ko Htut.
Continue reading ...

(၈) တွေ ပလူပျံလို့  စစ်အစိုးရပြုတ်ကျမည်

Unknown | 7:13 AM |
ကဲ (၈) တွေ ဖြစ်လာတာကို ကြည့်ကြစမ်းပါဦး။
(၈၈)--(၈) နှစ်လုံး
မျိုးဆက် (၅+၃) (၈) တစ်လုံး နဲ့
ကျောင်းသား (၂+၆) (၈) တစ်လုံး
ကဲ (၈) လေးလုံး တွေ့ပြီမဟုတ်လား။
စီတန်းလမ်းလျှောက် (၃+၇+၈+၈= ၂၆=၈ ) နောက်ထပ် (၈) တစ်လုံး။
ဆန္ဒပြကြ (၃+၇+၅+၂=၁၇= ၈) နောက်ထပ် (၈) တလုံး (တကိုယ်တော် မဟုတ်တော့ဘဲ အများစုပြီး ဆန္ဒပြကြတာမို့လို့ ဗဟုဝစ်ကိန်း သုံးရတာပါ။)
ကျောင်းသားခေါင်းဆောင်တွေကို မတရား ဖမ်းဆီးသွားပေမယ့် ပြီးမသွားပါဘူး။
နောက်ထပ် (၈) တွေ ထပ်ပေါ်လာတာ ခုထိပဲ ။
(သံဃာ) တော်တွေက (စီတန်းလှည့်လည်) (မေတ္တာပို့) (ဆန္ဒပြကြ) တယ်တဲ့ ၊ ဝမ်းသာစရာကြီး။
ရတနာသုံးပါးမှာ တတိယ ရတနာလေ၊ သံဃာ ရတနာလို့ဘဲ သုံးနှုန်းပါတယ်။
ရဟန်း ရတနာ၊ ဘုန်းကြီး ရတနာလို့ မသုံးပါဘူး။ အတင်းဆွဲပြီး ပြောတယ်ဆိုမှာ စိုးလို့ ပါ ။
ဒီတော့ သံဃာဆို တာ (၆+၂) နောက်ထပ် (၈)တလုံး၊
အဲဒီမှာ ထူးခြားတာ ထပ်ပြောပါဦးမယ်။ နိုင်ငံအနှံ့ မှာ သံဃာတွေ ရှိပါတယ်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ညောင်တုန်း၊ အမရပူရ၊ မြင်းခြံ နဲ့ ပခုက္ကူ ဆိုတဲ့ မြို့တွေမှာ သံဃာတော် အရေအတွက် အများဆုံး ဖြစ်ပြီး အဲဒီထဲမှာ (ပခုက္ကူမြို့) မှာမှ ဘာဖြစ်လို့ စဖြစ်လိုက်တာလဲ။
ယနေ့အချိန်အခါမှာ ဖြစ်ပြီးသွားခဲ့တဲ့ အခြင်းအရာတွေကို ပြန်လည် သုံးသပ်ရင်း မည်သည့် နည်းလမ်း၊ နည်းဗျူဟာများ ချမှတ်၍ အချိန်တိုအတွင်း၊ မည်သို့မည်ပုံနဲ့ပန်းတိုင်စိုက်ထူမဲ့ ရက်ချိန်းကို သတ်မှတ်ကြရန် အချိန်ရောက်နေပြီ ဖြစ်ပါသည် ။
ယေဘုယျအားဖြင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက ယခုအချိန်သည် (၈) လေးလုံး မတိုင်မီ မောင်ဖုန်းမော် သေဆုံးပြီး အချိန်ကာလနှင့် အတော် တူနေပါသည်။ မောင်ဖုန်းမော် အသတ်ခံရပြီးချိန်က စပြီး ဟိုနေရာ နည်းနည်း ဒီနေရာ နည်းနည်းနဲ့ ပျောက်ကျားဆန်ဆန် စီကနဲ ကျွက်ကနဲ လှုပ်ရှားကြရင်း (၈) လေးလုံး ရက်ကို တီးတိုးတမျိုး ကျယ်ကျယ်တဖုံ သတ်မှတ်လိုက်ကြကာ (၈-၈-၈၈) ရောက်မဲ့နေ့ကို ရင်တဖိုဖိုနဲ့မောင်းတင်ပြီး စောင့်နေခဲ့ကြတာ ပြည်သူအားလုံး အသိပါပဲ။တကယ့် ရက်ရောက်လို့  တကယ်ပဲ ချကြပြီဆိုတော့ ပြည်သူတွေ အကုန်လုံး လမ်းပေါ် ထွက်လာခဲ့ကြတာပဲ မဟုတ်လား။ အဲဒါ ကြောင့်လည်းပဲ မဆလနဲ့ နောက်ပါ အစိုးရ အဆက်ဆက် ရက်နဲနဲစီပဲ ကွာပြီး တဖြုတ်ဖြုတ်နဲ့ ပြုတ်ကျသွားတာ ယနေ့ထိ မမေ့နိုင်သေးပါဘူး။ အဲဒါ တတိုင်းပြည်လုံး တချိန်တည်း တပြိုင်တည်း ထွက်လာကြလို့နော်။
အခုလည်း မောင်ဖုန်းေးမာ် အသတ်ခံရတာထက် အဆမတန် ရင်နာစရာ ဖြစ်ခဲ့ပါပြီ၊ မြန်မာ ပြည်သူများ သာမက ကမ္ဘာ့ ပြည်သူ အပေါင်းတို့ကပါ အော့နှလုံးနာပြီး နာကျည်း ခံပြင်းချက်တွေနဲ့အတူ ဆန့်ကျင်နေကြပါပြီ ။ ကျနော်တို့ အချိန်မဆွဲဘဲ သွေးမအေးစေဘဲ ခပ်သွက်သွက် ခပ်မြန်မြန် အဟုန်ပြင်းပြင်းနဲ့ တိုက်ပွဲဝင်ဖို့ အချိန်တန်ပါပြီ။
စစ်အစိုးရရဲ့အချိန်ဆွဲ နည်းဗျူဟာကို အားလုံးက သိပြီးသားမို့သူတို့ဘာပြောပြော ဘာတွေပဲလုပ်လုပ် သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ ယူဂျီတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ပြည်လုံးကျွတ် တော်လှန်ရေး အတွက် နည်းဗျူဟာတွေ၊ မဟာဗျူဟာတွေ ချမှတ်ထားပြီး နေ-ကြပြီ ဆိုတာလည်းယုံ ကြည် မိပါသည် ။ သူတို့လိုပါပဲ ပါးစပ်ကလဲ ပြောပေး၊ တဖက်ကလည်း အစီအစဉ်တွေ ချမှတ်ထားရမှာပါ။ အစီအစဉ် ချမှတ်လို့သေချာပြီ ဆိုရင် ပါးစပ်ပြောထဲမှာ ရက်ချိန်းကို ပြတ်ပြတ်သားသား ပေးရမှာ ဖြစ်ပါတယ်။ ထိုင်ပြောနေ လို့ကတော့ မောင်ပြောပဲ ဖြစ်ပြီး မောရုံရှိမှာပါ။
ကျနော်လေ့လာထားသော အေ-ကာင်းချင်းရာတစ်ခုကိုတင်ပြချင်ပါတယ်။
အဲဒီအကြောင်းကို စပြီး သတိပြုမိတာက နအဖတို့ အတင်း အဓမ္မ ကြက်ဆူပင် စိုက်ခိုင်းတဲ့ အချိန်မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ပြည်သူတွေက ဒါဟာသက်သက် (စုကြည် ကို ကြက်ဆူ) နဲ့ ကက်ကင်း ယတြာ လုပ်တာဘဲလို့ သဘောပေါက်ပြီး တန်ပြန်ကက်ကင်း ဓါတ်အဖြစ်နဲ့(ကြက်ဆူစိုက်- ဇီးကွက်ဆောင်) ဆိုပြီး ဇီးကွက် ရုပ်ကလေးတွေ ရင်ဘတ်မှာ ချိန်ဆွဲခဲ့ကြတာ မှတ်မိမှာပါ။ အဲဒီကတည်းက (ကြက်ဆူစိုက် နဲ့ ဇီးကွက်ဆောင်တို့) ရဲ့ (၈) ဂဏန်းတွေကို လှစ်ကနဲ သတိပြုမိခဲ့ပါတယ်။
အဲဒါနဲ့ (၈) လေးလုံး အရေးအခင်းက စပြီး ဖြစ်ပေါ်ခဲ့တဲ့ (၈)တွေနဲ့ ဆက်စပ်ပြီး (၈) အကြောင်းတွေ တွေးမိ ရာက (၈)တွေ တသီကြီး ဖြစ်ပေါ်နေတာကို မြင်တွေ့ရပါတော့တယ်။ အဲဒီကနေ တဆင့်ကျော်ပြီး ယထာဘူတကျကျ ဆက်စဉ်းစား လိုက်ပြန်တော့လဲ အောက်ပါအတိုင်း (၈) ဂဏန်းတွေနဲ့ နိုင်ငံ့အရေးတွေ ဆက်စပ် ပါတ်သက်နေတာကို ကွင်းဆက် တွေ့မြင်မိပါတယ် ။
တကယ်တော့ မည်သည့် တိုင်းပြည်တွင်မဆို (ပြည်သူလူထု) နဲ့ (အစိုးရ) နဲ့ (အာဏာ) တို့ ဟာ ကွင်းဆက်သဖွယ် ဆက်စပ်လျက် ရှိပါတယ်။ အမှန်စင်စစ် (အာဏာ) ဆိုတာကို (ပြည်သူလူထု)က ပိုင်ဆိုင်တာပါ။ (ပြည်သူလူထု)က (အစိုးရ)အဖွဲ့ ဖွဲ့ပေးပြီး အဲဒီ (အစိုးရ) လက်ထဲ (အာဏာ)ကို အပ်နှင်းခဲ့တာဘဲ မဟုတ်လား။ အဲဒီမှာ ကြည့်လိုက်ရင် (ပြည်သူလူထု) ဆိုတာ (၅+၆+၈+၇=၂၆=၈)၊ (အာဏာ) ဆိုတာ (၁ +၇=၈)၊ (အစိုးရ) ဆိုတာ(၁+၃+၄=၈) အဲဒီလို တွေ့ရပါတယ်။
အဲဒါကြောင့် (ပြည်သူလူထု) ဆိုတဲ့ (၈) က အားသန်လွန်းရင် (အစိုးရ) ဆိုတဲ့ (၈) ဟာအပြောင်းအလဲတွေ မကြာခဏ ဖြစ်ကြရပါတယ်။ (အစိုးရ) ဆိုတဲ့ (၈) က အားသန်ပြန်ရင်လဲ (ပြည်သူလူထု) ဆိုတဲ့ (၈)က အနှိပ်စက် ခံကြရပြန်ပါရော။ ပြည်သူကရွေးကောက် တင်မြှောက်ထားထား၊ မဟား ဒယား အတင်းဝင်လု ထားတာဘဲ ဖြစ်ဖြစ် (အစိုးရ) အလုပ်ကို လုပ်နေတဲ့ အဖွဲ့အစည်းဟာ (အစိုးရ)ပဲ ဖြစ်ပါတယ်။
(အစိုးရ) ဆိုတဲ့ အဖွဲ့အစည်းဝင် လူတွေဟာ ငါတို့ဟာ(ပြည်သူလူထု) ထဲက တဦး ဖြစ်တယ်လို့  မှန်မှန်ကန်ကန်နဲ့ ရိုးသားစွာ ခံယူနိုင်မှလည်း (ပြည်သူလူထု)နဲ့ တသားတည်း ဖြစ်ပြီး (ပြည်သူလူထု)နဲ့(အစိုးရ) ချိန်ခွင်လျှာ မျှနေမှာ ဖြစ်ပါတယ်။
(ပြည်သူလူထု) နဲ့ (အစိုးရ) တို့အင်အား မျှနေတဲ့ တိုင်းပြည်တွေမှာ (အာဏာ) ဆိုတာ ခိုင်မြဲ တည်ငြိမ်မှုရှိပြီး တိုင်းပြည်မှာလည်း အေးချမ်းသာယာ ဝပြောလျက် ရှိကြတာကို တွေ့ ကြရမှာပါ။ ဆိုလိုချင်တာက (၈) ဂဏန်းဟာ မြန်မာနိုင်ငံ တနိုင်ငံတည်းနဲ့သာ သက်ဆိုင်တာ မဟုတ်ကြောင်းပြောပြချင်တာပါ။
အခု ကျနော် တင်ပြမယ့်(၈) ဋီကာ ဟာ သင်္ချာပညာ၊ ဝေဒပညာတွေနဲ့ မပါတ်သက်ဘူး ဆိုတာ ပြောထားချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က အဲဒီ ပညာရပ်တွေကို မကျွှမ်းကျင်တာမို့လို့ပါ။ သက်ဆိုင်ရာ ပညာရှင်များက ဒီလို-ဒီလို ပါတ်သက်ပါတယ်လို့ တင်ပြလာရင်တော့ အတိုင်းထက် အလွန်
ဝမ်းမြောက် ကျေနပ် လက်ခံရမှာပါ။ ပြည်သူတွေမှာလည်း ပိုပြီး အားရှိသွားတာပေါ့။
(၈) ဂဏန်းမှာ ဆွဲအား အစွန်းနှစ်ဖက် ရှိပါတယ်။ (သည်းခံ)ခြင်းနဲ့ (အိပ်မောကျ) ခြင်းတို့ဟာ (၈) ဂဏန်းရဲ့ အနှုတ် လက္ခဏာ ဆောင်တဲ့ အစွန်းဖြစ်ပြီး (ဝိရိယအား) ကတော့ အပေါင်း လက္ခဏာ ဆောင်တဲ့ အစွန်းတစ်ဖက်ပါ။ (ဝီရိယ) မှာ (အား) ထည့်ပေါင်းခြင်းက (၈) ဖြစ်အောင် အတင်းယူထားခြင်း မဟုတ်ပါဘူး။ ဝီရိယဆိုတဲ့ အားထုတ်မှုမှာ အားနည်းမှု၊ မျှတမှုနဲ့ အားကြီးမှု သုံးဆင့် ရှိပါတယ်။ အားနည်း လွန်းနေရင် ဟန်ပြ ဝီရိယ ဖြစ်ပြီး အကျိုးရလာဒ်မှာ မရေရာပါ။ အားကြီး လွန်းအားရင်လည်း လိုချင်တဲ့ အကျိုး ရလာဒ်နဲ့ လွဲတတ်ပါတယ်။ အလယ်အလတ်အား မျှတနေမှ လိုရာခရီးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်မှာ ဖြစ်ပါတယ်။
(ပြည်သူလူထု) ဖက်က (သည်းခံ) ခြင်းနဲ့ (အိပ်မောကျ) ခြင်း လွန်ကဲသွားရင် (အစိုးရ)က (ပြည်သူလူထု)ကို နှိပ်စက် အနိုင်ကျင့် တတ်ပါတယ်။
(ပြည်သူလူထု)ဖက်က (ဝီရိယအား) များလွန်းရင် (အစိုးရ)ဟာ မတည်မငြိမ် ဖြစ်တတ်ပါတယ်။ နောက်ဆုံး ပလ္လင်ပေါ်က ဆင်းပေးရတဲ့အထိ ဖြစ်သွားရမှာပါ။ ဘုရားရှင်တော်မြတ်နဲ့ ရဟန္တာတွေတောင်မှ မဂ္ဂင်(၈)ပါးနဲ့ ကင်းပြီး ပွင့်ထွန်း ဖြစ်ပေါ်လာရိုး မရှိပါ။
(၈) သည် မြတ်သော အလုပ်တရား ဖြစ်ပြီး (၉)ဂ ဏန်းသည် အကျိုးရလာဒ်သာ ဖြစ်ပါသည်။ ဒါ့ကြောင့် (၉) ဂဏန်းကိုင် နေဝင်း အစိုးရသည် (၈) ဂဏန်း ပိုင်ရှင်(ပြည်သူလူထု)၏ (ဝီရိယအား) အောက်တွင် လက်မြှောက် အရှုံးပေးခဲ့ရတာ အထင်အရှား အများအသိပင် ဖြစ်ပါသည်။
ယခု (ပြည်သူလူထု)ဖက်မှ (၈) ဂဏန်း အားတွေ အလွန် အားကောင်းနေတာကို တင်ပြလိုပါတယ်။
ဤခုလို ပြည်သူလူထုဖက်က (၈) အားတွေ ကောင်းနေတုန်း ဝီရိယအား ပြင်းပြင်းနဲ့  စစ်အစိုးရကို ဖြုတ်ချပြီး မိမိတို့ စိတ်ကြိုက် အစိုးရကို ရွေးကောက် တင်မြှောက်ရပါမယ်၊ ပြီးရင်တော့ အိပ်မောကျခြင်းမှ နိုးထ၍ သည်းခံခြင်း တရားကို စံနစ်တကျ သုံးစွဲကြခြင်းဖြင့် သာယာ ဝပြောသော နိုင်ငံတော်သစ်ကြီးကို တည်ဆောက်ကြရအောင်ပါ။
ကြည့်လိုက်ကြစမ်းပါ၊ ဘယ်လောက်လှတဲ့ (၈) တွေလည်း ဆိုတာ ။
ဒီ (၈) တွေကို စောင့်ကြည့်နေခဲ့တာ ကြာပြီ။
ကဲ အခုတော့ ကျကျ နန သန်သန်မာမာ စွမ်းအားကောင်းကောင်းနဲ့ ပေါ်ထွန်းလာတာ တွေ့ရပါပြီ။ စခဲ့တာက လွန်ခဲ့တဲ့ (၈) လေးလုံး ကာလ ကတည်းကပါ ။ အဲဒီ (၈) ရဲ့ အရှိန်အဝါက သေမသွားပါဘူး၊ အခြေအနေ အကြောင်းကြောင်းကြောင့်သာ ခေတ္တခဏ မှေးမှိန် သွားလိုက်တာဘဲ ရှိတာပါ ။
ဟော ရုတ်ခြည်း ဆိုသလိုဘဲ ဟုန်းကနဲ ထတောက်လိုက်တယ်။ အဲဒါကတော့ ဓါတ်ဆီဈေးတက်လို့ ကုန်ဈေးနှုန်းတွေ ၊ ကားခတွေ တက်လာတဲ့အတွက် (၈၈) မျိုးဆက် ကျောင်းသားများက (စီတန်း လမ်းလျှောက်) (ဆန္ဒပြကြ) တဲ့ အဖြစ်ပါဘဲ။
ကျောင်းသားဆိုတာ (ကျား၊မ မခွဲခြားဘဲ သုံးရတဲ့ အသုံးအနှုန်းပါ)
(၈၈) မျိုးဆက်ကျောင်းသားတွေက သူတို့ကိုယ်ကို သူတို့ ဒီလို အမည်နာမ ပေးလိုက်တာဟာ (၈) ဂဏန်းရဲ့ ခွန်အားတွေ ဖြစ်သွားတယ် ဆိုတာ အမှုမဲ့ အမှတ်မဲ့ နဲ့ မသိလိုက်ဘူး။
ကဲ (၈) တွေ ဖြစ်လာတာကို ကြည့်ကြစမ်းပါဦး။
(၈၈)--(၈) နှစ်လုံး
မျိုးဆက် (၅+၃) (၈) တစ်လုံး နဲ့
ကျောင်းသား (၂+၆) (၈) တစ်လုံး
ကဲ (၈) လေးလုံး တွေ့ပြီမဟုတ်လား။
စီတန်းလမ်းလျှောက် (၃+၇+၈+၈= ၂၆=၈ ) နောက်ထပ် (၈) တစ်လုံး။
ဆန္ဒပြကြ (၃+၇+၅+၂=၁၇= ၈) နောက်ထပ် (၈) တလုံး (တကိုယ်တော် မဟုတ်တော့ဘဲ အများစုပြီး ဆန္ဒပြကြတာမို့လို့ ဗဟုဝစ်ကိန်း သုံးရတာပါ။)
ကျောင်းသားခေါင်းဆောင်တွေကို မတရား ဖမ်းဆီးသွားပေမယ့် ပြီးမသွားပါဘူး။
နောက်ထပ် (၈) တွေ ထပ်ပေါ်လာတာ ခုထိပဲ ။
(သံဃာ) တော်တွေက (စီတန်းလှည့်လည်) (မေတ္တာပို့) (ဆန္ဒပြကြ) တယ်တဲ့ ၊ ဝမ်းသာစရာကြီး။
ရတနာသုံးပါးမှာ တတိယ ရတနာလေ၊ သံဃာ ရတနာလို့ဘဲ သုံးနှုန်းပါတယ်။
ရဟန်း ရတနာ၊ ဘုန်းကြီး ရတနာလို့ မသုံးပါဘူး။ အတင်းဆွဲပြီး ပြောတယ်ဆိုမှာ စိုးလို့ ပါ ။
ဒီတော့ သံဃာဆို တာ (၆+၂) နောက်ထပ် (၈)တလုံး၊
အဲဒီမှာ ထူးခြားတာ ထပ်ပြောပါဦးမယ်။ နိုင်ငံအနှံ့ မှာ သံဃာတွေ ရှိပါတယ်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ညောင်တုန်း၊ အမရပူရ၊ မြင်းခြံ နဲ့ ပခုက္ကူ ဆိုတဲ့ မြို့တွေမှာ သံဃာတော် အရေအတွက် အများဆုံး ဖြစ်ပြီး အဲဒီထဲမှာ (ပခုက္ကူမြို့) မှာမှ ဘာဖြစ်လို့ စဖြစ်လိုက်တာလဲ။
ကြည့်လေ ပခုက္ကူ (၅+၂+၂= ၉)။ ဒါ့ကြောင့် ပခုက္ကူ သံဃာ ဆိုရင် (၉+၈= ၁၇=၈)
ဟော သံဃာ (၈) တလုံးဟာ ထူးခြားတဲ့ ဝိသေသန ဆောင်တဲ့ (၈) ဖြစ်သွားရော။ ဝိသေသန ဖြစ်ပြီ ဆိုမှတော့ ထူးခြားတဲ့ အခြင်းအရာတွေကို ဖန်တီး ဖြစ်ပေါ်စေတော့မယ့် အတိတ်ကောင်း နိမိတ်ကောင်းတွေဘဲ ဆိုတာ နားလည် သိရှိ သဘောပေါက်ကြရမှာပါ။ သံဃာတော်တွေက ဘာလုပ်ကြသလဲ။ စီတန်းလှည့်လည် မေတ္တာပို့  ဆန္ဒပြကြတာဘဲ။
သဘောပေါက်လောက်ပြီ ထင်ပါတယ် ။
စီတန်းလှည့်လည် (၃+၇+၈+၈=၂၆= ၈) (၈) တစ်လုံး
မေတ္တာပို့  (၅+၇+၅=၁၇= ၈) (၈) တစ်လုံး
ဆန္ဒပြကြ (၃+၇+၅+၂= ၁၇=၈) (၈) တစ်လုံး
အဲဒီ (၈)တွေက အတင်း ဖန်တီးထားတာတွေ မဟုတ်ပါဘူး။ သူ့အကြောင်းတရားနဲ့ သူ အလိုအလျောက ဖြစ်ပေါ်လာကြတာပါ။ ဒါ့ကြောင့်လဲ ခွန်းအားတွေ တအား ကြီးမားသွားတာပေါ့ လုပ်ရပ်တွေကကော မေတ္တာ ပို့ကြတာလေ။ ဘယ်လောက် မွန်မြတ်သလဲလို့။
မပြီးသေးဘူးလေ။ ဆက်ပြောပါအုန်းမယ်။
ပတ္ထနိက္ကုဇ္ဇန ကံဆောင်တဲ့နေ့လေ။ နအဖကို ရက်ချိန်း ပေးထားတာက (၁၇) ရက်နေ့၊ မလိုက်လျောရင် နောက်တနေ့ (၁၈) ရက်နေ့ ကံဆောင်မယ်ဆိုပြီး ကြေငြာထားတယ်။ တကယ့် တကယ်ကျတော့ (၁၇) ရက်နေ့ မှာပဲ စပြီးတော့ ကမ္မဝါစာ ရွတ်ပြီး ကံဆောင် တော်မူကြတော့တယ်။ ရေးရင်းနဲ့တောင် ကြက်သီးတွေထ လာတယ်။ အဲဒီမှာလည်း (၈) တလုံး သံဃာတော်များ ပရိတ်ရွတ် ကြွတော်မူရာ လမ်းတလျှောက်မှာ ကျောင်းသားတွေက ဘေးကနေ လက်ချင်းချိတ်ပြီး စောင့်ရှောက် လိုက်ပါလာကြတာ ဘယ်လောက် ကြည်နူးစရာ ကောင်းသလဲ။
(၈) ရဲ့ အားတွေကို ထိုင်စောင့်ပြီး ကြည့်နေတဲ့ ကျနော်ကတော့ လက်ခမောင်းတချက် ထပြီး ခတ်မိတော့တယ်။ ဝမ်းသာလွန်းလို့ မျက်ရည်များလည်း လည်မိပါရဲ့။ (၈) တလုံး ထပ်တိုးလာပြန်ပြီ။
(သံဃာ) (ကျောင်းသား) ဖြစ်လာပြီလေ ။
ကျနော် ထပ်မျှော်နေမိတဲ့ အင်အား အကြီးမားဆုံးသော (၈) တလုံးကို စောင့်မျှော် နေခဲ့မိပါတယ်။
တကယ်တော့ (သံဃာ) (ကျောင်းသား) အားလုံးဟာ (ပြည်သူလူထု)ထဲက ပြည်သူတွေဘဲ ဖြစ်ပါတယ်။ သံသရာအတွက် အားထားရာ အဖြစ်နဲ့ ဆည်းကပ် ကိုးကွယ်နေရတဲ့ ဆရာ ရတနာနဲ့ အနာဂါတ် တိုင်းပြည်အတွက် အားကိုးရဖို့ ထောက်ပံ့ ပြုစု ပျိုးထောင်နေရတဲ့ သားသမီးရတနာတွေပါ သူတို့ကို ပြုစု စောင့်ရှောက်နေကြတဲ့ (ပြည်သူလူထု) ဆင်းရဲဒုက္ခ ရောက်နေကြတာကို မကြည့်ရက်တော့လို့  ဆရာ သံဃာတော်များက ဦးဆောင်ပြီး သားသမီးများပါ ရဲရဲတောက် ပါဝင်နေကြတဲ့ အရေးမှာ အမိအဖသဖွယ် ဖြစ်သော (ပြည်သူလူထု) ဆိုသော ထိပ်တန်း (၈) တလုံး နိုင်ငံအဝှမ်း ဝုန်းကနဲ ပါလာပြီ ဆိုရင်တော့ ကျနော်တို့ရဲ့ ဘဝအမောတွေ ပြေလည် ချမ်းမြေ့ ကြရပါတော့မယ် ဆိုတာကို မျှော်လင့် စောင့်စားခဲ့မိပါတယ်။
(သံဃာ) တော်များရဲ့ လှုပ်ရှားမှုကို (ရွှေဝါရောင် တော်လှန်ရေး) လို့ အမည် တပ်တာ တွေ့လိုက်ရပြန်တော့ စွေ့ကနဲ ခုန်မတတ် ဝမ်းသာ လိုက်ရပါသေးတယ်။ ကြည့်လေ (၄+၈+၄+၇+၈+၄=၃၅=၈)ပေါ့၊
ကျနော်တို့ တကွက် နောက်ကျ သွားသလား။ မဟုတ်ပါဘူး။ အချိန်အခါ နည်းနည်းလေး လိုနေသေးလို့ပါ။ သင်ခန်းစာ ယူစရာ ရှိတာတွေကို ယူပြီး (၈) အင်အားတွေ ထပ်မံ တိုးပွားအောင် ပြင်ဆင်ကြရင်း (၈) အောင်ပွဲ ရက်တစ်ရက်ကို အရောက်သွားကြဖို့ပါဘဲ ။
ကျနော်တို့ရဲ့ တိုက်ပွဲကို (ဝါ-စိမ်း-ဖြူ တော်လှန်ရေး)လို့ အမည်ပေးရင် (၈) တလုံး ထပ်ပွားလာပါပြီ။ (၈+၃+၅+၇+၈+၄=၃၅=၈)။ ရွှေဝါရောင် တော်လှန်ရေးရဲ့ အဆက် ဝါစိမ်းဖြူ တော်လှန်ရေးပေါ့။
အဝါရောင် က သံဃာတော် အရှင်မြတ်များကို ရည်ညွှန်းပါတယ်။
အစိမ်းရောင် ကတော့ ကျောင်းသားများကို ရည်ညွှန်းပါတယ်။ (ပြည်သူ့ဖက်သား တပ်မတော်သားများ ပါလာရင်လည်း အကျုံးဝင်သွားတာပါပဲ)
အဖြူရောင် ကတော့ ပြည်သူလူထု တရပ်လုံးကို ကိုယ်စားပြုပါတယ်။ တိုင်းရင်းသား ပေါင်းစုံ၊ အလွှာပေါင်းစုံ၊ သက်တန့် ၇ ရောင်ပေါင်းဟာ အဖြူရောင် တခုထဲကိုသာ ကိုယ်စားပြုသလိုမျိုးပေါ့။ အဲဒီ (ဝါ-စိမ်း-ဖြူ တော်လှန်ရေး) အောက်မှာ နည်းဗျူဟာများ မဟာဗျူဟာများကို သက်ဆိုင်ရာ ကျွမ်းကျင်သူများက ရေးဆွဲ၍ ရေတို အချိန်အတွင်း အကောင်အထည် ဖေါ်ကြရန် ဖြစ်ပါသည်။
ပြည်သူများဖက်မှ (၈) တွေ ဖြစ်နိုင်သမျှ များနေအောင် လုပ်ကြပါ၊ နံရံတွေမှာ (၈) တွေ ရေးကြပါ။
အိမ်မှာနေသူ လူကြီးများကလည်း မဂ္ဂင်(၈)ပါး ပုတီးစိတ်များ ပွားများပေးပါ။ ပုတီးနှစ်ပါတ်ပြည့်လျှင် မဂ္ဂင် (၈) ပါး (၂၆) ခေါက် ပြည့်ပါမည်၊ ပထမ တပါတ်တွင် ပုတီး (၄) လုံး အပို နှင့် ဒုတိယ အပါတ်ပုတီး (၄) လုံး အပို ပေါင်း အပို ပုတီး(၈)လုံးကို ဗုဒ္ဓရှင်တော်မြတ်၏ နံပါတ် (၈) ဂုဏ်တော် ဖြစ်သော (ဗုဒ္ဓေါ) ဂုဏ်တော်ကို (သောဘဂဝါ ဣတိပိဗုဒ္ဓေါ)ဟု စိပ်ပြီး ဖြည့်ရန် ဖြစ်ပါသည်။ သို့မဟုတ် ပုတီးစိတ် မှားမည် စိုးပါက ပထမ (၈) လုံးနဲ့ စပြီး ပွားနိုင်ပါသည်။
ပထမအကြိမ် (၈) တွေတုန်းက မပြီးပြတ်သော တာဝန်သည် ယခု(၈) အချိန်တွင် အပြီးပြတ်မည်ဖြစ်ကြောင်း ပုတီးစိတ် (၂) ပါတ်က ညွှန်ပြပါသည်။ သွားရင်းလာရင်း (၉) လုံး ပုတီးဖြင့် ပုတီး စိတ်လိုပါကလည်း ဗုဒ္ဓေါ ဂုဏ်တော် တလုံးနှင့် မဂ္ဂင်(၈)ပါး တပါးတလုံးစီ စိတ်နိုင်ပါကြောင်း။
ဈေးရောင်းဝယ်ကြရာတွင်လည်း (၈) ဂဏန်း တန်ဖိုးများကိုသာ ဈေးနှုန်း သတ်မှတ် ရောင်းဝယ်ကြပါ။ ဘတ်စကား မှတ်တိုင်တွင်လည်း (၈) ယောက်တတွဲ စောင့်ကြပါ။ ဘတ်စ်ကားပေါ် ဘယ်နှစ်ယောက်ပဲ တက်သွားသွား၊ ကျန်သူများက (၈)ယောက်တတွဲ ဖြစ်အောင်အမြဲ ဖြည့်ကြပါ။ လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင် များတွင်လည်း (၈) ယောက်တစ်ခုံ ထိုင်ပြီး စားသောက်ကြပါ။ မိုးပျံ ဘောလုံးများပေါ်တွင် (၈) ဂဏန်းများ ရေးပြီး လွှတ်နိုင်ပါသည်။
(၈) အားတွေ ဖြည့်ဆည်းရင်း ပြည်သူများကလည်း အသံတိတ် တဦးနဲ့ တဦး အားပေးရင်း တော်လှန်ရေးမှာ ပါဝင်နေကြတယ်လို့ ခံယူ ထားကြစေချင်ပါတယ်။ ပြည်သူအားလုံးက မိမိတို့ စိတ်ကူး ရသလောက် ပြည်သူဖက်မှ (၈)တွေ များနိုင်သမျှ များအောင် ပွားပေးကြစေလိုပါတယ်။
ဘာယတြာမှ သူတို့ကို မကယ်နိုင်တော့ဘူးဆိုတာ ပြည်သူလူထု အားလုံး သိထားစေချင်ကြောင်းပါ။
သာသနာ့အလံ
ဒေါင်းအလံတို့
ဝေယံပျံဝဲ
ဒို့အောင်ပွဲသည်
မလွဲသေချာ
ဆိုက်ရောက်မှာမို့
ငါတို့ပြည်ရွာ
ပြည်မြန်မာသည်
ရောင်ဝါနေသို့ထွန်းပါပြီ။
နောင်ခါအသရေမချို့ ကျွန်းဌာနီ ။
ဇွဲမောင်
မှတ်ချက်။
ရ နှင့် ယ သည် ဗုဒ္ဓဟူး (၄) ကို ကိုယ်စား ပြုပါသည်။
လ နှင့် ဝ သည် ရာဟု (၈) ကို ကိုယ်စား ပြုပါသည်။
Continue reading ...

ကော့ကရိတ်အနီး ခရီးသည်တင်ကားမှောက် ခရီးသည်အများအပြား သေဆုံးဒဏ်ရာရ

Unknown | 6:48 AM |
မနေ့က မြ၀တီမှ မော်လမြိုင်သို့ ထွက်ခွါသွားသည့် ခရီးသည်တင်ယာဉ်တစီးသည် ကော့ကရိတ်မြို့နယ်အတွင်းတွင် တိမ်းမှောက်ကာ လမ်းအောက်သို့ ထိုးကျသွားစဉ် ခရီးသည် အများအပြား သေဆုံးဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ နံနက် (၁၀) နာရီတွင် မော်လမြိုင်သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်မှာ ကော့ကရိတ်ပိုင် ၀ါးစခန်းအနီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
“ကားက မြ၀တီက အောင်ရတနာအေး ကားလိုင်းကပါ။ ခရီးသည် ၉ ဦးသေတယ်ကြားတယ်။ အားလုံး ၃၁ ယောက် တင်သွားတယ်လို့ ပြောတယ်”ဟု မြ၀တီမြို့ခံတဦးက ဆိုသည်။
ဒဏ်ရာရသူများကို ကော့ကရိတ်ဆေးရုံတွင် ကုသနေရပြီး အများအပြားမှာ ဒဏ်ရာပြင်းထန် သည်ဟု ဆိုသည်။
“ကားချင်းကျော်တက်ပြီး လမ်းဘေးမြေပြိုတော့ ကားတစီးလုံး လမ်းအောက်ဘက်ကို ထိုးကျ သွားတာပဲ။ ခရီးသည် ၉ ဦး သေတယ်။ မနေ့က (၂၄) ရက်နေ့၊ မနက် (၁၀) နာရီမှာပေါ့၊ ကော့ကရိတ်အပိုင် ၀ါးစခန်းနေရာမှာ။ ဒဏ်ရာရတဲ့သူတွေကိုတော့ ကော့ကရိတ်ဆေးရုံကို ဆက်ပို့လိုက်တယ်။ ကားကတော့ အောင်ရတနာကားပဲ”ဟု မြ၀တီမှ အမည်မဖော်လိုသည့် အစိုးရဝန်ထမ်းတဦးက ဆိုသည်။
သေဆုံးသူများထဲတွင် ကလေးငယ်မိခင်အပါအ၀င် အမျိုသမီး ၆ ဦးနှင့် အမျိုးသား ၃ ဦး ဖြစ်ကြောင်း ဒေသခံရဲဝန်ထမ်းတဦးက အတည်ပြုပြောဆိုသည်။
အဆိုပါကားသည် မြ၀တီမှ မော်လမြိုင်မြို့သို့ ဘုရားဖူးထွက်ခွါခဲ့သည့် ကားဖြစ်သည်ဟု ဒေသခံ များက ပြောကြားခဲ့သည်။
မဲဆောက်ဈေးမှ ကုန်သည်တဦးက “ဈေးထဲမှာ ကုန်ခြောက်ဆိုင်ဖွင့်ထားပြီး ငွေလဲတဲ့ မနုမိသား စု ပါသွားသလားမသိဘူး၊ သူတို့ဘုရားဖူးသွားကြတာ၊ ဒီနေ့တောင် ဆိုင်ပိတ်ထားတယ်၊ မနက်က သူ့အမျိုးတွေလိုက်သွားတော့ လမ်းမှာ ထိုင်းရဲက ဖမ်းမိသွားသေးတယ်”ဟု ဆိုသည်။
ကလေးငယ်တဦးကို ရင်ခွင်တွင်ပိုက်ရက်ဖြင့် မိခင်တဦးသေဆုံးနေသည်ကို စိတ်မကောင်းစွာ တွေ့မြင်ရပြီး ဒဏ်ရာရသူ စုစုပေါင်းမှာ ၁၁ ဦး ဖြစ်သည်ဟု မျက်မြင်သက်သေတဦးက ဆိုသည်။
Continue reading ...

ဝန်ကြီးချုပ်အသစ် စစ်အစိုးရခန့်

Unknown | 6:00 AM |

မကြာမီက သေဆုံးသွားသူ ဗိုလ်ချုပ်ကြီး စိုးဝင်းနေရာတွင် အတွင်းရေးမှူး (၁) ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး သိန်စိန်အား ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ကြောင်း စစ်အစိုးရကအမိန့်ကြေညာချက်ကို ယမန်နေ့ကထုတ် ပြန်လိုက်ခြင်းဖြစ် ပြီး ၀န်ကြီးချုပ်ခန့် ခြင်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ ပါရှိခြင်းမရှိချေ။
ကာလရှည်ကြာစွာ ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေရာမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လက်မှတ်ထိုးကာ အမိန့် အမှတ် (၃/၂၀၀၇) ဖြင့် ၀န်ကြီးချုပ်ရာထူးကို ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ဒု-ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ကာကွယ်ရေးတက္ကသိုလ် (ဒီအက်စ်အေ) အပတ်စဉ် (၉) ကျောင်းဆင်းဖြစ်ပြီး ရွှေတြိဂံတိုင်းမှူး၊ စစ်ရေးချုပ်၊ အတွင်းရေးမှူး (၂)၊ အတွင်းရေးမှူး (၁)
နှင့် အမျိုးသားညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ တာဝန်များထမ်းဆောင်ခဲ့ပြီး ၁၉၈၈ ခုနှစ် စစ်အစိုးရအာဏာ သိမ်းပြီး နောက်ဖြစ်လာသည့် (၅) ယောက်မြောက် ၀န်ကြီးချုပ်ဖြစ်သည်။
အမိန့်အမှတ် (၄/၂၀၀၇) ဖြင့် ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးကို ယခု ဒု- ဗိုလ်ချုပ်ကြီး သိန်းစိန်နေရာ၌ အတွင်းရေးမှူး (၁) အဖြစ်လည်း ယမန်နေ့က စစ်အစိုးရက ခန့်အပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရအကြား အပြန်အလှန်ညှိနှိုင်းဆောင်ရွက်ရန် ခန့်အပ်ခဲ့ သည့် ဗိုလ်ချုပ်ကြည်အောင်အား ဦးကြည်အောင်အဖြစ်ပြောင်းလဲကာ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်း ခန့်အပ်ခဲ့သည်။
သီဟသူရတင်အောင်မြင့်ဦးသည် ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက်ချုပ်တာဝန်မှ ယခုကဲ့သို့ အတွင်းရေးမှူး (၁) နေရာသို့ ရောက်ရှိလာပြီး ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် ကုလသမဂ္ဂနှစ်ပတ်လည်နေ့တွင် စတင် မိန့်ခွန်းပြောဆိုနေသည် ကို မြ၀တီရုပ်သံတွင် ထုတ်လွှင့် သွားသည်။
ထို့အပြင် စစ်အစိုးရက ယမန်နေ့က ဗိုလ်ချုပ်သုံးဦးအားလည်း ဒုဝန်ကြီးများအဖြစ် ခန့်အပ်ခဲ့ သည်။၎င်းတို့မှာ ကာကွယ်ရေး၊ အမှတ် (၂) စက်မှု၊ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနများအတွက် ဒု-၀န်ကြီးများအဖြစ် ဗိုလ်ချုပ်သိန်းဌေး၊ ဗိုလ်ချုပ်ကျော်စွာခိုင်နှင့် ဗိုလ်ချုပ် သိန်းထွန်းတို့ကို ယမန်နေ့က ခန့်အပ်လိုက်သည်။
ပုံမှန်အရ လေးလပတ်အစည်းအဝေးတွင်သာ စစ်ရာထူးများ အပြောင်းအလဲကို ပြုလုပ် သော်လည်း ဗိုလ်ချုပ်ကြီးစိုးဝင်း မကျန်းမမာဖြစ်စဉ်ကတည်းက ယခုလက်ရှိနေရာများကို ပြင်ဆင်ထားခြင်းဖြစ်ပြီး ယခင်အလုပ်သမားဝန်ကြီးအားပြောင်း ရွှေ့သတင်းမပါလာသဖြင့် ဖြုတ်လိုက်နိုင်သည်ဟု ဆိုသည်။
Continue reading ...

October 24, 2007

(၁၂)နှစ်ကြာထိန်းသိမ်းခံနေရသည့်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အတွက် ကမ္ဘာ့မြို့ကြီး (၁၂) မြို့မှာ ဆန္ဒပြပွဲများကျင်းပ

Unknown | 11:26 AM |

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် သက်တမ်းဟာ ဒီကနေ့မှာ(၁၂)နှစ် ပြည့်မြောက်ပါတယ်။ ပြီးခဲ့သည့် (၁၈)နှစ် ကျော်ကာလအတွင်း ၁၉၈၉ခုနှစ်၊ ဇူလိုင်မှ ၁၉၉၅ ခု ဇူလိုင်အထိ တကြိမ်၊ ၂၀၀၀ ခု စက်တင်ဘာမှ ၂၀၀၂ ခုနှစ် မေလအထိ တကြိမ်၊ ၂၀၀၃မေလမှ ယခုအချိန်တိုင်အောင် နေအိမ်အကျယ်ချုပ်ဖြင့် စုစုပေါင်း (၁၂) နှစ်ကြာအောင် ထိန်း သိမ်းခံနေရသည်။ ကမ္ဘာတစ်လွှားရှိ မြန်မာ့အရေး လူပ်ရှားသူများဟာ ဒီကနေ့မှာ မြန်မာစစ်အစိုးရသံရုံးနဲ့ တရုတ်သံရုံးများရှေ့မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ဆန္ဒပြပွဲတွေ ကျင်းပခဲ့သလို Bangkok, London, Paris, Berlin, Dublin, Vienna, Sydney, Washington, Toronto, New York, Brasilia, Cape Town စတဲ့ ကမ္ဘာ့မြို့ကြီး (၁၂) မြို့မှာ ဒီကနေ့ ဆန္ဒပြပွဲများ ကျင်းပခဲ့တာဖြစ်ပါတယ်။
Continue reading ...

Letter from Aung San Suu Kyi's 6 Fellow Women Nobel Peace Laureates

Unknown | 10:57 AM | |

Today, as the UN celebrates its 62nd birthday, Aung San Suu Kyi will have spent a total of twelve years in detention in Burma.
On January 8, you/the UNSG called on Senior General Than Shwe to release Aung San Suu Kyi. It is a grave disappointment to us all that the Burmese regime has chosen to ignore this

Since Burmese monks courageously took to the streets in September to call for democracy, the Burmese regime has enforced a vicious crackdown on peaceful demonstrators and democratic opposition leaders. Amidst mounting reports of torture and ill treatment, we fear for the safety of the brave people of Burma.

The Burmese regime must not be allowed to continue in its perpetration of gross violations of human rights. The detention of Aung San Suu Kyi is the most visible manifestation of the regime’s brutality but it is only the tip of the iceberg.

As Aung San Suu Kyi’s fellow Nobel Peace Laureates - representing North and South America, Europe, the Middle East and Africa - we will work together to ensure that Burma does not slip from international view and ensure that real progress is made. The UN has a central role to play in our collective endeavour.

Sixty-two years ago, the UN was established to enable governments of the world to respond to grave crises of this kind. It must now do more to live up to its mandate and take decisive action to secure the release of Aung San Suu Kyi and her fellow prisoners of conscience.

Signed

Jody Williams

Shirin Ebadi

Wangari Maathai

Rigoberta Menchú Tum

Betty Williams

Mairead Corrigan Maguire

Continue reading ...

သြစတြေးလျက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုပြုလုပ်

Unknown | 9:18 AM |

ပြီးခဲ့သည့်လက မြန်မာနိုင်ငံအတွင်း ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့မှုအတွက် မြန်မာစစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏မိသားစုဝင်များကို သြစတြေးလျနိုင်ငံက ငွေကြေးဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုပြုလုပ်လိုက်ကြောင်း ယနေ့ ကြေညာသည်။

ပိတ်ဆို့ဒဏ်ခတ်ခံရသူများအနက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် စစ်ဗိုလ်ချုပ်အသိုင်း
အ၀ိုင်းမှ (၄၁၈) ဦးပါဝင်သည်ဟု သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒားဒေါင်နာ
က ပြောကြားသည်။

၎င်းက “စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ရယ်၊ မြန်မာနိုင်ငံသားအားလုံးကို နိုင်ငံတကာစံချိန်စံနှုန်းနဲ့အညီ လူ့အခွင့်ရေး
တွေပေးဖို့ သြစတြေးလျက မြန်မာ စစ်အစိုးရကို အစဉ်တစိုက်တောင်းဆိုခဲ့ပါတယ်” ဟု ပြောသည်။

သြစတြေးလျနိုင်ငံက မြန်မာစစ်ဗိုလ်ချုပ်များကို ပြည်ဝင်ခွင့်ဗီဇာ စည်းကမ်းတင်းကြပ်မှုများ
နှင့် စစ်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်ပို့မှုတားမြစ်ခြင်းတို့ ပြုလုပ်ထားပြီးဖြစ်ရာ ယခုထပ်မံ ပိတ်ဆို့မှုများသည် မြန်စစ်အစိုးရအပေါ် ပိုမိုဖိအားပေးရာရောက်စေသည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

ပိတ်ဆို့အရေးယူမှု၌ မြန်မာစစ်အစိုးရခေါင်းဆောင်များနှင့် ၎င်းတို့အားထောက်ခံသူတို့၏ ငွေကြေးလွှဲပြောင်းမှုနှင့် ငွေပေးငွေယူကိစ္စများကို သြစတြေးလျဗဟိုဘဏ်၏ ခွင့်ပြုချက်
မပေးဘဲ တားမြစ်ထားခြင်းပါဝင်သည်။

ယခုအရေးယူမှုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုမဟုတ်သော်လည်း သြစတြေးလျနိုင်ငံ၏ လက်ရှိတည်ဆဲ ဥပဒေအရ နိုင်ငံတနိုင်ငံကို အပြင်းထန်ဆုံး ဘဏ္ဍာရေး ဆိုင်ရာအရေးယူမှု ဖြစ်သည်။
Continue reading ...

October 22, 2007

ဆန္ဒမှန်ထုတ်ဖော်ပြသသည့် ဇနီးမောင်နှံ ပြန်လွတ်

Unknown | 5:43 AM |
ဦးမောင်မောင်ဦးတို့ ဇနီးမောင်နှံက ယခုလ (၁၆) ရက်၊ ပေါင်းတည်မြို့၌ ပြုလုပ်သည့် စစ်အစိုးရ ထောက်ခံပွဲတက်သူတို့အား “တကယ်ပဲ ရဟန်းသံဃာနဲ့ပြည်သူကိုသတ်နေတဲ့အစိုးရကို ထောက် ခံသလား”ဟု နေအိမ်မှလှမ်း၍ မေးခွန်းထုတ်ခြင်းနှင့် “ရဟန်းရှင်လူပြည်သူများအား နှိပ်စက်
ညှဉ်းပန်း သတ်ဖြတ်နေသူများအား ရှုတ်ချကြ” ဆိုသည့် စာသားကို ၀ှိုက်ဘုတ်ပေါ်၌ရေး၍ ချိတ်ဆွဲခြင်းပြုလုပ်ခဲ့သဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။
ခေတ်ပြိုင်သတင်းဂျာနယ်မှကူးယူတင်ပြသည်။
သံဃာတော်များဘက်မှရပ်တည်ကာ မိမိဆန္ဒကို ထုတ်ဖော်ပြသမိသဖြင့် ဖမ်းဆီးခံနေရသည့်
ပဲခူးတိုင်း ပေါင်းတည်မြို့မှ မူလတန်းပြ ဆရာဟောင်း ဦးမောင်မောင်ဦးနှင့် ဒေါ်နီနီမာတို့ ဇနီးမောင်နှံကို အာဏာပိုင်များက အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအား လွှတ်ပေးရန် ပေါင်းတည်မြို့မှ သြဇာတိက္ကမ ရှိသည့် ဘုန်းတော်ကြီး
(၃) ပါးက အာဏာပိုင်များကို သွားရောက်မိန့်ကြားခဲ့သည့်အတွက် ပြီးခဲ့သည် စနေနေ့
နံနက်၌ ပေါင်းတည်ထောင်မှ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူတို့၏ ဆွေမျိုးနီးစပ်တဦးက ပြောသည်။

၎င်းက “သံဃာတော်တွေဘက်ကနေ ဆန္ဒဖော်ထုတ်ပေးတဲ့ သူတို့လင်မယားကို ဖမ်းထားတာ ကန့်ကွက်ပါတယ်ဆိုပြီး ဆရာတော်တွေက အာဏာပိုင်တွေကို သွားပြောတဲ့အတွက် သူတို့ကို အာမခံနဲ့ အိမ်ကိုပြန်ပို့လိုက်တယ်၊ အိမ်မှာကျန်ခဲ့တဲ့ သူတို့ရဲ့အဖေက လိုက်သွားပြီး အာမခံလိုက် ရတယ်” ဟု ပြောသည်။

ဦးမောင်မောင်ဦးတို့ ဇနီးမောင်နှံက ယခုလ (၁၆) ရက်၊ ပေါင်းတည်မြို့၌ ပြုလုပ်သည့် စစ်အစိုးရ ထောက်ခံပွဲတက်သူတို့အား “တကယ်ပဲ ရဟန်းသံဃာနဲ့ပြည်သူကိုသတ်နေတဲ့အစိုးရကို ထောက် ခံသလား”ဟု နေအိမ်မှလှမ်း၍ မေးခွန်းထုတ်ခြင်းနှင့် “ရဟန်းရှင်လူပြည်သူများအား နှိပ်စက်
ညှဉ်းပန်း သတ်ဖြတ်နေသူများအား ရှုတ်ချကြ” ဆိုသည့် စာသားကို ၀ှိုက်ဘုတ်ပေါ်၌ရေး၍ ချိတ်ဆွဲခြင်းပြုလုပ်ခဲ့သဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

၎င်းတို့အား ပြန်လွှတ်လိုက်သော်လည်း ပုဒ်မ ၅၀၅ (ခ) အရ နိုင်ငံတော်အစိုးရကို ထိခိုက်စေ သည့်ပြစ်မှု၊ ပုဒ်မ (၁၅၃) အရ ရန်စသည့်ပြစ်မှုတို့ဖြင့် တရားစွဲဆိုထားခြင်းကိုမူ အာဏာပိုင်များ
က ပြန်မရုပ်သိမ်းသေးဘဲ လာမည့် (၃၀) ရက်၌ အမှုရင်ဆိုင်ရန်ရှိကြောင်း သိရသည်။

“အမကတော့ ဖြစ်တဲ့အဖြစ်အပျက်ကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်တဲ့အမှုကို ဥပဒေအတိုင်း သူရင်ဆိုင်သွားမယ်တဲ့။ သူလုပ်ခဲ့တဲ့အမှုကို မှန်တယ်လို့ သူအခုလည်း ယုံကြည်တယ်ပေါ့နော်၊ နောင်တမရဘူးလို့ ပြောပါတယ်” ဟု ဒေါ်နီနီမာ၏ပြောကြားချက်ကို ၎င်း၏ဆွေမျိုးဖြစ်သူက ပြန်လည်ရှင်းပြသည်။

အသက် (၄၀) ကျော်အရွယ်ရှိ ဦးမောင်မောင်ဦးနှင့် ဒေါ်နီနီမာတို့သည် ပေါင်းတည်မြို့၌ မူလတန်းပြဆရာများ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိတွင် ဆန်စပါးအရောင်း
အ၀ယ် လုပ်ငန်းလုပ်ကိုင်နေကြသည်။
Continue reading ...

ထိုင်းမြန်မာနယ်စပ်ရှိ လူငယ်တပ်ပေါင်းစုနှစ်ခု အစည်းအဝေးမှ စစ်အစိုးရ၏ လမ်းပြမြေပုံကို သေဆုံးသွားပြီ ဖြစ်ကြောင်း ပြောကြား

Unknown | 12:25 AM |
ထိုင်း-မြန်မာနယ်စပ်တွင် (၂) ရက်ကြာကျင်းပ ပြုလုပ်သော လူငယ်တပ်ပေါင်းစု နှစ်ခု၏ အစည်း အဝေး မနေ့ညနေက ပြီးဆုံးသွားကြောင်း သိရသည်။ မြန်မာနိုင်ငံ ကျောင်းသား လူငယ်များကွန်ဂရက် Students and Youth Congress of Burma နှင့် တိုင်းရင်းသား လူငယ်များဆုံရပ် Nationalities Youth Forum လူငယ်တပ်ပေါင်းစု များမှ ကိုယ်စားလှယ် (၂၀) ကျော်ခန့် တက်ရောက်သော အစည်းအဝေးမှ နိုင်ငံရေး လမ်းညွှန်ချက်များ၊ ရှေ့လုပ်ငန်း စဉ်များ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတို့ကို အဓိကဆွေးနွေး၍ ကိုယ်စားလှယ် (၈) ဦးပါသော ဦးဆောင်ကော်မတီ တစ်ရခုကို ဖွဲ့စည်းခဲ့ကြောင်း ကြားသိရသည်။ အစည်းအဝေးမှ..

(က) စစ်အစိုးရ၏ လမ်းပြမြေပုံကို အသက်မရှိတော့ကြောင်း ဆုံးဖြတ်သည်၊

(ခ) စစ်အစိုးရမှ ဖွဲ့စည်းလိုက်သော အဖွဲ့ဝင် (၅၄) ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ ဖွဲ့စည်းလိုက်ခြင်းမှာ စစ်အစိုးရမှ ချမှတ်ခဲ့သော အမိန့်အမှတ် (၁/၉၀) ကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်။ ၄င်းတို့ ချထားသော အမိန့်ဥပဒေများ ကိုပင် ပြန်လည် ချိုးဖောက်သော စစ်အစိုးရကို မည်သို့မှ ယုံကြည်ရန် မဖြစ်နိုင်ကြောင်း ဆုံးဖြတ်သည်၊

(ဂ) ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၅) နိုင်ငံ၏ တခဲနက် ထောက်ခံမူဖြင့် ထုတ်ပြန်ခဲ့သော လုံခြုံရေး ကောင်စီဥက္ကဌ၏ ထုတ်ပြန် ကြေငြာချက် ကို ထောက်ခံ ပြီး၊ ယင်းညွှန်ကြားချက် အတိုင်းသာ မြန်မာပြည် အသွင်ကူး ပြောင်းရေးကို တက်လှမ်း ရမည်…ဟူသော ဆုံးဖြတ်ချက် သဘော ထားများ ချမှတ်ခဲ့ကြောင်း သိရပါသည်။

ထို့ပြင် ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်း ဆောင်ရွက်ရေး အတွက် ပြည်တွင်းနှင့် နိုင်ငံတကာ လုပ်ငန်းများကို တပြိုင်တည်း အရှိန်အဟုန်နှင့် လုပ်ဆောင် သွားရန် ဆုံးဖြတ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်သည် တိုင်းရင်းသားပေါင်းစုံ လူငယ်အဖွဲ့ (၁၆) ဖွဲ့နှင့် ဖွဲ့စည်း ထားသော လူငယ် တပ်ပေါင်းစုဖြစ်၍၊ တိုင်းရင်းသား လူငယ်များ ဆုံရပ်သည် တိုင်းရင်းသား ပေါင်းစုံ လူငယ် အဖွဲ့အစည်း (၁၂) ဖွဲ့နှင့်ဖွဲ့စည်း ထားသည်။ တပ်ပေါင်းစု နှစ်ခု စလုံး ထိုင်း-မြန်မာနယ်စပ်နှင့် အိန္ဒိယ-မြန်မာနယ်စပ် တို့တွင် အခြေစိုက် လူပ်ရှားသည်။
Continue reading ...

October 21, 2007

စစ်အစိုးရကို ဆက်လက်ဆန့်ကျင်သွားမည်ဟု သံဃာ့ ခေါင်းဆောင်ကပြော

Unknown | 9:05 PM |

ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများအတွင်း စစ်အာဏာပိုင်များ၏ အကြမ်းဖက် နှိမ်နင်း မှုကြောင့် သံဃာအပါး ၁၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၁၀၀ ကျော် ပျံလွန်တော်မူခဲ့ရသော်လည်း ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု လတ်တလော ရှောင်တိမ်းနေသည့် သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ဦးဆောင်သံဃာတော် တပါးက ပြောသည်။

စစ်အစိုးရကမည်သို့ပင် အကြမ်းဖက်နှိမ်နင်းနေသော်လည်း အောက်တိုဘာလကုန်ပိုင်းတွင် တနိုင်ငံလုံးအတိုင်း အတာနှင့် ဆန္ဒပြပွဲများကို ပြန်လည်စတင်မည်ဟု ဦးဆောင်သံဃာတော် အရှင်ဦးသြဘာသ က ဧရာဝတီသို့ ပြောသည်။
“ပြည်သူ တွေ ဆင်းရဲဒုက္ခရောက်နေတာကို ဘုန်းကြီးတို့ သံဃာတွေကလည်း ဘယ်လို တိတ်ဆိတ် နေလို့ရ မလဲ၊ သံဃာတွေကိုလည်း ထိခိုက်တာပဲ၊ ဓမ္မအတွက် တိုက်တာလည်းဖြစ်တယ်၊ တရားမျှတမှုအတွက် ဦးပဉ္ဖင်းတို့က ဆက်တိုက်ပွဲဝင်ရမှာပဲ”ဟု ဦးသြဘာသက ပြောသည်။
မြန်မာနိုင်ငံတ၀န်းရှိ သံဃာတော်များနှင့် ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ပြည်သူများသည် စိုးရိမ်ဖွယ်ရာ အခြေအနေများနှင့် လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည်ဟုလည်း ၎င်းက ဆိုသည်။
“ပျံလွန်တဲ့ သံဃာတွေထဲမှာ ငွေကြာရံ ကျောင်းတိုက်က ၈ ပါးလောက်ပါတယ်၊ အခု က ည ရောက်မှာကို ကြောက်နေကြရတာ၊ အခုအချိန်အထိ မရပ်သေးဘူး အဖမ်းအဆီးတွေက၊ အခုအချိန်အထိ သူတို့ မသင်္ကာတဲ့ ကျောင်းဆို ၀င်ဖမ်းနေတုန်း”ဟု ဦးသြဘာသ က ပြောသည်။
သံဃာ့ တပ်ပေါင်းစုအဖွဲ့မှ ဦးသြဘာသ အပါအ၀င် ဦးဆောင် သံဃာ ၄ ပါးရှိရာ ကျန် ၃ ပါးမှာ လွန်ခဲ့ သော ၆ ရက် ခန့်က စတင်၍ အဆက်အသွယ် ပြတ်ကာ ပျောက်နေသည်ဟုလည်း ၎င်း က ပြောသည်။
“စစ်သားတွေက လမ်းမပေါ်မှာ သံဃာတပါးတွေ့တယ်ဆိုရင် သူခိုးဓားပြ တွေ့တဲ့အတိုင်း နောက်က လိုက်တော့ တာပဲ”ဟု ဦးသြဘာသက ပြောဆိုသည်။
မြန်မာနိုင်ငံ၏လက်ရှိအခြေအနေများကြောင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအနေနှင့်စစ်အစိုးရကို ယခုထက် ပိုမိုဖိအားပေးရန်လည်း ဦးသြဘာသ က တောင်းဆိုသည်။
တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံမှ အကျိုးစီးပွားများစွာကို ခံစားနေရသောကြောင့် မြန်မာပြည်သူ များ၏ အကြပ်အတည်း အခက်အခဲကို ကူညီသင့်သည်ဟုလည်း ၎င်းကပြောသည်။
လက်ရှိအခြေအနေတွင် ဦးသြဘာသသည် အာဏာပိုင်များက ဖမ်းဆီးရန် လိုက်လံရှာဖွေနေသောကြောင့် နေရာ အတည် တကျ နေ၍မရဘဲ လုံခြုံစိတ်ချရာသို့ နေ့စဉ် ရွှေ့ပြောင်း ရှောင်တိမ်းနေရသည်ဟုလည်း ပြောဆိုသည်။
“ဦးပဉ္ဖင်း ည ဘက် ကောင်းကောင်း မအိပ်ရတာကြာပြီ၊ ညလုံး ပေါက်မအိပ်ရတဲ့ ရက်တွေလည်းရှိတယ်၊ ဦးပဉ္ဖင်း တို့ အခြေအနေက နာရီပိုင်း အတွင်းမှာကို စိတ်မချရဘူး၊ မရေရာတဲ့အခြေအနေ”ဟု ဦးသြဘာသ က ပြောသည်။
ယခုအချိန်အထိ အရည်အတွက် တိတိကျကျ မသိရှိရသော ပျောက်ဆုံးနေသည့် သံဃာများစွာရှိပြီး ၎င်းတို့ ဘယ်နေရာတွင်ရှိသည်ကို ခန့်မှန်းမသိရှိရကြောင်းလည်း ဆိုသည်။
စက်တင်ဘာ ၂၆ ရက်က စတင်၍ စစ်အစိုးရ စစ်သားများ၏ အကြမ်းဖက်ဖမ်းဆီးမှုတွင် သီလရင် ၅၀ ခန့် ယခု အချိန်အထိ ဖမ်းဆီးခံထားရကြောင်း၊ ဖမ်းဆီးခံ သီလရင်တချို့မှာ စစ်သားများ၏ အဓမ္မပြုကျင့်မှုကို ခံရသည်ဟု သိရကြောင်း ဦးသြဘာသ က ပြောပြသည်။
“အဲဒီ စစ်သားတွေဟာ အင်မတန် ရိုင်းစိုင်း ယုတ်မာလှပါတယ်၊ ဦးပဉ္ဖင်းအနေနဲ့ ပြောလို့တောင်မထွက်ဘူး”ဟု ဦးသြဘာသကပြောသည်။
ယင်း စက်တင်ဘာ ၂၆ ရက် ညတွင် ရန်ကုန်မြို့တောင်ဥက္ကလာပရှိ ငွေကြာရံကျောင်းတိုက်အား စစ်သားများက
ဝင်ရောက်စီးနင်း ၍ သံဃာအပါး ၂၀၀ ကျော်ကို အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခဲ့သည်။
သံဃာ့ တပ်ပေါင်းစုအဖွဲ့က ဦးဆောင်၍ နိုင်ငံတ၀န်းရှိ သံဃာတော်များက စစ်အစိုးရအဖွဲ့ဝင်များ၊ မိသားစုဝင်များ နှင့် အစိုးရထောက်ခံသူများ၏ ဆွမ်းကွမ်းလှူဖွယ်ဝတ္ထုများကို လက်မခံသည့် သပိတ်မှောက်ကံဆောင်ထားသည်။
မကြားသေးခင်က အစိုးရသတင်းစာများတွင် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် မိသားစုဝင်များက ဘုန်းကြီး ကျောင်းတိုက် တချို့နှင့် သက်ကြီးဝါကြီး ဆရာတော်ကြီးများကို လှူဖွယ်ဝတ္ထုများကပ်လှူသည့် သတင်းများအား ဖော်ပြထားသည်။
၈၈ မျိုးဆက်ကျောင်းသားများနှင့် အန်အယ်လ်ဒီ အဖွဲ့က ဆန္ဒပြပွဲများအတွင်း အနည်းဆုံး သေဆုံးသူ ၁၃၀ ၊ ၃၀၀၀ နီးပါး ဖမ်းဆီး ခံခဲ့ရပြီး ၁၂၀၀ ကျော်မှာ သံဃာတော်များဖြစ်သည်ဟု ဆိုသည်။
စစ်အစိုးရက ဆန္ဒပြပွဲ ဦးဆောင်သူ၊ ဆန္ဒပြပွဲတွင် ပါဝင် ဆန္ဒပြသူ၊ ဆန္ဒပြသူများကို ကူညီပံ့ပိုးသူ၊ ဆန္ဒပြပွဲကို ရပ်ကြည်သူ စသည်ဖြင့် အုပ်စုခွဲ၍ ဖမ်းဆီး စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်။
ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှကူးယူတင်ပြသည်။
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub