မြန်မာရဟန်းရှင်လူ၊ပြည်သူတို့ရဲ့ ၀မ်းနည်းကြေကွဲဖွယ်ရာသတင်းတွေကတော့ တနေ့ထက်တနေ့ ပိုပိုဆိုးလာနေပါပြီ။ နောက်ဆုံး သတင်းအရ ရဟန်းတော်တွေကို ညတိုင်းဖမ်းဆီး၊ တိတ်တဆိတ် သတ်ပစ်သည့် အပြင်၊ ခိုင်လုံတဲ့ သတင်းအရ ဖမ်းဆီးခံနေရတဲ့ ရဟန်းငါးရာကိုလည်း သံခြေချင်းတွေခတ်ပြီးတော့ ပြန်လမ်းမရှိသည့် ကဘော်ချိုင့်ဝှမ်း ရဲဘက်စခန်းကို ပို့ဖို့စီစဉ်နေကြပါပြီဟု ကြားသိရသည်။
Continue reading ...
October 02, 2007
ဖမ်းဆီးခံရသူများထဲမှ စုစုပေါင်း (၃၄၄) ယောက်ရဲ့ အသေးစိတ်စာရင်းပါ။
Unknown | 2:50 AM |
October 01, 2007
Dead of Monk
ဓါတ်ပုံက ၃၀ ရက်နေ့မှာ ရန်ကုန်မြစ်ထဲက သံဃာတော်အလောင်းများ တွေ့ရှိရတာ ဖြစ်ပါတယ်။ ဗွီဒီယိုကိုတော့ www.abcnews.go.com (ကြည်ရှုလိုပါက နှိပ်ပါ) မှာ သွားရောက် ကြည့်ရှု နိုင်ပါတယ် ခင်ဗျား....
Breaking News: Thousands of Deaths.
1 October,2007
From The Daily Mail and updatedThousands of protesters are dead and the bodies of hundreds of executed monks have been dumped in the jungle, a former intelligence officer for Burma's ruling junta has revealed.
The most senior official to defect so far, Hla Win, said: 'Many more people have been killed in recent days than you've heard about. The bodies can be counted in several thousand.'
Mr Win, who spoke out as a Swedish diplomat predicted that the revolt has failed, said he fled when he was ordered to take part in a massacre of holy men. He has now reached the border with Thailand.
Reports from other exiles along the frontier confirmed that hundreds of monks had simply ' disappeared' as 20,000 troops swarmed around Rangoon yesterday to prevent further demonstrations by religious groups and civilians.
Khin Ohmar, the head of the Thailand-based Asia-Pacific People's Partnership on Burma, said she had heard from witnesses that "more than 100 were shot down at Tam We high school in Rangoon" but the number of deaths could not be confirmed.
Breaking News 29,September,2007
Unknown | 10:24 AM |
News
မဇ္ဈိမ သတင်းဌာနမှ တဆင့်ကူးယူတင်ပြသည်။
စက်တင်ဘာလ ၂၉ ရက်၊ ၂၀၀၇ ခုနှစ်။
မစ္စတာ ဂမ်ဘာရီသည် စစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ရန် နေပြည်တော်သို့ ယနေ့ ညနေက ရောက်သွားပြီ ဖြစ်သည်။
မန္တလေးမှာ ဆန္ဒပြ
မြန်မာစံတော်ချိန် ၁၇း၅၀ (သတင်းလွှင့်တင်ချိန်)
မန္တလေးတွင် လူ ၅ ထောင်ခန့်က ယနေ့ ညနေ ၄ နာရီတွင် ဆန္ဒပြကြသည်။
စစ်တပ်နှင့် လုံခြုံရေးများက ဘုန်းကြီးကျောင်း ပိတ်၍ စောင့်ဆိုင်း နေကြသောကြောင့် သံဃာတော်များ ထွက်မလာနိုင်ဘဲ ရှိသည်တွင် ပြည်သူ လူထုချည်း သက်သက် ဆန္ဒပြကြခြင်း ဖြစ်သည်။
၈၄ လမ်း၊ လမ်း ၈ဝ၊ ၃၃ လမ်းမှသည် ၃၅ လမ်းအထိ လူအုပ်စုကြီးက စောင့်ဆိုင်းခဲ့ကြပြီးနောက် ညနေစောင်းချိန်တွင် စတင်ခဲ့သည်။ ကျောင်းဆင်းချိန် ဖြစ်သောကြောင့် ကျောင်းသားများလည်း ဆန္ဒပြပွဲတွင် ပူးပေါင်းခဲ့သည်။
“စစ်ကား ၃ စီးက လူတွေကို အနောက်က လိုက်တိုက်တယ်။ လူစုခွဲတယ်။ အဲဒီတော့ လူတွေက ထွက်ပြေးတယ်။” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။
ယနေ့ ဆန္ဒပြပွဲတွင် စစ်ကားရှေ့မှ ဖြတ်ပေးသွားသူ လူငယ်တဦးကို ကားရပ်ပြီး ဖမ်းဆီးသွားခဲ့သည်။
ယမန်နေ့ညက ဘုန်းကြီးကျောင်းများကို စစ်တပ်အင်အား တိုး၍ ချထားပြီး နယ်မှလာသော စာသင်သားများကို ခရီးစားရိတ်ပေး၍ ပြန်ခိုင်း လိုက်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းကော်မတီများ၏ နေအိမ်များကိုလည်း ထောက်လှမ်းရေးများက ဝိုင်းရံစောင့်ကြည့်နေသည်။
မစ္စတာဂမ်ဘာရီနဲ့ လုံခြုံရေးချထားမှု
မြန်မာစံတော်ချိန် ညနေ ၅ နာရီ (သတင်းရယူချိန်)
“မစ္စတာ ဂမ်ဘာရီ ရောက်တာတော့ ရောက်ပြီ။ ဒါပေမဲ့ ခေါ်လာတာ မတွေ့သေးဘူး။ ဘယ်ကို ခေါ်သွားတယ် ဆိုတာ မသိရသေးဘူး။ ထရိတ်ဒါးမှာလည်း လူတွေ ရှင်းထားတယ်။ ထရိတ်ဒါး ရှေ့နား၊ ဆူးလေ ကားမှတ်တိုင်ကိုလည်း ဒီနေ့ မနက်ပိုင်းကစပြီး၊ ကားမှတ်တိုင် ပြောင်းထားလိုက်တယ်။ သမတ ရုပ်ရှင်ရုံရှေ့ ကုန်းနားမှာ ပြောင်းရပ်ခိုင်းထားတယ်။ မသိတဲ့ ကားသမားတွေက ဆူးလေ မှတ်တိုင်မှာ ရပ်တော့ ဆင်းလာတဲ့ သူတွေကို စစ်သားတွေက ရိုက်လွှတ်တယ်တဲ့။ မြင်တဲ့ လူတွေက ပြန်ပြောပြတယ်။ ၁၁ နာရီ၊ ၁၂ နာရီ လောက်က စစောင့်ပြီး ရိုက်တာတဲ့။ ဆူးလေမှတ်တိုင်မှာ စစ်ကား ၄၊ ၅၊ ၆ စီး ရှိတယ်။ တန်းစီ စောင့်နေတာ။ မိုးကလည်း ရွာနေတယ်။ ကားပေါ်က ဆင်းလာတဲ့ လူတွေကို ရိုက်လွှတ်တယ် ဆိုတော့ လူတွေက ရှင်းနေတာပဲ။” ဟု လေ့လာ စောင့်ကြည့်နေသူ တဦးက ပြောသည်။
“သိမ်ကြီးဈေးတို့ ဘာတို့ ဈေးတွေလည်း ၄ ရက် ပိတ်ထားတယ်။ ဆူးလေ လမ်းတလျှောက်မှာတော့ လူတွေ နေလို့ မရအောင် စစ်သားတွေက ထိုင်ကို စောင့်နေကြတာ။ စစ်ကား ၁၄ စီး၊ ၁၅ စီး ရှိတယ်။ မီးသတ်ကားတွေလည်း ၆ စီး၊ ၇ စီး ရှိတယ်။ စွမ်းအားရှင်တွေကတော့ ပန်းခြံတို့မှာ ရှိနေတယ်။ ဒိုင်နာကား ၂ စီးလောက် ချထားတာ တွေ့ခဲ့တယ်။ လက်ရှိပုံစံကို ပြောရရင် စစ်ရုံးချုပ်ကြီးလိုပဲ။ ကျနော်ကတော့ 'ထရိတ်ဒါး စစ်ဌာနချုပ်ကြီး' လို့တောင် နာမည် ပေးခင်တယ်ဗျာ” ဟု သူက ဆက်ပြောသည်။
ဒေါ်ဝင်းမြမြရဲ့ ခံယူချက်
မြန်မာစံတော်ချိန် ၁၇း၂၅ (သတင်းလွှင့်တင်ချိန်)
မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တိုင်း စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ဝင်းမြမြကို ယမန်နေ့ညက ရဲက ဖမ်းဆီးရာတွင် လာဖမ်းလျှင် လိုက်သွားရန် အသင့် ပြင်ဆင်ထားသည်ကို အာဏာပိုင်များ တွေ့လိုက်ရသည်။
ဒေါ်ဝင်းမြမြနှင့် “လူကြီးတွေက တွေ့ချင်လို့၊ ဆွေးနွေးစရာ ရှိတယ်” ဆိုကာ လာခေါ်သောအခါမှပင် ကိုယ်တိုက်ဆပ်ပြာ အပါအဝင် တကိုယ်ရည် အသုံးအဆောင် ကလေးများကို ထုတ်ပိုး ထားသည်ကို ကျန်အိမ်သားများ သိလိုက်ရသည်။
“ညကြီးမင်းကြီး လာခေါ်ရင်လည်း လိုက်သွားရမှာပဲ။ ညပဲခေါ်တယ်၊ နေ့တော့ မခေါ်ကြဘူး။ ညမင်းသားတွေနဲ့ တူတယ်” ဟု ဒေါ်ဝင်းမြမြက လာဖမ်းသူများကို ပြောသည်ဟု ညီမဖြစ်သူက မဇ္ဈိမ သို့ ပြောသည်။
“သူ့ကို သေနတ်နဲ့ ပစ်သတ်မယ် ဆိုရင်တောင် အန်အယ်လ်ဒီကနေ ဘယ်တော့မှ မထွက်ဘူးလို့ သူပြောဖူးတယ်။”
လူစုခွဲ
မြန်မာစံတော်ချိန် ၁၇း၁၀ (သတင်းလွှင့်တင်ချိန်)
ရန်ကုန်မြို့လယ် ဆန္ဒပြသူများသည် ညနေ ၄ နာရီခွဲခန့်က လူစု ခွဲလိုက်ကြသည်။
“ရဲကားတစ်စီးက ဘုန်းကြီးလမ်း မှတ်တိုင်ရှေ့မှာ ရပ်ထားတယ်။ လူတွေကလည်း မရှိတော့ဘူး။ ရဲ ၁ဝ ယောက်လောက် ဆင်းလာပြီး ကြည့်နေတယ်။ နောက်ပြီးတော့ မိုးကလဲ ရွာမဲ့ သဘောရှိတော့ လူတွေကလည်း မရှိတော့ဘူး။” ဟု မဇ္ဈိမ အထောက်တော် တဦးက ပြောသည်။
စစ်တပ်လည်း ရူးပြီ
“စစ်တပ်လည်း ရူးနေတဲ့ ပုံစံရှိနေလိုက်၊ နောက်တနေရာ စုပြီဆိုရင် ပြန်လိုက်လိုက် ဆိုတော့လေ။ နောက်တနေရာ ရွှေ့သွားလိုက် ဖြစ်နေတယ်။ ဒီနေ့မှာတော့ သူတို့ ရောက်လာပြီဆိုရင် လူတွေကွဲလိုက် ပြန်စုလိုက်တော့ ပြန်ရောက်လာပြန်ရော ဖြစ်နေတယ်။” ဟု သူက ထပ်ပြောသည်။
ကျောက်ပန်းတောင်း ဆန္ဒပြ
(မြန်မာစံတော်ချိန် ၄း၁ဝ မိနစ်)
မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်၌ ရှိသော စာသင်တိုက်များမှ သံဃာများနှင့် ပြည်သူလူထုက ပူးပေါင်း၍ ယနေ့တွင် ဆန္ဒပြသည်။
သုခဝဒီ စာသင်တိုက်၊ ခေမာသီဝံ စာသင်တိုက်၊ ဂူကျောင်း စာသင်တိုက်တို့မှ သံဃာတော် အပါး ၁၀၀၀ ခန့်နှင့် ပြည်သူလူထု ၃ သောင်းလောက်က စေတီကြီး ဘုရား၌ စုဝေးပြီး ယနေ့ ၃ နာရီလောက်က စေတီကြီး ဘုရားမှသည် မြို့ပေါ် မင်္ဂလာစေတီတိုက်၊ လမ်းဆုံအဝိုင်း၊ မြင်းခြံလမ်းအတိုင်း လမ်းလျှောက် ဆန္ဒပြခြင်း ဖြစ်သည်။
“ကြွေးကြော်သံကတော့ ဦးပဉ္စင်းတို့ကလေ၊ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းစင်ကြပါစေ၊ လူ့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ၊ အဲသလိုပဲ ရွတ်ပြီးတော့ သံဃာတွေက တလှည့်စီ ရွတ်တယ် ဒကာကြီး၊ လူတွေထဲက တချို့ လူတွေကတော့ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ် ဆိုတာပေါ့လေ၊ အဲဒါတွေ ရွတ်ကြတယ်” ဟု ဆန္ဒပြ ဦးပဉ္စင်း တပါးက ပြောသည်။
ကျောက်ပန်းတောင်းတွင် ယမန်နေ့ကလည်း သံဃာတော်များနှင့်လူထု ပူးပေါင်း၍ ဆန္ဒပြခဲ့ကြသည
မန္တလေးမြို့မှာ သံဃာတော်များ ကျောင်းတိုက်ထဲက မထွက်နိုင်အောင်လုပ်နေ
မြန်မာစံတော်ချိန် ၁၆း၃၀ (သတင်းလွှင့်တင်ချိန်)
မန္တလေး တမြို့လုံးရှိ ဘုန်းကြီးကျောင်းတိုက်များကို လုံခြုံရေး တင်းကြပ်စွာ ပိတ်ဆို့ထားသည့် အတွက် ဆန္ဒပြ ချီတက်မည့် သံဃာတော်များ မထွက်နိုင် ဟု သိရသည်။
“သံဃာတော်တွေ လှုပ်ရှားလို့ မရနိုင်အောင် မစိုးရိမ် ကျောင်းတိုက်၊ မြတောင်ကျောင်းတိုက် အနီးအနား တဝိုက်မှာ သံဆူးကြိုး အထပ်ထပ်၊ လက်နက် အပြည့်အစုံနဲ့ တပ်တွေချထားလို့၊ ပိတ်ဆို့မှုတွေကြောင့် ကျောင်းအတွင်းက သံဃာတော်တွေက ကျောင်းဝင်းကနေ ကျော်ပြီး အော်ဟစ်နေကြတယ်ဿ” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။
စာသင်သား သံဃာတော်တွေကို နေရပ် ပြန်အောင် ရဲအရာရှိများက ဖိအား ပေးနေကြသည်ဟုလည်း သူက ပြောသည်။
ထို့အပြင် မန္တလေး အကျဉ်းထောင်ဦးစီမှူးမှ ကုန်းလမ်း ပို့ဆောင် ဆက်သွယ်ရေး ကားနှစ်စီး ဖြင့် ထောင်သားများကို မန္တလေး တောင်အောက် ရှိ မြင်းပြိုင်ကွင်းသို့ ခေါ်ဆောင်သွားပြီး ဆံသ သမားတဦးကို ခေါ်၍ ကတုံး တုံးခိုင်းကြောင်း မျက်မြင် တဦးက ပြောသည်။
သံဃာတော်များအတွင်း စည်းရုံးရေးပြိုကွဲရန်နှင့် လူထု အကြည်ညိုပျက်စေရန် ဘုန်းကြီးတုများဖန်တီးနေသည်ဟုလည်း သူကဆက်ပြောသည်။
ဦးတေဇပိုင် ထူးကုမ္ပဏီ ပိတ်ပြီ
မြန်မာစံတော်ချိန် ၁၅း၄၅ (သတင်းလွှင့်တင်ချိန်)
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံတော် ဦးတေဇပိုင် ထူးကုမ္ပဏီမှ ဝန်ထမ်းများကို ယမန်နေ့က လစာ ၂ လစာပေး၍ အလုပ်ရပ်နား ထားလိုက်သည်။
“၂ လစာ ပေးပြီးတော့ အလုပ်မဆင်းနဲ့အုံး။ ၁၁ လပိုင်းမှ ကုမ္မဏီကို ပြန်ဆက်သွယ်ကြပါ” ဟု မှာလိုက်ကြောင်း ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။
ရန်ကုန်ဆန္ဒပြသူအင်အားတိုး
မြန်မာစံတော်ချိန် ၁၅း၃၀ (သတင်းလွှင့်တင်ချိန်)
ရန်ကုန်ဆန္ဒပြသူ အင်အား ၁ သောင်းခန့် ရှိသွားပြီ ဖြစ်သည်။ စစ်တပ် နောက်ခံထားသော လုံထိန်းများက ဒုတ်များနှင့် အတင်းလိုက်ရိုက်၍ ဆန္ဒပြသူများ ကြွေးကျော်သံများ အော်ဟစ်ရင်း ထွက်ပြေးလိုက်၊ ပြန်စုလိုက် ဖြစ်နေသည်။ စစ်တပ်ကတော့ မီတာ ၅ဝ ခန့် အကွာတွင် ဆန္ဒပြသူများနှင့် ဖြိုခွင်းသူများ ခြားလျှက်ရှိနေသည်။ လက်ခုတ်တီးသံများ ဆူညံစွာ ပေါ်ထွက်နေပြီး စစ်တပ်ကလည်း ပစ်ခတ်ရန် အသင့်လုပ်နသည်။
စံပြရုပ်ရှင်ဘက်တွင် ဆန္ဒပြနေသူများကို ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ဒဏ်ရာရသူများလည်း ရှိနေပြီး အရေအတွက် မသိရသေးပေ။
မြန်မာစံတော်ချိန် ၁၅း၂၀ (သတင်းလွှင့်တင်ချိန်)
ရန်ကုန် ဆန္ဒပြသူများကို ရိုက်နှက်မှုများ လုပ်နေရာ နေအိမ်ရှေ့တွင် ရပ်ကြည့်နေသူများပါ အရိုက်ခံနေရသည်။
“အခု လောလောဆယ် ဖြစ်နေတာ မဂိုလမ်းရှိ ၂၉ လမ်းမှာရှိတဲ့ ဆံပင်ညပ်ဆိုင်ထဲထိ ဝင်ပြီး ဝင်ဆွဲတာ ဖမ်းတယ်။ ရိုက်နေတယ်။ ဘေးကနေ ကြည့်တဲ့ လူတွေကို ပါဖမ်းပြီး ရိုက်နေတာ။ လမ်းထဲမှာ ဖြစ်နေတဲ့ လူကအစ လုပ်နေတာ။ ကိုယ့်အိမ်မှာ ရပ်နေတဲ့ လူတွေတောင် လိုက်ဖမ်းနေတာ” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်များ အခြေအနေ
မြန်မာစံတော်ချိန် နေ့လည် ၁ နာရီ ၄၅ မိနစ် (သတင်းရယူချိန်)
လှိုင်မြို့နယ်
လှိုင်မြို့နယ် ၈ ရပ်ကွက်က ကျောင်းကို ယမန်နေ့ညတုန်းက အာဏာပိုင်တွေက ဝင်ရောက် စီးနင်းရန် ရောက်လာချိန် ရပ်ကွက်သူ၊ ရပ်ကွက်သားများက ညာသံ ပေးလိုက်၍ ပြန်လည် ဆုတ်ခွါသွားခဲ့သည်။
စမ်းချောင်းမြို့နယ်
စမ်းချောင်းမြို့နယ် အန်အယ်ဒီ စည်းရုံးရေး ဥက္ကဌ ဦးသက်ဝေကို အာဏာပိုင်များက ယမန်နေ့ညက ဖမ်းဆီးသွားသည်။
လှည်းကူး
လှည်းကူးမြို့တွင် ယနေ့နံနက်တွင် နံပါတ် ဖျက်ထားသည့် ဒိုင်နာကား ၆ စီးနှင့် အရပ်ဝတ်လူများ ရန်ကုန် မြို့ထဲသွား။
ကြည့်မြင်တိုင်
ကြည့်မြင်တိုင် စံပြဆေးရုံတွင် သေနတ်ဒဏ်ရာ ရထားသူ ၂ ဦးနှင့် သေဆုံးကလေးငယ် တဦးရှိရာ ကလေးငယ်၏ ရုပ်အလောင်းကို မိဘက တောင်းသော်လည်း ခဝတ ဥက္ကဌ လက်မှတ်ပါမှ ပြန်ပေးမည်ဟု ဆေးရုံက ပြောသည်။
မြန်မာစံတော်ချိန် ၁၅း၀၀ (သတင်းလွှင့်တင်ချိန်)
မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးကိုကြီး အိမ်ကို ထောက်လှမ်းရေးများက ဝိုင်းထားသည်။
ရန်ကုန်မှာ ဆန္ဒပြပြန်ပြီ
မြန်မာစံတော်ချိန် ၁၄း၄၅ (သတင်းလွှင့်တင်ချိန်)
ရန်ကုန်မြို့ ဆန္ဒပြသူ နှစ်ထောင်ကျော်သည် ယခုအခါတွင် မဂိုလမ်းတွင် ရောက်ရှိနေပြီး “ပြည်သူ့ဆန္ဒ အောင်ရမည်။” ကြွေးကျော်သံများ အော်ဟစ်ကာ ဆန္ဒပြလျှက် ရှိပြီး စစ်တပ်က လိုက်လံ ဝိုင်းဖမ်းနေသည်။
အခြေအနေ ကတော့ လိုက်ဖမ်းလိုက်၊ ထွက်ပြေးလိုက်၊ ပြန်စုလိုက် ဖြစ်နေသည်။
“မပစ်သေးဘူး၊ ဖမ်းတယ်။ ဝိုင်းတယ်။ ထွက်ပြေးတယ်။ အဲဒီ အဖွဲ့က အခု သိမ်ကြီးဈေးဘက်မှာ စုတယ်။ စုပြီး ဆန္ဒပြတယ်၊ ကြွေးကျော်သံတွေ ကျော်နေတယ်။ တပ်က ဘေးက ပတ်ပတ်လည် ဝိုင်းထားတယ်။ အင်အား ၁ ထောင်ကျော် ရှိတယ်။ ဒါပေမဲ့ ရပ်ကြည့်တဲ့ အင်အားက အများကြီးပဲ။” ဟု မျက်မြင်သက်သေ တဦးက မဇ္ဈိမ သို့ ပြောသည်။
ရေနံချောင်း ဆန္ဒပြ
(မြန်မာ စံတော်ချိန် ၂းဝဝ)
မကွေးတိုင်း ရေနံချောင်း မြို့နယ်တွင် သံဃာတော်နှင့် လူထု တသောင်းကျော်က မေတ္တာသုတ်ရွတ် ကြွေးကျော်သံများ တိုင်ကာ လမ်းလျှောက် ဆန္ဒပြသည်။
ရေနံချောင်း မြို့နယ် သံဃာတော် အပါး ၁၅ဝ ခန့်နှင့် တသောင်းကျော် ရှိသော ပြည်သူလူထုများက မြစောညီနောင် ဘုရား၌ ယနေ့ ၁နာရီခန့်လောက်က စတင် ဆန္ဒပြကြခြင်း ဖြစ်သည်။
“အရင်နေ့တွေ မဝတ ရုံးဘက်ကို တက်လေ အခုတော့ မတက်ဘူးတဲ့။ ရွှေဂုံတိုင်ကနေ ဗိုလ်ချုပ်လမ်းအတိုင်း ပြန်ဆင်းလာမယ်လို့ ပြောတယ်။” ဟု ဒေသခံ တဦးက ပြောသည်။
ပြည်သူများက “ကုန်ဈေးနှုန်းများ ကျဆင်းရေး၊ တွေ့ဆုံ ဆွေးနွေးရေး၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး” စသည့် ကြွေးကျော်သံများ အော်ဟစ် သွားကြသည်။
မြန်မာစံတော်ချိန် ၁၄း၀၀ (သတင်းလွှင့်တင်ချိန်)
ရန်ကုန်မြို့ လမ်း ၄ဝ အနီးတွင် လမ်းသွားလမ်းလာများကို ရှာဖွေ စစ်ဆေးရေးများ လုပ်လျှက် ရှိသည်။
မိုးကုတ်ဆန္ဒပြ
(မြန်မာစံတော်ချိန် ၁၂း၅ဝ)
ဆန္ဒပြမှု အကြီးအကျယ် အစောပိုင်းက ပြုလုပ်ခဲ့သော မိုးကုတ်မြို့တွင် ယနေ့တွင် စစ်ကားနှင့်ရဲ ပူးပေါင်းထားသော ထရပ်ကား ၁၁ စီးက မြို့လယ် လမ်းမများပေါ်တွင် လှည့်ပတ်နေသည်။ ယခင် တပ်စွဲထားသော စစ်တပ် မဟုတ်ဘဲ တပ်အသစ်များ ချထားခဲ့ခြင်း ဖြစ်ပြီး ရဲများလည်း တိုးချထားသည်။
ယမန်နေ့က မိုးကုတ်မြို့တွင် သံဃာတော်များနှင့် ပြည်သူလူထု ၈ ထောင်ကျော်က လမ်းလျှောက် ဆန္ဒပြခြင်း ပြုလုပ်ခဲ့ကြသည်။
မိုးကုတ် ဖောင်တော်ဦးကျောင်းမှ နေ့လည် ၂ နာရီခွဲခန့်တွင် ထွက်ပြီး မြို့တွင်း လှည့်လည်ကာ “လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။” “မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းအေးကြပါစေ။” “ပြည်သူဆန္ဒ ပြည့်ဝပါစေ” ရွတ်ဆိုကာ လမ်းလျှောက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ဖောင်တော်ဦး၊ ရုပ်ရှင်ရုံလမ်း၊ အောင်ချမ်းသာလမ်း၊ ရွှေဂုံသာ၊ ပိတ်စွယ်၊ အောင်ချမ်းသာတို့သို့ လှည့်လည်ခဲ့ကြသည်။
အောင်ချမ်းသာ ကျောင်းရှေ့တွင် လုံခြုံရေးများနှင့် ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားခါနီး အခြေအနေ ရောက်ရှိခဲ့သော်လည်း ဆန္ဒပြသူများက ရှောင်ကွင်းကာ လူစုခွဲခဲ့သည်။
ရန်ကုန်လုံခြုံရေး
မြန်မာစံတော်ချိန် ၁၃း၃၅ (သတင်းလွှင့်တင်ချိန်)
တပ်မဟာ ၆၆ မှ တပ်သားများ၊ လုံထိန်းများ၊ ရဲအပါအဝင် လုံခြုံရေး အင်အား ၅ဝဝ ခန့် ဆူးလေတွင် တပ်စွဲထားသည်။
နံပါတ်ဖြုတ်ထားသော ဒိုင်နာကား အစီး ၂ဝ ခန့်ကိုလည်း ရပ်ထားရာ ဆန္ဒပြသူများကို ဖမ်းဆီး တင်ဆောင်ရန် ကြိုတင် ပြင်ဆင်မှုဟု ဆိုသည်။
လည်စီးအနီပတ် ရဲများလည်း ကိုက် ၁ဝဝ ခန့် အကွာတိုင်းတွင်ရှိနေသည်။
“သူတို့က အေးဆေးတဲ့ ပုံစံရှိတယ်။ လက်နက်တော့ အပြည့်ဘဲ ထိုင်နေတဲ့ သူကထိုင် ရပ်နေတဲ့ လူက ရပ်နေကြတာပေါ့နော်။ မနေ့က အခြေအနေကို ကြည့်ပြီး ဒီနေ့ သိပ်ပြီး မရှိတဲ့ ပုံစံရှိတယ်ဗျာ” ဟု အကဲခတ် လေ့လာနေသူ တဦးက ပြောသည်။
ရွှေတိဂုံဘုရား အရှေ့ဘက်မုဉ်တွင် လုံခြုံရေးအယောက် ၂ဝ ခန့် ရှိသည်။ ပစ်ခတ်၍ သေကြေမှု ဖြစ်ပွားခဲ့ပြီး သင်္ကန်းကျွန်း၊ တောင်ဥက္ကလာ မြို့နယ်များမှ ရန်ကုန်မြို့တွင်းသို့လာရာ လမ်းမကြီးတခု ဖြစ်သော တာမွေ ကျိုက္ကဆံလမ်းကိုတော့ ပိတ်ထားလိုက်သည်။
ရန်ကုန်မြို့ထဲတွင် လူအသွားအလာ ပုံမှန်နီးပါး အခြေအနေ ဖြစ်သည်။
မုံရွာဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွဲဖို့ ပြင်ဆင်နေ
မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ (သတင်းရယူချိန်)
စစ်ကိုင်းတိုင်း မုံရွာမြို့တွင် လူထု လှုပ်ရှားမှုများ ထပ်မံ ဖြစ်ပွားလာပါက အကြမ်းဖက် ဖြိုခွဲရန်အတွက် အာဏာပိုင်များက တရပ်ကွက်လျှင် ၁ဝ ခန့်ကို ငွေကြေးပေး၍ ရုံးကြီးရပ်ကွက်တွင် တည်ရှိသည့် မြို့တော်ခန်းမ (မြို့နယ် ရဲစခန်းနှင့် ကပ်ရက်) သို့ ညအိပ်ခိုင်းကာ အင်အား စုဆောင်း နေသည်။
ဒေသခံတဦးက … “ရပ်ကွက်ကနေ မီးသတ်ကနေဆိုရင် ၃ ယောက်၊ စွမ်းအားရှင်က ၃ ယောက်၊ ကြံ့ဖွံ့ ၃ ယောက် မပို့မနေရ ပို့ရတယ်တဲ့။ တယောက်ကို ၁၅ဝဝ ပေးပြီး ခေါ်တာတဲ့။ ဘာလုပ်ရလဲဆိုတော့ ဘာမှတော့ မလုပ်ရဘူး။ မြို့တော်ခန်းမထဲမှာ ညဆို သွားအိပ်နေပြီး မနက်ဆိုရင် ပြန်လာရတာပဲတဲ့။ ဘာမှတော့ မပြောသေးဘူးလေ သူတို့ကို။ လောလောဆယ်တော့ အရန်သင့် ပြင်ထား၊ အဆင်သင့် လုပ်ထားပြီး တခုခုဖြစ်တဲ့အခါ ထချခိုင်းလိမ့်မယ်လို့ သုံးသပ်ကြတယ်ဗျ။
တချို့ ရပ်ကွက် လူကြီးတွေကလည်း စိတ်ညစ်နေတယ်လေ။ ပေးတဲ့ ပိုက်ဆံကလည်း ရပ်ကွက်က ပေးရတာဆိုတော့။ သူတို့လည်း အတော်ဒုက္ခရောက်တယ်။ ရန်ပုံငွေက အရင်တုန်းကပေါ့ဗျာ ရေကြီးတော့ ရေဘေးဒုက္ခအတွက် ဆိုပြီး ကောက်ထားတာ။ တအိမ်ကို ၅ဝဝ ဆိုရင် ၅ဝဝ ထည့်ထားတဲ့ ငွေတွေပေါ့။ လူခေါ်တာကတော့ ၃ ရက်လောက်ပဲ ရှိပါသေးတယ်။ ထမင်းလည်း ကျွေးထားတယ်။ အိပ်ယာလိပ်တွေ ယူစရာ မလိုဘူးဗျ။ သွားတဲ့ သူတွေကလည်းဗျာ အရပ်သမားတွေ များပါတယ်။ နည်းနည်း သက်ဆိုးမရှည်တဲ့ သူတွေ များတယ်။
ပြီးတော့ မြို့တော်ခန်းမမှာပဲ ညတိုင်းကိုလေ ရယက ဥက္ကဌတွေကို အစည်းအဝေး ခေါ်တယ်ဗျ။ ရယက ဥက္ကဌတွေ၊ စာရေးတွေ သွားရတယ်။ မသွားရင် လစာ ဖြတ်မယ်တဲ့။ တယောက်ကို လစာ ဘယ်လောက် ပေးထားတယ် ဆိုတာတော့ မသိဘူးဗျ။ တပတ်လောက် ရှိပြီ။ ဗိုလ်မှူးကြီး မြင့်နိုင်တဲ့ဗျ၊ တပ်ရင်း ၅ဝ ချင်းပြည်နယ်ဘက်က ကန့်ဂေါတပ်ပါ” ဟု ပြောသည်။ (မုံရွာမြို့တွင် ရပ်ကွက်ပေါင်း ၃ဝ နီးပါး ရှိသည်ဟု သိရသည်။)
စစ်တပ်၏ ကျိုက္ကဆံလမ်း လူသတ်မှု
မြန်မာစံတော်ချိန် ၁၂း၀၀ (သတင်းလွှင့်တင်ချိန်)
သတင်းဌာနများတွင် မပါဝင်သွား၍ ပြည်တွင်းမှ ပေးပို့လာသော “စက်တင်ဘာလ ၂၇ ရက်နေ့ လူသတ်မှု” ဟူသော စာတစောင်တွင် ကျိုက္ကဆံလမ်း အထက ၃ ကျောင်းအနီးတွင် ထိုနေ့ ညနေ ၃ာနရီခန့်က ဆန္ဒပြသူများ အသတ်ခံလိုက်ရသည်။ ဆန္ဒပြသူများက မြောက်ဘက်သို့ ချီတက်သွားရာ ဆူပါဝမ်း ဆူပါမားကက် အနီးတွင် စစ်တပ်က လမ်းဆုံကို ပိတ်ဆို့လိက်သည်။ ဆန္ဒပြသူများက တောင်ဘက်သို့ ပြန်လှည့်ရာ စစ်တပ်က တာမွေ လမ်းဆုံတွင် ပိတ်ဆို့လိုက်သည်။ နှစ်ဖက်ညှပ် ပိတ်ဆို့ ပြီးနောက် အရှေ့ဆုံးမှ အလံကိုင် သုံးယောက်ကို ပစ်သတ် လိုက်တော့သည်။ ထို့နောက် လမ်းနှစ်ဖက်တွင် ကြည့်ရှုနေကြသော လူအုပ်ကြီးထဲသို့ ပစ်ထဲ့လိုက်ပြန်ရာ လူများစွာ သေဆုံးကြရပြန်သည်ဟု ပါရှိသည်။
နစ်နေမန်းမှကူးယူတင်ပြင်ပါသည်။
သတင်းများအရ - ယခုအခါ သန်းရွှေနှင့် မောင်အေးတို့  အားပြိုင်နေပြီး၊ စစ်တပ်တွင် နှစ်အုပ်စု သေချာစွာ ကွဲနေပြီဖြစ်ကြောင်း၊ သန်းရွှေဘက်တွင် အောင်သောင်း၊ မောင်သောင်း၊ ကျော်ဆန်း၊ မောင်ဦးနှင့် သိန်းဇော်တို့ ပါဝင်သွားကြောင်း။ စစ်ဗိုလိများမှ သန်းရွှေအမိန့် နာခံလိုသူနှင့် မောင်အေးအမိန့် နာခံလိုသူ ကွဲလာနေပြီဖြစ်ကြောင်း၊ ဗိုလ်မျူးချုပ်တစ်ဦးအဆိုအရ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းမှအပ လုံးဝပြစ်ခတ်မှုမလုပ်ရန် မောင်အေးမှ အမိန့် ပေးထားကြောင်း၊ ဒါကို သန်းရွှေအမိန့် ကိုနာခံသောအုပ်စုမှ လုံးဝမကျေနပ်ကြောင်း စသဖြင့် သိရှိရပါသည်။ ထို့ ကြောင့် ဆန္ဒပြသူများအနေဖြင့် စစ်တပ်အား သိမ်းကြုံးပြီးဆဲဆိုတာမျိုး လုံးဝမလုပ်ဘဲ၊ မကျေနပ်လျှင် သန်းရွှေနှင့် နောက်ပါ ၀န်ကြီးများကိုသာ ခွဲခြားပြောဆိုသင့်ကြောင်း အဆိုပါ ဗိုလ်မှူးချုပ်မှာ ပြောငြာားကြောင်း သိရပါသည်။
ရေနံချောင်းတွင် သံဃာနှင့်လူထု ဆန္ဒပြ
ရိုးမ ၃။ စက်တင်ဘာ ၂၉၊ ၂၀၀၇
မကွေးတိုင်း၊ ရေနံချောင်းမြို့တွင် ယနေ့ နေ့လည်ပိုင်း၌ သံဃာတော်များ စတင်ကြွချီလာရာ ပြည်သူလူထုကလည်း လိုက်လံဆန္ဒပြခဲ့သည်။
စစ်အစိုးရက သံဃာတော်များကို နှိမ်နင်းနေစဉ် ရေနံချောင်းသံဃာနှင့်ပြည်သူများက နေ့လည် (၁၂) နာရီမှစတင်ကာ မြို့လုံးကျွတ် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
“သံဃာတော်က ၂၀၀ ကျော်ရှိတယ်။ လူအင်အားကတော့ နောက်ကလိုက်တဲ့လူတွေကော၊ ဘေးကလိုက်တဲ့လူတွေကောဆို ၂ သောင်းလောက်ရှိတယ်၊ လမ်းဆိုအပြည့်ပဲ၊ ဆိုင်းဘုတ် မကိုင်ပဲနဲ့ အော်နေတာ၊ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူးလို့ အော်တာ၊ ဆေးရုံလမ်းပေါ်မှာ သာဓုခေါ် လက်ခုပ်တီးပြီး အားပေးကြတာပဲ၊ (၁၂) နာရီလောက် ကစပြီး ရတနာမဉ္ဖူဘုရားက စပြီးထွက်တာ”ဟု မြို့ခံတဦးက ဆိုသည်။
မြတ်စောညီနောင်ဘုရားအတွင်း စုရုံးကာ ရတနာမဉ္ဖူဘုရားတွင် ပရိတ်တရားတော်များ ရွတ်ဆို ပြီး စတင်ကြွချီခဲ့ရာ လူထုပရိတ်သတ်များက ကြိုဆိုခဲ့ပြီး ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေ ကို သတ်ဖို့မဟုတ်ဘူးဟု ကြွေးကြော်ကာ လိုက်ပါဆန္ဒပြခဲ့ကြသည်။
ရေနံချောင်းတွင် ယနေ့ဆန္ဒပြမှုကို စစ်အစိုးဘက်မှ တစုံတရာ ဟန့်တားနှောင့်ယှက်ခြင်းမရှိပဲ ညနေ (၃) နာရီခွဲတွင် သံဃာတော်များနှင့် လူထုများသည် လူစုခွဲလိုက်ကြပြီး အေးချမ်းစွာ ပြီးဆုံးသွားခဲ့သည်။

E mail letter
Unknown | 12:10 AM |
အီးမေးပို့စာ
To our Burmese friends,
News of the protest in Rangoon are in the Australian media each day. We are deeply sorry for the monks who have been killed. The official report says 10 have been killed but we all fear it is many more. We admire the courage of all people who protest against the oppressive regime which controls Burma.
Our thoughts and prayers are with you.
We deeply hope that this events will bring about change in your country.
God Bless
May you all have the courage to follow your convictions.
Casey and Charlotte

Subscribe to:
Posts (Atom)