December 30, 2007

ကြိုဆိုပါ၏..

Unknown | 3:00 AM |

Happy New Years

နှစ်သစ်ကူးတဲ့ ရောင်နီရဲ့အလှဆုံးအချိန်ကို...ကမ္ဘာ့ကွန်ယက်တွေနဲ့အနေဝေးဝေးက အာမထိလျှာမထိ(ဝေါ)မြို့လေးက သောကတွေစက်လက်နဲ့ ပူပင်ပူလောင်မှုတွေကိုရင်မှာပိုက် လို့ ရောင်နီလာအလှကိုစောင့်ကြည့်နေရရှာတယ်...။

တခေတ်ပြီးတခေတ်၊ တနှစ်ပြီးတနှစ် ရာသီတွေအလီလီပြောင်း ရွက်ဟောင်းတွေလည်း အခါခါကြွေကုန်ပြီ၊လွမ်းရယ်မပြေတဲ့ ဇာတိမြေနဲ့ ခွဲခွာခဲ့ရတာ... (၅)နှစ်ပြည့်တော့မယ် ရာသီအလီလီပြောင်းပေမယ့် မဟောင်းနိုင်သေးတဲ့ ဇာတိမြေမှာအရင် အတိုင်းရောရှိသေးလားမသိ ပကိုင်တာကျိုးလို့ ပဲခူးရေလျှံ တို့ရဲ့ ဝေါမြို့လေးက ပက်လက် လံနေပြီလား... ။ထင်ပါတယ်အခုလောက်ဆို မိုးယွန်းကြီးအင်းကို နောက်ခံထားပြီး လှသွေး ကြွယ်နေလောက်ပြီ...။

လူတွေကိုချစ်တဲ့မြို့ကတော့ လူကိုဖုန်မှုန့်လေးတွေနဲ့ အနမ်းလေးတွေပေးခဲ့ဘူးတယ်။ဒါပေမယ့် မြို့ကိုချစ်တဲ့လူတွေ ကတော့ ဖုန်မှုန့်လေးတွေနဲ့ဝေးရာကိုရောက်သွား...ထွက်သွားကြကုန်ပြီ... လတ်လတ် ဆတ်ဆတ်ကြီးကိုပဲ ဝေးခဲ့ကြတယ်၊ ဒီလိုနဲ့ မြို့ကလေးကတော့ ဆန့်ကျင်ဘက်ရလဒ်တွေကိုသာ ရင်မှာပိုက်လို့ ကြံ့ခိုင်ကြေကွဲနေဆဲပေါ့လေ...။

လယ်ထဲကိုင်းထဲ၊ အင်းအိုင်ချောင်းထဲကနေ ပြေးထွက်လာတဲ့မြို့၊

ရာသီဥတုနဲ့တသားထဲကျတဲ့မြို့...။

ခံစားမှု ဒုက္ခ

ထိတ်လန်မှုအဖုံဖုံနဲ့

ဘ၀အမောတွေနဲ့မြို့လေးကတော့

ချွေးစို့စို့ အိပ်တန်းပျံ ညနေရီမှာ

ဘ၀အမောတွေကို ချိုင့်ထဲထည့်လို့...။

ကျရည် ခါးခါးမကြိုက်ပေမယ့်

CS 2.A, CS 2.B ဆိုင်လေးတွေကတော့ တဆိုင်ပြီးတဆိုင်ပေါ့။

နှစ်သစ်ကူးရဲ့ ညမှာ လွမ်းတေးတွေလည်း သွေးချင်းနီရဲအောင်ကိုပဲ ဝေခဲ့ကြတယ်။ကြွေခဲ့ကြတယ်။ သူငယ်ချင်းစည်သူနဲ့တာတီးရေ...တို့တွေရဲ့နှစ်သစ်ကူးဟာ အရောင်တွေမစုံပေမယ့်ရိုးသားမှုတွေနဲ့ပြည့်နှက်ခဲ့ ကြပါတယ်။

အလွမ်းမပြေတဲ့ ဇာတိမြေကိုညီမလေး Pinkgold ကိုဆက်ပြီး Tag လိုက်ပါတယ်...။

Continue reading ...

December 28, 2007

ဘာကြောင့်ရင်ဆိုင်တိုက်ရပါ့....

Unknown | 12:27 AM | |

သူတို့ ကျနော့်အဖေကို မနှစ်ကသတ်လိုက်တယ်

နောက် ကျနော်တို့တဲကို မီးရှို့ပစ်ပြန်ရော။

“ ဘာကြောင့်လဲ ” လို့မြို့သားကြီးတွေကို မေးတော့ မသိဟန်ပြုပြီး

“ ငါတို့တော့ မသိတော့ဘူး ကိုယ့်အလုပ်ကိုယ်လုပ် ” လို့သူတို့က ဖြေကြတယ်။

တနေ့ ကျနော်တို့ကျောင်းတက်နေတဲ့ မူလတန်းကျောင်းကနေ အိမ်ပြန်လာတော့

သွေးအိုင်ထဲလဲပြီးသေနေတဲ့ ကျနော့်အမေကိုတွေ့တယ်။

ဘာဖြစ်လို့လည်းဆိုတာ တယောက်ယောက်က သိနိုင်ကောင်းပါရဲ့ ဆိုတဲ့အတွေးနဲ့

ဘေးဘီကိုလှည့်ကြည့်လိုက်မိပေမယ့်

သွေးတွေ လွှမ်းနေတဲ့ အခန်းကလွဲလို့ ဘာကိုမှ မတွေ့ရဘူး။

ဒါနဲ့ အိမ်ပေါ်ကနေပြေးဆင်း၊ ဘယ်လိုပြေးရမှန်း မသိပေမယ့် ရွာလမ်းမအတိုင်း ပြေးလွှားမိ

ဒါပေမယ့် ကျနော့်ခန္စာကိုယ်ဦးတည်နေတာတော့ ကျနော့်ဆရာမရဲ့အိမ်

ဆို့နင့်နေတဲ့ လည်ချောင်းကို ကျနော့်ဆရာမကဘဲ မဆို့နင့်အောင်လုပ်ပေးနိုင်ရဲ့ဆိုတဲ့အသိနဲ့ပေါ့။

ဒီတကြိမ်မှာတော့

ဆရာမလက်မြှောက်အရှုံးပေးပြီး စိုးရိမ်တကြီးနဲ့ အံ့သြစရာတွေကိုဘဲ ပြောနေလေရဲ့။

ဘာ....ဘာ....ဘာ.... ဘာလို့လဲဆရာမရယ်။

ကျနော့်မှာ အဖေလည်းမရှိ ... အမေလည်းသေပြီ....

ကျနော့်ကို သွန်သင်ဖို့ ၊ ထိန်းကျောင်းဖို့ဆို....

ဒါဆရာမ ညာပြောခဲ့တာလား....။

ဒီတကြိမ်မှာတော့ ဆရာမဟာ မျက်ရည်လျှံနေတဲ့ မျက်လုံးတွေနဲ့ ပြောတာက

“ ရင့်ကျက်အောင်နေကလေးရေ..... လူတွေသေနေကြတာ ဒို့မြင်နေတွေ့နေရတယ်မဟုတ်လား ...

ဒို့အားလုံးခံစားနေကြရတယ်ဆိုတာ နားလည်အောင်လုပ်ပြီး

ပူဆွေးသောကတွေကို အမြန်ဆုံးတန့်အောင်သာလုပ် ကလေးရေ....”တဲ့ ..။


ဒေါ်အောင်ဆန်းစုကြည်ရေးသားသော “ Why do I have to fight ” ကဗျာကို

ကိုဖေသက်နီ မြန်မာပြန်ဆိုသည်။

Continue reading ...

December 27, 2007

သံဃာ့တပ်ပေါင်းစုကြီး၏ ကြေငြာချက်

Unknown | 2:18 AM |

ကိုထိုက်ဘလော့မှ ကူးယူတင်ပြသည်။
Continue reading ...

December 24, 2007

ပျော်ရွှင်ဖွယ် ခရစ်စမတ်ည

Unknown | 9:53 PM |
ကျနော်ညည်းတွားမိတဲ့ အိမ်ပြန်ချိန်သီချင်းလေးပါ...တိုက်ဆိုင်သူများကိုစာသားတချို ဖော်ပြလိုက်ပါတယ်..

အိမ်အပြန်ချင်ဆုံးနေ့ရက်လေးဒီအချိန်လေးမှာ အိမ်ကိုလွမ်းစိတ်ပြင်းထန်လှုပ်ရှားလာ.. နှင်းဖွေးဖွေးမြင်လေတိုင်းအရမ်းလွမ်းတယ်နော်... ဒီဇင်ဘာ...ခရစ်စမတ်အချိန်ကြုံပြီပေါ့... ဆောင်းနှင်းရယ် မမြင်ချင်လည်းအမြန်ဆုံးဝေးဝေးသွားပါကွယ် ဒီဇင်ဘာဒီအလွမ်းဖြေသိပ်ဖို့မလွယ်တော့ဘူး... ခရစ်စမတ်သီချင်းသံကြားတိုင်းစိတ်မှာ အိမ်ကိုပြန်ချင်လွန်းလို့မျက်ရည်လည်...
အိမ်မှာဆိုမိသားစု သိပ်ပျော်နေကြမယ်...အနေဝေးဆုံး သားကိုမျှော်ရော့မယ်... တံခါးဝက အချိန်ရှိတိုင်း မျှော်လင့်စောင့်နေမယ်... အမေအို အလွမ်းမျက်ရည်ဆိုလေပြီ....

မြန်မာပြည်သူပြည်သားအပေါင်း.... ခရစ်စမတ်မှာ ပျော်ရွှင်နိုင်ကြပါစေ...

myspace codes




ပျော်ရွှင်ဖွယ်ခရစ်စမတ်အမှတ်တရညလေးတညပေါ့....







Continue reading ...

December 19, 2007

သမိုင်းတာဝန် ...

Unknown | 4:20 AM | |
(က)
အသက်ရှင်နေရုံမျှ နေနေတာဟာ အရေးကြီးတဲ့ အချက်မဟုတ်ပါ၊ မှန်မှန်ကန်ကန်နေတာ(Living rightly)ကသာ အရေးကြီးတဲ့အချက်ဖြစ်ပါသည်။ (ဆော့ခရိတ္တိ)
လူ့လောကထဲကိုရောက်လာလို့ လူမှန်းသိတတ်လာတဲ့အချိန်ကစပြီး လူ့လောက လူ့ပတ်ဝန်းကျင်က အရာတွေကို နားလည်ဖို့ကြိုးစားကြရမယ်။ ဘာကြောင့်လည်းဆိုတော့လူတွေဟာ တယောက်နဲ့တယောက်မ တူကြဘူး၊ အတွေးအခေါ် အကျင့်စရိုက်၊ ဘ၀ကိုမြင်တဲ့အမြင်ချင်းလည်း မတူကြဘူး၊ ဖြတ်သန်းပုံဖြတ် သန်းနည်း လည်း မတူကြဘူး ဒါပေမယ့် လူသားဆိုတာ ပင်ကိုယ်အားဖြင့် ဓမ္မ(အမှန်တရား) ကိုလက်ခံလိုကြတယ်။ အဓမ္မ (မဟုတ်မမှန်တရား)ကိုတော့ ငြင်းဆန်လိုကြတယ်။

(ခ)
လူငယ်သည် ရှေးခေတ်မြန်မာများ၏ စွမ်းဆောင်မှုကြောင့် အောင်နိုင်ခဲ့သော နယ်မြေများကို မြေပုံပေါ် တွင်လှံဖြင့်ထောက်ပြရင်း ၎င်းနယ်မြေ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်ခဲ့သော စိုက်ပျိုးရေး၊ တည်ဆောက် ရေးလုပ်ငန်းများအကြောင်းကို ဆက်လက်ရှင်းပြသည်။ သို့သော်ဤမျှလောက် အစဉ်အလာကောင်းသော မြန်မာ လူမျိုးများသည် ယခုအခါ ယိုယွင်းလာပုံ၊ တနိုင်ငံလုံး စည်းလုံးမှုပျက်ပြားလာပုံ၊ အထူးသဖြင့် လူမျိုးစုများသည် တကွဲတပြားစီဖြင့် သူတစ်လူ ငါတစ်မင်းဖြစ်ကာ စည်းမဲ့ကမ်းမဲ့ဖြစ်နေသည်ကို တွေ့ရ၍ စိတ်ထိခိုက်ရပုံကိုရှင်းပြပြီး ဆက်လက်၍ ဤသို့ပြောသည်။
ဥပမာပြောရရင် မြန်မာနိုင်ငံကြီးဟာ ကိုယ်ခန္စာနဲ့ တူတယ်၊ ပြည်ထောင်စုသားများဟာ ကိုယ်ခန္စာရဲ့ အစိတ်အပိုင်းများနဲ့ တူတယ်။ ဒါကြောင့် ခေါင်း၊ ခြေ၊ လက် စတဲ့ ကိုယ်ခန္စာအစိတ်အပိုင်းခုခုကိုထိခိုက်တာဟာ ကိုယ်ခန္စာတစ်ခုလုံးကိုထိခိုက်တာနဲ့အတူတူပဲ၊ ဒီဥပမာအတိုင်းပဲ ဘယ်လူမျိုးစုကိုပဲဖြစ်ဖြစ် အန္တရာယ်ကျရောက် လာရင် တို့ပြည်ထောင်စုကြီးကို ကျရောက်တယ်လို့မှတ်ရမယ်။ ဒါဟာ စည်းလုံးညီညွတ်မှုရဲ့ အခြေခံပဲ။ လူမျိုးစုတွေအားလုံးကို ဒုက္ခမရောက်အောင်၊ အန္တရာယ်မကျရောက်အောင် တို့ကာကွယ်ရမယ်။ ဒီလိုကာကွယ် နိုင်ဖို့က အားလုံးကို အင်အားတစ်ခုတည်းဖြစ်အောင် စည်းရုံးရမယ်။ ဒီလို စည်းလုံးလို့ရတဲ့ အင်အားနဲ့ ဒီမြေကို စည်ပင်သာယာဝပြောပြီးတိုးတက်တဲ့ နိုင်ငံဖြစ်အောင် ထူထောင်နိုင်မှာဖြစ်တယ်။
လူငယ်သည်ဤသို့ ပြောရင်း စိတ်ပါလာပြီး တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ခြင်း အကျိုးကြောင့် တည် တံ့ခိုင်မာပြီး ငြိမ်းချမ်းကြွယ်ဝသော နိုင်ငံဖြစ်နိုင်ပုံကိုရှင်းပြသည်။ အဆုံးတွင် လူငယ်က ဤသို့ ဆိုလိုက်သည်။
အဓိကကျတဲ့ စည်းလုံးညီညွတ်မှုကိုရအောင် ဘယ်သူလုပ်မလဲ။ ဒါကိုတော့ ကျနော်မသိဘူး။ သေချာတာတစ်ခု က ဒီတာဝန်ဟာ အခုလက်ရှိ အုပ်ချုပ်နေတဲ့ အုပ်ချုပ်မင်းလုပ်တဲ့လူအပေါ်မှာ ကျရောက်နေတယ်။ အုပ်ချုပ်တဲ့သူ တစ်ဦးတည်းက ဒီတာဝန်ကိုလုပ်လို့တော့ မဖြစ်ဘူး။ တာဝန်သိတဲ့ နိုင်ငံသားအားလုံးက ကူညီဖို့လိုတယ်။ တို့တွေ ကဒီတာဝန်ကို အုပ်ချုပ်တဲ့သူက လုပ်၊ မလုပ်ကိုစောင့်ကြည့်ရမယ်။ အုပ်ချုပ်တဲ့သူက လုပ်မယ်ဆိုရင်တို့အားလုံး လုံးက တာဝန်သိသိနဲ့ ထောက်ခံ၊ ကူညီအားပေးရမယ်။ တကယ်လို့ ဒီတာဝန်တွေကို မလုပ်ရင် .... ဒါမှမဟုတ်... မလုပ်နိုင်ရင်တော့.....


(ဂ)
သံဃာတော်များ၏ သစ္စာအဓိဌာန်ပြုစာလွှာ

ပြည်သူ့သင်္ကန်း ပြည်သူ့ဆွမ်းဖြင့်
သင်္ခမ်းကျောင်းမှာ နေတုံပါလည်း
မြန်မာပြည်ဝှမ်း တရားစွမ်းဖြင့်
ချမ်းသာအောင်ပ မဆုံးမလျှင်
သံဃာ့တာဝန်မကျေပြွန်မို့
တာဝန်ကျေပ ဆန္ဒပြသည်
သံဃာ့ဆွမ်းဖိုး ကျေစေသော်ဝ်......

အမှန်တရားအတွက် ခေတ်အဆက်ဆက် ပြည်သူတွေ၊ ကျောင်းသားတွေ၊ ရဟန်းသံဃာတွေဟာ အကြိမ်ကြိမ် တောင်းဆိုခဲ့ကြပါတယ်။ ထို့အတူ အသက်ပေါင်းများစွာ လည်းပေးဆပ်စတေးခဲ့ရတယ်။ သွေးမြေကိုကျခဲ့ရပါတယ်။ ယနေ့ဖြစ်ရပ်ဆိုးကြီးဟာ မြန်မာပြည်သူလူထုတရပ်လုံးသာမက ကမ္ဘာကြီးပါ တုန်လှုပ်ခဲ့ရပြီး ကမ္ဘာ့နိုင်ငံအသီးသီး၊ အလွှာအတန်းအစားအသီးသီးက လူထုများက ထိုလူမဆန်သည့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော လုပ်ရပ်ကိုဝိုင်းဝန်းရှုပ်ချခဲ့ကြသလို မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ပြည်သူလူထုများ စားဝတ်နေရေးပြဿနာကိုပြေလည်ရေးအတွက် ပြည်သူလူထုအရှေ့မှ မားမားမတ်မတ်ရပ်ကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည့်သံဃာတော်များအား ကမ္ဘာကြီးက ဦးညွတ်ခြင်းခံခဲ့ရပါသည်။

အာဏာရှင်စစ်ဘီလူးများဟာ မေတ္တာဓာတ်နှင့်လည်း တရားမရ၊ ကုလသမဂ္ဂလည်းနားမချနိုင်၊ ကမ္ဘာ့ခေါင်း ဆောင်များရဲ့ ဖြောင်းဖျနှစ်သိမ့်မှုကိုလည်း မကြားနိုင်၊ ကမ္ဘာ့ပြည်သူများရဲ့ ၀ိုင်းဝန်း လက်ညိုးထိုး မှုကိုလည်း မမြင်နိုင်တော့ပါ။ ထို့ကြောင့် မြန်မာ့မြေပေါ်မှ အာဏာရှင်မိစ္ဆာစစ်ဘီးလူးများအားအမြစ်ပြတ်နှိမ် နင်းနိုင်ရေးအတွက် ရဟန်းသံဃာတော်များအတူနှင့် မြန်မာပြည်သူလူထုတရပ်လုံး စည်းစည်းလုံးလုံးညီညွတ် စွာနဲ့ အင်တိုက်အားတိုက် ဆက်လက်တိုက်ပွဲဝင်ကြပါရန် လေးလေးနက်နက်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

စစ်နည်းဗျုဟာ ဘယ်လိုသာလည်း၊
စွဲကိုင်လက်နက် ဘယ်လိုထက်လည်း၊
ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်၊
ပြည်သူ့စွမ်းအား မကိုးစားလျှင်၊
ဓါးသွားလည်းကြွေ
လှံလည်းခွေအံ့- တဲ့ ။

(လက်ဝဲသုန္ဒရအမတ်ကြီး)

အမှောင်တွေခွင်း၍ အလင်းရောင်ကိုဆုပ်ကိုင်နိုင်ကြပါစေ...
ပြည့်စုံ

ရည်ညွှန်း- အရေးကြီးသောတွေ့ဆုံခန်းများ(ဒေါက်တာခင်မောင်ဝင်း)
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub