February 12, 2014

Where's My Refund ?

Unknown | 11:05 AM | |
(ဓါတ်ပုံအကြီးကြည့်ရှုရန် ပုံကိုကလစ်လိုက်ပါ )
တစ်နှစ်တစ်ကြိမ် မိမိပေးဆောင်ထားသော အခွန်ငွေများအား လျှောက်ထားပြီးနောက် ဘယ်တော့ရမည်ဆိုတာကို အစိုးရ၀က်ဆိုဒ် အင်တာနက်စာမျက်နှာတွင် ကြည့်ရှုခြင်းဖြစ်ပါတယ်။ (USA Only ) ဤသို့ကြည့်ရှုနိုင်ရန်အတွက် မိမိလျှောက်သည့် နေ့မှစ၍ ၇၂ နာရီကျော်လွန်မှ ချက်ကြည့်၍ရမည်ဖြစ်ပါသည်။ တခါတရံ တပါတ်(၇)ရက်ပြည့်မှချက်ကြည့်နိုင်ပါသည်။… ပထမအဆင့်အနေနဲ့ ပေးထားသောလင့်ခ်ကို ကလစ်လိုက်ပါ www.IRS.gov ပြီးလျှင် OK ကိုကလစ်လိုက်ပါ... ပုံတွက်ပြထားသည့်အတိုင်း မိမိ၏ ဆိုရှယ်နံပါတ်(SSN) ရိုက်ထည့်လိုက်ပါ ပြီးလျှင် မိမိလျှောက်ထားသည့်အတိုင်း တစ်ယောက်တည်း (Single) ဆိုလျှင် Single နေရာမှာ ကလစ်ပါ အိမ်ထောင်သည် (Married ) ဆိုလျှင် Married-Filing Joint Return ဆိုပြီးကလစ်ပါ… ပြီးလျှင် အခွန်သွားလျှောက်တုန်းက မိမိဘယ်လောက်ရမည်ဆိုတာ အတိအကျကို Refund Amount ဆိုတဲ့နေရာ $ --- မှာ မိမိရမည့် ငွေပမာဏကို ရိုက်ထည့်ပါ… ပြီးလျှင် Submit ကိုကလစ်လိုက်ပါ..။ ( အကယ်၍ မိမိရမည့် ငွေပမာဏ မမှန်ကန်ပါက ဘယ်တော့ရမည်ဆိုတာကို ကြည့်၍ မရနိုင်ပါ…)



ပုံတွင်ပြထားသည့်အတိုင်း မိမိကိုဘယ်ရက် လွှဲပေးမည်ဆိုတာရယ် လွှဲပေးမည့်ရက်မရလျှင် ဒုတိယသူပြထားသည့်ရက် (၅)ရက်အတွင်း မတိုင်ခင် ဆက်သွယ်မေးမြန်းရမည်ဖြစ်ပါသည်။

ဖုန်းဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်… ဆက်သွယ်ရန်ဖုန်းနံပါတ် - (800) 829-1040 အသေးစိတ်ကြည့်ရှုလိုပါက ဤနေကိုကလစ်ပါ Click here

အစစအဆင်ပြေနိုင်ကြပါစေ….
ပြည့်စုံ (ဝေါသားလေး)
Continue reading ...

January 09, 2014

သိထားရမည့် ObamaCare

Unknown | 11:50 AM | |

ကမ္ဘာသစ် (kabarthit.com)®  လူမှုစီးပွား မီဒီယာမှ ကူးယူဖော်ပြပါသည်။   
 
သမ္မတ အိုဘာမား တက်လာပြီးနောက် အမေရိကန် ပြည်ထောင်စုတွင် လူပြောအများဆုံးနှင့် ပြဿနာအဖြစ်ဆုံး ကိစ္စတစ်ခုမှာ Obama-care ဟု ခေါ်သည့် စနစ်သစ်ကျန်းမာရေးအာမခံဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိသော မြန်မာတိုင်းရင်းသားများလည်း Obamacare အကြောင်း ခြုံငုံ သိထားသင့်ပါသည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကျင့်သုံးမည့် ၎င်းအက်ဥပဒေအရ ကျန်းမာရေး အာမခံ မရှိသူများသည် ၂၀၁၅ ခုနှစ် ဧပြီလ အခွန်ဆောင်ချိန်တွင် ဒဏ်ငွေအတပ်ခံရပါမည်။
ထို့ကြောင့်၊ အရေးကြီးသော အချက်များကို အများနားလည်စေရန် လိုရင်းတိုရှင်း တင်ပြသွားပါမည်။
အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမား (အလယ်) ၂၀၁၀ ခုနှစ် မတ်လ ၂၃ ရက်နေ့က ဝါရှင်တန် ဒီစီရှိ အိမ်ဖြူတော်တွင် အမေရိကအတွက် သက်သာသော ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို လက်မှတ် ရေးထိုး အတည်ပြုနေပုံ ဖြစ်ပါသည်။


Obamacare ဆိုတာ ဘာလဲ?
သမ္မတ အိုဘားမားက ၂၀၁၀ ခုနှစ်တွင် 'လူမမာ ကာကွယ်စောင့်ရှောက်ရေးနှင့် သက်သာသော ပြုစုကုသမှု အက်ဥပဒေ' (Patient Protection and Affordable Care Act.) ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါသည်။ သမ္မတအမည်ကို အစွဲပြု၍ Obamacare ဟုသာ လူသိများပါသည်။
ဘယ်လို အာမခံ အစီအစဉ်တွေလဲ?
ကျန်းမာရေး အာမခံ အစီအစဉ်သစ်များကို အချို့ ပြည်နယ်များတွင် ပြည်ထောင်စု ဗဟိုအစိုးရက လုပ်ဆောင်ပေးကာ အချို့ပြည်နယ်များတွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရ (အုပ်ချုပ်ရေးအဖွဲ့) က လုပ်ဆောင်မည် ဖြစ်သည်။
မြန်မာပြည်မှလာသူ အများဆုံးနေထိုင်သည့် ပြည်နယ်များအနက် ကယ်လီဖိုးနီးယား၊ နယူးယောက်၊ မေရီလင်း၊ နီဗားဒါး စသည်တို့တွင် ပြည်နယ်အစိုးရကလည်းကောင်း၊ အင်ဒီယာနာ၊ ဗာဂျီးနီးယား၊ ဖလော်ရီဒါ စသည်တို့တွင် ဗဟိုအစိုးရကလည်းကောင်း တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။
ထို့ကြောင့်၊ ပေးဆောင်ရမည့် အာမခံ လစဉ်ကြေးနှင့် အိတ်စိုက်ကုန်ကျငွေတို့သည် ပြည်နယ် တစ်ခုနှင့် တစ်ခု၊ လူတစ်ဦးနှင့်တစ်ဦး တူညီမည် မဟုတ်ပါ။
အာမခံအစီအစဉ်မှာ ဘာတွေ ပါဝင်သလဲ?
အာမခံအစီအစဉ်အားလုံးတွင် မပါမနေရ ပါဝင်သည့် ကုသစောင့်ရှောက်မှုများမှာ-
  • အရေးပေါ်ကုသမှု၊
  • ဆေးရုံတက်၍ အတွင်းလူနာ ကုသမှု ခံယူခြင်း၊
  • ဆရာဝန်ညွှန်ကြားသည့် ဆေးများ ဝယ်ယူအသုံးပြုခြင်း
  • ကိုယ်ဝန်ဆောင်နှင့် မွေးစကလေး ပြုစုစောင့်ရှောက်ခြင်း၊
  • ဓာတ်ခွဲခန်း စမ်းသပ်စစ်ဆေးခြင်းများ၊
  • ရောဂါကာကွယ်ရေးနှင့် နာတာရှည်ရောဂါကုသခြင်း၊ -စသည်တို့ ဖြစ်ပါသည်။
ယခင် ကျင့်သုံးနေသော ကျန်းမာရေးအာမခံစနစ်များကဲ့သို့ ရောဂါရှိပြီးသား လူများအတွက် နှုန်းထားပို၍ တောင်းခံခြင်း၊ ကျားမခွဲခြား၍ နှုန်းထား သတ်မှတ်ခြင်းမျိုးကို ခွင့်မပြုပါ။ ဥပမာ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ ရှိနေသူတစ်ဦးသည် Obamacare အစီအစဉ်တွင် ရောဂါမရှိ ကျန်းမာသူများနှင့် တန်းတူ သတ်မှတ်နှုန်းထားကိုသာ ပေးဆောင်ရမည် ဖြစ်သည်။
သို့သော်၊ ဆေးလိပ်သောက်သူများအား နှုန်းထားပိုမို ကောက်ခံခြင်းကို ခွင့်ပြုပါသည်။
အစီအစဉ်ပုံစံများ
Obamacare အစီအစဉ်တွင် ပုံစံ ၅ မျိုး ခွဲခြားထားသည်။
ပေးဆောင်ရမည့် လစဉ်အာမခံကြေးနှင့် အိတ်စိုက်ကုန်ကျငွေတို့ပေါ်မူတည်၍ Bronze (ကြေး)၊ Silver (ငွေ)၊ Gold (ရွှေ)၊ Platinum (ပလက်တီနမ်) နှင့် Catastrophic (ဘေးဒုက္ခအဆင့်) ဟု ခွဲခြားထားသည်။
ယေဘုယျအားဖြင့် လစဉ်ကြေးနည်းလျှင် ဆရာဝန်ပြခ၊ ကုသစရိတ်၊ ဆေးဖိုးဝါးခတို့ များမည်၊ လစဉ်ကြေး များလျှင် အခြားစရိတ်စကများ နည်းမည် ဖြစ်သည်။ ထို့ကြောင့် မိမိ၏ မိသားစု ကျန်းမာရေး အခြေအနေပေါ် မူတည်ကာ မိမိ၏ ဝင်ငွေနှင့် သင့်လျော်ကိုက်ညီမည့် ပုံစံကို ရွေးချယ်ရမည် ဖြစ်ပါသည်။
အစီအစဉ်ပုံစံ ရွေးချယ်ရာတွင် အခမဲ့ အကြံဉာဏ်ပေး ကူညီမည့်ဝန်ထမ်းများ ရှိပါသည်။ မိမိ၏ ပြည်နယ်၊ နေထိုင်ရာဒေသအလိုက် ဆက်သွယ်တိုင်ပင်နိုင်ပါသည်။
လက်ရှိ ကျန်းမာရေးအာမခံ ရှိသူနှင့် မရှိသူ
အချို့သူများသည် မိမိ၏ အလုပ်လုပ်သော ကုမ္ပဏီ၊ ရုံးဌာနတို့မှ ကျန်းမာရေး အာမခံစနစ်တွင် ပါဝင်ထားသည်။ အချို့ကလည်း မိမိဖာသာ သင့်လျော်ရာ ကျန်းမာရေးအာမခံ တစ်ခုခုကို ဝယ်ယူ ပါဝင်ထားပြီး ဖြစ်နေပါမည်။ ထိုသူများအနေနှင့် Obamacare အစီအစဉ်အတွက် အထူးအထွေ ထပ်မံ လုပ်ဆောင်စရာ မလိုတော့ပါ။
ထို့အတူ၊ ဝင်ငွေနည်းသူများအတွက် အစိုးရ၏ ယခင် အစီအစဉ်များဖြစ်သော Medicare, Medicaid, Medi-Cal, CHIP စသည်တို့တွင် ပါဝင်နေသူများသည်လည်း ဘာမှ လုပ်ဆောင်ရမည် မဟုတ်ပါ။
သို့သော်၊ ကျန်းမာရေး အာမခံမရှိသော ယာယီအလုပ်၊ နာရီစား အလုပ် လုပ်ကိုင်နေသူများ၊ ဆူရှီးလုပ်ငန်းကဲ့သို့ အသေးစား ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများသည် ကျန်းမာရေး အာမခံ အစီအစဉ် ပုံစံ ၅ မျိုး အနက်မှ တစ်ခုခုတွင် စာရင်းသွင်း ပါဝင်ရမည် ဖြစ်သည်။
တစ်နှစ်ထက်တစ်နှစ်တိုးမည့် ဒဏ်ငွေ
၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်ကို နောက်ဆုံးထား၍ မည်သည့် ကျန်းမာရေး အာမခံစနစ်တွင်မှ ပါဝင်မထားသူများသည် ယခုအက်ဥပဒေအရ ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်သည်။
၂၀၁၅ ခုနှစ် ဧပြီလ အခွန်အစီရင်ခံစာ တင်သွင်းရာတွင် လူကြီး တစ်ဦးလျှင် ၉၅ ဒေါ်လာ၊ ကလေးတစ်ဦးလျှင် ၄၇.၅၀ ဒေါ်လာ၊ အိမ်ထောင်စုတစ်ခုလျှင် အများဆုံး ၂၈၅ ဒေါ်လာအထိ ဖြစ်စေ၊ အိမ်ထောင်စု ဝင်ငွေ၏ ၁ ရာခိုင်နှုန်း ဖြစ်စေ များရာနှုန်းထားကို ပေးဆောင်ရမည်။ ဒဏ်ငွေ ပမာဏသည် ကုန်ကျစရိတ်အနည်းဆုံး ဖြစ်သော Bronze ၏ တစ်နှစ်စာ နှုန်းထားနှင့် အတူတူ ဖြစ်သည်။
ဒဏ်ငွေသည် တစ်နှစ်ပြီးတစ်နှစ် တိုးမည်ဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် အိမ်ထောင်စုဝင်ငွေ၏ ၂ ရာခိုင်နှုန်း သို့မဟုတ် လူကြီး တစ်ဦးလျှင် ၃၂၅ ဒေါ်လာ၊ ၂၀၁၆ ခုနှစ်တွင် အိမ်ထောင်စုဝင်ငွေ၏ ၂.၅ ရာခိုင်နှုန်း သို့မဟုတ် တစ်ဦးလျှင် ၆၉၅ ဒေါ်လာ ဆောင်ရမည် ဖြစ်သည်။
ဒဏ်ငွေ ကင်းလွတ်ခွင့်
အမေရိကန်နိုင်ငံတွင် အချို့လူများသည် အစိုးရ၏ Medicaid အစီအစဉ်အတွက် သတ်မှတ်ဝင်ငွေထက် များနေသော်လည်း အနည်းဆုံး ကျန်းမာရေး အာမခံကြေး မတတ်နိုင်သူများ ရှိပါသည်။ စနစ်သစ် Obamacare ကျန်းမာရေးအာမခံတွင် မပါဝင်နိုင်သော်လည်း ဒဏ်ငွေ ကင်းလွတ်ခွင့် ရရှိနိုင်ပါသည်။
ဒဏ်ငွေ ကင်းလွတ်ခွင့် လျှောက်ထားနိုင်သည့် အချက်အလက်အချို့မှာ-
  •  အနိမ့်ဆုံး သတ်မှတ်ထားသော ကျန်းမာရေး အာမခံပုံစံ (ဥပမာ၊ Bronze) သည် အိမ်ထောင်စု တစ်ခုလုံး၏ ဝင်ငွေစုစုပေါင်း၏ ၈ ရာခိုင်နှုန်းထက် များနေလျှင်၊
  • မိမိ၏ ဝင်ငွေသည် အခွန်ပေးဆောင်နိုင်သော ပမာဏမရှိပဲ အလွန်နည်းပါးသဖြင့် နှစ်ပတ်လည် အခွန်အစီရင်ခံစာ (tax return) တင်သွင်းခြင်း မရှိလျှင်၊
  • လွန်ခဲ့သော ၂၄ လအတွင်း မပေးဆောင်နိုင်သော ဆေးကုသစရိတ်များ ရှိနေခဲ့လျှင်၊
  • လျှပ်စစ်၊ ဂက်စ်စသည့် စွမ်းအင်ပေးဆောင်ရေး ကုမ္ပဏီများမှ ဓာတ်အား ဖြတ်တောက်ရန် သတိပေးစာ ရရှိထားလျှင်၊
  • လွန်ခဲ့သော ၆ လအတွင်း နေထိုင်ရာ အိမ်၊ အိမ်ခန်းတို့မှ နှင်ထုတ် ဖယ်ရှားခံထားရလျှင်၊ သို့မဟုတ်၊ မိမိ၏ အိမ်ကို သိမ်းယူခံရမည့် အခြေအနေ၊ အိမ်မှ နှင်ထုတ်ခံရမည့် အခြေအနေတို့နှင့် ရင်ဆိုင် ကြုံတွေ့နေရလျှင်၊
  • မိသားစုဝင်များထဲမှ နာမကျန်းသူ၊ မသန်စွမ်းသူ၊ အသက်ကြီးအိုမင်းသူများကို ပြုစုစောင့်ရှောက်နေရသဖြင့် ကုန်ကျစရိတ်များပြားနေလျှင်၊
  • မကြာခင်က မိသားစု အရင်းအချာ ကွယ်လွန်ထားလျှင်၊
-ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပါသည်။
အထက်တွင် ဖော်ပြထားသည်မှာ အပြည့်အစုံမဟုတ်ပဲ အချို့ကိုသာ ကောက်နုတ်ထားခြင်းဖြစ်သည်။
အကြံပေးချက်
အမေရိကန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများအနေဖြင့်၊ မိမိ၏ အလုပ်မှ ကျန်းမာရေး အာမခံထားရှိလျှင် ဖြစ်စေ၊ အစိုးရ၏ Medicare, Medicaid, Medi-Cal, CHIP အစီအစဉ်တစ်ခုခုတွင် ပါဝင်နေလျှင် ဖြစ်စေ ဘာမျှ လုပ်ဆောင်ရန်မလိုပါ။
သို့သော်၊ ကျန်းမာရေးအာမခံ၊ benefit မရှိသည့် နာရီစား၊ ယာယီအလုပ်၊ ကိုယ်ပိုင် အသေးစား လုပ်ငန်းမျိုး လုပ်ကိုင်နေလျှင် Obamacare အစီအစဉ် တစ်ခုခုကို ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့ မတိုင်မီ စာရင်းသွင်း ပါဝင်ရန် အရေးကြီးပါသည်။
စာရင်းသွင်းနည်း လေးမျိုး
Obamacare အစီအစဉ်တွင် ပါဝင်ရန် အစိုးရ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.healthcare.gov တွင် သွားရောက် လေ့လာ ကြည့်သင့်ပါသည်။
စာရင်းပေးနိုင်သော နည်း ၄ မျိုးမှာ-
၁။ အင်တာနက် ဝက်ဘ်ဆိုက်မှ အွန်လိုင်း
၂။ တယ်လီဖုန်း (1-800-318-2596 / TTY: 1-855-889-4325)
၃။ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေး စာရင်းပေးခြင်း၊
၎။ လျှောက်လွှာပုံစံ ဖြည့်စွက်၍ စာတိုက်မှ ပေးပို့ခြင်း- တို့ ဖြစ်ကြသည်။
Obamacare နှင့်ပတ်သက်၍ သေသေချာချာ ရှင်းလင်းစွာ သဘောမပေါက်သူများသည် နံပတ် ၃ ဖြစ်သည့် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးပြီး အသင့်တော်ဆုံးကို ရွေးချယ်လုပ်ဆောင်ခြင်းသည် အကောင်းဆုံး ဖြစ်မည်ဟု အကြံပေးလိုပါသည်။
www.healthcare.gov တွင် မိမိ၏မြို့နှင့် ပြည်နယ် သို့မဟုတ် ဇစ် စာပို့သင်္ကေတတို့ဖြင့် အနီးဆုံး ဆွေးနွေးတိုင်ပင်နိုင်သော ဌာနကို လမ်းညွှန်ပေးပါမည်။

☎ မြန်မာဘာသာဖြင့် ဆက်သွယ်စုံစမ်းနိုင်သော အခမဲ့ဖုန်းနံပါတ်မှာ- 1-800-318-2596

မြန်မာဘာသာဖြင့် ရှင်းလင်းချက်ရနိုင်
အစိုးရ၏တရားဝင် ဝက်ဘ်ဆိုက်တွင် မြန်မာဘာသာဖြင့် ရှင်းလင်းချက်ကို ရယူနိုင်ပါသည်။
သတိပြုရန်- မြန်မာများ နားလည်အောင် ရှင်းပြထားသော နမူနာပုံစံသာ ဖြစ်၍ ၎င်းအပေါ်တွင် ဖြည့်စွက်ရမည် မဟုတ်ပါ။ နမူနာကြည့်ကာ အင်္ဂလိပ်ဘာသာ ပုံစံကိုသာ ဖြည့်စွက် တင်သွင်းရပါမည်။

ကမ္ဘာသစ် ’ (kabarthit.com)®  လူမှုစီးပွား မီဒီယာမှ ကူးယူဖော်ပြပါသည်။
Continue reading ...

December 29, 2013

၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရရှိကြသူများ

Unknown | 10:31 AM | |


မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများမှာ-

(၁) ၂၀၁၂ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်အသံဆု တိုနီလင်း (ကယန်းအလှဇာတ်ကား) 

(၂) ၂၀၁၂ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု ဦးဝင်းကို (အမွေခံထိုက်သူဇာတ်ကား) 

(၃) ၂၀၁၂ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု ဇော်မင်း (ဟံသာမြေ) (ဥဇာတ်ကား) 

(၄) ၂၀၁၂ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု ဒါရိုက်တာ အောင်ကိုလတ် (ကယန်းအလှ ဇာတ်ကား) 

(၅) ၂၀၁၂ခုနှစ်အတွက် အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု (အထူးဆု) ယွန်းယွန်း (တိမ်မင်းသမီးရဲ့ ဒိုင်ယာရီ ဇာတ်ကား) 

(၆) ၂၀၁၂ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု ပြေတီဦး (လက်ပံဇာတ်ကား) 

(၇) ၂၀၁၂ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ချောရတနာ (ဥဇာတ်ကား) 

(၈) ၂၀၁၂ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ဖွေးဖွေး (လက်ပံဇာတ်ကား) 

(၉) ၂၀၁၂ခုနှစ်အတွက် အကောင်းဆုံး ဒါရိုက်တာဆု ကိုဇော်(အာရုဏ်ဦး) (ဥဇာတ်ကား)

http://www.allmyanmarmovie.com/ceremony_player.php?ftype=1&Mfile=2012.rss&y=2012

Continue reading ...

December 30, 2012

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရရှိကြသူများ

Unknown | 3:37 PM | | |
၁။ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု - နောင်နောင် (ထာဝရ အလင်းတန်းများ)
၂။ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု - မယ်လိုဒီ (ထာဝရ အလင်းတန်းများ)
၃။ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု - မော့စ် (ထာဝရ အလင်းတန်းများ)
၎။ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု - ချစ်စနိုးဦး (ရင်ကွဲနာ)
၅။ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု - ထာဝရ အလင်းတန်းများ
၆။ အကောင်းဆုံး ရုပ်ရှင်ဓါတ်ပုံဆု - တင်ဆန်း (ပန်းကြာဝတ်မှုန်)
၇။ အကောင်းဆုံး တည်းဖြတ်ဆု - ဟိန်းထက် (ထာဝရ အလင်းတန်းများ)
၈။ အကောင်းဆုံး ရုပ်ရှင် တေးဂီတဆု - ဇော်မျိုးထွဋ် (ထာဝရ အလင်းတန်းများ)
၉။ အကောင်းဆုံး ဇာတ်ညွှန်းဆု - မြင့်အောင်၊ စိုးကျော်ဆန်း (ထာဝရ အလင်းတန်းများ)
၁၀။ အကောင်းဆုံး ရုပ်ရှင်အသံဆု - ဆန်းဦး (ပန်းကြာဝတ်မှုန်)
၁၁။ အကောင်းဆုံး ဒါရိုက်တာဆု - ထွန်းအောင်ဇော် (ထာဝရ အလင်းတန်းများ)

ဆက်လက်ကြည့်ရှုရန်....

Continue reading ...

July 23, 2012

Iron Cross (IC) Show in USA

Unknown | 5:15 PM | |
လေးဖြူ ၊ အငဲ ၊ မျိုးကြီး ၊ ၀ိုင်ဝိုင်း ၊ D လွန်း တို့ပါဝင်သော...
Iron Cross (IC) State Show တက္ကဆပ်ပြည်နယ် ဒန်တွန်မြို့တွင် August 18 (စနေနေ့) 2012 ညနေ 6:30 pm ကျင်းပမှာဖြစ်ပါတယ်...။
ဝင်ကြေးက $ 50, $ 60, $ 80 ဖြစ်ပါတယ်...။ August 4 ရက်နေ့မတိုင်မီ လက်မှတ် ၀ယ်ယူသူများအတွက် $ 10 လျှော့ပေးမည်လို့တော့ ရေးထားတာပဲ ဒါပေမယ့် အတိအကျတော့ မသိပါဘူး ပေးထားသော ဖုန်းနံပါတ် အတိုင်း ဆက်သွယ်မေးမြန်နိုင်ပါတယ်..။

ကျင်းပမည့် နေရာလိပ်စာကတော့
University of North Texas, Denton
1401 W. Hickory Street
Denton, TX 76201
Continue reading ...

June 16, 2012

နိုဘဲလ်ငြိမ်းချမ်းရေးဆုပေးပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်

Unknown | 2:15 PM | | | |


ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဖြတ်သန်းမှု ပုံရိပ်လွှာမှတ်တမ်း ရုပ်သံ




Ref; Kanal von peacerunning
Continue reading ...

June 13, 2012

ရခိုင်ပြည်နယ်၏ နောက်ဆုံးအခြေအနေ

Unknown | 6:13 PM | | |
ကြံ့ဖွံ့စစ်အစိုးရ၏ လုံခြုံရေးအားနည်းမှုကြောင့် ဆူပူအကြမ်းဖက်မှုဖြစ်ပွားပြီး မီးလောင်ပြာကျ သေဆုံးဒဏ်ရာရ ဒုက္ခသည်ဖြစ်ကြရသည့် ရခိုင်ပြည်နယ် နောက်ဆုံးအခြေအနေ (၁၃-၆-၂၀၁၂)




ရခိုင် ပြည်နယ် က အကြမ်း ဖက်မှုတွေမှာ ၄ ရက်အတွင်း လူ၂၁ ဦးသေ ၂၁ ဦးဒဏ် ရာပြီး အိမ်ခြေ ၁၆၀၀ ကျော် ပျက်စီး ခဲ့တယ်လို့ အစိုးရ က သတင်းထုတ်ပြန်ခဲ့ပါတယ်...။

Ref; DVB News
Continue reading ...

June 09, 2012

ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်းခရီးစဉ်

Unknown | 9:27 AM | | |


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မယ်လဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့အကြောင်း ကရင်ဘာသာနဲ့ ထုတ်လွှင့်ချက်တွေကို မြန်မာဘာသာ စာတန်းထိုး တင်ပြထားပါတယ်။

Ref: RFA News
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub