December 26, 2015

Microsoft Office Professional Plus 2016

Unknown | 7:18 PM | |
2016 Happy New Year ! ! ! သူငယ်ချင်းများ အားလုံးအတွက် Microsoft Office Professional Plus 2016 OS 32 bit and 64 bit ကို သူငယ်ချင်းများအားလုံး အဆင်ပြေအောင် Direct Link လေးနဲ့ ဒေါင်းလုပ်ရလွယ်အောင်တင်ပေးထားပါတယ်။ KMS Activator ကို အသုံးပြုပြီး Full Version အဖြစ် အသုံးပြုနိုင်ပါတယ်။ MS Office 2010 / 2013 တွေအသုံးပြုနေသူများအနေနဲ့ နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်…။ KMS Activator ကိုအသုံးမပြုခင် မိမိဖွင့်ထားသော Miscrosoft office ပိတ်လိုက်ပါ နောက်ပြီး Virus Program ကို Disable လုပ်ပြီးမှ Activator ကိုအင်စတောလုပ်ပါ….။ အားလုံးအဆင်ပြေကြပါစေ...။




ဒေါင်းလုပ်ရယူရန် လင့်ခ်


Microsoft office professional plus 2016 Link 1
 
Microsoft office professional plus 2016 Link 2



MS office Full version KMS actvitor

ပြည့်စုံ (ဝေါသားလေး)
Continue reading ...

August 16, 2015

iOS 8+ အတွက် Speech Text

Unknown | 10:00 AM | |
iOS 8 နှင့်အထက်တွင် web Browser သို့မဟုတ် eBook, Note အစရှိသည်တို့မှ စာသား၊ စာပိုဒ်များကို selection ရွေးချယ်ပြီး အသံထွက် ဖတ်ပြသည့် Text speech လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်....

လူသိနည်းလှသည့် အဆိုပါလုပ်ဆောင် ချက်ကို မိမိ၏ iOS 8 device တွင် အသုံးပြုနည်းကို လွယ်ကူ ရှင်းလင်းစွာ ဖော်ပြပေးလိုက်ပါတယ်...

အောက်ပါ ပုံများအတိုင်း တစ်ဆင့်ခြင်း လုပ်ဆောင်သွားပါ။

ပထမဦးစွာ Home screen ရှိ Settings သို့ ဝင်ရောက်ပါ... 




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 
Credit to - မိုးသိကြား 

မိတ်ဆွေသူငယ်ချင်းများ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ...

 
ပြည့်စုံ(ဝေါသားလေး)

Continue reading ...

October 05, 2014

iPad နဲ့ iPodTouch ကနေ ဖုန်းခေါ်ရအောင်..

Unknown | 5:28 PM | |

iOS 8 မှာ ထူးထူးခြားခြား ပါဝင်လာတဲ့ လုပ်ဆောင်ချက် တစ်ခုကတော့ iPad, iPodTouch တို့ကနေ တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်ခြင်း၊ ပြန်လည် ဖြေကြားခြင်းတို့ကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်.. 

ဧည့်ခန်းထဲမှာ iPad နှင့် စာဖတ်နေခြင်း၊ တစ်ခုခုပြုလုပ်နေခြင်း စသည့်အချိန်များတွင် အိပ်ခန်းတွင်း ကျန်ခဲ့သော မိမိ၏ဖုန်း ခေါ်လာပါက ထိုင်ရာကနေ မထပဲ iPad ကနေ ပြန်လည် ဖြေကြားနိုင်သလို တိုက်ရိုက်လည်း ဖုန်းခေါ်ဆိုနိုင်ပါတယ်... 

ယခုလုပ်ဆောင်ချက်ကို iOS 8 နှင့် Mac OS X Yosemite တို့မှာ အသုံးပြုနိုင်ပြီး iPad, iPodTouch တွင်သာမက Mac computer များမှာပါ လုပ်ဆောင်နိုင်ပါတယ်။ 
သို့သော် iOS device များမှာတော့ ကန့်သတ်ချက် ရှိနေပြီး iOS 8 တင်ထားတိုင်းတော့ ယခုလို လုပ်ဆောင်ချက်မျိုးကို လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ 

Device နှစ်ခုစလုံးကို iOS 8 နှင့် အထက် သွင်းထားဖို့ လိုအပ်ပြီး အောက်ဖော်ပြပါ Device များတွင်သာ အပြန်အလှန် ချိပ်ဆက်၍ အလုပ်လုပ်နိုင်ပါလိမ့်မည်။ 

Hardware Requirements 

  • iPhone 5, iPhone 5c, iPhone 5s, iPhone 6, iPhone 6 Plus
  • iPad (4th generation), iPad Air, iPad Mini, iPad Mini (Retina Display)
  • iPodTouch (5th generation)


iPad, iPodTouch တို့မှ Receive, Call လုပ်နိုင်ဖို့ Setting မှာလည်း ပြောင်လဲလုပ်ဆောင် ပေးထားရပါလိမ့်မယ်။ 

၁) Device နှစ်ခုစလုံး Wi-Fi လိုင်းတစ်ခုထဲ အတူတူချိပ်ဆက်ထားရပါ။ 

၂) Device နှစ်ခုစလုံးတွင် Settings > FaceTime မှာ Apple ID အတူတူ Sin In လုပ်ထားပါ။ 

၃) Device နှစ်ခုစလုံးတွင် Settings > FaceTime > iPhone Cellular Calls ကို "ON" ထားပါ။ 

၎) Device နှစ်ခုစလုံးတွင် Settings > iCloud မှာ Apple ID အတူတူ Sin In လုပ်ထားပါ။ 

၅) iPhone တွင် Settings > Phone >Wi-Fi Calling ကို "OFF" ထားပါ။ 

မှတ်ချက်။ ။ (မိမိဖုန်းလိုင်းက Wi-Fi Calling ကို support မလုပ်ပါက အဆင့် ၄ ထိပင် လုံလောက်ပါသည်)

အခုဆိုရင် iPad, iPodTouch တို့မှနေ၍ ဖုန်းခေါ်ဆို၊ လက်ခံဖို့ အဆင်သင့် ဖြစ်သွားပါပြီ။ ဖုန်းခေါ်ဆိုသည့်အခါ " Contacts, Calendar, Safari" တို့ထဲမှ ဖုန်းနံပါတ်ကို နှိပ်ပြီး ခေါ်ဆိုနိုင်ပါတယ်။ 






ယခုဖော်ပြပါနည်းအတိုင်း "iMessage" တွင် Sign In အတူတူ ဝင်ထားခြင်းဖြင့်လည်း iPad, iPodTouch တို့မှ SMS, MMS တို့ကိုလည်း ပေးပို့ ရယူနိုင်မှာ ဖြစ်ပါတယ်။ 

Credit to - မိုးသိကြား   


Continue reading ...

August 27, 2014

iPhone 5 များ၏ Battery ကိုပြန်လည်လဲလှယ်တပ်ဆင်ပေးသည့်အစီအစဉ်အား Apple ပြုလုပ်ပေးမည်

Unknown | 7:20 PM | | |


စက်တင်ဘာလ ၂၀၁၂ မှ ဇန်န၀ါရီ ၂၀၁၃ အတွင်းရောင်းချခဲ့တဲ့ iPhone 5 တွေရဲ့ Battery များမှာ ဘက်ထရီအားအလျင်အမြန်ကုန်လွယ်ခြင်းနှင့်အခြား Error များဖြစ်ပွားနေတာကို Apple မှတရားဝင် အတည်ပြုလိုက်ပါပြီ။ ဒီအတွက် စက်တင်ဘာလ ၂၀၁၂ မှ ဇန်န၀ါရီ ၂၀၁၃ အတွင်းရောင်းချခဲ့တဲ့ iPhone 5 များကို Apple မှ Battery အသစ်လဲလှယ်တပ်ဆင်ပေးမယ့်အစီအစဉ်ကို ၂၀၁၄ သြဂုတ်လ ၂၂ ရက်နေ့ကနေစတင်ပြီး ပြုလုပ်ပေးနေပြီလို့သိရပါတယ်။ Apple Retail Store ရှိတဲ့  မြို့ကြီးများ နဲ့ Apple အသိအမှတ်ပြု  Service Provider များထံမှာ အခမဲ့သွားရောက် လဲလှယ်တပ်ဆင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Error များဖြစ်ပေါ်နေသော iPhone 5 တွေရဲ့ Batteryလဲလှယ်တပ်ဆင်မှုများကို ပြုလုပ်ရမယ့်သူများအနေဖြင့်


  •  မိမိတို့ရဲ့ ဖုန်းအတွင်းရှိ Data များကို Backup လုပ်ခဲ့ကြရန်

  • " Find my iPhone” Feature ကို ပိတ်ခဲ့ကြရန်

  • Settings > General > Reset > ထဲကိုဝင်၍ Erase all Content and Settings ကိုနှိပ်ပြီး ဖုန်းရဲ့ Data & Setting များကိုရှင်းလင်းထားရန် Apple မှအသိပေးကြေညာထားသည်။


မိမိတို့ရဲ့ iPhone 5 က ပြသာနာရှိနေတဲ့ Battery များတပ်ဆင်ထားသော ဖုန်းစာရင်းထဲပါမပါသိနိုင်အတွက် အောက်က Link မှာ ၀င်ရောက်ပြီး ဖုန်း Serial Number ကိုရိုက်ထည့်ကာ Submit ကိုနှိပ်ပြီး စစ်ဆေးနိုင်တယ်လို့သိရပါတယ်။



(ဖုန်းရဲ့ Serial Number ကိုသိရှိရန် Setting > General > About ထဲသို့ဝင်၍ Serial Number ကိုကြည့်ရှုနိုင်ပါတယ်)

Credit to - သက်နိုင်စိုး (Myanmar Mobile App Store)
Continue reading ...

February 12, 2014

Where's My Refund ?

Unknown | 11:05 AM | |
(ဓါတ်ပုံအကြီးကြည့်ရှုရန် ပုံကိုကလစ်လိုက်ပါ )
တစ်နှစ်တစ်ကြိမ် မိမိပေးဆောင်ထားသော အခွန်ငွေများအား လျှောက်ထားပြီးနောက် ဘယ်တော့ရမည်ဆိုတာကို အစိုးရ၀က်ဆိုဒ် အင်တာနက်စာမျက်နှာတွင် ကြည့်ရှုခြင်းဖြစ်ပါတယ်။ (USA Only ) ဤသို့ကြည့်ရှုနိုင်ရန်အတွက် မိမိလျှောက်သည့် နေ့မှစ၍ ၇၂ နာရီကျော်လွန်မှ ချက်ကြည့်၍ရမည်ဖြစ်ပါသည်။ တခါတရံ တပါတ်(၇)ရက်ပြည့်မှချက်ကြည့်နိုင်ပါသည်။… ပထမအဆင့်အနေနဲ့ ပေးထားသောလင့်ခ်ကို ကလစ်လိုက်ပါ www.IRS.gov ပြီးလျှင် OK ကိုကလစ်လိုက်ပါ... ပုံတွက်ပြထားသည့်အတိုင်း မိမိ၏ ဆိုရှယ်နံပါတ်(SSN) ရိုက်ထည့်လိုက်ပါ ပြီးလျှင် မိမိလျှောက်ထားသည့်အတိုင်း တစ်ယောက်တည်း (Single) ဆိုလျှင် Single နေရာမှာ ကလစ်ပါ အိမ်ထောင်သည် (Married ) ဆိုလျှင် Married-Filing Joint Return ဆိုပြီးကလစ်ပါ… ပြီးလျှင် အခွန်သွားလျှောက်တုန်းက မိမိဘယ်လောက်ရမည်ဆိုတာ အတိအကျကို Refund Amount ဆိုတဲ့နေရာ $ --- မှာ မိမိရမည့် ငွေပမာဏကို ရိုက်ထည့်ပါ… ပြီးလျှင် Submit ကိုကလစ်လိုက်ပါ..။ ( အကယ်၍ မိမိရမည့် ငွေပမာဏ မမှန်ကန်ပါက ဘယ်တော့ရမည်ဆိုတာကို ကြည့်၍ မရနိုင်ပါ…)



ပုံတွင်ပြထားသည့်အတိုင်း မိမိကိုဘယ်ရက် လွှဲပေးမည်ဆိုတာရယ် လွှဲပေးမည့်ရက်မရလျှင် ဒုတိယသူပြထားသည့်ရက် (၅)ရက်အတွင်း မတိုင်ခင် ဆက်သွယ်မေးမြန်းရမည်ဖြစ်ပါသည်။

ဖုန်းဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်… ဆက်သွယ်ရန်ဖုန်းနံပါတ် - (800) 829-1040 အသေးစိတ်ကြည့်ရှုလိုပါက ဤနေကိုကလစ်ပါ Click here

အစစအဆင်ပြေနိုင်ကြပါစေ….
ပြည့်စုံ (ဝေါသားလေး)
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub