February 13, 2009

(၉၄) နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ

Unknown | 12:58 AM |

ခရစ်သက္ကရာဇ် ၁၉၁၅ ဖေဖော်ဝါရီ(၁၃) မြန်မာသက္ကရာဇ် ၁၂၇၆ခုနှစ် တပေါင်းလဆန်း (၁)ရက်၊ စနေနေ့တွင် နတ်မောက်မြို့၌ အမိန့်တော်ရရှေ့နေကြီးဦးဖာ+ဒေါ်စုတို့မှ နောင်တခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်းဟူ၍ မြန်မာ့သမိုင်း၌တွင်စေမည့် သားရတနာကို ဖွားမြင်ခဲ့သည်။ ဗေဒင်ဆရာက ဇာတာတွင် ထိန်လင်းဟုအမည်ရေးသော် အစ်ကို အောင်သန်းအမည်နှင့်လိုက်ရန် အောင်ဆန်းဟုရေးထွင်ခဲ့သည်။

နောင်… ဥဒါန်းဘယ်မကြေစရာ၊ ရာဇ၀င်တင်ထား မျိုးရိုးနွယ်လာ၊ ကမ္ဘာတစ်ခွင်မှာဖြင့် ဗမာအထင်အရှား တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား…..
အမျိုးသားရေး ကြိုးပမ်းကြပါ အရှေ့ကနေ၀န်းထွက်သည့်ပမာ ဒို့ခေတ်ကိုရောက်ရမည်မှာမလွဲပါ….
ဒို့ဗမာဟေ့…. ဒို့ဗမာ….

ဗမာပြည်တ၀ှမ်းအကုန် ဒို့အိမ်မှတ်ပါ… ဒို့ယာမှတ်ပါ…..
အဲဒါဒို့ ဗမာ…

သူ၏ကတိမှာ..''တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေးရစေရမယ်"
သူ့အဖို့ အကျပ်အတည်းများကိုကျောခိုင်းနောက်လှည့်ပြီးရှောင်လွှဲသွားဖို့လမ်းကြောင်းမရှိ သူသည် ကိုလိုနီဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး တော်လှန်ရေးသမားတစ်ယောက် ဖြစ်နေသောကြောင့်ပင်….။``လွတ်လပ်ရေး`` ``နိုင်ငံ၏ပုံရိပ်သစ်`` နေ့တိုင်းစိတ်ကူးမျှော်မှန်းခဲ့သူ သူ့ခေတ်သည် ကျွန်ဘ၀ကိုလိုနီခေတ် ထိုကိုလိုနီခေတ်မှ လွတ်မြောက်ရန်အတွက် လွတ်လပ်ရေး ကြိုးပမ်းမှုခေတ်ကာလ သူဖြတ်သန်းရသော အချိန်အားလုံးသည် ထိုခေတ်ကြီးရဲ့ အဖြစ်အပျက်များနှင့်သာ လုံးထွေးနေခဲ့ရတယ်… သို့သော် …. လွတ်လပ်ရေးရချိန်ကိုကား သူမမြင်တွေ့ခဲ့ရပါ…..။
Continue reading ...

November 08, 2008

လက်တလော ကိုယ့်ရဲ့အကြိုက်၊ ဆန္ဒ၊ ခံယူချက် ဖြစ်တည်မှု.....

Unknown | 3:24 PM |
အမ စိုးဝှက်က ရေးစေချင်လို့Tag ထားတာကြာပါပြီ ကျနော်လည်း အခက်အခဲတွေကြောင့်
မတင်ဖြစ်မရေးဖြစ်တာကြာသွားတယ်။ မစိုးဝှက်ရေ.... အကြွေးကို အခုမှပဲဆပ်ဖြစ်တော့တယ်....
**** ***** *****
ကိုယ့်ရဲ့ နာမည် ................. ပြည့်စုံ (ကင်ပွန်းတပ်ထားတဲ့အတိုင်းပေါ့လေ...။)

ကိုယ့်ကို သူငယ်ချင်းတွေက ဒီလိုခေါ်တယ်.... တချို့ကတော့ ပြည့်စုံ-(နာမည်သာ ပြည့်စုံတာ... လူကတော့ ဟဲဟဲ..  ပြည့်စုံသေးဘူး... )၊ အရင်းနှီးဆုံးသူက Jan Jan တဲ့ January လမှာမွေးလို့တဲ့…။တချို့ကတော့ ပြုံစေ့.... ငယ်ငယ်ကဆို “ဂျပန်ငပု” တဲ့ မွေးခါနီး အမေက အိမ်မက်မက်တယ်တဲ့ ဂျပန်တစ်ယောက်က ဒီအိမ်မှာနေပါရစေတဲ့ ဆိုပြီးမက်လို့တဲ့... ဂျပန်ဝင်စားတယ်ဆိုပြီး (ဂျပန်တွေက ပုလို့ ဟိုခေတ်က ဂျပန်ငပုလို့ခေါ်ကြတယ်) ဒါကြောင့် ကျနော့် မွေးဇာတိ ရက်ကွက်ကသူတွေ အားလုံးလိုလိုက ခေါ်ကြတယ်... အဲဒါကြောင့်ထင်တယ် အခုကျနော်အရပ်က ၅”ပေ ၁၁လက်မ ရှိတယ်။ နာမည်စီးလိုက်ပုံများနော်.... ဟဲဟဲ 

ကိုယ်ဒီမှာနေတယ်........ အားလုံးရဲ့အဝေး အမေ့ရဲ့ မေတ္တာရိပ်နဲ့အဝေး... Fort Worth City, Texas State, USA.

ကိုယ့်ဆီဖုန်းဆက်ချင်ရင်........... 817-763-8609 (ဆက်သွယ်ချင်ရင်ပေါ့)

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက.........

အရောင်ဆိုရင် ....... အဖြူရောင် နဲ့ အနက်ရောင် ပြီးတော့ မိုးကောင်းကင်ရဲ့တိမ်သားအရောင်…။

အ၀တ်အစားဆိုရင် ........ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး ဆိုရင် အားလုံးကြိုက်တယ်…။

အစားအစာဆိုရင် ………. စားလို့ရတာ အကုန်စား စိုက်လို့ရတာ အကုန်စိုက် …..ပုံ/ တပ်မတော်…..။ ဟဲဟဲ  ကျနော်က ဟင်းသီးဟင်းရွက်နဲ့ချက်တဲ့အစားအစာ ပိုကြိုက်တယ်…။ အသားဆိုရင် အကြေးခွံပါတဲ့ငါး….။

ပစ္စည်းဆိုရင်…….. စက်ပစ္စည်းဆိုရင် သေးသေး ပေါ့ပေါ့ပါးပါးဖြစ်မဲ့အရာ…. အသုံးအဆောင်ဆိုရင်တော့ ပေါ့ပါးပြီး ၀န်ကျဉ်းမဲ့အရာမှန်သမျှ….။

သီချင်းဆိုရင်တော့……. Pop,Rock,Punk, ကိုယ်နဲ့ တိုက်ဆိုင်မဲ့ ခံစားမှုသီချင်းကိုဆို ပိုကြိုက်….။

စာရေးဆရာ……. ကျနော်က စာရေးဆရာကိုရွေးပြီးမဖတ်တတ်တဲ့အတွက်ကြောင့် မည်သည့် စာရေးဆရာဖြစ်ဖြစ်….။

စာအုပ်……. မှတ်သားစရာ ဒဿနတွေ ပညာပေးလေးတွေပါတဲ့ စာအုပ်မှန်သမျှ …..။

Life style …….. လူသားတစ်ယောက်အနေနဲ့လူသားပီသစွာနေထိုင်ပြီးငြီမ်းချမ်းတဲ့ဘဝကိုလိုချင်သူ….။

ကိုယ့်ရဲ့ ၀ါသနာ ….. ကွန်ပြူတာတစ်လုံးရှိရင် “သူ”ကလွဲပြီး အားလုံးမေ့… ဟဲဟဲ…    ။

အလိုချင်ဆုံး လက်ဆောင်……ဖြူစင်တဲ့မေတ္တာနဲ့စာနာနားလည်မှု…၊၊

ကိုယ့်ရဲ့အချစ်ဆုံးသူက ……. ကိုယ့်ကိုယ်ကိုပြီးတော့ …ကျနော့်ကို အမြဲတမ်းရင်ခုန်အောင် ရင်တုန်အောင် လုပ်တတ်တဲ့ “သူ”…။

ကိုယ့်ရဲ့ အလေးစားဆုံးသူက ….. အမေ (ထာဝရ အေးမြတဲ့ မေတ္တာတရားကိုပေးနိုင်စွမ်းရှိသူ) ...။

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက …. ကျနော်နဲ့ အဝေးတနေရာမှာရောက်နေတဲ့ “ သူ ”….။

ကိုယ့်ကို အများဆုံး နားလည်မှုပေးနိုင်သူက …… ပြုံစေ့ဆိုတဲ့ ပြည့်စုံ…(ပြီးတော့)အားငယ်ချိန်တိုင်း အားပေးတတ်တဲ့ “သူ”…။

ကိုယ့်ရဲ့ အမုန်းဆုံးသူက ……. ကွေကွင်းခြင်းတွေကို ဖန်တီးပေးနေတဲ့ကံကြမ္မာ ……။

ရင်အခုန်ဆုံး အချိန်……… ခိုးကြောင်ခိုးဝှက် လုပ်နေချိန်…..။ တခုခုပေါ့… ဟဲဟဲ… :) :) ။

အကြောက်ဆုံးအချိန် …….. တောတိုးရင်း မျက်စိလည် လမ်းမှားသွားချိန်…။

အပျော်ဆုံးအချိန်……….. မိသားစုစုံစုံညီညီနဲ့ သိုက်သိုက်ဝန်းဝန်းနေခဲ့ရသောအချိန်။ အမေနဲ့အဆက်အသွယ်ရတဲ့အချိန်။ သူနဲ့ အဆက်အသွယ်(ဖုန်း)ရတဲ့အချိန်…။

အမှတ်တရနေ့ …..………ကျနော်ချစ်တဲ့သူတွေရယ် ကျနော်မုန်းတဲ့သူတွေနဲ့ နောက်ဆုံး ခွဲခွာခဲ့ရသောအချိန်ပေါ့.။ ၁၂/၁၁/၂၀၀၄ ..။ ၉/၉/၂၀၀၈…..။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု …… ကောင်းမွန်ပြီး ပြည့်စုံတဲ့ ဘ၀ဖြစ်တည်မှု….။
(မှတ်ချက်။ ။ လူတွေဟာ မိမိဘ၀မှာ အကောင်းဆုံးတွေကိုတော့ လိုချင်ကြတာချည်းပါဘဲ…။ ဒါပေမယ့် ဆုတောင်းပြည့်ခြင်းမပြည့်ခြင်းဆိုတဲ့ လောကဓံကိုတော့ ရင်ဆိုင်ကြုံတွေနေရတယ်… ဒါကြောင့် ကိုယ်စိတ်နှစ်ပါး ချမ်းသာကျန်းမာလိုပါ၏ ဟူသော တောင်းဆုကို လူသားအများစု၏ ဘုံဆုတောင်းမှုတစ်ခုဖြစ်နေခဲ့တယ်…။ )

အချစ်ဆိုတာ …… အင်း….. ကြားဘူးနားဝတော့ရှိတယ် အချစ်ဆိုတာ… ကော်ဖီခါးခါးတစ်ခွက်လိုဘဲတဲ့ ရင်တုန်အောင်လည်း လုပ်နိုင်တယ် အိပ်မပျော်အောင်လည်း လုပ်နိုင်တယ်တဲ့ ဒါပေမယ့် အဲဒီခါးသက်တဲ့ အရသာကိုပဲ စွဲလန်းနေကြတယ်တဲ့…. ချစ်ဘူးသူတိုင်း ခံစားဘူးကြမှာပါ….   

အမုန်းဆိုတာ …….. အမေမွေးပေးလိုက်ကတည်းက မုန်းတီးဖို့မဟုတ်တဲ့အတွက် မသိပါ…။ ဒါပေမယ့် … ရင်ထဲကလာတဲ့ ခံစားချက်တွေကို နာကြည်းချက်တွေအဖြစ် ပြောင်းလည်ဖို့အတွက် ပေါက်ကွဲသံစဉ်လို့ထင်တယ်။

အလွမ်းဆိုတာ ….. ခွဲခွာသွားရတဲ့အခါ၊ ဝေးသွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားမှုတစ်ခုပဲ…။

သံယောဇဉ်ဆိုတာ …… ဖြတ်တောက်ရန် ခက်ခဲပြီး တုတ်နှောင်မိရင်လည်းရုန်းထွက်ရန်ခက်ခဲတဲ့ မမြင်နိုင်တဲ့ ကြိုးတစ်ချောင်းပေါ့….။

ဘ၀ဆိုတာ……. ကုန်ခမ်းစီးမျောသွားတဲ့အရာ…။ ဘာနဲ့တူသလဲဆိုတော့ လမင်းကြီးလိုပါဘဲ တစ်တရံမှာ ပြည့်ပြီး တခါတရံမှာ ကွယ်နေတတ်တယ်လေ…..။ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းကြေကွဲခြင်းတွေနဲ့အတူပေါ့…။

သူငယ်ချင်းဆိုတာ ….. ဆိုးတူကောင်းဘက်ပေါ့…။

ချစ်သူဆိုတာ ….. ကိုယ့်ရဲ့ ဘ၀ထဲမှာ သူရှိနေတာ အနှောင့်အယှက်တစ်ခုမဖြစ်စေဘဲ ပျော်ရွှင်ခြင်း၊ ကြင်နာ ခြင်းများကို မျှဝေပေးသူ….။

ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် …… နာမည်တစ်ခုပဲ ပြည့်စုံသေးတဲ့ ကျနော် (ပြည့်စုံ) မြစ်တစ်စင်းလို ဆက်လက်စီးဆင်းရအုံးမှာပေါ့….။

ကိုယ့်ရဲ့ လက်ဆွဲဆောင်ပုဒ်က …… ဂုဏ်သိက္ခာရှိရှိနေထိုင်ပြီး… သတ္တိရှိရှိ သေဆုံးလိုက်ပါ…။

အပြောချင်ဆုံး စကားတခွန်း ……… လူဆိုတာ တစ်ဦးတယောက်တည်းရပ်တည်လို့ရတာမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ဆိုတာရှိပါတယ်၊ ဒါကြောင့်ပတ်ဝန်းကျင်ကို မမေ့ကြပါနဲ့ ဒီနိုင်ငံ ဒီပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်ပြောင်းလည်းနေသမျှတွေသည် ငါတို့အားလုံးနဲ့သက်ဆိုင်တယ်ဆိုတဲ့အသိကို အားလုံးမှာရှိစေချင် ပါတယ်။
**** **** **** **** **** **** **** **** **** ****

ပျော်ရွှင်ချမ်းမြေ့ကြပါစေ….
ပြည့်စုံ

Continue reading ...

October 27, 2008

မနှင်းဆီသို့ လွမ်းသ၀ဏ်

Unknown | 5:24 PM |
နှင်းဆီကြိုက်တဲ့ ကောင်မလေးရေ
မင်းအတွက် ငါ့နှလုံးသွေးနဲ့ရင်းပြီး
နှင်းဆီတစ်ပင်စိုက်ပျိုးခဲ့တယ်
အခုတော့
ငါစွဲလမ်းတဲ့ နှင်းဆီလေးတစ်ပွင့်
အဝေးမှာ လန်းဆန်းသလား ညှိုးနွမ်းသလား… ငါမသိ…။

တခါတုန်းက ကိုယ့်ကောင်းကင်မှာ
လမင်းလေးတစ်စင်း သာခဲ့ဘူးတယ်
ပျော်ရွှင်မှုတွေ
ပြီးပြည့်စုံခြင်းတွေ
ခွန်အားတွေ
ယုံကြည်မှုတွေနဲ့

အခုတော့
အတွေးစိတ်ကူးနဲ့ အလွမ်းတွေရွာချနေတဲ့
တိမ်လိပ်တွေကြား ငါတကိုယ်ရေအထီးကျန်စွာ
နှလုံးသားဒါဏ်ရာနဲ့
ဘ၀ရထားပေါ် ဆက်ကာ လိုက်ပါရအုံးမယ်
ကိုယ်တို့အတွက် ပျော်စရာ ဘူတာရုံလေးတစ်ရုံတော့
ဟောဒီ…မိုးကုတ်စက်ဝိုင်း အနားသပ်မှာရှိရမှာပေါ့…။

P.S (အလွမ်းဆိုတာ မွေးရာပါ မဟုတ်ပေမယ့် အဓိပ္ပါယ်မဲ့ လွမ်းနေမိတယ်…)

Anonymous
Continue reading ...

October 17, 2008

စီးမျောခြင်း…

Unknown | 3:11 PM |
နေပူလိုက်
မိုးရွာလိုက်
ဆီးနှင်းတွေကျလိုက်
အချမ်းကဲ အအေးကဲနဲ့
အင်းလေ… ဒါဝေါမြို့မှ မဟုတ်တာ
ရာသီဥတုတွေပြောင်း
မြင်ကွင်းတွေပြောင်း
နယ်မြေဒေသတွေပြောင်း
ခံစားမှုတွေလည်းပြောင်းပေါ့….။

လူဆိုတာ တခုခုကို ငြီးငွေ့လာရင်
ဆန့်ကျင်ရာကို ရှောင်ပြေးတတ်ကြတယ်
ငါလည်း ဘာကိုငြင်းဆန်ရမှန်းမသိ
တစ်ယောက်တည်း
သတိရမယ့်သူတွေကို သတိရလိုက်
လွမ်းရမယ့်သူတွေကို လွမ်းလိုက်
လှုပ်ဖို့မပြောနဲ့ ငြိမ်ငြိမ်လေးကို မောနေတယ်…။

သိပ္ပံပညာရှင်တွေက ပြောတယ်
ဘယ်တော့မှ မပြောင်းလည်းတဲ့ နိယာမတဲ့
“ အရာရာဟာ အမြဲတမ်းပြောင်းလည်းနေတယ် ” တဲ့
ငါလည်း မသေချာ မရေရာမှုတွေနဲ့
အချင်းချင်း ဟာမိုနီဖြစ်လို့
သူငယ်ချင်းရေ…
မင်းတို့အပေါ်ကို တ၀ုန်းဝုန်းနဲ့ ရွာနေတဲ့ ဝေါမြို့မိုးက
ငါ့ကို မစိုပြန်ဘူး…။

Continue reading ...

August 23, 2008

ရာစုသစ်

Unknown | 4:52 AM |
မေခလာကို မမျှော်ပါနဲ့
ဇနက္ကလို ပင်လယ်ကို လက်ပစ်ကူး
အရှေ့ဆီမှာ ရောင်နီသန်းလာပြီ
ခါးသီးမှုတွေ အမှောင်ထုထဲ ထားခဲ့ပါ….။

သားကောင်အဖြစ်
ဖျက်ဆီးနှိပ်စက်ခံနေရတာကို ဂုဏ်မယူကြပါနဲ့
အမှန်တရားကို လတ်ဆတ်အောင် တည်ဆောက်ကြပါ…။

သူငယ်ချင်း
တို့တွေဟာ အနာဂတ်ရဲ့ ကြယ်စင်….
လွတ်လွတ်ကျွတ်ကျွတ် စီးဆင်းနေတဲ့မြစ်တွေပဲ…။

စိတ်ဓါတ်တွေကို ဒိုင်းအဖြစ်ကာရံလို့
ဟောဒီ ခေတ်ကြီးကို
ဒုန်း ခနဲ တွန်းဖွင့်လိုက်ရင်
ဝုန်း ခနဲဆို ရွေ့လျားသွားမှာ…..။

Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub