February 18, 2010

ပရဟိတ စိတ်

Unknown | 1:13 AM |
ရေရှည်စိတ်ချမ်းသာပျော်ရွှင်မှုအတွက် မိမိရည်မှန်းချက်ထမြောက်အောင်မြင်ရေးကို အလေးပေးဆောင်ရွက်ရမည်ဆိုသော်လည်း အတ္တအကျိုးစီးပွားကိုချည်း အမြဲဦးစားပေးမနေမိအောင်ကား သတိပြုရန်လိုပါသည်။
မြန်မာ့ရိုးရာတွင် အများကျိုးဆောင် ကိုယ့်ကျိုးအောင်ဟူသောစကားတစ်ခွန်းရှိသည်။ အတ္တအကျိုးနှင့် ပရအကျိုးဆက်စပ်ပတ်သက်နေသည်ဆိုသောသဘော။ သည်သဘောကိုပင် တရုတ်ပညာရှိကြီးကွန်ဖြူးရှပ်စ်က " အများကောင်းကျိုး သယ်ပိုးမည့်သူ့၌ မိမိအကျိုးပါ သေချာပြီးဖြစ်သည်" ဟူ၍ဆိုခဲ့သည်။

ကောင်းသောအလုပ် လုပ်သူသည် ထိုလုပ်ရပ်က ပေးသည့် ဆုလာဘ်ကို ခံစားရမြဲဖြစ်သည်။ ဘယ်သူတွေကို သူကူညီနိုင်မလဲ၊ ဘာတွေ သင်ကူညီနိုင်မည်လဲ၊ ပတ်ဝန်းကျင်မှာကြည့်မှာ။ သင့်မြို့သင့်ရွာ၊ ပြီးတော့ သင့်မိသားစု၊ သင့်ဆွေမျိုး၊ သင့်မိတ်ဆွေ၊ သင့်လုပ်ဖော်ကိုင်ဖက်၊ အကြောင်းအားလျော်စွာတွေ့ကြုံသိကျွမ်း မျက်မှန်းတမ်းမိသူများ၊ သူတို့အကျိုးအတွက် သင်ဘာတွေ ဘယ်လောက် သယ်ပိုးပေးနိုင်သနည်း။ သင်ဆောင်ရွက်သည့်အတိုင်းအတာနှင့် တူညီသော အကျိုးကို သင်ခံစားရမည်ဖြစ်သည်။
ဥပမာ သူတစ်ပါးထံမှ လေးစားချစ်ခင်မူကို လိုသည်ဆိုပါစို့။ ဦးစွာပထမ မိမိက လေးစားကြောင်းပြရလိမ့်မည်။
ကိုယ်လေးစားလျှင် သူလေးစားလာလိမ့်မည်။ မယုံမရှိနှင့်။ တစ်လလောက် စမ်းကြည့်ပါ။ လမ်းမှာ၊ အိမ်မှာ၊ ရုံးမှာ၊ တစ်ဦးချင်းတွေ့ရသူ အသီးသီးကို တကယ်အရေးပါသော ပုဂ္ဂိုလ်များသဖွယ် သဘောထားပြီး ဆက်ဆံကြည့်ပါ။
လူဆိုသည်က အရေးပါချင်သူချည်းဖြစ်သည်။ အရေးတယူပြုခံချင်သူချည်းဖြစ်သည်။ ပြီး လူအများအပြားပင်မိမိကို တခြားလူတွေ အရေးတယူပြုသလောက် မပြုဟု ထင်မှတ်ခံစားနေတတ်ကြသည်။ သူတို့ကို သင်က အရေးတယူပြုလိုက်သည့်အခါ သူတို့အလိုဆန္ဒတွေ ပြည့်ဝကြသည်။ သင်နှင့် တွေ့သဖြင့်သူတို့စိတ်ချမ်းသာကြသည်။ သည်အတွက်သင့်အား ကျေးဇူးတင်သည်။ ခင်မင်သည်၊ လေးစားသည်။ သင့်မှာ အကြောင်းကြီးငယ်ရှိလျှင်စေတနာဗရပွနှင့် သင့်အား ကူညီကြမည်။
တဖန် တစ်ဖက်သားကို လေးစားစွာဆက်ဆံနိုင်ရန်အတွက် ထိုသူ၏ အရေးကိစ္စများ၊ ၎င်း၏ အယူအဆနှင့် ခံစားချက်များအပေါ် စိတ်ဝင်စားမှုရှိရန်လို၏ စင်စစ် ထိုစိတ်ဝင်စားမှုမှလည်း ကြီးမားသော အကျိုးကျေးဇူးရနိုင်သေး၏။ လောကလူသားတိုင်းမှာပင် သူများနှင့်မတူသော အတွေ့အကြုံနှင့် အတွေးအမြင်များရှိတတ်ကြသည်ဖြစ်ရာ လူအများကို စိတ်ဝင်စားသူသည် လောကအကြောင်း လူ့အကြောင်းကို သူတကာထက် နှံ့စပ်သိမြင်သူဖြစ်လာနိုင်ပေသည်။

ဤဆောင်းပါးမှ သူငယ်ချင်းမိတ်ဆွေများ တစုံတခု ရလိုက်မယ်ဆိုရင်ဖြင့် ကျေနပ်ပါတယ်...။
ကိုးကား။ ။ ( Ari Kiev ၏ A Strategy for Daily Living)

ချစ်ခင်စွာဖြင့်
ပြည့်စုံ (ဝေါသားလေး)
Continue reading ...

February 12, 2010

မမေ့အပ်သော ၉၅ နှစ်ပြည့် မွေးနေ့

Unknown | 2:11 PM |

၉၅ နှစ်ပြည့်ခဲ့ပါပြီ

ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဆန်း
မမေ့ ဘယ်သောအခါမှ မပျောက်ကွယ် ယနေ့ထက်တိုင်တည်မြဲနေသည်ကား... ဗိုလ်ချုပ်ရဲ့ အောင်ဆန်းလမ်းစဉ်...

ယခုအခါ ငြိမ်းချမ်းရေးကို အဖျက်အဆီးဝါဒဟာ ဖက်ဆစ်ဝါဒဖြစ်လို့ ဒီဝါဒကို ကမ္ဘာမှာ ဘယ်နေရာမှာ ဖြစ်ဖြစ်ရှိနေရင် စစ်ဖြစ်အုံးမှာမို့လို့ ဒီဝါဒကို ပပျောက်အောင် လုပ်ဖို့လိုတယ်။ ဒီတွင်လားဆိုရင် မဟုတ်သေးဘူး ဒီဝါဒကိုမျိုးဟာ သူတို့တိုင်းပြည်မှာလဲ တိုင်းသူပြည်သားတွေကို ချုပ်ချယ်ဖို့ရည်ရွယ်ချက်ရှိတယ်။ ကမ္ဘာမှာ ကမ္ဘာ့လွတ်လပ်ကို ထိခိုက်တယ်။ ကမ္ဘာ့လွတ်လပ်ရေးကိုထိခိုက်လို့ရှိရင် ဗမာ့လွတ်လပ်ရေးဆိုတာလည်း မရှိနိုင်ပါဘူး၊ အခုတချို့က ပြောကြမယ် စစ်ကြီးဟာပြီးသွားပြီ ဖက်ဆစ်တွေလည်းကျသွားပြီ မဟုတ်လားလို့မေးကြမယ်၊ အခုဖက်ဆစ်ဝါဒဟာ စစ်အားဖြင့် ဆုံးရှုံးသွားပေမယ့် ဒီဝါဒ သို့မဟုတ် ဆင်တူရိုးမှားဝါဒတွေ လက်ကိုင်ထားတဲ့ လူတွေ၊ အဖွဲ့တွေနိုင်ငံတွေရှိသေးတယ်။ ဒါကြောင့်ဖက်ဆစ်ဝါဒ ကမ္ဘာမှာ ပပျောက်ရေးကို ကျနော်တို့ရည်ရွယ်ချက်ထဲမှာထည့်ထားတယ်။ ကမ္ဘာမှာ အဲဒီဝါဒမျိုးကို တိုက်ဖျက်မဲ့ လူတွေနဲ့ အမြဲပူးပေါင်းပြီးအခွင့်အာဏာရတိုင်း ဆောင်ရွက်ဖို့ဘဲ။

အထူးသဖြင့် ကျနော်တို့ တိုင်းပြည်မှာဒီဝါဒမျိုး လုံးဝမရှိနိုင်အောင်လုပ်ရမယ်။ အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်းမုန်းတီးရေးဝါဒ၊ ဖက်ဆစ်အာဏာရှင်စနစ်၊ သက်ဦးဆံပိုင်ဘုရင်စနစ်ဝါဒ၊ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေသရာဇ် မြို့စားရွာစားဝါဒ(Feudalism) အထက်သာခန့်ထားပြီး တိုင်သူပြည်သားများ ဆန္ဒအရမဟုတ်ဘဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုးရှိနေရင် အများပြည်သူတို့ဆန္ဒနဲ့လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒတွေ ဆင်တူရိုးမှားတွေ ပေါ်ပေါက်လာနိုင်တယ်။ ဒီဝါဒမျိုးတွေ ပေါ်ပေါက်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာ မရနိုင်တော့ဘူး....

ယခုဆိုလျှင် ၂၀၁၀ခုနှစ်ရောက်ပြီ ကျနော်တို့ ဘာတွေ လုပ်ပေးခဲ့ကြလည်း ဘာတွေလုပ်နေကြလည်း... ဗိုလ်ချုပ်ရဲ့ လမ်းစဉ် ဗိုလ်ချုပ်ရဲ့ ဆန္ဒတွေဗိုလ်ချုပ်ရဲ့ စကားအတိုင်းတထပ်တည်းကျဖို့ကို ကျနော်တို့တွေအနေနဲ့ ညီတဲ့လက်တွေထိကြပါ တွဲလက်တွေခိုင်မြဲကြပါလို့ ....


Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub