ကမ္ဘာမကြေဘူး....
August 06, 2012
ခေတ်လူငယ်များ သိထားသင့်သော ၈၈ သမိုင်းဖြစ်ရပ်မှန်များ
Unknown | 8:42 PM |
video
ကမ္ဘာမကြေဘူး....
August 04, 2012
Windows 7 Manager 4.1.1 Portable (Latest Version)
Unknown | 11:09 PM |
Software

ဒီဆော့ဖ်ဝဲရ်ယားလေးကတော့ Yamicsoft Windows 7 Manager v4.1.1 Final Portable လေးပါ... Portable ဖြစ်တဲ့တွက် Serial key မလိုပါဘူး သုံးရတာလည်း အရမ်းကိုပေါ့ပါးလွယ်ကူပါတယ်... windows 7 ကို အသုံးပြုနေတဲ့ မိတ်ဆွေများအတွက် windows ရဲ့  system ပိုင်းတွေကို ကူညီပေး နိုင်တဲ့အပြင် hardware speed များ၊ Windows Startup and Shutdown တွေ ရဲ့  speed များကိုလည်း တိုးပေးနိုင်ပါတယ်။
ဒီဆော့ဝဲလ်ထဲမှာပါဝင်တဲ့ Information ,Optimizer, Cleaner , Customization , Security , Network, Misc,Utilities စတာတွေအပြင် မိမိတိုရဲ့  Windows အကောင်းဆုံးပြုပြင်ပြောင်းလဲပေးနိုင် မှာဖြစ်တဲ့အတွက် အသုံးပြုချင်တဲ့မိတ်ဆွေများ အောက်မှာ download ရယူနိုင်ပါတယ်။ဒေါင်းလုပ်၍ အဆင်မပြေတာရှိခဲ့ရင် ကွန်မန့်ထားခဲ့နိုင်ပါတယ်....
အသေးစိတ်ကို မူရင်းလင့်ခ်တွင် လေ့လာနိုင်ပါတယ်..
http://www.yamicsoft.com/windows7manager/index.html
အားလုံးအဆင်ပြေကြပါစေ..
ပြည့်စုံ (ဝေါသားလေး)
July 23, 2012
Iron Cross (IC) Show in USA
လေးဖြူ ၊ အငဲ ၊ မျိုးကြီး ၊ ၀ိုင်ဝိုင်း ၊ D လွန်း တို့ပါဝင်သော...Iron Cross (IC) State Show တက္ကဆပ်ပြည်နယ် ဒန်တွန်မြို့တွင် August 18 (စနေနေ့) 2012 ညနေ 6:30 pm ကျင်းပမှာဖြစ်ပါတယ်...။
ဝင်ကြေးက $ 50, $ 60, $ 80 ဖြစ်ပါတယ်...။ August 4 ရက်နေ့မတိုင်မီ လက်မှတ် ၀ယ်ယူသူများအတွက် $ 10 လျှော့ပေးမည်လို့တော့ ရေးထားတာပဲ ဒါပေမယ့် အတိအကျတော့ မသိပါဘူး ပေးထားသော ဖုန်းနံပါတ် အတိုင်း ဆက်သွယ်မေးမြန်နိုင်ပါတယ်..။
ကျင်းပမည့် နေရာလိပ်စာကတော့
University of North Texas, Denton
1401 W. Hickory Street
Denton, TX 76201
University of North Texas, Denton
1401 W. Hickory Street
Denton, TX 76201
July 06, 2012
iPhone Jailbreak လုပ်တာကောင်းသလား ?
Unknown | 7:59 PM |
နည်းပညာ

မသိသေးသူ , လေ့လာနေသူများအတွက် အလွယ်တကူ လေ့လာလို့ရအောင် တစ်ဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်... ခုချိန်မှာ iPhone တွေကို jailbreaking လုပ်တာ အတော်လေး ရေပန်း စားနေတယ်။ အထူးသဖြင့် iPhone 4S တွေကို jailbreak လုပ်တဲ့ ဆော့ဖ်ဝဲ application တွေလည်း အများကြီးပေါ်ထွက်လာတယ်။
လူတွေရဲ့ အမြင်မှာ iPhone တွေကို jailbreak လုပ်လိုက်ရင် အကျိုးအမြတ်တွေ အများကြီးရနိုင်တယ်လို့ ထင်ကြပါတယ်။ အလားတူ jailbreak မလုပ်ခြင်းကြောင့်လည်း ရရှိနိုင်တဲ့ အကျိုးတရားတွေ လည်းရှိနေပါတယ်။ လုပ်ချင်တဲ့သူတွေက လုပ်ဖို့ဆွယ်မယ်။ မလုပ်သင့်ဘူး ထင်တဲ့သူတွေက မလုပ်သင့်ကြောင်း ဆွယ်တရားဟောလိမ့်မယ်။‘ဒီတော့ လုပ်သင့်-မလုပ်သင့် ဘက်နှစ်ဘက် အမြင်ကိုကြည့်ရအောင်။
Jailbreaking ဆိုတာဘာလဲ
Jailbreak လုပ်တယ်ဆိုတာ Apple ကုမ္ဋဏီက iOS လို့ခေါ်တဲ့ operating system နဲ့ run တဲ့ သူ့ထုတ်ကုန်ပစ္စည်းတွေ အပေါ်မှာ ကန့်သတ်ထားတဲ့ သတ်မှတ်ချက်တွေကို ချိုးဖောက်ပြီးတော့ ကိုယ်သုံး ချင်တဲ့ လိုင်း၊ ကိုယ်သုံးချင်တဲ့ဆော့ဖ်ဝဲတွေနဲ့ သုံးနိုင်အောင် တရားမဝင် ပြုလုပ်ခြင်းလို့ အကြမ်းဖျင်း အဓိပ္ဋာယ်ဖွင့်ဆိုနိုင်ပါတယ်။
ဥပမာ နောက်ဆုံးထွက် iPhone 4S လိုမျိုးမှာ jailbreak လုပ်တာတွေ ခေတ် စားတယ်။ တစ်နည်းပြောရရင်တော့ ပိတ်ထားတာတွေကို ပွင့်သွားအောင် နည်းမျိုးစုံသုံးပြီး၊ သတ်မှတ်ထားတဲ့ ဟာ့ဒ်ဝဲအပေါ်မှာ အခြား ကိုယ်သုံးချင်တဲ့ နာမည်ကြီး ဆော့ဖ်ဝဲနဲ့ application တွေကို သုံးနိုင်အောင် စီစဉ်ခြင်း လို့ ဆိုနိုင်ပါတယ်။
iPhone 4 နဲ့ iPhone 4S တွေကို jailbreak လုပ်သင့်တယ်
iPhone ပိုင်ဆိုင်သူတွေအနေနဲ့ jailbreak ဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ စွန့်စားမှုတစ်ခုလို့ဆိုနိုင်တယ်။ Application တွေ၊ network နဲ့ system တွေကို လမ်းပွင့်သွားပြီး ပြဿနာအတော်များများကို ဖြေ ရှင်းပြီးသားဖြစ်သွားလိမ့်မယ်။ မိုဘိုင်းဖုန်း အတော်များများဟာ သူတို့ ကိုယ်ပိုင် share တွေနဲ့သာ အဆင်ပြေကြတာများတယ်။
ကိုယ့်ဖုန်းကို ကိုယ့် system အတိုင်း ကန့်သတ်ချက်တွေရှိနေသရွေ့ jailbreaking တွေကခေတ်စားနေမှာပဲ။ ကန့်သတ်ချက်တွေကို မကြိုက်ရင်၊ iPhone အတွက် သတ်မှတ်ပေးထားတဲ့ application တွေကိုပဲ မသုံးချင်ရင်၊ iPhone 4/4S တွေကို လိုတာထက် ပိုသုံးချင်ရင် jailbreaking လုပ်သင့် တယ်လို့ အကြံပြုကြတယ်။
Jailbreaking လုပ်သင့်တယ်ဆိုတဲ့ အမြင် ၃ ရပ်ရှိတယ်
(၁) အခြား Network တွေကိုပါ ရနိုင်တယ်
iPhone သုံးသူတွေမှာ ပြဿနာက အထူးသဖြင့် iPhone 4 နဲ့ 4S မော်ဒယ်တွေမှာ သတ်မှတ်ထားတဲ့ network ကုမ္ဋဏီတွေရဲ့ လိုင်းခွင် အတွင်းမှာသာ သုံးနိုင်မယ်ဆိုတဲ့ ပြဿနာပဲဖြစ်ပါတယ်။ ဥပမာ iPhone တွေ ကို AT&T ကုမ္ဋဏီက လိုင်းသုံးစွဲခွင့် မူပိုင်ယူထားတယ်။ အဲဒီ မူပိုင်ခွင့်ဟာ ၂ဝ၁၂ ခုနှစ် အထိ သက်ရောက်မှုရှိနေလိမ့်ဦးမယ်။
AT&T ကုမ္ဋဏီဟာ ဆက်သွယ်ရေးဝန်ဆောင်မှုပေးရာမှာ ပြဿနာ ပေါင်းစုံရင်ဆိုင်နေရတယ်။ ဖုန်းခေါ်ရင်ပြုတ်ကျတာမျိုး၊ လိုင်းမကောင်း တာမျိုးတွေ ဖြစ်တတ်လို့ မိုဘိုင်းဖုန်းသုံးသူတွေဟာ AT&T နဲ့မှ သုံးရမယ် ဆိုတဲ့ ဖုန်းတွေကို ရှောင်တတ်ကြတယ်။
ဒါပေမယ့် iPhone ကိုမှ ကြိုက်တယ်ဆို တဲ့သူတွေကတော့ မလွှဲ မရှောင်သာ jailbreaking လုပ်တဲ့ ဆော့ဖ်ဝဲတွေကိုပဲ အားကိုးအားထား ပြုကြရတော့တယ်။ နောက်ဆုံးပေါ် iPhone 4S ကို jailbreak လုပ်တဲ့ ဆော့ဖ်ဝဲဟာ T-Mobile ကုမ္ဋဏီရဲ့ GSM လိုင်းဝန်ဆောင်မှုကို ရရှိအောင် ပြုလုပ်ပေးနိုင်တယ်။ T-Mobile ကတော့ အမေရိကန် ပြင်ပနိုင်ငံတွေမှာပါ သုံးနိုင်ပြီး လိုင်းခွင်လည်း ပိုမိတာကြောင့် လူကြိုက်များတယ်။
(၂) Application များများ သုံးနိုင်ခွင့်ရှိတယ်
Apple Store လို့ခေါ်တဲ့ အွန်လိုင်း application စတိုးမှာ Apple ကထုတ်သမျှ ဆော့ဖ်ဝဲ application တွေကို ရနိုင်တယ်။ အသုံးဝင်တဲ့ ဆော့ဖ်ဝဲတွေ၊ ဂိမ်းတွေကို ရယူနိုင်တယ်။ တကယ်လို့ iPhione 4/ 4S တွေကို jailbreak လုပ်လိုက်ရင် Apple က ကန့်သတ်ထားတဲ့ application တွေကိုပါ သုံးလို့ရသွားမယ်။ ခွင့်မပြုတာကို သုံးချင်ရင် တရားဝင်ခွင့်ပြုချက်တွေကို ချိုးဖောက် ရပါတယ်။ ‘ဒါမှလည်း ဂိမ်း အတော်များများကို ကစားနိုင်ပါလိမ့်မယ်။
Jailbreaking application တွေမှာ အကောင်းဆုံးတွေက
- MyWi
MyWi နဲ့ဆိုရင် iPhone 4S ကို မိုဘိုင်း hotspot တစ်ခုလို သုံးနိုင်တယ်။
- MxTube
YouTube က ဗီဒိယိုဖိုင်တွေကို download ချယူနိုင်တယ်။ ‘ဒါကြောင့် အင်တာနက်မရရင်လည်း offline မှာ ကြည့်နိုင်တယ်။
- PDANet
လူတိုင်းနဲ့ အင်တာနက် connection မှာ share လုပ်နိုင်လိမ့်မယ်။
- MY3G
Wi-Fi ရချင်ရင်သုံးနိုင်တယ်။ ခုထိ တော့ 3G ပဲရသေးတယ်။ YouTube ဗီဒီယိုဖိုင်တွေကို ကြည်လင်ပြတ်သားစွာ ကြည့်နိုင်တယ်။
- Intelliscreen
ဒီ application က ကိုယ့်လုပ်ငန်းအစီအစဉ်နဲ့ အီးမေးလ် account တွေကို ဖုန်းရဲ့ screen ပေါ်မှာ ပေါ်နေအောင် စီစဉ်ထားလို့ရတယ်။
(၃) 3G နဲ့ ဗီဒီယို Chat လုပ်နိုင်
iPhone 4 မှာကတည်းက ထူးခြားတဲ့ FaceTime video chat ဆိုတာပါတယ်။ အဲဒီ chat ကလည်း Wi-Fi network နဲ့မှရတယ်။ 3G connection နဲ့ FaceTime ကိုသုံးချင်ရင် iPhone 4S ကို jailbreak လုပ်မှရတယ်။ ‘ဒါမှလည်း iPhone ရဲ့ feature တွေကို 3G နဲ့ ရနိုင်တယ်။ Wi-Fi သုံးတာလောက် မကောင်းဘူးဆိုပေမယ့် အဆင်တော့ ပြေပါလိမ့် မယ်။ Wi-Fi နဲ့ connection ကျနေရင်လည်း ပြဿနာမရှိတော့ဘူးပေါ့။
ဒါတွေကတော့ jailbreaking လုပ်ရခြင်း အကျိုးတရားတွေလို့ ပြောရမယ်။ နောက်ထပ် အဆိုးတရား သုံးချက်ရှိသေးတယ်။ မလုပ်သင့် ဘူးဆိုတဲ့ အမြင်တွေပေါ့။
(၁) ဝရမ်တီ ပျက်ပြယ်သွားမယ်
Jailbreaking လုပ်တယ်ဆိုတာကို ဥပဒေကြောင်းနဲ့ညီတယ်၊ တရားဝင်တယ်လို့ ထင်နေကြပါတယ်။ အနည်းဆုံးကတော့ ပေးထားတဲ့ ဝရမ်တီ ပျက်ပြယ်သွားနိုင်ပါတယ်။ တကယ်လို့ ကိုယ့် iPhone မှာ ဝရမ်တီမရှိရင် ဖုန်းနဲ့ပတ်သက်ပြီး ပျက်စီး၊ ချွတ်ယွင်း၊ အခြား ပြဿနာတွေကို Apple ကုမ္ဋဏီအနေနဲ့ တာဝန်ယူတော့မှာ မဟုတ် ပါဘူး။ ဝရမ်တီဆုံးရှုံးတာမခံချင်ရင် jailbreaking မလုပ်ပါနဲ့လို့ပဲ တားရတော့မယ်။
(၂) အပိတ်ခံရမယ်
iPhone ကို လုံးဝသုံးမရနိုင်တဲ့ အနေအထား ဖြစ်သွားနိုင်တယ်။ တကယ်လို့ iPhone 4S ပေါ်မှာ ဆော့ဖ်ဝဲ application တွေကို jailbreak လုပ်ပြီးသုံးမယ်ဆိုရင် အပိတ်ခံလိုက်ရတဲ့အဖြစ်ကို ရင်ဆိုင်ရနိုင် တယ် ဆိုတာကို စိတ်ထဲမှာထားပြီးတော့မှ လုပ်သင့်တယ်။ ‘ဒီလိုဖြစ်သွားရင် သိမ်းထား မှတ်ထားတာတွေ ဆုံးရှုံးပြီး အသစ်ကနေ ပြန်စရတော့မှာဖြစ်လို့ စဉ်းစားသင့်တယ်။
(၃) လုံခြုံရေးပြဿနာ ဆင်ခြင်စရာ
Jailbreak လုပ်ထားတဲ့ iPhone တွေမှာ လုံခြုံရေးအတွက် သိပ်စိတ်မချရဘူး။ Jailbreak လုပ်လိုက်ကတည်းက ကိုယ့် iPhone ထဲကို ဟက်ကာတွေက မဟုတ်တာတွေထည့်ပေးလိုက်ပြီးပြီလို့ အချို့က ယူဆကြတယ်။ ‘ဒါကြောင့် jailbreak လုပ်ပြီးရင် ဖုန်းက ကိုယ့်ဘက်မှာ သိပ်မရှိတော့ဘူး။ စိတ်မချရတော့ဘူးလို့ ပြောကြတယ်။
Jailbreak ကို လုပ်သင့်တယ်၊ မလုပ် သင့်ဘူးလို့ အမျိုးမျိုး အငြင်းပွားနေကြတာ ယခုပြောခဲ့တာတွေထက် အများကြီးရှိနိုင်ပါ သေးတယ်။ ဘာပြောပြော မလုပ်မီစဉ်းစား ပါလို့ပဲ သတိပေးချင်ပါတယ်။
Ref; မြန်မာဆိုက်ဘာ မီဒီယာ
July 04, 2012
English-Myanmar, Myanmar-English Dictionary
Unknown | 8:28 PM |
Software


သူငယ်ချင်းများရဲ့ တောင်းဆိုချက်အရ အင်္ဂလိပ် - မြန်မာ ၊ မြန်မာ - အင်္ဂလိပ် Dictionary များကိုပြန်လည်၍ ရှာဖွေစုစည်း တင်ပေးထားပါတယ်....။ အင်္ဂလိပ်စာ လေ့လာနေသူများအတွက် အသုံးတည့်မယ်လို့ ...။ မိမိနဲ့ အသုံးတည့်မည့် Dictionary ကိုဒေါင်းလုပ်ရယူရန်အတွက် Dictionary ကို သုံးမျိုးတင်ပေးထားပါတယ် မိမိနှစ်သက်ရာကို ဒေါင်းလုပ်ရယူ အသုံးပြုနိုင်ပါတယ်...။
အောက်ပါလင့်ခ်များတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။
ဒေါင်းလုပ်ရယူရန် လင့်ခ်များ....
English to Myanmar, Myanmar to English
English to Myanmar
English to Myanmar
သူငယ်ချင်းများအားလုံး အဆင်ပြေပျော်ရွှင်ကြပါစေ...
ပြည့်စုံ (ဝေါသားလေး)
Subscribe to:
Posts (Atom)