November 01, 2007

“ အင်္ဂလိပ်စစ်သားတွေ၊ဂျပန်စစ်သားတွေဆိုးပုံ၊ ရက်စက်ပုံများကတော့ ကွာ ......"

Unknown | 12:21 AM |

ခုနောက်ပိုင်းနှစ်တွေအတွင်း မြန်မာပြည်မှာ တော်လှန်ရေး နဲ့ပတ်သတ်တဲ့ ဗွီဒီယို၊ ရုပ်ရှင်ကားတွေကို ပုဂ္ဂလိကကုမ္ပဏီ တွေက အပြိုင်အဆိုင် ထုတ်လုပ်ရိုက်ကူးလာကြတာ ကိုတွေ့ ရပါတယ်။ အေးသလို ကားမျိုးတွေက ခွင့်ပြုချက်အမြန်ကျပြီး နအဖစစ်အစိုးရဆီကလည်း အခွင့်အရေးတွေ ရရှိတာမို့ ကုမ္ပဏီ တွေက အပြိုင်အဆိုင် ထုတ်လုပ်လာကြတာဖြစ်တယ်လို့ သိရှိရ ပါတယ်။ နအဖရဲ့ ဗွီဒီယို ဆင်ဆာအဖွဲ့ကလည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး နဲ့ပတ်သက်တဲ့ ဇာတ်ကားတွေ စကားတွေ မပါရင်ပြီးရော့။ ကျန်တာအကုန်ခွင့်ပြုတယ်။ နအဖရဲ့ ရည်ရွယ်ချက်ကတော့ တိုင်းတပါးနယ်ချဲ့တွေ မကောင်းဘူး။ (တကယ်ပြောချင်တာက အင်္ဂလိပ်နှင့် အမေရိကန် မကောင်ကြောင်း ပြောချင်တာ။) နအဖပဲ ကောင်းတယ် ၊ နအဖပဲ ကယ်တင်ရှင်၊ နအဖကဘဲ တိုင်းပြည်ကိုချစ်တယ်။ ကျန်တဲ့လူက မချစ်ဘူးပေါ့ ။ ဒါကြောင့်စစ်တပ်ကိုပဲ ကိုးကွယ်ကြရမယ် ဆိုတဲ့သဘောပါဘဲ။
အေးသလိုနဲ့ကျတော့ အင်္ဂလိပ်ခေတ်နဲ့ ဂျပန်ခေတ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဗွီဒီယို ခွေတခွေတောရွာတရွာကို ရောက်လာပါသတဲ့။ ပိုစတာတွေမှာ အင်္ဂလိပ်၊ ဂျပန်တွေက သေနတ်တွေ တကားကားနဲ့၊ တော်လှန်ရေးသမားတွေကလည်း ခမောက်ကြီးတွေဆောင်ပီး လက်ပတ်အနီတွေနဲ့ ရိုင်ဖယ်ခေါင်းတုံးတွေကို ကိုင်လို့ဆိုတော့ တရွာသားလုံးက ကားကောင်းမယ်ဆိုပြီး အုတ်အော် သောင်းနင်း လာကြည့်ကြပါသတဲ့။
ဇာတ်ကားကတော့ ထုံးစံအတိုင်းပါဘဲ၊ ဂျပန်စစ်သားတွေက လူတွေကိုသတ်၊ အရက်သောက်၊ အမျိုးသမီးတွေကို ဖျက်ဆီ။ အလားတူပါဘဲ အင်္ဂလိပ်စစ်သားတွေကလည်း မြန်မာလူမျိုးတွေ အပေါ် အနိုင်ကျင့်တာတွေ၊ အရင်းရှင်ကြီးတွေပီပီ လူထုတွေကို ဂုတ်သွေးစုတ်ပြီး အနိုင်ကျင့်ပုံတွေ၊ အင်္ဂလိပ်စစ်ပုလိပ်တွေက မျိုးချစ် တော်လှန်ရေးသမားတွေကို ဖမ်းဆီးနှိပ်စက်၊ ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာတွေကိုသိမ်း ၊ ကာယကံရှင်တွေကို ဖမ်းဆီးလို့မမိတိတဲ့အခါ မိဘဆွေမျိုးသားသမီးတွေကို ဖမ်းဆီးနှိပ်စက်။ လာအဖမ်းမခံရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက် ၊ပြန်ပေးဆွဲ၊ ပြီးတော့ ရွာထဲက သမီးပျိုတွေဆိုရင်လည်း စစ်ပုလိပ်တွေရ့ မုဒိမ်းကျင့်ခံရမှာကြောက်လို့ ထင်ခွေ ရေခပ်တောင် မထွက်ရဲတဲ့ဘ၀။နောက်ဆုံးတော့ အင်္ဂလိပ်နှင့် ဂျပန်တွေကို တော်လှန်ရေးသမားတွေက အပြတ်ချေမှုန်းပြီး မျိုးချစ်တော်လှန်ရေးသမားနဲ့ ကျေးတောသူ ညားသွားကြတဲ့ ဇာတ်လမ်းပါဘဲ။
ဇာတ်ကားဆုံးတော့ လူအုပ်ကြီးက အိမ်ပြန်မယ်ဆိုပီး ဗွီဒီယိုရုံထဲက တိုးဝှေ့ထွက်လာကြပါသတဲ့။ အေးသလိုပြန်အထွက်မှာ ရွာသားတယောက်ရဲ့စကားကြောင့် ဗွီဒီယိုကြည့် ပရိတ်သတ်တွေအားလုံး တ၀ါးဝါးပွဲကျသွားကြပါသတဲ့။
သူပြောလိုက်တဲ့စကားကတော့ “အင်္ဂလိပ်စစ်သားတွေ၊ဂျပန်စစ်သားတွေဆိုးပုံ၊ ရက်စက်ပုံများကတော့ ကွာ နအဖ စစ်သားတွေနီးနီးပဲ”

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub