October 09, 2009

♫ ♪ တခါတလေမှာ ဒီသီချင်းလေးတွေကို ညည်းတတ်တယ်

Unknown | 12:33 AM | |
တခါတလေမဟုတ် အခုတလော ခဏခဏဆိုသလိုတိုက်ဆိုင်နေတဲ့ သီချင်းလေးတွေညည်းဖြစ်နေတာ သံစဉ်တွေကတော့ ထပ်ထပ်နေတယ် လွမ်းကွဲကြေသံစဉ်တွေပေါ့…။ ကားထဲရောက်တော့ စီဒီဖွင့်ပြီး ညည်းဆိုရင်း နားထောင်လိုက်နဲ့ အလုပ်ထဲရောက်တော့ အမ်ပီသရီးလေးနဲ့ လွမ်းဆွတ်လိုက် အိမ်ပြန်ရောက်တော့ ကွန်ပျူတာဖွင့်ပြီး ခံစားလိုက်နဲ့ ခံစားမှုတွေ တိုးတိုးလာသလိုပဲ…။

Big bag- ကြုံရင်ပြောပေးပါ ဒီသီချင်းလေးဟာတိုက်ဆိုင်မှုဆိုရင်လည်းမမှားပါဘူး… ကျနော် ဒီကိုရောက်တာလည်း တစ်နှစ်ပြည့်ပြီ ကျနော်တို့ရဲ့ ဇာတ်လမ်းလေးဟာလည်း တစ်နှစ်ပြည့်ခဲ့ပြီပေါ့ဗျာ… ထပ်တူမကျတောင် အားလုံးနီးပါးတော့ တူနေသလိုပဲ…။

ကြုံရင်ပြောပေးပါ

♫ ♪ ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပြီပဲ အရင်လိုပဲငါစိတ်နာတယ် ဒီအချိန်ပဲငါ ကြေကွဲခဲ့ ၀န်ခံချင်လည်း ဆွံ့အနေခဲ့ ငါဟာမင်းအစွန့်ပစ်ခံလည်း မြူမှုန်အချစ်တောင်ပြန်မရခဲ့ ….
♫ ♪ (လမ်းကြုံရင်ပြောပေးကြပါ ကျနော့်ရဲ့အိပ်မက်တွေမှာ သူ့ရဲ့ပုံရိပ်တွေ အမြဲတမ်း ခြောက်လှန့်လို့နေတယ်… ပြောပြလိုက်ပါ (ပြောပေးကြပါ) ကျနော့်ရဲ့စိတ်ကူးတွေဟာ သူ့ရဲ့ပုံရိပ်တွေ အမြဲတမ်းခြောက်လှန့်လို့နေတယ်….) ♫ ♪

ကျနော်လည်း နောက်လဆို အိမ်ပြောင်းရတော့မယ် တစ်နှစ်ပြည့်ပြီ စာချုပ်က အဲဒါနဲ့ ဒီသီချင်းလေက အခုတလော တိုက်ဆိုင်မှုဖြစ်နေတယ် စိတ်ကူးယဉ် အိမ်လေးပေါ့ဗျာ… ဒါပေမယ့်လည်း ဘယ်တော့ဖြစ်လာမယ်ဆိုတာတော့… ဘယ်သူ့ကိုမှလည်း အပြစ်မတင်ချင် ကံကိုလည်း ပုံမချချင်ဘူး… ကံဆိုတာ တကယ်တော့အလုပ်ပါတဲ့ ပြောကြတာပဲ နောက်ပြီးလောကကြီးကဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့…။ မျှော်လင့်ပြီး မျှော်လင့်သလိုဖြစ်မလာကြရင် ၀မ်းနည်း ကြေကွဲတတ်ကြတယ် ဒါပေမယ့်လည်း လူဆိုတာက မျှော်လင့်တတ်တဲ့ သတ္တ၀ါပဲလေ… သေချာတာတခုကတော့ ကျနော်က ပုထုဇဉ် ဆိုတဲ့ လူဖြစ်နေတော့ လိုအပ်နေအုံးမှာပါ… တောင့်တနေရအုံးမှာ မျှော်လင့်နေရအုံးမှာပါ… အိပ်မက်တွေ ဆက်မက်နေရအုံးမှာပေါ့ဗျာ.. သီချင်းလေးက ကိုအငဲရဲ့ အိမ်

အိမ်

♫ ♪ ♫ ♪ အခုတလောမှာ ငါမက်တဲ့ အိပ်မက်တွေ အရမ်းထူးဆန်းတယ်… မြက်ခင်းနဲ့ ခြံဝန်းနဲ့ အိမ်ကလေးကို တို့နှစ်ယောက်ပိုင်သတဲ့… ပိုက်ဆံလေးတွေ စုချင်တယ် လကုန်တိုင်းဆုတောင်းဆဲကွယ်… တို့နှစ်ယောက်အတွက် အိမ်လိုချင်တယ်… မနက်ဖြန် ဒီအခန်းက နေခဲ့တာ စာချုပ်ပြည့်တော့မယ် လက်ထဲမှာ ဘယ်မလဲငွေ ထပ်ငှားဖို့ စဉ်းစားကာနဲ့ စိတ်ညစ်လဲ ဘာထူးမှာလည်း အသက်တွေကသာ ကြီးခဲ့တယ် တို့နှစ်ယောက်အတွက် အိမ်ဘယ်မှာလည်း…
♫ ♪ (အကောင်းဆုံးနားခိုဖို့အတွက် နေရာလေးလိုချင်မိတယ် တစ်နေ့တော့ တို့နှစ်ယောက်စလုံးအတွက် လုံခြုံတဲ့အိမ်လိုချင်တယ်….) ♫ ♪ ♫ ♪
♫ ♪ တနေ့တော့ တနေ့ပေါ့… ဘယ်တော့လည်း မမေးလိုက်နဲ့ကွယ်… ဘယ်တော့မှ မဖြစ်လာဘူးလို့ အားမလျှော့ပါနဲ့ လိုက်လေဝေးလေ ပြေးနေဆဲ တို့အိပ်မက်တွေ ၀ိုးတ၀ါးရယ် တို့နှစ်ယောက်အတွက် အိမ်လိုချင်တယ်...

သိတဲ့အတိုင်း ခလုပ်ထိတော့ အမိတကြတယ်ဆိုတာ အမေ့ကိုလည်း အကြိမ်ကြိမ်သတိရနေမိတာပေါ့…။ ဝေးပြီးရင်းဝေးနေခဲ့တာ မဆုံနိုင်တဲ့အဝေးမှာ …. မျှော်လင့်တောင့်တ ကြေကွဲနေရုံမှအပ ဘာမှမတတ်နိုင်ပါ… သီချင်းလေးက ကိုထူးအိမ်သင်ရဲ့ လေလွင့်ခြင်းလမ်းမများ…

လေလွင့်ခြင်းလမ်းမများ

♫ ♪ အဝေးက လမ်းဟောင်းလေးကို ငါဟာနှုတ်ဆက် အမေ့ရဲ့ မျက်ရည်စက်တွေ ငါဟာ နှုတ်ဆက်
အပြာရောင်ကျောပိုးအိတ်တစ်ခုထဲ ဒဏ်ရာဟောင်းလေးကို ထည့်သွားရတော့မယ် အဆုံးမဲ့ မိုးသားထဲကို ငါပျံသန်းခဲ့ ငါ့ရဲ့ နှလုံးသားထဲမှာ လေလွင့်ခြင်းငှက် ဘယ်လို သွားရအုံးမှာလဲ ဘယ်မှာ အဆုံးသတ်မှာလဲ ...

♫ ♪(ရက်စက်တဲ့ လမ်းများ အဝေးမှာ ခေါ်သံတွေကြား ပြေးထွက်ခဲ့ ငြင်းမရပါလား (ရှေ့က) ရက်စက်တဲ့ လမ်းများ အဝေးမှာ ခေါ်သံများကြား လုံးဝငြင်းမရပါလား လေလွင့်ခြင်းလမ်းမများ မင်းရဲ့အနမ်းလေးများကို ငါဟာ နှုတ်ဆက် မင်းရဲ့ မျက်ရည်စက်တွေ ငါနှုတ်ဆက် ဒဏ်ရာများရဲ့အဝေးမှာ အဖြူရောင်မင်းရဲ့ ဘ၀လေး နေ….. နေခဲ့တော့….

ငါ့အတွက် ချွေးသိပ်ဖို့အိမ်ရယ် ရှိဦးမလား ငါ့အတွက်မေတ္တာတရားတွေ ရှိဦးမလား ဒါဟာ အဆုံးသတ်ခြင်းတစ်ခုလား ဒါဟာ အစပြုခြင်းတစ်ခုလား
လေလွင့်ခြင်းလမ်းမများ ( လေလွင့်ခြင်းရဲ့လမ်းမများ) ၃
♫ ♪ ♫ ♪ ♫ ♪ ♫ ♪ ♫ ♪

အမှန်တရားတွေအတွက် စွမ်းအားတွေလိုနေတယ်… ခံနိုင်ရည်တွေလိုအပ်နေတယ် အင်အားတွေ လိုနေတယ် အနာဂတ်တွေအတွက် မနက်ဖြန်များစွာအတွက် နံနက်ခင်းများစွာလှပဖို့ရာအတွက် စွမ်းအားတွေလိုအပ်နေတာ အသေအချာပါ… ဒါကြောင့် ကျနော်နေ့တိုင်းမဟုတ်တောင် အမြဲလိုလို နားထောင်နေမိတဲ့ ကိုလေးဖြူရဲ့ အတောင်ပံတစုံရဲ့ စွမ်းအား သီချင်းလေးပါ…။

အတောင်ပံတစုံရဲ့စွမ်းအား

♫ ♪ မင်းရဲ့မျက်ရည် သုတ်လိုက် ဘာတွေဆုံးရှုံးခဲ့ပြီလည်း မေးလိုက်စမ်းပါကလေးရယ် မှားယွင်းမှုတွေလား ဒါအမှန်တရားလား ကိုယ်စီဆုံးဖြတ်ချက်တွေနဲ့ ပြန်သုံးသပ်ပြီး အချိန်များကို ထိုးဖောက်ရင်း နင်ခံနိုင်ရည်ကိုမွေး အိုးးးး ဘ၀ရဲ့ အဓိပ္ပါယ်ရှာကြည့်လိုက် ဆုံးရှုံးခြင်းတွေ ဖြတ်သန်းလိုက် မင်းတွေ့ရမယ် အမှန်တရားများ မင်းရဲ့မျက်ရည်သုတ်လိုက် ရွှေရောင်အနာဂတ်ကိုကြည့်နှင့် သာယာတဲ့ မနက်ခင်းများစွာစီးဆင်းသွားလည်းပဲ ခေါင်းမော့ကြည့်လိုက်ပါ ကလေးရယ်အိပ်မက်ဆိုးတွေမကျနဲ့ နာကျင်တဲ့ခံစားချက်များနဲ့ ရင်ဆိုင်စဉ်းစားမိတာဘ၀ မင်းရဲ့စွမ်းအားများနဲ့ ရုန်းထွက်…

♫ ♪ (အိုးးးးးးးးး ဘ၀ရဲ့ အဓိပ္ပါယ်ရှာကြည့်လိုက် ဆုံးရှုံးခြင်းတွေ ဖြတ်သန်းလိုက် ရုန်းထွက်ရမယ့် အတောင်ပံများ မင်းယုံကြည်လိုက် မင်းသိထားတဲ့အခက်အခဲများ မှားခဲ့တာ ကမ္ဘာကြီးလား ရုန်းထွက်ရမယ့် အတောင်ပံများ မင်းယုံကြည်လိုက် စွမ်းအား စွမ်းအား ရုန်းထွက်ရမယ်…. စွမ်းအားးးးးးးးး )

ကိုဆောင်းယွန်းလရေ.. ဆောရီးပါ တော်တော်ကြာသွားတယ်ဗျာ… ကျနော်လည်း ခံစားမိသလောက်တော့ မျှဝေလိုက်တာပဲ ညည်းဆိုဖြစ်တာတော့ အများကြီးပဲ ဒီလောက်နဲ့ပဲ ကျေနပ်နိုင်မယ်လို့ ထင်ပါတယ်ဗျာ...။

ချစ်ခင်စွာဖြင့်
ပြည့်စုံ

27 comments:

ချစ်ဝါ said...

သီချင်းချစ်သူများအတွက်တော့ဂွတ်ပေါ့ကွာ....
သီချင်းလိုချင်တာများကိုဆွဲသင့်တာဆွဲပြီး...
ကူးသွားပါသည်....ကျေးဇူးနော်သယ်ရင်း....
ပြည့်စုံ....လိုချင်တာလေးတွေ
အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေ...း)

ကာရံဆူး said...

ဟေး ၂ ကွ..

ကာရံဆူး said...

ကိုပြည့်စုံရေ..သီချင်းလေးတွေ ခံစားသွားပါတယ်...

maylay said...

နာက ဒီသီချင်းတွေ ရှိပြီးသားပဲ။ မေလေးကို တဂ်ရင်တော့ သီချင်းတွေ ရွေးဖြစ်မှာ မဟုတ်ဘူး။ အမြဲတမ်းနီးပါး ပါးစပ်ထဲရောက်တဲ့ သီချင်းကို ညည်းနေတတ်လို့လေ။ ......ဟုတ်သေးဘူး။။ သူက တဂ်ပိုစ့်တွေပဲ ရေးနေတယ်။ သူ့ကို တဂ်မှပဲ သူက ပိုစ့်တင်တယ်။ အလုပ်များနေတယ်ဖြစ်မယ်။ အဆင်ပြေပါစေ ကျန်းမာပျော်ရွှင်ပါစေ

ကာရံဆူး said...

ကိုပြည့်စုံက သီချင်းအေးအေးလေးတွေ ကြိုက်တယ်ထင်တယ်နော်..

စိမ်း... said...

အရာရာကို လေးလေးနက်နက်ခံစားတတ်တယ်ထင်ပါ့.... စိတ်ပင်ပန်းမယ်... :)

မိုးစက်ပွင့်လေး said...

ဝေါတားလေးက ခံစားချက်တွေနဲ့ကိုးးးးးးးဟိဟိ..လာရောက်ခံစားသွားပါကြောင်းးးးးးးးးးးးးးး..........

အနော် said...

သီချင်းလေးတွေ လာနားထောင်သွားဒယ် ကိုပြည့်စုံကြီးရေ ဟိဟိ

Angel Shaper said...

အံမယ်........ လူကြမ်းကြီး ညည်းတဲ့ သီချင်းတွေကလဲ လူနဲ့ မလိုက်ဘူးဗျ။ အဟီးးးးးး နုရွနေသလိုပဲ။ ဟိဟိ
လူကြမ်းကြီးက ခံစားနေတာလားးးးးးး
သီချင်းလေး ညည်းရင်း ပျော်ရွှင်ပါစေဗျာ။။။။။
လာခံစားသွားတယ် သီချင်းလေးတွေကိုနော်။

ကာရံဆူး said...

အဲ..ဒီလူကြမ်းလေးက မန့် ပြီးအော်သွားတယ်ဆိုတော့ လာပြန် မန့် အော်ပါတယ်...သူများဆီမှာ မျိုးကျော့မြိုင် သီချင်းလည်းဆိုသွားတယ်..ဦးစံရှားလိုလဲ ပြောသွားသေးတယ်...ဗဒင်လိုလည်း ဟစ်သွားတယ်...စန္ဒီမြင့်လွင်လိုလည်း ပြောသေးတယ်..စုံသွားတယ်နော်..(ဆုံးမဟုတ်ဘူးနော်)..ဘယ်လိုတုန်း...သိနဲ့ ..ဘာမှ သိနဲ့ ..ပြောပြဘူး..သတ်ရင် သတ်ပစ်လိုက်..ဒါပဲ..

Unknown said...

ကျေးဇူးပါ ချစ်ဝါ... ကျေးဇူးနော် .ကာရံလေး အေးအေးလည်းကြိုက်တယ် ပူပူလေးလည်းကြိုက် ပူလိုက်အေးလိုက်နဲ့ တစ်နှစ်ပြည့်တာတောင် ဘယ်ရောက်သွားလည်းတိဘူး ဟိဟိ... ... ဟုတ်တယ် maylay ရေ... အလုပ်တွေရှုပ် အရှု့ပ်တွေတော့ဟုတ်ဘူး...ကျေးဇူး..။ စိမ်းရေ... နက်နက်နဲနဲကို ထိသွားတာ .. ငါ့ညီမလေးအနော်ကတော့ ဟိဟိ ဆိုပြီးနားထောင်သွားလိုက်တာပဲ... ရွှေညာသူရေ ခံစားချက်တွေနဲ့ပေါ့လေ မြင်တယ်ပေါ့လေ... :P ချင်းတောင်းလေးကတော့ .. စွတ်စွတ်စွဲစွဲ လိုက်ဘုးတဲ့ လူနဲ့တဲ့... ညည်းရင်း ထိနေတာ သူမသိ...

အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ....
ဘုရားသခင်ကောင်းချီးပေးပါစေ....

ချစ်ခင်လေးစားစွာဖြင့်

yangonthar said...

သီချင်းလေးတွေကောင်းတယ်ဗျ ကျွန်တော် နားထောင်တဲ့ သီချင်းတွေပြောပြရင် ကိုပြည့်စုံ တော့ ဗိုက်နှိပ်ရယ်တော့မယ် ထင်ပါရဲ့  .. ဟဟ :))
ခင်မင်လျှက်
ရန်ကုန်သား

ဝက်ဝံလေး said...

အဲဒီသီချင်းတွေ တပုဒ်မှ မသိဘူး တကယ်ပြောတာ စာပဲဖတ်သွားတယ်နော် နားမထောင်သွားဘူး အမှန်ပဲပြောတတ်တယ်နော် သိလား စိတ်တော့မဆိုးနဲ့
ဝံလေးက အရူးတမျိုးလေ ကိုယ်သိတဲ့သီချင်းဆိုရင် ဘယ်နှခါဖြစ်ဖြစ်နားထောင်တယ် ကိုယ်မသိတဲ့သီချင်းဆို ယောင်လို့တောင် နားမထောင်ဘူး ဒါကြောင့်နော် ကိုပြည့်စုံ ချိတ်ချိုးနဲ့ ဘိုင် တာ့တာ

ကိုချစ်ဖေ said...

ညီလေးလာလည်သွားပါတယ်
မအားမှာစိုးလို့ မပြောတာပါ ဘာလိုတယ်လည်း
မပြောတတ်တော့ သင့်တော်သလိုသာ လုပ်ပေးပါဗျာ..

လသာည said...

သီချင်းအားလုံးကို နားထောင်ခဲ့တယ်။ ကိုပြည့်စုံက စာရေးကောင်းတာပဲ။ သီချင်းနဲ့ အကြောင်းအရာကို ဆက်စပ်ရေးတတ်လို့လေ...

အစစအဆင်ပြေပါစေလို့..

အစ်မ

မေမိုးမခ said...

သီးချင်းကအေးအေးလေးနဲ့ ကောင်းတယ် အရာရာကို လေးလေးနက်နက်နဲ့ တန်ဖိုးထားတဲ့ကိုပြည့်စုံကို ညီမလေး လေးစားသွားပြီ

ဆောင်းယွန်းလ said...

ညီလေးရေ.
ညီလေးရေးလိုက်တဲ့တဂ်ပို့စ်ကို အခုမှတွေ့မိလို့ အခုမှပဲလာဖတ်ဖြစ်တော့တယ်.
အမှတ်တရပို့စ်လေးကို အလေးအနက်ထားပြီးရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ညီလေး..
ညီလေးကြိုက်တဲ့ ညည်းတတ်တဲ့ သီချင်းတွေအားလုံးနီးပါးကို အကိုလည်းကြိုက်တယ် ခံစားလို့လည်းရတယ်.
အငဲဆိုထားပြီး မောင်မောင်ဇော်လတ်ရေးထားတဲ့ ”အိမ်”သီချင်းကို အကိုလည်း အခုတလော မကြာခဏဆိုသလိုနားထောင်ဖြစ်နေမိတယ်...
အဲဒီသီချင်းကိုနားထောင်မိတိုင်း ခံစားချက်မကောင်းဘူးညီလေးရာ..
သေသေချာချာနားထောင်ပြီး သေသေချာချာတွေးလေ
နက်နက်ရှိုင်းရှိုင်းထိလေပါပဲ

ခင်မင်တဲ့
အကိုဆောင်းယွန်းလ

chit palone said...

ကိုပြည့်စုံကြီးရေ သီချင်းလေးတွေခံစားသွားတယ်။ အစဉ်ပြေပါစေဗျာ။ အစဉ်ပြေမှာပါ ဟိုက်တင်းပေါ့နော်။ တခါတလေတော့လည်း အဲ့လိုပဲထင်ရဲ့ တခါတလေဟုတ်ဘူးထင်တယ်နော်။ ဘယ်နေရာဖြစ်ဖြစ် အစဉ်မပြေမှုလေးတွေနဲ့ပါ။ အားလုံးအစဉ်ပြေပါစေဗျာ။ ဘုရားသခင်ကောင်းချီးပေးပါစေ။ လမ်းကြုံရင် ပြောပေးပါ့မယ်နော် စိတ်ချ။ အဟိ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

အဖြူရောင်နတ်သမီး said...

လာချောင်းသွားပါတယ်...

Anonymous said...

အိမ်သီချင်းကိုကြိုက်တယ်.. အိမ်ဆိုလို့ဗျာ ငနေရဲ့အိမ်လိပ်စာလေးတောင်းပေးပါလား ကျနော်ဒီကောင့်ဆီကိုပန်းချီကားတချပ်ပို့ချင်လို့ပါ..ဒီကောင့်ရဲ့
အိမ်မှာချိတ်ထားဖို့ပေါ့ဗျာဗမာပြည်ကသူငယ်ချင်းတွေကိုအမြဲ
တမ်းသတိရနေဖို့ပါ...

k2tmaung said...

သီချင်းတွေ လာနားထောင်သွားပါတယ်... ကောင်းတယ်... ကိုပြည့်စုံရေ... ကူးလည်း ကူးသွားတယ်... သီချင်းလေးတွေ ကြိုက်လို့...:P

ရင်ရဲ့ ရိုးရာ said...

သီချင်းတွေကတော့ ရှယ်ပဲဗျာ လေးဖြူနဲ့ အငဲသီချင်းတွေ တော့ အကြိုက်ဆုံးပဲ ဘာလို့ဆိုတော့ လေးဖြူ အငဲ၊မျိုးကြီးဆိုအသေကြိုက်ကိုးဗျး) အိမ်သီချင်းတော့ နားမထောင်ဖူးသေးဘူး ကျွန်တော်တော်တော်ညံ့သေးတာပဲ ကူးသွားတယ်ဗျာ ကျေးဇူး ကိုပြည့်စုံရေ

Anonymous said...

ဘယ်သူ့ပြောပေးရမှာတုန်းဗျ.. ဟီး.. ကြုံရင်ပြောပေးပါဆိုလို့ပါ...။

flowerpoem said...

သီချင်းတွေကရှယ်ပဲနော် ကိုပြည့်စုံ ကြိုက်တယ်..

မောင် said...

မေတ္တာေ၇ာင်ပြန်ရဲ့"မေဖန်ဆင်းသောပန်းတပွင့်"
ဆိုတယ့် tag post ကလုပ်ကြံဇာတ်လမ်းကြီးပါ.
အရှက်မရှိလျှောက်ေ၇းထားခြင်းဖြစ်ပါသည်.
တစ်ခါမှလည်းမတွေ့ဖူးပါ..တစ်ခါမှလည်းမဖြစ်ဖူး
ပါ..တမင်သက်သက်လုပ်ကြံေ၇းသားထားခြင်းဖြစ်ပါသည်

Unknown said...

true religion jeans, nike blazer, burberry, lululemon, nike free run uk, timberland, michael kors outlet, mulberry, north face, ugg boots, vanessa bruno, true religion outlet, michael kors, michael kors outlet, hermes, michael kors, michael kors outlet, coach purses, ray ban pas cher, abercrombie and fitch, ralph lauren uk, coach outlet, michael kors, hogan, nike air max, hollister pas cher, sac guess, nike roshe, michael kors, michael kors outlet, tn pas cher, michael kors outlet, coach outlet, hollister, replica handbags, converse pas cher, north face, burberry outlet online, vans pas cher, lacoste pas cher, ugg boots, ray ban uk, oakley pas cher, true religion jeans, nike air max, nike air max, new balance pas cher, air force, true religion jeans, kate spade handbags

Anonymous said...

supreme clothing
gap yeezy
bape clothing outlet
steph curry shoes
golden goose outlet
adidas yeezy
golden goose outlet
supreme clothing
adidas yeezy
bape hoodie outlet

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub