December 30, 2011

Android ဖုန်းတွေအတွက် root လုပ်နည်း

Unknown | 12:58 AM |
iPhone တွေမှာ Jailbreak လုပ်ထားမှသာ စိတ်ကြိုက် Crack App တွေ/ Myanmar Font တွေသွင်းလို့ ရသလို Android တွေမှာလဲ Myanmar Font တို့ ဘာတို့ သွင်းချင်ရင် root လုပ်ပေးရပါတယ်။ Android Phone တွေအတွက် ဖုန်းအမျိုးအစားပေါ်မူတည်ပြီး root လုပ်နည်းအမျိုးမျိုးရှိပါတယ်။ ကျွန်တော်အခုတင်ပြမယ့် root လုပ်နည်းက z4root ကိုသုံးပြီး root လုပ်တဲ့နည်းလေးပါ။ Android Version 2.3.3 တွေကိုတော့ z4root နဲ့လုပ်လို့မရပါဘူး။ z4root ကဖုန်းတိုင်းနဲ့လဲ မကိုက်ညီပါဘူး။ z4root နဲ့ root လုပ်လို့ရမယ့် ဖုန်းအမျိုးအစားတွေကိုအောက်မှာဖော်ပြပေးလိုက်ပါမယ်။

Samsung Galaxy S (All variants)

Backflip
Sony Xperia X10
Sony Xperia Mini
Drod 2
Galaxy Tab
Galaxy I5700
Galaxy 3 I5800
Droid X
Samsung Acclaim
Cricket Huawei Ascend
Motorola Cliq
Huawei 8120
Hero
Optimus T
Droid 1 (z4root 1.2.1)
Garmin Asus A50
Motorola Defy
LG Ally

အဲဒီဖုန်းအမျိုးအစားတွေကိုပဲ z4root နဲ့ root လုပ်လို့ ရပါတယ်။

1. z4root App လေးကို အရင် download ဆွဲလိုက်ပါ။ (Download - z4root 3.0.1)

2. မိမိဖုန်းထဲမှာ z4root ကို install လုပ်ပါမယ်... မိမိ Android ဖုန်း၏ Menu တွင် File Manager ကို ရှာပါ။ ဝင်ပါ။ အဲဒီမှာ ခုနက ကူးထည့်ထားတဲ့ Z4root.apk မှာ တစ်ချက်နှိပ်ပါ။ Install လုပ်ပါ။ Install လုပ်ပြီးနောက် Application အား တန်းသုံးလိုပါက Open လုပ်နိုင်သလို Done မှာ နှိပ်ပါက Application ထည့်သွင်းမှု ပြီးဆုံးသွားပါမည်။


3. ဖုန်းထဲမှာ z4root ကိုဖွင့်လိုက်ပါ...



4. ဒီအဆင့်မှာ Root လုပ်ဖို့အတွက် ရွေးချယ်စရာ နှစ်ခုရှိပါမယ်။ Temporary Root နဲ့ Permanent Root ပါ။
Permanent root ကိုပဲရွေးပေးလိုက်ပါ။ Temporary Root ကိုရွေးပေးမယ်ဆိုရင် ဖုန်းကို Power ပိတ်ပြီးပြန်ဖွင့်ခဲ့ပါက root လုပ်ထားတာတွေအကုန်ပျက်သွားပါလိမ့်မယ်။

5. Permanent root ကိုရွေးပေးပြီး ဖုန်း root လုပ်နေချိန်ကိုခဏစောင့်ပါ။ ခဏနေရင် restart ဖြစ်သွားပါလိမ့်မယ်။ Power ပြန်ပွင့်လာလို့ရှိရင် မိမိရဲ့ဖုန်းထဲမှာ Super User ဆိုတဲ့ App လေးတစ်ခုတိုးလာလိမ့်မယ်။ ဒါဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ root လုပ်ပြီးသားဖုန်းဖြစ်သွားပါပြီ။




Root လုပ်ပြီးပြီဆိုတော့ ကြိုက်ရာ Android Application တွေ၊ မြန်မာဖောင့်တွေ၊ မြန်မာလက်ကွက်တွေနှင့် တခြားကလိစရာတွေ အများကြီးထည့်သွင်း အသုံးပြုနိုင်ပါပြီ။ ဒါပေမဲ့ ကိုယ်ဖုန်းက Root လုပ်ပြီးသုံးနေတာဆိုတာကိုလဲ မမေ့ပါနဲ့လေ...။ Root လုပ်ထားတော့ ကိုယ်ဘာလုပ်လုပ်အတားအစီးမရှိ ကလိလို့ရနေမှာပါ။ တချို့ System အပိုင်းတွေကို ထိခိုက်သွားမယ်ဆိုရင်တော့ စာရေးသူနှင့် မည်သို့မှ မသက်ဆိုင်ပါလေ...။ :)

Ref : Myanmar Mobile Development
Continue reading ...

October 07, 2011

US visa lottery opens for 2013 – ဂရင်းကတ် ကံစမ်းမဲ D.V Lottery စတင် လျှောက်ထားနိုင်ပြီ

Unknown | 12:24 PM | |
ဂရင်းကတ် သို့မဟုတ် အမေရိကန်တွင် အမြဲတမ်းနေထိုင်ခွင့်ရှိသူတို့ကို ထုတ်ပေးသည့် ကတ်ပြား

အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ အမြဲတမ်း အခြေချနေထိုင်ခွင့် ရရှိမယ့်သူပေါင်း ၅ သောင်းကို ကမ္ဘာ့နိုင်ငံစုံကနေ ကံစမ်းမဲဖောက် ရွေးချယ်တဲ့ ၂၀၁၃ Diversity Visa အစီအစဉ် အချိန်ကျရောက်လာပြန်ပါပြီ။

ပြီးခဲ့တဲ့ စက်တင်ဘာ (၂၈) ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဗီဇာနဲ့ ကောင်စစ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဒါနာဟယူး (David Donahue) ကိုယ်တိုင် နိုင်ငံခြားသတင်းထောက်တွေကို ဖိတ် ကြားပြီး ၂၀၁၃ Diversity Visa ကံစမ်းမဲဖောက်မယ့် အစီအစဉ်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒီ အစီအစဉ်အကြောင်းနဲ့ အရေးကြီးတဲ့ အချက်အလက် တွေကို Ko Ronnie Nyein က ဆက်ပြီး တင်ပြပေးပါလိမ့်မယ်။၂၀၁၃ ခုနှစ် အမေရိကန် ဘဏ္ဍာရေးနှစ်ရဲ့ ပထမနှစ်ဝက် စက်တင်ဘာ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး အမေရိကန်ပြည်ထောင်စုကို ၀င်ရောက်ရမယ့် ဒီ ၂၀၁၃ Diversity Visa ကံစမ်းမဲဖောက်ပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာ (၄) ရက်နေ့က စတင်ခဲ့တာပါ။ ဒီ ကံစမ်းမဲဖောက်ပွဲ ပိတ်ချိန်က ရှေ့လ နိုဝင်ဘာလ (၅) ရက် စနေနေ့၊ အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း စံတော်ချိန် နေ့လည် (၁၂) နာရီ၊ မြန်မာနိုင်ငံမှာတော့ နိုဝင်ဘာ လ (၅) ရက် စနေနေ့ည (၁၀) နာရီခွဲအချိန် ဖြစ်ပါတယ်။

ဒီတခေါက် Diversity Visa အစီအစဉ်အတွက် အရေးကြီးတဲ့အချက်တွေကို မတင်ပြခင်မှာ စက်တင်ဘာ (၂၈) ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဗီဇာနဲ့ ကောင်စစ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဒါနာဟယူး (David Donahue) ရဲ့ သတင်းစာ ရှင်းလင်းပွဲက တချက်ကို တင်ပြချင်ပါတယ်။

ဒေးဗစ် ဒါနာဟယူး။ ။ ၂၀၁၃ Diversity Visa Program ခေါ်တဲ့၊ ရှေ့လာမယ့် (၂)နှစ်၊ ၂၀၁၃ ခုနှစ်ရဲ့ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ပြည်ထောင်မှာ အမြဲ တမ်း အခြေချ နေထိုင်ခွင့်ရရှိမယ့်သူပေါင်း ၅ သောင်းကို ကမ္ဘာ့နိုင်ငံစုံက ကံစမ်းမဲဖောက် ရွေးချယ်ပွဲ အချိန်ရောက်လာပြန်ပါပြီ။ ဒီနှစ်ရဲ့ အပြောင်းအလဲက တော့ ဒီနှစ်မှာ ပါဝင်ခွင့်မရှိတဲ့နိုင်ငံအဖြစ် အသစ်တိုးလာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံသားတွေပါ။ ကျနော်တို့ရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အခု အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်း အခြေချနေထိုင်ခွင့် ရရှိထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားဦးရေ ၅ သောင်း ကျော်သွားခဲ့လို့ပါ။

(မှတ်ချက်။ ။ အမေရိကန်ပြည်ထောင်စုတွင် လက်ရှိ အမြဲတမ်းအခြေချနေထိုင်ခွင့်ရရှိသူ ၅ သောင်းကျော် ရှိနေသောကြောင့် ၂၀၁၃ Diversity Visa ကံစမ်းမဲဖေါက် ရွေးချယ်ပွဲအတွက် ပါဝင်ခွင့်မရှိသော နိုင်ငံများမှာ (အင်္ဂလိပ်အက္ခရာစဉ်အတိုင်း) ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ကနေဒါ၊ ကိုလံဘီယာ၊ တရုတ် (ပြည်မကြီး)၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အယ်လ်ဆာဗေဒို၊ ဂွါတီမာလာ၊ ဟေတီ၊ အိန္ဒိယ၊ ဂျမေကာ၊ မက္ကဆီကို၊ ပါကစ္စတန်၊ ပီရူး၊ ဖိလစ်ပိုင်၊ တောင်ကိုးရီးယား၊ ဗြိ တိန် (မြောက်အိုင်ယာလန် မပါ)၊ ကမ္ဘာတလွှား ဗြိတိသျှလက်အောက်ခံနယ်မြေများ၊ ဗီယက်နမ်တို့ ဖြစ်ကြသည်။)

ယခင်နှစ်က Diversity Visa ကံစမ်းမဲဖောက် ရွေးချယ်ပွဲတွင် ပါဝင်ခွင့် မရခဲ့သော ပိုလန်နိုင်ငံသားများ၊ ၂၀၁၃ Diversity Visa ကံစမ်းမဲဖေါက် ရွေးချယ်ပွဲတွင် ပြန်လည်ပါဝင်ခွင့်ရပြီ။ အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်း အခြေချ နေထိုင်ခွင့်ရရှိခဲ့သော ပိုလန်နိုင်ငံသားများစွာ ယခုအခါ အမေရိကန်နိုင်ငံသားများ ဖြစ်လာကြသဖြင့် အမြဲတမ်း အခြေချနေထိုင်ခွင့် ရရှိထားသူ ပိုလန်နိုင်ငံသားဦးရေ ၅ သောင်းအောက်ကို ပြန်ရောက်သွားခြင်းကြောင့် ဖြစ်သည်။ ယခုနှစ်ထဲ ကမ္ဘာပေါ်တွင် အသစ်ပေါ်လာသော တောင်ဆူဒန်နိုင်ငံ၏ နိုင်ငံသားများလည်း ၂၀၁၃ Diversity Visa အစီအစဉ်တွင် ပါဝင် ကံစမ်းခွင့်ရှိသည်။)

အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်း အခြေချနေထိုင်ခွင့် (immigrant visa) တနည်းအားဖြင့် ဒီ ဗီဇာကို အစိမ်းရောင်ကဒ်ပြားလေးနဲ့ ထုတ်ပေးတာကြောင့် Green Card လို့ ခေါ်ကြတဲ့ ဒီ ဗီဇာကို မြန်မာနိုင်ငံသားတွေထဲက ရရှိထားသူအရေအတွက် ၅ သောင်းအောက်မှာပဲ ရှိသေးတာကြောင့် မြန်မာနိုင်ငံသားတွေလည်း ၂၀၁၃ Diversity Visa ကံစမ်းမဲဖေါက်ပွဲမှာ ပါဝင်ဆင်နွှဲလို့ ရပါတယ်။

ဒီ ဗီဇာ မဲဖေါက်ပေးတဲ့ အဓိကရည်ရွယ်ချက်က အမေရိကန်ပြည်ထောင်စုထဲမှာ လာရောက် အလုပ် လုပ်ကိုင်နိုင်တဲ့ အခြေခံပညာအရည်အချင်းရှိသူ၊ လုပ်ငန်း တခုခုကို ကျွမ်းကျင်သူ၊ အဲဒီလိုသူတွေကို နှစ်စဉ် ခေါ်ယူခြင်းပါ။ ပထမဆုံးအရေးကြီးတဲ့အချက်က သတ်မှတ်ထားတဲ့ ပညာ အရည်အချင်းပါ။ အနည်းဆုံး နိုင်ငံတနိုင်ငံရဲ့ အထက်တန်းကျောင်း အောင်မြင်ထားတဲ့ လက်မှတ်ရှိရပါမယ်။ (သို့မဟုတ်) မူလတန်းနဲ့ အလယ်တန်းပညာ စုစုပေါင်း (၁၂) နှစ် သင်ကြားထားတဲ့ သက်ဆိုင်ရာအစိုးရ အသိအမှတ်ပြု လက်မှတ် (သို့ဟုတ်) ထောက်ခံစာ ရှိရပါမယ်။

အဲဒီ ပညာအရည်အချင်းမျိုး မရှိရင် လုပ်ငန်းကျွမ်းကျင်မှု သတ်မှတ်ချက် ရှိရပါမယ်။ အလုပ်အကိုင် ကျွမ်းကျင်မှုသတ်မှတ်ချက်ကတော့ အမေရိကန် ပြည်ထောင်စု အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အလုပ်အကိုင် အမျိုးအစားတွေထဲက တမျိုးမျိုးကို လွန်ခဲ့တဲ့ (၅) နှစ်အတွင်းမှာ (၂) နှစ် လုပ်ကိုင်ဖူးကြောင်း၊အဲဒီလုပ်ငန်းရဲ့ ထောက်ခံစာ ရှိရပါမယ်။ မဲပေါက်ပြီးခါမှ သတ်မှတ်ထားတဲ့ ပညာ အရည်အချင်း (သို့မဟုတ်) လုပ်ငန်းကျွမ်းကျင်မှု တမျိုးမျိုးမရှိရင် ပေါက်ထားတဲ့ဗီဇာ အပယ်ခံရမှာပါ။ သတ်မှတ်ထားတဲ့ အလုပ်အကိုင် အမျိုးအစားတွေကို အမေရိကန်ပြည်ထောင်စု အလုပ်သမား ၀န်ကြီးဌာနရဲ့ internet website ထဲက၊ O*Net OnLine database မှာ သွားရောက် ကြည့်ရှုလို့ ရပါတယ်။

နောက်ထပ်အရေးကြီးတဲ့ ကိစ္စက လျှောက်လွှာနဲ့တွဲတင်ရမယ့် ဓာတ်ပုံ အကြောင်းပါ။ အင်တာနက်ပေါ်က ပေးပို့ရမှာ ဖြစ်တာကြောင့် ဓါတ်ပုံရဲ့ အရွယ်အစား ကို digital စနစ်ရဲ့ pixel အတိုင်းအထွာနဲ့ ပေးပို့ရမှာပါ။ ဓာတ်ပုံရဲ့ အလျား pixle 600 x အနံ pixle 600 ဖြစ်ရပါမယ်။ ဓာတ်ပုံကို scanner နဲ့ ကူးရင်တော့ scanner ရဲ့ resolution က၊ အနည်းဆုံး 300 dpi (dots per inch) ဖြစ်ရပါမယ်။ ဓာတ်ပုံရဲ့ file format က၊ JPEG (Joint Photographic Experts Group) ဖြစ်ပါတယ်။ ဓာတ်ပုံရဲ့ file size က240 kilobytes (240 KB) ရှိရပါမယ်။

နောက်ထပ် အရေးကြီးတာက နောက်ခံ အရောင်ဖျော့ရပါမယ်။ နောက်ခံ အဖြူ ဆိုရင် အကောင်းဆုံးပါ။ မျက်နှာကို ဘာနဲ့မှ ကွယ်မထားရပါဘူး။ မျက်နှာစောင်းမနေဘဲ ရှေ့တည့်တည့်ကြည့်နေရပါမယ်။

ဦးထုပ် (သို့မဟုတ်) ခေါင်းပေါ်မှာ တခုခု ဆောင်းထားတာ မရှိရပါဘူး။ ဓာတ်ပုံထဲမှာ ဦးခေါင်းပိုင်းနဲ့ ပခုံးပိုင်းဟာ ဓာတ်ပုံတခုလုံးရဲ့ ၅၀%ကနေ ၆၉% ကြားမှာ ရှိရပါမယ်။ ဓာတ်ပုံကို သတ်မှတ်ချက်အတိုင်း လုပ်ဆောင်ပြီးပြီဆိုရင်တော့
https//www.dvlottery.state.gov/applications.aspx မှာ သွားပြီး လျှောက်လွှာ ဖြည့်ရုံပါပဲ။
လျှောက်လွှာမှာ ဓာတ်ပုံကို ချိတ်ဆက် (attach လုပ်) လိုက်ပြီး လျှောက်လွှာဖိုင်ကို အချက်အလက်တွေ အထပ်ထပ် ပြန်စစ်ပြီးရင် အောက်ဆုံးက submit ဆိုတာကို click လိုက်ပြီး၊ ပို့ရုံပါပဲ။ ဒါက တဦးချင်း လျှောက်လွှာတင်တာပါ။ မိသားစုနဲ့ တင်မယ် ဆိုရင်တော့ မိမိရဲ့ အိမ်ထောင်ဘက်နဲ့ အတူ လာမယ့် နိုဝင်ဘာ (၅) ရက် နေ့မှာ အသက် (၂၁) နှစ် မပြည့်သေးတဲ့ မိမိရဲ့ သား သမီးများနဲ့ သားသမီးများရဲ့ အိမ်ထောင်ဘက်များကိုပါ လျှောက်လွှာတွဲတင်လို့ ရပါတယ်။ သူတို့တွေရဲ့ ဓာတ်ပုံတွေ ကိုလည်း သတ်မှတ်ချက်အတိုင်း ချိတ်ဆက် (attach လုပ်)လိုက်ပြီး အောက်ဆုံးက submit ဆိုတာကို click လိုက်ပြီး လျှောက်လွှာပို့ရုံပါပဲ။ ပို့ပြီးရင် ပေါ်လာတဲ့ လျှောက်လွှာလက်ခံရရှိမှု အတည်ပြုချက်ပေးတဲ့ စာမျက်နှာ confirmation page ကို၊ print ထုတ်ပြီး သိမ်းထားထို့ပါပဲ။

ခုနောက်ဆုံး ၂၀၁၃ Diversity Visa ကံစမ်းမဲဖောက်ပွဲမှာ လျှောက်လွှာတင်တာကို အမေရိကန်အစိုးရကို တစ်ပြားမှ မပေးရပေမယ့် မဲပေါက်သွားရင် ငွေရေး ကြေးရေးဆိုင်ရာ ဘယ်လိုရှိတယ် ဆိုတာကို ပြီးခဲ့တဲ့ စက်တင်ဘာ (၂၈) ရက်နေ့က အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနဗီဇာနဲ့ ကောင်စစ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဒါနာဟယူး (David Donahue) ရဲ့ သတင်းစာ ရှင်းလင်းပွဲက ပြောကြားချက်နဲ့ နိဂုံးချုပ်ပါရစေ။

ဒေးဗစ် ဒါနာဟယူး။ ။ ၂၀၁၃ Diversity Visa Program ကံစမ်းမဲဖောက် ရွေးချယ်ပွဲဟာလည်း ခါတိုင်းနှစ်တွေလိုပဲ အခမဲ့ ဖြစ်ပြီးတော့ အမေရိကန်အစိုးရ ကို တရားဝင်ငွေကြေး တပြားမှ ပေးစရာမလိုပါဘူး။ ဒါပေမဲ့ ၂၀၁၃ Diversity Visa Program ကံစမ်းမဲဖောက် ရွေးချယ်ပွဲမှာ မဲပေါက်သူ တဦးချင်းကတော့ သက်ဆိုင်ရာ နိုင်ငံတွေက အမေရိကန်သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေမှာ ခါတိုင်းနှစ်တွေလိုပဲ ဗီဇာကြေးတွေ ပေးသွင်းရပါမယ်။ immigrant visa အခြေချ နေထိုင်ခွင့်ဗီဇာကြေး အမေရိကန်(၃၀၅) ဒေါ်လာ၊ Diversity Visa လုပ်ငန်းစဉ်ဆောင်ရွက်ခကြေး ဒေါ်လာ (၄၄၀) နဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုံခြုံမှု ဆောင်ရွက်ခကြေး (၇၄) ဒေါ်လာ၊ စုစုပေါင်း (၈၁၉) ဒေါ်လာစီ မဲပေါက်သူ တဦးချင်းက ပေးသွင်းကြရပါမယ်။

၂၀၁၃ Diversity Visa Program ကံစမ်းမဲဖောက် ရွေးချယ်ပွဲအတွက် သိသင့်သိထိုက်တဲ့ အရေးကြီးတဲ့ အချက်တွေကတော့ ဒါလောက်ပါပဲ ခင်ဗျာ။

မူရင်း – ဗွီအိုအေ သတင်းဌာန
Continue reading ...

August 28, 2011

ArtRage Studio Pro v3.5.0 Portable

Unknown | 6:16 PM |
ArtRage Studio Pro v3.5.0 Portable 78.18 MB

ပန်းချီဝါသနာရှင် သူငယ်ချင်းများအတွက် ဆေးဖိုး စုတ်တံဖိုး မကုန်ပဲ မိမိ စိတ်ကြိုက်ဆွဲနိုင်ဖို့ရာ ဒီဆော့ဖ်ဝဲရ်လေးကို ရှာဖွေတင်ပြပေးလိုက်ပါတယ်…။ ဒီဆော့ဖ်ဝဲရ်လေးဟာ Portable ဖြစ်တဲ့အတွက် ပိုပြီးအဆင်ပြေမယ်လို့ထင်တယ်….။

ဒေါင်းလုပ်ရယူလင့်ခ်

ArtRage Studio Pro v3.5.0 Portable


သူငယ်ချင်းများအားလုံး အဆင်ပြေပျော်ရွှင်ကြပါစေ...

ပြည့်စုံ (ဝေါသားလေး)
Continue reading ...

August 04, 2011

၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံ မှတ်တမ်းတခု

Unknown | 3:13 PM |


သွေးမုန်တိုင်း
တေးဆို- မွန်းအောင်

Continue reading ...

July 31, 2011

Internet Download Manager V6.07 Build 5 Portable

Unknown | 2:09 PM |
Internet Download Manager V6.07 Build 5 Portable (8.9 MB)

Internet Download Manager Portable လေးပါ Download manager တွေက အများကြီးပဲ၊အဲဒီအထဲမှာမှဒါလေးက ပေါ့ပေါ့လေးနဲ့ မြန်လည်းမြန် ကောင်းလည်း ကောင်းလို့ တင်ပေးလိုက်တာပါ။ စိတ်ဝင်စားတယ်ဆိုရင် မိမိနှစ်သက်ရာ လင့်ခ်မှတဆင့် ဒေါင်းလုပ်ရယူ အသုံးပြုနိုင်ပါတယ်...။

Uploaded Link

Filesonic Link

Mediafire Link

သူငယ်ချင်းများအားလုံး အဆင်ပြေပျော်ရွှင်ကြပါစေ...

ပြည့်စုံ (ဝေါသားလေး)
Continue reading ...

July 22, 2011

DriverEasy Professional 3.10.0 Portable Final

Unknown | 10:27 PM |
DriverEasy Professional 3.10.0.26694 Multilingual Portable | 3.16 Mb

Windows XP, Vista, 7 သုံးသူများအားလုံးအတွက် တကယ်လိုအပ်မယ်ထင်ပါတယ် လက်ရှိကျနော်လည်းသုံးနေပါတယ်…။ ဒီဆော့ဖ်ဝဲရ်လေးဟာ Drivers အခက်အခဲရှိသူများအတွက် မိမိစက်မှာလိုအပ်နေတဲ့ Drivers များကို ရှာဖွေဖော်ပြပေးပြီး အင်တာနက်မှာဒါရိုက် ဒေါင်းလုပ်ရယူနိုင်ပါတယ်…။ အဆင့်သုံးဆင့်ပဲလိုအပ်ပါတယ်… ပထမအဆင့် Scan Now, ဒုယအဆင့် Get Drivers, တတိယအဆင့်အနေနဲ့ Download all ဆိုပြီးမိမိစက်ထဲမှာလိုအပ်နေသော Drivers များကို အင်တာနက်မှတဆင့် ဒေါင်းလုပ်ရယူပေးပါတယ်…။ ဒီဆော့ဖ်ဝဲရ်ဟာ Portable ဖြစ်တဲ့တွက် Serial key မလိုပါဘူး သုံးရတာလည်း အရမ်းကိုပေါ့ပါးလွယ်ကူပါတယ်။ ဆော့ဖ်ဝဲရ်တစ်ခုချင်းစီမှာ ကောင်းတဲ့အချက်တွေကိုယ်စီရှိပါတယ် သုံးကြည့်ရင် သိပါလိမ့်မယ်။ ကြိုက်နှစ်သက်မယ်ဆိုရင် အောက်တွင်ဒေါင်းလုပ်ရယူနိုင်ပါတယ်..။

ဒေါင်းလုပ်ရယူရန်လင့်

DriverEasy Professional 3.10.0 Portable Final






အားလုံးအဆင်ပြေကြပါစေ….

Home Page - http://www.drivereasy.com/
Continue reading ...

July 15, 2011

မမေ့နိုင်သော ၁၉ ဂျူလိုင်

Unknown | 5:02 PM |


အာဇာနည်တွေသေသွားကြပြီ်...

ဗိုလ်ချုပ်သေသွားပြီလို့ပြောကြတယ်….

ဗိုလ်ချုပ်ရဲ့ စကားတွေ… ဗိုလ်ချုပ်ရဲ့ ၀ါဒတွေ တည်ထွန်းနေသမျှ ဗိုလ်ချုပ် တကယ်မသေနိုင်သေးပါ…. ဗိုလ်ချုပ်ကိုချစ်သူတွေ ရိုသေသူတွေ အများကြီးရှိပါတယ်….
ထို့ကြောင့် ကျနော်တို့တွေ… ဗိုလ်ချုပ်ရဲ့ ၀ါဒတွေ၊ လမ်းစဉ်တွေကို ဆက်လက်ပြီးတော့ အသက်သွင်းကြရမယ်..….

`အာဏာရှင်ဝါဒ၊ လူမျိုးအချင်းမုန်းတီးရေးဝါဒ၊ စစ်တပ်ကသာ လွှမ်းမိုးရမည်ဆိုတဲ့ ဖက်ဆစ်အာဏာရှင်ဝါဒ၊ မင်းစိတ်ပေါက်နေတဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးမျိုးရှိနေလျှင် အများပြည်သူတို့ဆန္ဒနှင့် လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှား ပေါ်ထွက်လာနိုင်တယ်။ ဒီဝါဒမျိုးပေါ်လာရင် ပြည်သူလူထုဟာ လွတ်လပ်ရေး ဆိုတာမရနိုင်တော့ဘူး။ ဒါကြောင့် ကျနော်တို့အားလုံး ဒီမိုကရေစီဝါဒကို ခေတ်စားလာအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုးရအောင် လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင်ကြိုးစားကြရမယ်။´

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်အလေးပြုလျှက်

ပြည့်စုံ
Continue reading ...

July 14, 2011

Trojan Killer 2.0.9.6 Portable

Unknown | 5:42 PM | |
Trojan Killer 2.0.9.6 File Size: 33.57MB

ဗိုင်းရပ် ဆော့ဝဲရ်လေးဟာ Portable ဆော့ဝဲရ်ဖြစ်တဲ့အတွက် USB ထဲထည့်သိမ်း၍ မိမိအသုံးပြုချင်တဲ့အချိန်တွင် အသုံးပြုလို့ရပါတယ်… မိမိစက်ထဲကို Run စရာမလိုတဲ့အတွက် အချိန်ကုန်သက်သာတယ် Serial Key မလိုတဲ့အတွက် ပိုအဆင်ပြေလိမ့်မယ်လို့ထင်ပါတယ် သူငယ်ချင်းများလည်း ကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်…။
စိတ်ဝင်စားရင် အောက်တွင် မိမိနှစ်သက်ရာလင့်ခ်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်…။ အဆင်မပြေခဲ့ရင် comment ထားခဲ့ပါ…။

ဒေါင်းလုပ်ရယူရန်လင့်ခ်များ

Wupload

Filesonic

Depositfiles

Megaupload

Zshare

Ifile


ခင်မင်လေးစားစွာဖြင့်
ပြည့်စုံ
Continue reading ...

July 12, 2011

Facebook Video Chat

Unknown | 11:16 AM | |
Facebook Founder Zuckerberg က Facebook Conference မှာပြောကြားလိုက်ပါတယ်။ ဒီ Video chat က Facebook တခုဘဲကလုပ်တာ မဟုတ်ဘဲ Skype နဲ့ ပူးတွဲလုပ်ဆောင်တာဖြစ်ပါတယ်။ Facebook ကနေ တရားဝင်လုပ်လိုက်တဲ့ Video Chat ဖြစ်ပါတယ်။
ဘယ်လိုအသုံးပြုရမလည်းဆိုတာကို ပုံဖြင့် တဆင့်ခြင်းပြသထားပါသည်။ မသဲကွဲပါက အကြီးချဲ့၍ကြည့်ပါ...။
ပထမဆုံး...
http://www.facebook.com/videocalling ကိုသွားပါ။


Get Started ကိုကလစ်လိုက်ပါ..။


ပြီးလျှင်မိမိ ဗွီဒီယိုချက်ဖြင့် ခေါ်မည့်သူကို ကလစ်လိုက်ပါ..။


ပုံပါအတိုင်း ဗွီဒီယို အိုင်ကွန်လေးကိုကလစ်ပြီးခေါ်ဆိုနိုင်ပါသည်...။

မိမိခေါ်မည့်သူရဲ့ ဆိုဒ်မှတဆင့်လည်း အောက်မှာပြထားသည့်ပုံအတိုင်းခေါ်ဆိုနိုင်ပါသည်...။


အထက်ပါ အဆင့်အတိုင်းအဆင်မပြေလျှင် အောက်ကလင့်အတိုင်း facebook plugin ကို Download လုပ်ပြီး install လုပ်လိုက်ပါ....။

ဒေါင်းလုပ်ရယူရန်လင့်ခ်

အားလုံးအဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ...

ပြည့်စုံ
Continue reading ...

June 17, 2011

အဖေများနေ့ အမှတ်တရ

Unknown | 7:55 PM | |


အဖေ့အေးရိပ်
တေးရေး... Sang Pi (စံပီး)
တေးဆို... မီးမီးခဲ

♫ ♪ ကြင်နာစွာ ချော့သိပ်ခြင်းတွေ မပြုအားလည်း လိုအင်တွေကို ဖြည့်စွမ်းပေးကာရယ်....
ကြုံလာမဲ့ လူ့လောကြီးထဲ လမ်းမမှားရန် အဖေဟာ တည့်မတ်ပေးတယ်...♫ ♪
ချိုသာတဲ့ စကားလုံးလေးတွေ သီကုံးကာ တစ်ခါတစ်ခါမှာ မပြောဖြစ်ခဲ့ပေမယ့်...
မြင်နေတဲ့ မျက်ဝန်းများထဲက စကားလုံးတွေ ဒီရင်ထဲ ခံစားချက် နားလည်......♫ ♪

♫ ♪ ♫ ဖေဖေ... ကျေးဇူးပဲ အဖေ... ပြောလိုက်ရုံနဲ့ လုံလောက်မယ် မထင်ဘူးလေ.....
ဖေဖေ့ ကျေးဇူးကြောင့်သာ အခုဘဝအရွယ်ထိ ရောက်ခဲ့ပြီလေ... ♫ ♪ (ဖေဖေ... တကယ်ကျေးဇူးတင်လို့ မဆုံးဘူးလေ...) ♫ ♪

ခိုင်မာတဲ့ တောင်တန်းရဲ့အထက်မှာ ပွင့်လန်းတဲ့ ရောင်စုံဝေဆာ ပန်းကလေးများလိုပဲ...
ခိုင်မာတဲ့ ဖေ့ဖေ့ရဲ့ ပွေ့ဖက်မှုအောက်မှာ ရှင်သန်နေထိုင် ကြီးပြင်းခဲ့ပြီ...

ရာသီတွေ ပြောင်းလဲသွားကာ အိုမင်းလည်း အချိန်ရှိတိုင်း ဒီသားသမီးအတွက်ဆိုရင်...
အနွံတာခံ ချစ်ခြင်းနဲ့ အဖေ့ရဲ့အေးရိပ်ဟာ နောင်လာမယ့် နှစ်ပေါင်းများအထိတိုင်..... ♫ ♪ ♫ ♪

အဖေ ကောင်းရာသုဂတိလားပါစေ….
ရောက်ရာဘုံဘ၀ကနေ သာဓုခေါ်သံကြားနိုင်ပါစေ အဖေ….

အဖေများနေ့ (၁၉.၆.၂၀၁၁) တနင်္ဂနွေနေ့ ဘုရားကျောင်းတွင် သီဆိုမည့် ချင်းတောင်းလေးရေ… သီချင်းနဲ့ စာသားလေးတွေကို အပင်ပန်းခံပို့ပေးအတွက် ကျေးဇူးပါ…. ဘုရားသခင်ကောင်းချီးပေးပါစေ….။
Continue reading ...

June 15, 2011

Daw Aung San Suu Kyi Birthday and Invitation

Unknown | 5:12 PM |
ပန်းချီဒီဇိုင်း ကိုမျိုး


Graphic Design- Pyae Sone
Continue reading ...

June 03, 2011

VSO ConvertX to DVD

Unknown | 12:48 AM |


VSO Convert X to DVD ဆော့ဖ်ဝဲရ်နှင့်အတူ Full version အဖြစ်အသုံးပြုနိုင်အတွက် Keygen ဖိုင်လေးပါထည့်ပေးထားပါတယ်...။ အသုံးပြုလို့ရမည့် input formats ဖိုင်များနှင့် output formats ဖိုင်များ အောက်တွင်ပေါ်ပြပေးထားပါတယ်....။ အားလုံးအဆင်ပြေနိုင်ကြပါစေ....။

Input formats


VIDEO Popular

.avi
.divx
.mpg
.mkv
.wmv
.xvid

AviSynth Script

.avs

Digital Video Recording

.dvr-ms
.wmr

DivX

.avi
.divx

High Definition Video

.evo
.m2ts
.mts

Flash Video

.flv
.swf

Matroska

.mkv

MPEG

.dat
.ifo
.m2p
.m4v
.mpeg
.mpg
.ps
.tod
.ts
.vob

MPEG-4 / QuickTime

.3gp
.m4a
.mov
.mp4

Nullsoft Video

.nsv

Ogg Vorbis / Theora

.ogg
.ogm

Real Media (with external DLL)

.ram
.rm
.rmv
.rmvb
.rv

Windows Media

.asf
.wm
.wmv

XviD
.avi
.xvid

AUDIO Popular

.ac3
.dts
.mp3
.wav
.wma

Free Lossless Audio Codec

.flac

Matroska

.mka

Monkey's Audio

.ape

MPEG Audio

.mp1
.mp2
.mpa
.mpga
.mpu MPEG-4 Audio
.aac
.m4a
.ma4

Musepack

.mpc

Ogg Vorbis / Theora

.ogg

Real Media / Real Audio

.ra
.ram
.rm

Uncompressed

.aif
.wav
.wave

Other
.au

SUBTITLES Internal and external subtitles supported: with color and font selection, and supports tags like italic, bold. Turn on/off with DVD player remote control.

Graphical

.idx
.sub

Text

.ass
.srt
.ssa

Other

- Subtitles in MOV files
- DVB Subtitles
- DVD Subtitles



Output formats


Video:
• DVD standard
Compatible with any DVD player composed of:
Audio_TS folder (always empty)
Video_TS folders (with BUP, IFO, VOB files)

Audio:
• AC-3, 5.1 channels
• AC-3 2 channels
• MPEG, stereo

Subtitle:
• DVDsub (activate in menu or with remote control)

Formats:
• PAL / NTSC
• 4:3 / 16:9
• Full D1, Broadcast D1, Half D1 and SIF Resolutions

Disks*:
• DVD +/- R
• DVD +/- RW
• DVD +/- DL

ISO:
• ISO output available, create image on harddrive

*ConvertXtoDVD includes a burning engine and can burn to any type of DVD. Recommended quality brands, are Sony, Verbatim, Taiyo Yuden.





ဒေါင်းလုပ်ရယူရန်

Convert X to DVD
Continue reading ...

May 23, 2011

Nero Burning Rom 10.5

Unknown | 3:08 PM |

ဒီဆော့ဖ်ဝဲရ် လေးကိုသိပြီးဖြစ်မယ်လို့ထင်ပါတယ်။ Nero ကိုပဲ နှစ်သက်သူများအတွက် ဒီ Nero Burning 10.5 ကိုတင်ပေးလိုက်တာပါ....ဒီဆော့ဖ်ဝဲရ်လေးကတော့ Data, Video, Photo, Audio တို့ကို Burn နိုင်ခြင်းနှင့် BackUp လုပ်ခြင်းစသည်တို့ကို လုပ်ဆောင်နိုင်တဲ့ ဆော့ဖ်ဝဲရ်လေးပဲဖြစ်ပါတယ်....ဒီ Nero Burner ကို သုံးပြုချင်တဲ့သူတွေအတွက် စိတ်ကြိုက်အသုံးပြုလို့ရအောင် Serial Key ပါတခါတည်း ထည့်သွင်းပေးထားပါတယ်... စိတ်ဝင်စားရင် အောက်မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်....။

ဒေါင်းလုပ်ရယူရန်

Nero Burning Rom 10.5
Continue reading ...

May 07, 2011

Ashampoo Burning Studio 10

Unknown | 1:34 PM |


သူငယ်ချင်းများရဲ့ တောင်းဆိုချက်အရ နောက်ဆုံးထွက်ရှိသော Ashampoo Burning software ကိုတင်ပေးလိုက်ပါတယ်...။ REGISTRATION ENTRIES Crack ဖိုင်နှင့်အတူ Keygen ကိုပါတွဲ၍ထည့်ပေးထားပါတယ်...။ပထမဦးစွာ ashampoo_burning_studio 10 10.0.1 .exe ဖိုင်ကိုအရင် အင်စတောလုပ်ပါ ပြီးလျှင် အဲဒီပရိုဂရမ်ဖိုင်ကို ပိတ်လိုက်ပါ...။ ပြီးလျှင် REGISTRATION ENTRIES Crack ဖိုင်ကိုဖွင့်ပါ ပြီးလျှင် မိမိအသုံးပြုသော စက်သည် OS 64 bit system ဆိုလျှင် regx64.reg (64bit)double click ပါ..။ မိမိအသုံးပြုသော စက်သည် OS 32 bit ဆိုလျှင် regx86.reg (32bit) ကို double click ပါ...။ Your unlimited full version is now activated ! အသုံးပြုသူများ နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်...။


ဒေါင်းလုပ်ရယူရန်
Ashampoo Burning Studio 10
Continue reading ...

April 27, 2011

Windows 8 Skin Pack for Windows 7

Unknown | 5:05 PM |


Windows 7 အသုံးပြုသူများအတွက် Windows 8 Ultimate skin pack Theme ဖြစ်ပါတယ်...။ အသုံးပြုနည်းကတော့ windows 8 Skin Pack 1.0.exe ဖိုင်ကို Double Click ၍ instrall လုပ်ပြီး restart လုပ်ပြီးအသုံးပြုနိုင်ပါသည်။ စိတ်ဝင်စားရင် အောက်မှာဒေါင်းလုပ်ရယူနိုင်ပါသည်။ ဒေါင်းလုပ်ရယူရန်
Windows 8 Ultimate skin pack
Continue reading ...

April 13, 2011

သင်္ကြန်ဆိုသည်မှာ

Unknown | 9:47 PM |

သင်္ကြန်.. “သင်္ကန္တ” ဟူသော ပါဠိဘာသာနှင့် “ သကြံင်္န္တ” ဟူသောသက္ကဋဘာတို့မှ ဆင်းသက်လာသော ဝေါဟာရဖြစ်ပြီး ကူးပြောင်းခြင်းဟူသော အဓိပ္ပါယ်ဖြစ်ပါသည်။ တစ်စက္ကန့်၊ တစ်မိနစ်မှ တစ်နာရီ၊ တစ်ရက်၊ တစ်လ စသည်အားဖြင့် ပြောင်းလဲရင့်သန်လာခြင်းသည် ကူးပြောင်းခြင်းပင်ဖြစ်သည်။ တစ်ဆယ့်နှစ်လပြည့်သော် တစ်နှစ်ဟောင်းချိန်ဖြစ်လျက် တစ်နှစ်သစ်ရန်တာဆူရပေမည်။
ထိုသို့ တစ်နှစ်အို၍ တစ်နှစ်ပျိုသည့် ကာလကို ကူးပြောင်းကာလ (သို့မဟုတ်) သင်္ကြန်အတာကာလ ဟုခေါ်တွင်သမုတ်ခဲ့ကြပါသည်။ တန်းခူးလသည် သက္ကရာဇ်ဦးခေါင်းပြောင်းတော့မည့်လ ဖြစ်ရာ နှစ်ဟောင်းမှ အညစ်များသည် နှစ်သစ်သို့ပါလာရန် မသင့်ပေ၊ လူတို့အနေအထားအရဆိုသော် နှစ်ဟောင်းမှ စွန်းထင်းပေကျံလာသော ဒုစရိုက်မှု၊ အပြစ်အညစ်အကြေးများသည် အနာတ်ဂတ်နှစ်ဆန်းသို့ လိုက်ပါလာမှုကို လိုလားကြမည်မဟုတ်ပါ။ ထို့ကြောင့် သင်္ကြန်၏ သဘောသရုပ်ကိုဆန်းစစ်ကြည့်လျှင် နှစ်ဟောင်းမှ မလိုလားအပ်သော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဘ၀အခြေအနေ အရပ်ရပ်ကို သံယောဇဉ်ကင်းကင်းနှင့် စွန့်ပယ်၍ နှစ်သစ်တွင် အားမာန်သစ်များကို ဖွင့်လှစ်လိုက်သော အခါသမယပင်ဖြစ်သည်ဆိုရမည်။ နှစ်ဟောင်းမှအညစ်အထေးမှန်သမျှကို သန့်စင်ကြည်လင်သော သင်္ကြန်ရေနှင့် ဆေးကြောပစ်ခြင်းဖြစ်နှစ်သစ်ကာလအတွက် ရွှင်းလန်းတက်ကြွမှု၊ ချမ်းမြေ့သာယာမှုစသော အလုပ်သုံးပါးတွင် ရှေ့နောက်ကြောင်းကျိုးညီညွတ်မှုသဘောကိုဆောင်ယူလေသည်။
ကူးပြောင်းခြင်းသဘောဆောင်သည့်အတာသင်္ကြန်ကို သင်္ကြန်ပန်းဖြစ်သည့် ပိတောက်ပန်းသည် ပြောင်းလည်းခြင်းကို ကိုယ်စားပြုသည့် သင်္ကေတပန်းဖြစ်လာသည်။ ထို့ကြောင့်ကျနော်တို့တွေသည် ၀င်းဝါသော ပိတောက်ရွှေဝါရိပ်မှာပင် တစ်ဦးနှင့်တစ်ဦး ရေပက်ဖြန်းကစားခဲ့ကြသလို ရေ၏သန့်စင်ခြင်း သဘောက နှစ်ဟောင်းမှ အညစ်အထေးများကို ဆေးကြောရာရောက်သည်။ ရေ၏အေးမြခြင်း သဘောက နှစ်သစ်ကို မေတ္တာဖြင့် ကြိုလိုက်သည့်နိမိတ်ဖြစ်သည်။

ဝေးနေရအုံးမယ် သင်္ကြန်ရေ....
လွမ်းတမ်းတနေရုံမှ အပ ဘာမှ မတတ်နိုင်ခဲ့တဲ့နေ့တွေပါ...။

ပြည့်စုံ
Continue reading ...

March 23, 2011

Adobe Acrobat X Pro 10.0.2 Full + KeyGen

Unknown | 8:34 PM |




Adobe Acrobat X Pro
• Combine files from multiple applications
• Automate routine, multistep tasks into a guided Action
• Streamline online document reviews
• Collect data with fillable PDF forms
• Protect PDF files and documents

သူငယ်ချင်းများအားလုံး ဘယ်လိုအသုံးပြုရမယ်ဆိုတာကို အားလုံးသိပြီးကြမယ်လို့ထင်ပါတယ်။ ဒီ့အတွက်ကြောင့် အထူးတလည် ရှင်းပြရန်မလိုဘူးလို့ထင်ပါတယ်။ Adobe Acrobat X Pro 10.0.2 ကို Full Version အဖြစ်အသုံးပြုနိုင်ရန်အတွက် KeyGen နဲ့အတူတင်ပေးလိုက်ပါတယ်။ ဒေါင်းလုပ်ရလွယ်ကူစေရန် ဒါရိုက်လင့်နဲ့တင်ပေးထားပါတယ်။ အားလုံးအဆင်ပြေကြပါစေ။

ဒေါင်းလုပ်ရယူရန်
Adobe Acrobat X Pro 10.0.2 Full + KeyGen


Continue reading ...

March 14, 2011

Microsoft Office Professional Plus 2010 ( 32 / 64 bits)

Unknown | 6:08 PM |




သူငယ်ချင်းများ အားလုံးအတွက် Microsoft Office Professional Plus 2010 OS 32 bit and 64 bit ကို သူငယ်ချင်းများအားလုံး အဆင်ပြေအောင် Direct Link လေးနဲ့ ဒေါင်းလုပ်ရလွယ်အောင်တင်ပေးထားပါတယ်။ KMS Activator ကို အသုံးပြုပြီး Full Version အဖြစ် အသုံးပြုနိုင်ပါတယ်။ MS Office 2003 / 2007 တွေအသုံးပြုနေသူများအနေနဲ့ နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်…။ KMS Activator ကိုအသုံးမပြုခင် မိမိဖွင့်ထားသော Miscrosoft office ပိတ်လိုက်ပါ နောက်ပြီး Virus Program ကို Disable လုပ်ပြီးမှ Activator ကိုအင်စတောလုပ်ပါ….။ အားလုံးအဆင်ပြေကြပါစေ...။


ဒေါင်းလုပ်ရယူရန်.....

Microsoft office professional plus 2010 for OS x 32 bit

Microsoft office professional plus 2010 for OS x 64 bit

MS office Full version actvitor with serial
Continue reading ...

March 10, 2011

Windows 7 manager Final

Unknown | 8:33 PM |




Windows 7 manager ကိုဘာတွက် သုံးလဲဆိုရင် သူ့ကိုတင်ထားတာနဲ့ အခြား နောက်ထပ် စက်ကို Optimize လုပ်ပေးတဲ့ Tuneup Utility တို့ CC Cleaner စသည့်မည်သည့် Utility တို့တင်စရာမလိုတော့ပါဘူး။ ဒါကြောင့် သူ့ကို All –in-One လို့လဲ ခေါ်လို့ရပါတယ်။ စက်ကိုလဲ သိသိသာသာမြန်လာစေပါတယ်...။ ကျန်တာကတော့ သုံးကြည့်လိုက်ရင် ပိုသိလာပါလိုက်
မယ်...။ Windows 7 Manager ၂မျိုးထွက်ပါတယ်..ကျနော်တို့ Window 7 စတင်တုန်းက Operating System 32 bit /64 bit ဆိုပြီး နှစ်ခုထဲက တခုဆီရွေးတင်ကြပါတယ်..။ သူ့အတွက်လဲ ၂မျိုးရှိပါတယ်...သူ့ကို Windows အတိုင်းအင်စတောလုပ်ရပါမယ်..ကိုယ့်ရဲ့စက်က 64 bit သမားဆို ကျနော်တင်ပေးထားတဲ့ 64 bit ဆိုတာလေးကို သုံးရပါမယ်..ကိုယ့်ရဲ့ စက်က 32 bit Operating System ဆိုရင် 32 bit ကို သုံးပါ...။ Keygen ရော Serial Key ပါထည့်ပေးထားပါတယ်... အားလုံး အဆင်ပြေကြပါစေ...။

File Size - 12.1 MB
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub