October 31, 2007

ပင်လယ်

Unknown | 10:26 AM |

ပင်လယ်ဟာ
တောင်တန်းတွေရဲ့ ဘုရင်ဖြစ်တယ်။

ဘာဖြစ်လို့လည်းဆိုတော့… … …
ပင်လယ်ဟာ အားလုံးရဲ့အောက်နိမ့်တဲ့
နေရာမှာရှိနေလို့ပဲ။

ပင်လယ်ဟာ သူ့ကိုတောင်တန်းတွေက
ဝါးမျိုသွားမှာကို စိုးရိမ်ပူပန်မနေဘူး။

တောင်တန်းတွေကသာ သူတို့ကို ပင်လယ်က
ဖုံးလွှမ်းသွားမှာကြောက်ရွံ့စိုးလန့်နေရရဲ့။

မသိမ်းပိုက်သူဟာ
အရာရာကိုအောင်နိုင်တယ်။


မင်းခိုက်စိုးစံ( သုည ၀တ္တုမှ)
Continue reading ...

အချိန်တန်ပါပြီ

Unknown | 9:00 AM |

အာဏာရူးနေ၀င်း၊ အင်ဒိုနီးရှားက ဆူဟာတို၊ ကမ္ဘောဒီးယားက ပိုပေါ့နဲ့ဖိလစ်ပိုင်က မားကို့စ်တို့ပါ။ သူတို့ရဲ့နေ၀င်ချိန်ဟာ ပြည်သူတို့ရဲ့မေတ္တာကြောင့် ဇာတ်သိမ်းမလှခဲ့ပါ ဘူး။ မကြာသေးခင်အတောအတွင်းမှာလည်း ဆားဗီးယားသမတမီလိုဆိုဗစ်လည်း နယ်သာ လန်နိုင်ငံသဟိဂ်မြို့မှာ ဘ၀ဇာတ်သိမ်းမလှခဲ့သလို၊ ဗိုလ်ခင်ညွန့်ဆိုလည်း ပြည်သူတွေကို အညွန့်ချိုးခဲ့လို့ သူ့အညွန့်လည်းကျိုးခဲ့ပါပြီ။၂၀၀၃ မေလ ဒီပဲယင်း ရဲ့တရားခံ ဗိုလ်စိုးဝင်းဆို လည်း အသေထွက် ထွက်သွားပြီ (စောင့်နေပါတယ်သန်းရွှေကို လေးဘုံဌာနကနေ) အဆုံးသတ်မလှခဲ့ပါဘူး။ ဒါတွေ ဟာအာဏာရှင်အာဏာရူးတွေရဲ့ ဖြစ်မြဲအစဉ် အလာပါ။
အဲဒါကိုမှ တရားမရ၊ သံဝေဂမရဘဲ ပထမအကြိမ်၂၀၀၃ မေလ ဒီပဲယင်းလုပ်ကြံ မှုပြုလုပ်ခဲ့ပါတယ် ဒါတင်အားမရ သေးလို့ဆက်ပြီး ဒုတိယအကြိမ်မြောက် သံဃာတော် တွေရဲ့ငြိမ်းချမ်းစွာ ပရိတ်ရွတ်၊ မေတ္တာပို့ပြီးငြိမ်းချမ်းစွာနဲ့ပြည်သူတွေရဲ့ အခက်အခဲကို တောင်းဆိုချက်(၄)ချက်နဲ့ တောင်းဆိုနေတဲ့အပေါ် မဖြေရှင်းပေးသည့်အပြင် မြန်မာ ပြည်သမိုင်းမှာကျနော်တို့အဆိုးဆုံအရက်စက်အကြမ်းကြုပ်ဆုံးအဖြစ်ကိုမြင်တွေ့နေရပါတယ်။
ကျနော်တို့မြန်မာဗုဒ္ဓဘာသာတွေဟာ မဝေးလှသေးတဲ့ခေတ်က မျက်နှာဖြူတွေကို ရွှေတီဂုံကုန်း တော်ပေါ်မှာ ဖိနပ်မချွတ်လို့ အင်္ဂလိပ်တွေကို အသေခံပြီးဓားနဲ့ခုတ်ခဲ့ တော်လှန်ခဲ့ပါ တယ်။ပြင်းပြင်းထန်ထန်ကိုတိုက်ပွဲဆင်ခဲ့ရပါတယ်၊အထောက်အထားနဲ့ သမိုင်း ဖြစ်ခဲ့တယ်။
အခုများကြတော့ တိုင်းတပါးသားထက်တောင်သာနေပုံများ မိုက်ရိုင်းလိုက်ပုံ ကန်းကုန်လိုက်ပုံများရွှေတီဂုံကုန်းတော်ပေါ်မှာ ပြည်သူတွေကိုနှိပ်စက် သတ်ဖြတ်လုပ်ရုံမက ဘုရားရဲ့သားတော်တွေကိုပါ လေးဆူဓါတ်ပုံ ရွှေတိဂုံဘုရားခြေတော်ရင်းမှာ သွေးမြေကျအောင် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ရုံတင်မက အသက်မသေဘဲ ဆက်လက် တောင်းဆိုတိုက်ပွဲဝင် နေသူများကိုလည်း ညမထွက်ရအမိန့်ထုတ် (သူတို့ပဲထွက်တယ်) ညအချိန်မတော် ၀င်ရောက်ဖမ်းဆီး ထောင်သွင်းအကျဉ်းချ၊ ဘုန်းကြီးကျောင်း တွေကိုလည်း ညအချိန်မတော် ၀င်ရောက်ဖမ်းဆီးသတ်ဖြတ် ရိုက်နှက်ဖျက်ဆီးပစ်ခဲ့ပါသည်။ အဖွဲ့ချုပ်အဖွဲ့ဝင်တွေဆိုကုန်သ လောက်ဖြစ်နေပြီဖမ်း ဆီးအကျဉ်းချတာ။ ပြည်သူတွေရဲ့အိမ်တွေဟာ အခုဆိုထောင်တွေဖြစ် ကုန်ပါပြီ ဘာကြောင့်လည်းဆိုတော့ သူတို့က အချိန်မရွေး ဖမ်းချင်တဲ့အချိန်ဝင်ဖမ်း ၀ရမ်းမ ပါပဲနဲ့။
တိုင်းတပါးက အင်္ဂလိပ်ကိုလိုနီအစိုးရ၊ ဂျပန်ဖက်ဆစ်ကာလတုန်းက သံဃာတော်တွေ ကိုရိုက်နှက် တယ်ဆိုတာတော့ရှိခဲ့ဖူးတယ်၊ ဒါဟာလည်း ဓလေ့ထုံးစံမတူတဲ့ လူမျိုးကွဲတိုင်း တပါးက ဖက်ဆစ်တွေပါ။ အခုများတော့ သမိုင်းစာမျက်နှာအသစ်ဖွင့်လိုက်တဲ့ အာဏာရူး ဘုရင်ရူးသန်းရွှေ(သူ့ကိုယ့်သူ ဘ၀ရှင်မင်းတရားကြီးဝင်စားသူတဲ့) တို့ရက်စက်ယုတ်မာလိုက်ပုံ များ သံဃာတော်တွေ သီလရှင် တွေကိုသတ်ဖြတ် လူမမယ်ကိုရင်ငယ်လေးတွေ ကိုပါဖမ်းဆီးလူဝတ်လည်း တက္ကသိုလ်ကျောင်းသားတွေကိုလည်းထောင်သွင်းအကျဉ်းချ ရဲဘက်စန်းပို့။ တွေးလိုက်တိုင်း ရင်ထဲမှာ ဆို့နင့်နင့်ကြီးနဲ့ ခံပြင်းနာကျည်းမှု တွေပိုတိုးလာတယ်။ မြို့လယ်လမ်းမတွေပေါ်မှာပါ နအဖစစ်လူ့တိရိစ္ဆာန် တွေကရတနာ သုံးပါးထဲက တစ်ပါးကို စစ်ဖိနပ်တွေနဲ့ကန်ကျောက်ရိုက် နှက်သတ်ဖြတ်မှုဟာ မြင်တွေ့ရသူ ဒါယကာ၊ဒါယကာမတွေ မျက်ရည်ကျတာ သဘာဝကျပါတယ်။ ဒီ နအဖ လူ့တိရိစ္ဆာန် အမျိုးဘာသာ သာသနာကို ဖျက်ဆီးတဲ့ကောင်တွေ တစ်ဘ၀စံသမားတွေကို ပတ္တနိဣုဇနကံ စောင်တာနဲ့တောင်လုံလောက်မယ်မထင်ဘူး။ ကိုဇာဂနာရေ အစ်ကိုပြောသလို ဂမ်းစာမိပြီး ပူချေးမိ ကုန်ပါပြီဗျာ။

လူအချင်းချင်းနှိပ်စက်ချင်း ကင်းရှင်းကြပါစေ။ ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်းအေးချမ်းကြပါစေ။
သံဃာတော်တွေ ကျန်းမာချမ်းသာကြပါစေ၊ ဘေးဘယာကင်းဝေးကြပါစေ။

ကျဆုံးပြန်လွန်တော်မူသွားသောသံဃာတော်များနှင့်ကျောင်းသားပြည်သူများကိုဦးညွှတ်လျှက်

ပြည့်စုံ
Continue reading ...

ပခုက္ကူသံဃာတော်များက မေတ္တာပို့လမ်းလျှောက်ဆန္ဒပြပွဲကို ပြန်လည်စတင်ပြီ

Unknown | 1:52 AM |

ပခုက္ကူမြို့က သံဃာတော်အပါး(၂၀၀)ခန့်ဟာ ဒီနေ့မနက် (၈)နာရီခွဲမှာ ဗိုလ်ချုပ်လမ်းတလျှောက် ပေါက်လမ်းမကြီးအတိုင်း မြို့ကိုပတ်ပြီး ကြွချီမေတ္တာပို့သပါတယ်။
အရှေ့ဆုံးတန်းကသံဃာတော်များက သာသနာ့အလံ(၃)ခုကိုကိုင်ဆောင်ထားပြီး ကျန်သံဃာတော်များက (၃)ပါးတတန်း စီတန်းပြီး မေတ္တာသုတ်ကို ရွတ်ဆိုကြွချီကြပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ရဟန်းသံဃာတော်များနဲ့ ပြည်သူလူထုကို စက်တင်ဘာနောက်ဆုံးအပတ်အတွင်းမှာ စစ်အစိုးရအာဏာ ပိုင်တွေက အကြမ်းဖက်ရိုက်နှက်ပစ်ခတ်တဲ့အတွက် တလနီးပါး ငြိမ်သက်သွားပြီးနောက် ဒီကနေ့မနက်မပိုင်းမှာ ပခုက္ကူသံဃာများက မေတ္တာပို့ကြွချီလမ်းလျှောက်ပွဲကို ပြန်လည်စတင်လိုက်တာဖြစ်ပါသည်။
အမျိုးသားညီလာခံကို ထောက်ခံပြီးသံဃာတော်များဆန္ဒပြမှုကို ဆန့်ကျင်တဲ့ပွဲကို ပခုက္ကူအာဏာပိုင်တွေက အတင်းအဓမ္မကျင်းပခဲ့တဲ့အတွက် ဒါကို တန်ပြန်ဆန့်ကျင်တဲ့အနေနဲ့ သံဃာတော်များက အခုလိုမေတ္တာပို့ကြွချီတာ ဖြစ်ပါသည်။
ညီလာခံထောက်ခံပွဲကို လုပ်ခွင့်ပေးရင် သံဃာထုကိုလည်း လွတ်လွတ်လပ်လပ်စီတန်းကြွချီမေတ္တာပို့ခွင့် ပြုရမယ်လို့ အာဏာပိုင်တွေကို သံဃာတော်များက ကြိုတင်အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
အာဏာပိုင်တွေက အမျိုးသားညီလာခံထောက်ခံပွဲအတွက် ပြည်သူလူထုကို အဓမ္မဆင့်ခေါ်ခဲ့ကြောင်း၊ တက်ရောက်သူကို ကျပ်(၁၅၀၀)ပေးပြီး မတက်ရောက်ရင် ကျပ်(၃၀၀၀)ပြန်ပေးရမယ်လို့ ခြိမ်းခြောက်တဲ့အကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။
အာဏာပိုင်တွေရဲ့ အမျိုးသားညီလာခံထောက်ခံပွဲ မနက်(၈)နာရီမှာ အဆုံးသတ်ပြီးနောက် တစ်နာရီခန့် အကြာမှာ ပခုက္ကူသံဃာတော်တွေက စီတန်းကြွချီခဲ့တာဖြစ်ပါတယ်။
Continue reading ...

October 30, 2007

စစ်တွေ ကျောင်းသားများက ကာတွန်း ပိုစတာများ ရေးဆွဲ၍ နအဖကို တိုက်ခိုက်

Unknown | 8:00 PM |
အောက်တိုဘာလ ၂၉ ရက်နေ့ညတွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျောင်းသားများက စစ်အစိုးရအား ဆန့်ကျင် ကန့်ကွက်သည့်ကာတွန်းများတွင် နအဖ စစ်သားများက ရဟန်းတော်များအား သတ်ဖြတ် နေပုံများအား ရေးဆွဲထားပြီး ပုံများအောက်တွင် “ဗုဒံ္ဓ သရဏံ - - - ဒိုင်းဒိုင်း” “ ဓမ္မံသရဏံ- - - ဒိုင်းဒိုင်း” “သံဃံ သရဏံ -- ဒိုင်းဒိုင်း” ဟူသော စာများအား ကာတွန်းပိုစတာများအား ဘုရားကြီး အနီးတ၀ိုက်ရှိ ဘုန်းကြီးကျောင်းများ အ၀င်ဝ လမ်းများနှင့် နံရံများတွင် ချိတ်ဆွဲ ထားခဲ့ကြပါသည်။
နအဖ အာဏာပိုင်များက ရခိုင်ပြည်နယ်တွင် နောက်ထပ် ဆန္ဒပြပွဲများကို ပေါ်ပေါက်လာမည်ကို သိရှိနေသဖြင့် အဓိဂရုဏ်းနှိမ်နှင်းရေး သင်တန်းများ၊ စွမ်းအားရှင် သင်တန်းများအား ရခိုင်ပြည်နယ် အနှံ့အပြားတွင် ပြုလုပ်နေပြီး စစ်ရေး သင်တန်းများ ပို့ချပေးနေကြောင်း သိရှိရပါသည်။
Continue reading ...

အကောင်းဆုံးသော ဂါထာသုံးပုဒ်

Unknown | 9:43 AM | |
ဒီမို ဂါထာ ၃ ပုဒ်
ငရဲလားချင်
စစ်ထဲဝင် ။

ကုသိုလ်ယူ
ကျော်သူနဲ့တိုင်ပင် ။

ကြောက်မွှေးပါ
ဇာဂနာနဲ့နှုတ် ။

တနေ့ ၃ ခါ
ရွတ်ဆိုပါ
ဂါထာဤ ၃ ပုဒ် ။


ကိုဇာနည်မောင် ဇိုပီယာမှကူးယူတင်ပြသည်။
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub