October 28, 2007

မြန်မာနိုင်ငံအတွင်းကနာမကျန်းသူတွေထိုင်းနယ်စပ်ကိုဖြတ်ပြီးဆေးကုသ ခံနေကြရ

Unknown | 8:38 AM |


လူထုကျန်းမာရေးစောင့်ရှောက်မှုအခြေအနေအင်မတန်ဆိုးရွားနေတဲ့မြန်မာနိုင်ငံ ကဝေဒနာရှင်တွေဟာ ဆေးကုသမှုခံယူနိုင်ဖို့အတွက် ထိုင်းနယ်စပ်ကိုဖြတ်ကျော်ပြီးမယ်တော်ဆေးခန်းကို လာရောက်ကုသခံ နေကြရပါသည်။
မြန်မာနိုင်ငံကနေ ထိုင်းနယ်စပ်ကို ဖြတ်သန်းလာကြသူတွေဟာ စစ်အစိုးရရဲ့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာ ခဲ့ရတဲ့ ဒုက္ခသည်တွေသာ မက ကျန်းမာရေးကြောင့် ဆေးကုသမှုခံယူဖို့ စစ်ဆေးရေးဂိတ်တွေကို ဖြတ်၊ စစ်သားတွေကို လာဘ်ပေး၊ အန္တရာယ်ကြီးတဲ့ လမ်းတွေကိုဖြတ်သန်းပြီး ထိုင်းနယ်စပ်ကို လာရောက် ကြသူတွေလည်းပါဝင်နေပါတယ်။

သူတို့ဟာ ဒေါက်တာစင်သီယာမောင်ရဲ့ ကုတင်(၁၂၀)ဆန့် မယ်တော်ဆေးခန်း ကိုလာရောက်ခဲ့ကြတာပါ။ ဒေသတွင်းနဲ့ နိုင်ငံတကာအကူအညီနဲ့ အခမဲ့ကုသပေးနေတာပါ။ ၂၀၀၆ ခုနှစ်ကဆိုရင် လူနာပေါင်း တစ်သိန်းကျော်လာရောက်ကုသမှုခံယူခဲ့ကြပြီး အဲဒီလူနာတွေထဲက တ၀က်လောက်ဟာ နယ်စပ်အ နီးတ၀ိုက်မှာ နေထိုင်ကြသူတွေဖြစ်ပြီး ဆေးကုသဖို့သက်သက် ထိုင်းနယ်စပ်ကိုလာရောက်ခဲ့ကြရတာဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်းမှာ ဆေးရုံတက်ရောက်ကုသဖို့ အထွေထွေစရိတ်တွေ ကြီးမြင့်လှလို့ မတတ်နိုင်သူတွေ အသက်ဆုံးရှုံးမှုပေါင်းမနည်းတော့ပါဘူး။ မြန်မာနိုင်ငံမှာ ငှက်ဇျားရောဂါကြောင့် နှစ်စဉ်လူ သုံးထောင်သေးဆုံးနေကြောင်း အေအိုင်ဒီအက်စ်၊ ၀မ်းကိုက် ၀မ်းလျှောရောဂါတွေကြောင့် လူတွေထောင်နဲ့ချီ သေကောင်ပေါင်းဖြစ်နေရကြောင်း၊ တီဘီရောဂါဆိုရင် နှစ်စဉ်ရောဂါရှင်အသစ်တသိန်းနီးပါးတွေ့နေရကြောင်း ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့(ယူနီဆက်)ရဲ့ စာရင်းဇယားတွေအရသိရှိရပါသည်။ နယ်စပ်ဖြတ်ပြီးမြန်မာနိုင်ငံ အတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လျှို့ဝှက်ဆောင်ရွက်နေတဲ့ Back Pack ကျန်းမာရေးလုပ်သား အဖွဲ့က ၀န်းထမ်တဦးကတော့ လူတွေမှာ ပိုက်ဆံမတတ်နိုင်ကြတော့ ဆေးရုံဆေးခန်းမသွားနိုင်ကြတော့ပဲ သေမဲ့ နေ့ကိုစောင့်နေကြကြောင်း အများစုကပြောနေတယ်လို့ဆိုပါသည်။

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub